30/11/2025
#သူငယ်ချင်း ရေ
ဆုံခြင်းနဲ့ ကြုံခြင်းကာလမှာ
ခဏလေး ရင်းနှီးခွင့်ရတာ ကျေနပ်တယ်. . .
#လိုလို့ပဲ သုံးသုံး
မလိုလို့ပဲ မုန်းမုန်း
အသုံးနဲ့ အမုန်း ကြားကာလမှာ
ခဏလေး ပြုံးခွင့်ရတာ ကျေနပ်တယ်. . .
ချစ်လို့ပဲ ခေါ်ခေါ်
မုန်းကြလို့ပဲ မခေါ်ခေါ်
ခေါ်ခြင်းနဲ့ မခေါ်ခြင်း ကြားကာလမှာ
ခဏလေး ပျော်ဝင်ခွင့်ရတာ ကျေနပ်တယ်. . .
#စိတ်ရင်းရှိလို့ပဲ တွေ့ တွေ့
စိတ်ရင်းမရှိတော့လို့ပဲ မေ့မေ့
တွေ့ခြင်းနဲ့ မေ့ခြင်း ကြားကာလမှာ
ခဏလေး တွေ့ခွင့်ရတာ ကျေနပ်တယ်. . .
တကယ်တော့
လောကကြီးထဲမှာ အရာအားလုံးက
ကံကြောင့်ပဲ ဖြစ်ဖြစ်
ဝဋ်ကြွေးကြောင့်ပဲ ဖြစ်ဖြစ်
ခဏလေးတွေချည်း
ဖွဲ့စည်း ဖြစ်တည်နေကြတာပါ
#လိုရင် သုံးပါ ရပါတယ်
မလိုရင် မုန်းပါ ရပါတယ်....
ကံကြောင့် ဆုံလည်း ရတယ်
ဝဋ်ကြွေးကြောင့် ကြုံလည်း ရပါတယ် .....
#ချစ်လို့ ခေါ်လည်း ရတယ်
မုန်းလို့ မခေါ်လည်း ရတယ်.....
စိတ်ရင်းရှိလို့ တွေ့လည်း ရတယ်
စိတ်ရင်း မရှိလို့မေ့လည်း ရပါတယ်....
#ခဏဆိုတဲ့ အချိန်လေးဟာ
တန်ဖိုး ရှိပါတယ်....
ခဏလေး ဆိုတဲ့ အချိန်လေးကို
သတိထား မဆင်ခြင်မိလို့
ပုထုဇဉ်ပီပီ ရူးမိုက်တဲ့လမ်းတွေ
ထွင်ဖောက်ခဲ့ကြတာပါ
တနေထွက် တနေဝင်
တယောက်လာ တယောက်သွား
အပြောင်းအလဲ နိယာမတရားကို
မေ့ထားမိခဲ့တာကိုက အမှားကြီး မှားသွားရတော့
တာပါ....
#ဒါကြောင့်လည်း
ကိုယ့်ကို လိုသူအတွက်ပဲ ဖြစ်ဖြစ်
မလိုသူအတွက်ပဲ ဖြစ်ဖြစ်
ခဏလေး ကံရဲ့ ကြုံဆုံခွင့် ရတုန်းမှာ
အမုန်း အာဃာတ စိတ်တွေနဲ့ မဆက်ဆံပဲ
မေတ္တာစိတ် ထားတတ်ဖို့ ကြိုးစားရမှာပါ
ကံကြောင့် ဆုံ
ကံကုန်လို့ သေရင်...........
ခွဲကြရမယ့် အတူတူ မည်သူ့အပေါ်မဆို
ကြည် ဖြူစွာ ပြုံးပြလိုက်ပါနော်........။