Angle Discoverry TV

Angle Discoverry TV ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Angle Discoverry TV, ครีเอเตอร์ดิจิทัล, Dusit.

01/10/2024
အခုလိုစျေးကြီးချိန်မှာချွေတာနိုင်ဖို့ တန်ဖိုးနည်းဟင်းလျာ ချက်နည်းများကိုဒို့တောရွာ မှပြန်လည်ဝေမျှပေးလိုက်ပါပြီနော်...ချက...
01/10/2024

အခုလိုစျေးကြီးချိန်မှာချွေတာနိုင်ဖို့ တန်ဖိုးနည်းဟင်းလျာ ချက်နည်းများကို
ဒို့တောရွာ မှပြန်လည်ဝေမျှပေးလိုက်ပါပြီနော်...
ချက်နည်းအစုံ ပုံကိုနှိပ်ပြီး လေ့လာပါ...
😋😋😋😋😋

ဆော့စ်"အချဉ်ရည်"ငရုတ်အနှစ်လုပ်နည်းအမျိုးမျိုးကို ဒို့တောရွာ မှတင်ဆက်ပေးလိုက်ပါပြီ 🥐🥐🍗🍖🍛🍛.....လုပ်နည်းက ပုံအောက်မှာပါ.......
01/10/2024

ဆော့စ်"အချဉ်ရည်"ငရုတ်အနှစ်လုပ်နည်းအမျိုးမျိုးကို ဒို့တောရွာ မှတင်ဆက်ပေးလိုက်ပါပြီ 🥐🥐🍗🍖🍛🍛.....
လုပ်နည်းက ပုံအောက်မှာပါ......

ထမင်းကြော် ချက်နည်း (၈)မျိုးကို ပြန်လှဲမျှဝေပေးလိုက်ပါတယ်နော်… 💕💕🙏    Wut yee food house💙
01/10/2024

ထမင်းကြော် ချက်နည်း (၈)မျိုးကို ပြန်လှဲမျှဝေပေးလိုက်ပါတယ်နော်… 💕💕🙏

Wut yee food house💙

အချစ်ပြိုင်ရင်တောင်ရှုံးချင်ရှုံးအုန်းမှာ🤭အစားပြိုင်ရင်တော့ဘယ်တော့မှမရှုံး🤭🍛🦞🍜🍝🍲
01/10/2024

အချစ်ပြိုင်ရင်တောင်ရှုံးချင်ရှုံးအုန်းမှာ🤭
အစားပြိုင်ရင်တော့ဘယ်တော့မှမရှုံး🤭🍛🦞🍜🍝🍲

🌶 အာပူ လျှာပူ  ချက်နည်း 🌶 *****************************ခုချိန်ကာလမှာ ချက်စားသင့်တဲ့အရာထဲမှာအာပူ လျှာပူပါတာမို့ ချက်နည်းလ...
01/10/2024

🌶 အာပူ လျှာပူ ချက်နည်း 🌶
*****************************
ခုချိန်ကာလမှာ ချက်စားသင့်တဲ့အရာထဲမှာ
အာပူ လျှာပူပါတာမို့ ချက်နည်းလေး တင်ပေးလိုက်ပါတယ်။
အာပူ လျှာပူ ချက်တဲ့အခါ
မရှိမဖြစ်လိုအပ်တာကတော့ ပတဲကော ပါပဲ။
အချို့ကတော့ ပတဲကောဥ မရှိလို့
ပတဲကောမှုန့်ကို အစားထိုး အသုံးပြုကြပါတယ်။
ဒါပေမယ့် ပတဲကောဥ ထည့်ချက်တာ
အရသာ ပို ကောင်းစေပါတယ်။
အာပူ လျှာပူက ဂျင်း မထည့်ရပါဘူး။
ပတဲကော နဲ့ ငရုတ်ကောင်းကိုသာ
မိမိ လိုအပ်သလို ထည့်ပေးရပါမယ်။
ငါးမှာလည်း မိမိနှစ်သက်ရာငါးနဲ့ ချက်လို့ရပါတယ်။
ငါးရွှေက ချိုပီး အသားကျစ်လို့
ငါးရွှေနဲ့ အာပူ လျှာပူ ချက်ထားပါတယ်။
ဒါပေမယ့် အခြား ငါးတွေနဲ့လည်း ချက်လို့ရပါတယ်။
🌿 အာပူလျှာပူစားဖို့ ပြင်ဆင်ထားရန် 🌿
*************************************
ငရုတ်သီးစိမ်းကို
ဗွမ်းဗွမ်းဆူနေတဲ့ ရေပူထဲထည့်ပြုတ်,
ချက်ချင်း ရေစစ်, ချက်ချင်း ထောင်းပီး
ရေနွေးပူပူနဲ့ ရောမွှေထားပါ။
အရောင်လေး စိမ်းနေပါလိမ့်မယ်။
ငါးဖယ်ကြော်ပီး ညှပ်ထားပါ။
ကြက်သွန်နီ,နံနံပင်
မကျီးရည် ( သို့ ) သံပုရာသီး
ငရုတ်သီးစိမ်းထောင်း
ပဲကြော်
ငံပြာရည်
________________________________________________
အာပူလျှာပူ ချက်ဖို့ ပြင်ဆင်ထားရန်
**********************************
♦️ပတဲကောဥကို သဲစင်အောင်ဆေးပီး
ညက်နေအောင် ထောင်းပါမယ်။
ပီးရင် ပြုတ်မယ့် အိုးထဲ ထည့်ပါမယ်။
ပီးရင် ရေထည့်ပီး ဗွမ်းဗွမ်းဆူအောင် တည်ပီးနောက်
ငါးရွှေကို ကျက်တဲ့အထိ ထည့်ပြုတ်ပါမယ်။
ငါးကျက်ရင် ဆယ်ယူပီး
ငါးနဲ့ ပတဲကောပြုတ်ရည်ကို ဇကာနဲ့ စစ်လိုက်ပါမယ်။
ပတဲကောအဖပ်များ သွန်ပစ်လိုက်ပြီး
အရည်ပဲ ယူထားပါမယ်။
အဲ့အရည်နဲ့ အာပူလျှာပူ ချက်ပါမယ်။
♦️ကြက်သွန်ဖြူ မညက်တညက် ထောင်းထားပါ။
♦️ငါးပြုတ် အသား နွှင်ထားပါ။
♦️စိမ်းစား ငါးပိ အရည်ဖျော်ထားပါ။
♦️ဆား,အရသာမှုန့် လိုအပ်ပါတယ်။
________________________________________________
အာပူလျှာပူ ချက်ရန်
*******************
ပါဝင်ပစ္စည်းအားလုံးကို
ငါးပြုတ်ရည်ထဲ ထည့်လိုက်ပီးနောက်
ဆူပွက်လာအောင် တည်ပါမယ်။
ဆူပွက်လာရင် ငရုတ်ကောင်းခပ်ပါ။
ကြက်သွန်ဖြူဖပ်လေးများ ပျော့အိသွားပီး
ငါးအသားများ မွလာတဲ့အထိ တည်ပေးပြီးရင်
တော့အာပူ လျှာပူ ရပါပီ။
ပြင်ဆင်ထားသော
ငရုတ်သီး အစပ်ရည် , မန်ကျီးရည် လိုသလိုထည့်ပီး
မိမိစိတ်တိုင်းကျ ချဉ် ငံ စပ် အရသာ သုံးဆောင်နိုင်ပါပီ။
အားလုံးပဲ အလွယ်တကူ ချက်စားနိုင်ကြပါစေ။
Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ
🙏🙏🙏
credit

ที่อยู่

Dusit

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Angle Discoverry TVผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์