I Blog Too တို့ရဲ့ သွားသွားလာလာနေ့စဥ်ဘဝတွေထဲ အသုံးဝင်မယ် ထင်တာလေးတွေ မျှဝေပေးချင်လို့ပါ �

ဒီပုံလေးကို မြင်တော့ အခုလက်ရှိ ကိုယ့် social life နဲ့ သတင်းထောက် လုပ်နေစဉ် အချိန်ကာလတွေကို ပြန်စဉ်းစား သတိရမိသွားတရ်… မြ...
26/02/2024

ဒီပုံလေးကို မြင်တော့
အခုလက်ရှိ ကိုယ့် social life နဲ့
သတင်းထောက် လုပ်နေစဉ် အချိန်ကာလတွေကို ပြန်စဉ်းစား သတိရမိသွားတရ်…

မြန်မာတိုင်းမ်မှာ သတင်းထောက်စလုပ်တော့ ကျောင်းပြီးကာစ intern ဘဝနဲ့စတာပါ
ငယ်လည်း ငယ်သေးတရ်
လူမှုဆက်ဆံရေးတွေ မသိခဲ့သေးချိန်မှာ
နယ်ပယ်ပေါင်းစုံက လူမျိုးစုံနဲ့ လိုက်လျောညီထွေဖြစ်အောင် အံဝင်ခွင်ကျဖြစ်ဖို့က နည်းနည်းတော့ ခက်ခဲတာပေါ့

ဒါပေမယ့် ကိုယ်ရေးတဲ့အကြောင်းအရာတွေက လူငယ်တွေနဲ့ပတ်သက်တာများပါတရ်…
Lifestyle အခန်းကဏ္ဍအောက်မှာမှ စစချင်းတော့ ပန်းချီပြပွဲတွေကစခဲ့ပြီး တဖြည်းဖြည်းပိုအားသာတဲ့ street artists တွေ musicians တွေ စကိတ်စီးတဲ့ လူငယ်တွေ ပန်းချီပိုင်းဆိုလည်း contemporary artists အငယ်ပိုင်းတွေနဲ့ပတ်သက်တာတွေ ရေးဖြစ်တရ်ပေါ့

ဆိုလိုရင်းကတော့ အလုပ်ကြောင့်၊ အလုပ်မှ တဆင့် နယ်ပယ်အသီးသီးက လူငယ်တွေနဲ့သိခွင့်ရခဲ့ တယ်.
သူတို့ life တွေကို စပ်စုခွင့်ရခဲ့ရင်း နောက်ပိုင်း fashion editor လုပ်တော့လည်း Fashion Industry က လူတွေနဲ့ပါ သိကျွမ်းခဲ့ပြီး သူတို့ရဲ့ အလုပ်လုပ်ပုံတွေကို လေ့လာခွင့်ရခဲ့တရ်

လုပ်ငန်းခွင်က အသိမိတ်ဆွေတွေဆိုတာလည်း တနှစ်ထပ်တနှစ်တိုးလာတာပေါ့

နောက်ဆုံး Irrawaddy မှာ ကိုဗစ်ထိ အလုပ်
လုပ်ဖြစ်ရင်း နောက်ပိုင်းတော့ ကိစ္စတွေက သိတဲ့အတိုင်း အားလုံးနည်းတူ ကျွန်မရဲ့ သတင်းထောက်ဘဝကို အဆုံးသတ်ခဲ့တရ်ပေါ့

ကျင်လည်ခဲ့တဲ့ သက်တမ်းတလျှောက်မှာ လုပ်ငန်းခွင်ကြောင့် သိကျွမ်းခဲ့ရတဲ့ လူများစွာ မိတ်ဆွေများစွာရှိခဲ့ပြီး 2013-2019 နှစ်ကာလတွေက ကျွန်မရဲ့ Social Life သည် အရမ်းကိုမှ Active ဖြစ်ခဲ့တယ်

ဘယ်နေရာသွားသွား ကိုယ်နဲ့သိတဲ့လူကရှိနေတရ်
အဲဒီအချိန်တုန်းကဆို အပေါင်းအသင်းဆိုတာ ဘေးကလူမထပ်စေရဘူး
“Me swiching my personality based on the friends group i hang out with” ဆိုတဲ့ memes လိုပဲ

တချို့က အစစ်အမှန်ခင်မင်ချစ်ခင်ကြသလို
တချို့ကတော့ ကိုယ်ကတဆင့် တခြား network တွေ ကူးချင်လို့ လာခင်ကြတယ်ပေါ့
မျိုးစုံပေါ့နော်

အဲဒီအချိန်တွေက ပျော်စရာ​လည်း ကောင်းသလို တဖက်မှာ မကောင်းတာတွေလည်း ရှိတာပေါ့နော် Dramas မျိုးစုံတွေပေါ့
စကားရှုပ်တာတွေထဲ ကြားညှပ်တာတွေကောပေါ့

အဲဒီတုန်းက အပေါင်းအသင်းအတော်များများက (အားလုံးကို မဆိုလိုပါဘူးနော် ဒါက လူတိုင်းမှာလည်း ရှိမှာပါ) ပျော်စရာချိန်တွေအတွက်ပဲ အနားမှာရှိတာ…
ကိုယ်တခုခုဖြစ်တရ် အရေးအကြောင်းဆို မရှိကြတော့ဘူးပေါ့ (ဒါဟာ ပြစ်တင်ပြောဆိုခြင်းမဟုတ် သူတို့မှာ ကိုယ့်အတွက် တခုခုဖြစ်ပေးဖို့ တာဝန်မရှိပါဘူး…သို့သော် အဲဒါတွေဟာ သူငယ်ချင်းမှမဟုတ်တာ)

အခုတော့ အသက်ကြီးလာတာနဲ့အမျှ လူများပြီး ပွဲမစည်တာကို မကြိုက်တော့သလို
လူနည်းပေမယ့် အချင်းချင်းအတွက် ရှိနေပေးမယ် “I had your back” ဆိုတဲ့ ပျော်လည်းတူတူ ဝမ်းနည်းလည်း ဘေးကနှစ်သိမ့်ပေးတဲ့ Real Friendship ကို တန်ဖိုးထားလာတရ်…
အရင်ကလည်း တန်ဖိုးထားပေမယ့် ကိစ္စတွေမျိုးစုံဖြစ်သွားပြီးနောက် ပိုပြီး Priority ပေးလာဖြစ်တာ တန်ဖိုးထားတတ်လာတာကို ပြောတာပါ

လူ့ဘဝက ခက်ခဲပြီးနေပါပြီ…
ဒီတိုင်းပြည်ရဲ့ အခြေအနေတွေကလည်း တဖက်တလမ်းက စိတ်ဒုက္ခမျိုးစုံပေးနေတာဆိုတော့ တခြား Dramas တွေ ကိုယ့်ဘဝမှာ မရှိတော့တာ အနည်းငယ်တော့ စိတ်အေးချမ်းစေမယ်မှတ်လား?

Back when I was a journalist, I had this huge network of people I knew-artists, skaters, entrepreneurs, musicians .. etc.
Between 2013 and 2019, life was a blast!
Everywhere I went, I’d bump into at least three familiar faces.
It was like one big party, but you know, with its fair share of drama.

But all of those people including real friends, fake ones, and those just pretending to be friends to gain something from me were part of the mix.
Some were genuine friends, while others were just looking to ride my coattails for connections or whatever.

Nowadays, I’ve learned to keep my circle small and tight-knit.
I’ve got this awesome group of people who’ve always had my back, through thick and thin. We argue, we misunderstand, sometimes we don’t even talk to each other, but at the end of the day, we’re always there for each other.

I’m so grateful for the peace and stability they bring to my life, especially with everything going on here in Myanmar.
As I’ve gotten older, I’ve realized that genuine connections and inner peace are what really matter to me.

ယော်တော်ဘွန်းးးးး 🎉 Facebook recognized me as a top rising creator this week ဟိဟိ ဆက်လက်ပြီး လျှောက်သွား လျှောက်စား vlog...
02/02/2024

ယော်တော်ဘွန်းးးးး

🎉 Facebook recognized me as a top rising creator this week ဟိဟိ

ဆက်လက်ပြီး လျှောက်သွား လျှောက်စား vlog လေးတွေ တင်သွားပါဦးမည် 😘

အားလုံးကို သင့်ခ်ယူးးးးး
ချစ်တရ် 😚

01/02/2024

ဘာလိုလိုနဲ့ 2024 ရဲ့ ပထမဆုံးတလဟာလည်း ကုန်လွန်လို့ သွားပြန်ပါပြီ…

နှစ်သစ်မှာဘာတွေလုပ်မယ်
ဘာတွေပလန်မယ်ဆိုပြီး

အများကြီး စီစဉ်ထားပေမယ့်

ကျွန်မကတော့ ပြန်လေ့လာမယ်ဆိုတဲ့
English စာကိုပဲ အချိိန်ဇယားလေးနဲ့
လမကုန်ခင်လေးမှာ လုပ်လိုက်နိုင်ပါတရ်

ကျန်တာတွေကတော့ Free Trial Month လိုပဲ ကြက်ပျောက် ငှက်ပျောက်ပဲ 🤣

ဖေဖော်ဝါရီကစပြီးတော့
လုပ်ချင်တာတွေ အားလုံး စလုပ်နိုင်ဖို့
အကောင်အထည်ဖော်နိုင်ဖို့
ကြိုးစားလိုက်ပါဦးမယ်

Disclaimer: No copyright infringement caption intended. I do not own the music in this video, the music belongs to its rightful owner.

25/01/2024

In 2020, I wrapped up my gig as a full-time journalist at The Irrawaddy.
Since then, I haven’t had the chance to explore local art and photo exhibitions.

A few days ago, I attended an exhibition titled "Rethink- Pyan Tway Myin Kyi" at Goethe Institut Yangon, and it was amazing. It felt great to be back at an exhibition after not having the chance to attend one for the past few years.

Highly recommended for those who love attending art exhibitions, "Rethink" is the perfect place to witness extraordinary artworks by local young and talented photographers and artists.

An exhibition will be available until January 30th, and it's open from 10 am to 5 pm with free entry.

အတိတ်ကာလက ဓါတ်ပုံတွေချည်း မဟုတ်တော့ပဲ လက်ရှိ ပစ္စုပ္ပန် ကာလက အနုပညာရှင်တွေနဲ့ ပေါင်းစပ်တွဲမြင်ရမယ့် “ပြန်တွေးမြင်ကြည့်-R...
25/01/2024

အတိတ်ကာလက ဓါတ်ပုံတွေချည်း မဟုတ်တော့ပဲ လက်ရှိ ပစ္စုပ္ပန် ကာလက အနုပညာရှင်တွေနဲ့ ပေါင်းစပ်တွဲမြင်ရမယ့် “ပြန်တွေးမြင်ကြည့်-Rethink” အနုပညာပြပွဲ

၂၀၂၀ ခုနှစ် Lifestyle Journalist အလုပ်ကို The Irrawaddy မှာ အချိန်ပြည့်ဝန်ထမ်းအနေနဲ့ လုပ်ခဲ့ပြီးချိန်တွေနောက်မှာ Exhibitions တွေနဲ့ ဝေးကွာနေခဲ့တာ အခုပြပွဲကို သွားမကြည့်ခင်ထိပါပဲ…

ပြပွဲတွေ မကြည့်ရတာကြာတော့ စိတ်လှုပ်ရှားနေခဲ့ပြီး ညနေ ၄နာရီဝန်းကျင်လောက်မှာ ဂျာမန် ယဉ်ကျေးမှုစင်တာဝင်းထဲကို ရောက်သွားခဲ့ပါတယ်။ Rethink အနုပညာပြပွဲကိုတော့ ခါတိုင်းပွဲတွေလုပ်နေကြ စာကြည့်တိုက်အကျော်က ခန်းမမှာပဲဖွင့်လှစ်ထားတယ်။

ချိန်းထားတဲ့ သူငယ်ချင်းတွေက ရောက်နှင့်နေပြီး ပြပွဲကို အရင်ကြည့်နှင့်နေကြရောပေါ့။

၅နာရီဆို ပိတ်မှာကြောင့်များလား လူကတော့ အတော်ရှင်းနေတယ်။ ကိုယ်တွေ သူငယ်ချင်း ၃ယောက်အပြင် နောက်ထပ် ၂၊ ၃ ယောက်ပဲရှိတယ်။

အဲဒီလိုနဲ့ ကိုယ့်ရဲ့ ပြပွဲ လေ့လာရေးခရီးစဉ်ကို ခန်းမရဲ့ ဘယ်ဘက်ထောင့်မှာရှိတဲ့ အရင်ခေတ်က ဧည့်ခန်းပုံစံ ပြင်ဆင်ထားတဲ့ နေရာက စလိုက်ပါတယ်။

ရှေးခေတ်က တီဗီအသေးလေး၊ ပန်ကာ၊ တယ်လီဖုန်း၊ ဖလင်ကင်မရာ စတာတွေကို ခုံတန်းရှည်လိုနေရာမှာ တဖက်စီ တင်ထားပြီး မှန်တင်ခုံလေးလည်း ရှိတယ်။ မှန်တင်ခုံပေါ်မှာ အလှပုံတွေ တင်ထားသလို ဓါတ်ပုံတွေလည်း ထောင်ထားပြီး အံ့ဆွဲတွေထဲမှာက လက်ဝတ်ရတနာတွေထည့်ပြထားတယ်။

ဧည့်ခန်းရဲ့ နံရံတွေမှာလည်း ကိုယ်တွေ အိမ်တွေမှာအတိုင်းပဲ ဓါတ်ပုံတွေချိတ်ဆွဲထားသေးတယ်။ ဧည့်ခန်းအလယ်မှာတော့ စားပွဲနဲ့ ထိုင်ခုံတွေပြင်ဆင်ထားပြီး ပြပွဲက ထုတ်ထားတဲ့ သတင်းစာပုံစံ စာစောင်နဲ့အတူ ရေနွေးကြမ်းခွက်တွေနဲ့ပြင်ဆင်ထားတယ်။

ကိုယ့်ခံစားချက်အရဆိုရင်တော့ ဟိုးတုန်းက အိမ်တအိမ်ကို အလည်ရောက်သွားသလိုပါပဲ။

ဧည့်ခန်းရဲ့ ဒီဘက်မှာတော့ ဟိုးးအရင်ခေတ်က Miss Universe မြန်မာကိုယ်စားပြုသွားပြိုင်ခဲ့တဲ့ အလှမယ်ရဲ့ ဓာတ်ပုံကို ပါးစပ်လှုပ်နေဟန်နဲ့ နောက်ခံစကားပြောတွေ ထည့်သွင်းပေါင်းစပ်ထားပြီး Digital အသွင်ကူးပြောင်းတယ် ပြောရမလား video clip လေး ဖြစ်အောင် edit ထားတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်… အခေါ်အဝေါ်မသိလို့ သိရင် ပြောပြခဲ့ပေးဦးနော်

၁၉၄၀ခုနှစ်ဝန်းကျင်မှာ မြန်မာအမျိုးသမီးတွေ မြန်မာဝတ်စုံကို အနောက်တိုင်းဟန်နဲ့ပေါင်းစပ် ဝတ်ဆင်တဲ့ ဖက်ရှင်မျိုးတွေ စတင်လာပြီး အမျိုးသားတွေက ဖက်ရှင်ကလည်း တူတူပြောင်းလဲလာတာကို ရှာဖွေတွေ့ရှိပြီးတာကနေ inspiration ရပြီး ပြပွဲမှာ Photo Series တခုအနေနဲ့ ပါဝင်ပြသထားတဲ့ Photographer Kyaw Min Htet ရဲ့ photo corner ကလည်း သူ့ရဲ့ ဖက်ရှင်ဓါတ်ပုံလက်ရာကို အနုပညာမြောက်မြောက် Artwork တခုလို့ကို ခံစားရလောက်အောင် ဆွဲဆောင်နိုင်တဲ့ corner တခုဖြစ်လို့နေပါတရ်…

ပြပွဲမှာ လူငယ် photographers/ artists အတော်များများပါဝင်ကြပြီး သတင်းထောက်ဘဝကနေ Filmmaker ဘက်ကို ကူးပြောင်းသွားဖတဲ့ May Thyn Kyi ရဲ့ သူငယ်စဉ်အချိန် ဖခင်ဖြစ်သူဆုံးပါးတုန်းက အကြောင်းအရာကို ဓာတ်ပုံတွေကတဆင့် နောက်ခံဇာတ်ကြောင်းပြောသံနဲ့ short film လေးကလည်း စိတ်ဝင်စားဖို့ကောင်းပါတရ်…

Artist တယောက်ချင်းစီရဲ့ ပြပွဲ အကြောင်းအရာတွေက စိတ်ဝင်စားဖို့ကောင်းပြီး
တဦးချင်းစီသာရေးမယ်ဆ်ိုရင်တော့ စာအတော်
ရှည်မှာမို့လို့ ဒီမှာတင်ပဲ ရပ်လိုက်ခွင့်ပြုပါနော်။

နှစ်အတော်ကြာ ပြပွဲတွေနဲ့ ဝေးနေပြီးမှ စစချင်းပြန်ကြည့်ရတဲ့ပွဲလေးက စိတ်ဝင်စားစရာတွေ
ပြည့်နေခဲ့လို့ ကျွန်မရဲ့ ညနေခင်းလေးကတော့
ကျေနပ်စရာကောင်းခဲ့ပါတရ်…

“ပြန်တွေးမြင်ကြည့်-Rethink” အနုပညာပြပွဲကို
ဇန်နဝါရီလ ၁၉ ရက်ကနေ ၃၀ ရက်နေ့ထိ Goethe-Institut မှာ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီထိ အခမဲ့ ဖွင့်လှစ်ပေးထားတာကြောင့်

ဓာတ်ပုံပြပွဲတွေ ကြည့်ရတာ
ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့
ဒီပွဲလေးကို သွားကြည့်သင့်ပြီး
အတွေးအမြင် ခံစားချက်တခုခုကျန်ခဲ့ရင်လည်း
ကျွန်မကို ပြန် sharing လုပ်ပေးပါဦးလို့
တောင်းဆိုလိုက်တယ်နော် 💗

18/01/2024

ကျန်ခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ရန်ကုန်မြို့ထဲမှာရှိတဲ့ ရောက်ဖြစ်ခဲ့သော တချို့ ကော်ဖီဆိုင်လေးတွေ 💗

နောက်ဆို ရောက်လေရာ video clip လှလှလေးတွေ
ပိုရိုက်ဖို့ ကြိုးစားရမယ်

အစားတွေစား
ကော်ဖီသောက်
စကားတွေပြောနဲ့ မေ့မေ့သွားလို့ 🤣

ဒီ Video Clip ထဲက ဆိုင်လေးတွေက

- “ကော်ဖီဆိုင်”
- “What’s Up Cafe”
- “Chatrium High Tea”
- “Otto Cafe”.

15/01/2024

A new Instagrammable cafe in town, Otto Cafe ☕️,

Offers a variety of cafe lattes and non-coffee drinks, including fruit juices, yogurt, hot chocolate, and more.

The cakes and sandwiches are super good – they use real strawberries in the 'Strawberry Tiramisu' and Lemon Cheesecake for your dessert delights in the afternoon.

The cafe provides numerous Instagrammable spots for photos, both indoors and outdoors.

Their coffee is not bad; the food is superb, prices are affordable, earning an overall rating of 8/10.



Instagrammable a new cafe in town ရန်ကုန်မြို့ထဲ ထိုင်လို့ကောင်းပြီး Latte ချစ်သူတွေ Try ကြည့်သင့်တဲ့ ကော်ဖီဆိုင်အသစ် ☕️...
15/01/2024

Instagrammable a new cafe in town

ရန်ကုန်မြို့ထဲ ထိုင်လို့ကောင်းပြီး
Latte ချစ်သူတွေ Try ကြည့်သင့်တဲ့ ကော်ဖီဆိုင်အသစ် ☕️

ပြီးခဲ့တဲ့ ရက်အနည်းငယ်က
ရန်ကင်းဘက်ကို ကိစ္စရှိလို့ သွားရင်း ဖွင့်ထားတာ
မကြာသေးတဲ့ ဒီ Otto Cafe မှာ ထိုင်ဖြစ်ခဲ့ပါတရ်…

ဆိုင်လေးက လမ်းကြားထဲက
ခြံဝန်းလေးထဲမှာ ဖွင့်ထားတာဖြစ်ပြီး
အပြင်အဆင်က သေးသေးလေးနဲ့
သူ့ဟာသူ နေရာတကျလေး ပြင်ဆင်ထားလို့ compact ဖြစ်ဖြစ်နဲ့ ချစ်စရာလေးပါ…

ကော်ဖီဆိုင်ဆိုတဲ့အတိုင်း အဖြူရောင်ကို အဓိကသုံးထားပြီး ကျန်တဲ့ကာလာအငြိမ်လေးတွေနဲ့ ပြင်ဆင်ထားတော့ မျက်စိအေးစရာပဲပေါ့

Outdoor ရော indoor ပါ ထိုင်လို့ရပြီး
ကော်ဖီဆိုင်ဆို outdoor မှာ လွတ်လွတ်လပ်လပ်ထိုင်ရတာကို ကြိုက်တဲ့ ကိုယ့်အတွက်တော့ ပျော်စရာပါပဲ

အဲဒီနေ့က ကိုယ်နဲ့ သူငယ်ချင်း ကောင်မလေး ၂ ယောက်သွားကြတာ ၃ ယောက်လုံး
မတူတဲ့ Latte ၃ မျိုးကို try ခဲ့တရ်
မုန့်တွေလည်း စားခဲ့တယ် 😆

ကော်ဖီအကြောင်းစပြောရမယ်ဆို
သူ့ဆီမှာ ထူးခြားတာက Latte ကိုအမျိုးစုံရပါတယ်… Piccolo Latte, Vanilla Latte, Hazelnut Latte.. စတာတွေနဲ့ Oreo ချစ်သူတွေအကြိုက် Oreo Latte တောင် ရှိသေးတရ်…

ကျွန်မကတော့ ဒီတိုင်း ဘယ်ဆိုင်ရောက်ရောက် သောက်နေကျ ကျွန်မရဲ့ အသည်းစွဲ Ice Americano နဲ့ Iced Latte ၂ ခုထဲက iced latte ကို ရွေးလိုက်ပါတရ်

သူငယ်ချင်း ၂ ယောက်က Otto Latte နဲ့
Black Sesame Latte တို့ကို ရွေးပါတယ်

ကော်ဖီကြိုက်သူ တယောက်အနေနဲ့
ဆိုင်အတော်များများမှာ iced latte က သောက်နေကျဆိုတော့…
Otto Cafe က iced latte က အရသာပေါ့ပါတရ်
ကော်ဖီအရသာပေါ့နေတာပေါ့နော်
ရေခဲတွေအရည်မပျော်ခင်မှာထဲက ပေါ့နေလို့
မုန့်တခုခုလာချရင် နည်းနည်းပြင်ခိုင်းမယ်လို့ ရည်ရွယ်ခဲ့ပေမယ့် အတော်ကြာမှ မုန့်တွေရောက်လာတော့ ရေခဲတွေလည်း ပျော်နေပြီဖြစ်တာနဲ့
အားနာလို့ မပြင်ခိုင်းလိုက်တော့ပါဘူး

ကိုယ်ရဲ့ iced latte က ပေါ့နေပေမယ့် သူငယ်ချင်းရဲ့ Otto Latte လေးကတော့ အပူဆိုတော့ ပျစ်ပျစ်နှစ်နှစ်လေးနဲ့ ကောင်းပါတရ်
ဒါပေမယ့် သူက နည်းနည်းတော့ အချိုကဲတော့ ကျွန်မလို ကော်ဖီဆို ခါးခါးမှ ကြိုက်တဲ့သူတွေရဲ့ taste တော့ မဟုတ်ဘူးပေါ့နော်

နောက်တမျိုးကတော့ သူငယ်ချင်းဆီက တောင်းမသောက်ခဲ့ပါဘူး 🤣

ဒါဆို ကိုယ်တွေစားခဲ့တာလေးတွေအကြောင်းပြောရရင် အကုန် စားလို့ကောင်းပါတရ်…
Cake, Sandwiches and Fried Rice စားခဲ့တာပါ

စတော်ဘယ်ရီအသီးအစစ်လေးတွေနဲ့ လုပ်ထားတဲ့ Strawberry Tiramisu ရယ်
Lemon Cheese ကိတ်ဆိုလည်း စားလိုက်ရင် lemon နံ့သင်းသင်းလေးနဲ့ first bite မှာတင် Fresh ဖြစ်သွားတာလေး 💗
I love their cakesss 🫶🏻

ပြီးတော့ Eggy Tuna Sandwich လေးလည်း စားလို့ကောင်းပါတရ် ပေါင်မုန့်ကို toast လုပ်ထားပြီး တူနာသားလေးလည်း မညှီဘူး… ကြက်ဥ မကျက်တကျက်အနေအထားကလည်း ကွက်တိရတယ် …
တကယ့်ကို အရသာရှိပါတရ် 💗

နောက်ဆုံး Chinese Chicken Fried Rice လေးလည်း ဂွတ်ပဲရှင်…

ဆိုင်အသစ်လေးဆိုပေမယ့်
menu အစုံအလင်လေးရပြီးတော့
ကော်ဖီမကြိုက်ဘူး/သောက်လို့မရဘူး.. ဒါပေမယ့် ကော်ဖီဆိုင် ထိုင်ချင်တရ်ဆိုတဲ့ လူတွေအတွက်လည်း Juice တွေရှိတရ်
Hot Chocolate အပြင် Yogurt ပါ ရပါသေးတရ် 🫶🏻

လိုအပ်ချက်ဆိုရင်တော့ ခုနကပြောတဲ့ ကော်ဖီပေါ့တာလေးရယ်
အစားအသောက်တွေကြာတာလေးရယ် (လူလည်း သိပ်မများပဲ မှာထားမိရဲ့လားလို့ စဉ်းစားရလောက်အောင် ကြာပါတရ် ဟိဟိ)
ဒါပေမယ့် စောင့်ရတာနဲ့တန်အောင် စားလို့ကောင်းပါတရ် အရသာရှိပါတရ် 💗

ကိုယ်တွေက အပြင်မှာ ထိုင်ခဲ့တော့ ခြင်ကိုက်တာလေးရယ်ပါ
ခြင်ကိုမှ ခြင် ဂေါ်ဇီလာလေးတွေရှိပါတရ် 🤣
ညနေကျတော့ ဆိုင်က ခြင်ဆေးလာထွန်းပေးပါတရ်… (ကိုယ်က ပြောစရာမလိုပဲ လာထွန်းပေးတာပါ)

ဆိုင်က ဝန်ထမ်းတွေက ဧည့်သည်တွေကို ဂရုစိုက်ပါတရ် service ကောင်းတယ်ပေါ့နော်

စျေးနှုန်းတွေကလည်း သူ့အနေအထားလေးနဲ့ သူ စျေးသင့်ပါတရ်
Coffee တွေ 5000/6000
Cake ဆို 6000/7000
Fried Rice 4500 နဲ့ Sandwiches လေးတွေက 6000 ပါ

အားလုံးခြုံပြောရရင်တော့ အတော်ကို အဆင်ပြေတဲ့ ဆိုင်သစ်လေးပါလို့ပဲ ပြောပါမယ်

Rating ပေးရမယ်ဆိုရင်တော့
Coffee - 7/10
Cake- 8/10
Service- 8/10
Price- 7/10

ဆိုင်လိပ်စာလေးကတော့ မိုးကောင်းဆေးရုံရှေ့တည့်တည့်ကလမ်းလေး သုခိတာလမ်းလေးထဲမှာပါ… အနီးစပ်ဆုံးဆို အဲဒီနားမှာ ရွှေကောင်းဟော့ပေါ့ဆိုင်လည်း ရှိပါတယ်

တကိုယ်ရည်စာ ကြုံတွေ့ခဲ့ရတာလေးကို ပြန်ရေးပေးထားတဲ့ Honest Review လေးမို့ အမြင်လေးများမတူရင်လည်း နားလည်ပေးကြပါလို့ 😘

ပုံလေးတွေလည်း ကြည့်ပေးဦးနော် 🫶🏻



ကလေးသရုပ်ဆောင် တခေတ်ပေါ့ 😝အမှန်တော့ လုံးဝမမ်မိုရီမှာ မမှတ်မိ.. ဘာကားလဲ ဘယ်သူတွေနဲ့လဲ ဘာတွေ သရုပ်ဆောင်ခဲ့တာလဲဆိုတာကို ပြန...
12/01/2024

ကလေးသရုပ်ဆောင် တခေတ်ပေါ့ 😝

အမှန်တော့ လုံးဝမမ်မိုရီမှာ မမှတ်မိ..
ဘာကားလဲ ဘယ်သူတွေနဲ့လဲ
ဘာတွေ သရုပ်ဆောင်ခဲ့တာလဲဆိုတာကို
ပြန်စဉ်းစားလို့မရ 😵‍💫

ဦးနှောက်မကောင်းတော့တာကို ပြောတာပါ…

ငယ်သူငယ်ချင်းလေးက လာပို့ပေးလို့
ဟယ် ငါလားဆိုပြီး ပြန်စဉ်းစားတာ
လုံးဝ ခေါင်းထဲကမထွက်

အမေ့နောက်လိုက်ပေးခဲ့ရရင်း
တဖြတ်တကပ်ဝင်ရိုက်ပေးရတာတွေပါ
တကယ်မလုပ်ခဲ့ပါဘူး 🤣

တမင်တကာရည်ရွယ်ပြီး ရိုက်တာရယ်လို့
လက် ၃ ချောင်းပြည့်အောင်မရှိ

ငယ်ရုပ်လေးပဲနော် ခုထိ 🤭
ငယ်ငယ်က နည်းနည်းတော့ အနက်နုရောင်လေးနော် 🤣
ကြီးတော့ နည်းနည်းအင့်သွားပြီ 🤣

အမှတ်တရလေးတော့ ဖြစ်ပါတရ် 💗

11/01/2024

New Year’s Night memory with loves 💗

နှစ်သစ်ကူးတာ
တပတ်လောက်ကြာသွားပြီးဆိုပေမယ့် 🤣🤣🤣

New Year ညတုန်းက ကိုယ်တို့အဖွဲ့ Staycation ပြီး တူတူဖြတ်သန်းကြတာလေးကို
အမှတ်တရ vlog လေးလုပ်လိုက်တာပါ…

အားလုံးပဲ နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ 💗

Disclaimer: No copyright infringement caption intended. I do not own the music in this video, the music belongs to its rightful owner.

Send a message to learn more

ที่อยู่

Din Daeng

เบอร์โทรศัพท์

+959420121494

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ I Blog Tooผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์