07/11/2025
ဖိုက်တာဘဝ ကနေ သန့်ဇင် အနားယူသင့်ပြီ
ဒီနေ့ပွဲမှာ အရင်ကထက် တိုးတက်လာတာဆိုလို့ အထိုးခံနိုင်သွားတာပဲရှိတာပါ ဒီနေ့ချိန်ထိ သန့်ဇင်က ပြိုင်ဘက်ကို လုံးဝ ပြန်မထိုးတတ်သေးပါဖူး
ဒါကြောင့် (၃) ချီစလုံး အထိုးပဲခံပြီး လုံးဝပြန်
မထိုးတဲ့အတွက် ထုံးစံအတိုင်း ဒရာမာလုလင် မောင်သန့်ဇင်ကတော့ ရှုံးပြန်ပြီဖြစ်ပါတယ် သူရှုံးတာကို လဲ သူကကြိုသိပါတယ် ဒိုင်တောင် အနိုင်အရှုံးမကြေငြာရသေးပါဖူး ပွဲပြီးတာနဲ့ တန်းပြီး ပရိသတ်တွေဘက်ကို လှည့်ပြီး သန့်ဇင်က လက်အုပ်ချီကာ တောင်းပန်တော့တာပါ
ပြိုင်ဘက်ကိုပြန်ထိုးဖို့ ဘာတွေများ သူ့အတွက် ခက်ခဲနေတာလဲဆိုတာ လုံးဝ နားမလည်နိုင်ပါဖူး အခု ထိုင်းဖိုက်တာ ခွန်ပွန်နွိုင်းနဲ့က အတင်းဝင်ထိုးရင်တောင် ရတဲ့အနေအထားမျိုးပါ ဒါပေမဲ့ (၃) ချီစလုံး အကန်ခံရုံကလွဲပြီး ဘာမှပြန်မလုပ်ခဲ့ပါဖူး ဒီတော့ ဖိုက်တာပုံစံမဟုတ်တဲ့ သန့်ဇင်ကို ဖိုက်တာဘဝကနေ အနားယူသင့်ပြီလို့ပြောရင် လွန်မယ်မထင်ပါဖူး
#ဇာမဏီ