
12/07/2025
ထိုင်းမြောက်ပိုင်းရဲ့ နာမည်ကြီး Pai မြို့လေးမှာ Tubing လုပ်ကြသလို….ဖူးခတ်နဲ့၂နာရီကျော်ပဲဝေးတဲ့
တောင်ပိုင်းမှာလည်း tubingလုပ်လို့ရတဲ့နေရာလေးတွေရှိတယ်နော်။ ဆုတို့သွားခဲ့တဲ့ နေရာက Khao Soak မှာပါ။ Tubing လုပ်ရတဲ့ ချောင်းလေးထဲက ရေကလည်းကြည်ပြီး သန့်လွန်းလို့ အောက်ကကျောက်စရစ်လေးတွေတောင်မြင်နေရတယ်….၊ ပြီးတော့ တချို့နေရာတွေမှာ ကျောက်တောင်အကြီးအကြီးတွေ ဘေးကနေမျောရတာဆိုတော့ ရှူခင်းတွေလည်း အရမ်းကိုလှပါတယ်။
Khao Sok မှာ Hotel၊ Resortတွေ အများကြီးရှိတဲ့ထဲက ဆုတို့ညအိပ်တည်းခဲ့တဲ့နေရာလေးနာမည်က Khao Sok August Freedom Camp ပါတဲ့၊ ဒီနေရာလေးက ပေါ့ပေါ့ပါးပါးသဘာဝနဲ့အနီးစပ်ဆုံးဖြစ်အောင် လုပ်ထားတာလေးကို သဘောကျလို့ရွေးဖြစ်သွားတာပါ…
မိုးပါးရင် ရေနည်းပြီး မိုးများရင်တော့ ချောင်းရေလည်းကြီးပါတယ်တဲ့၊ အခုတလောတောင်ပိုင်းမှာ မိုးနည်းနေလို့ မိုးနည်းနည်းထပ်ရွာရင် ဆုတို့ ထပ်ပြီးသွားလည်မလို့ ကိုရွှေမိုးကို မျှော်နေရပါတယ်...
📍ပုံအောက်မှာစာလေးတွေရေးပေးထားတယ်နော်.
သိချင်တာရှိရင်မန့်ခဲ့ပါခ…