Victory Family ...

သီချင်းဆိုပြီး ပြန်လာတဲ့ ဂျိုးလေးကို ဟိုတယ်အောက်မှာ နှုတ်ဆက်ဖို့စောင့်နေကြတဲ့ ပရိသတ်များJoe Lay ကတော့ ဒီညီငယ် ညီမငယ်ပရိသ...
07/08/2025

သီချင်းဆိုပြီး ပြန်လာတဲ့ ဂျိုးလေးကို ဟိုတယ်အောက်မှာ နှုတ်ဆက်ဖို့စောင့်နေကြတဲ့ ပရိသတ်များ

Joe Lay ကတော့ ဒီညီငယ် ညီမငယ်ပရိသတ်တွေကို သီချင်းတစ်ပိုဒ်ဆိုပြပြီး ဧည့်ခံခဲ့ပါတယ်။ သီချင်းဆိုပြီးပြန်လာတဲ့သူ့ကို ဟိုတယ်အောက်မှာ နှုတ်ဆက်ဖို့ဆိုကာ စောင့်မျှော်နေခဲ့ကြတာပါ။ သူကတော့ သီချင်းတစ်ပိုဒ်ဆိုပြခဲ့ပြီး စာကောင်းကောင်းကြိုးစားဖို့ ညီငယ် ညီမငယ်တွေကို ပြောခဲ့ပါတယ်။ အသည်းကွဲသီချင်းပေါင်းမြောက်မြားစွာကိုဆိုခဲ့တဲ့ Joe Lay ဟာ မြန်မာနိုင်ငံက ပရိသတ်တွေကို သူ့သီချင်းတွေနဲ့မျက်ရည်ကျအောင် လုပ်ခဲ့နိုင်သူပါ။

ဒီအမှုက ကျူရှင်ဆရာကို (၁၉)နှစ်အရွယ် တပည့်က လိမ်ခေါ်ပြီး ဆိုင်ကယ်၊ဖုန်း နဲ့ ပိုက်ဆံတွေလုပြီး လူကိုပါ သတ်သွားတဲ့အမှုပဲခူး၊...
07/08/2025

ဒီအမှုက ကျူရှင်ဆရာကို (၁၉)နှစ်အရွယ် တပည့်က
လိမ်ခေါ်ပြီး ဆိုင်ကယ်၊ဖုန်း နဲ့ ပိုက်ဆံတွေလုပြီး လူကိုပါ
သတ်သွားတဲ့အမှု

ပဲခူး၊ ညောင်လေးပင် လူသတ်မှုတရားခံက အသက်(၁၉)နှစ်
အရွယ်ပဲ ရှိသေးတယ်။ ဆယ်တန်းတုန်းက ဂိုက်သင်ဖို့ ငှားဖူးတဲ့ တပည့်ခေါ်တော့ အသက်(၄၁)နှစ်အရွယ် ကျူရှင်ဆရာလည်း
သူဆိုင်ကယ်နဲ့ လိုက်သွားတယ်။
ဒါကို ဖုန်း၊ ဆိုင်ကယ်၊ ငွေတွေ ယူပြီး လူကိုပါ သတ်သွားတာ။
ဒီအမှု တရားခံကတော့မိပါပြီး။

အသက် (၁၉)နှစ်ထဲနဲ့ ဘာအတွက် ဘာတွေလိုလို့
ဒီလောက် ရက်စက်တဲ့ အမှုကြီးကို ကျူးလွန်ရသလဲ ?

ဓါတ်ပုံတွေ​က -အသတ်ခံခဲ့ရတဲ့ ကျူရှင်ဆရာ
ဆရာမှန်လေး ရဲ့ ပုံအချို့ပါ။ တရားခံပုံ မရသေးပါဘူး။

ဇင်မိုး
မော်လမြိုင်

တာမစ်နစ်စတတ်ကို၆ဂိုးတစ်ဂိုးနဲ့အနိုင်ရပြီးအဖွင့်လှသွားတဲ့မြန်မာU20အသင်း🥰😍👏👍👍%%%%%%%%%%%%%%%%%%%%%%%%%%%%ယနေ့ညနေယှဥ်ပြိုင်...
07/08/2025

တာမစ်နစ်စတတ်ကို၆ဂိုးတစ်ဂိုးနဲ့အနိုင်ရပြီးအဖွင့်လှသွားတဲ့မြန်မာU20အသင်း🥰😍👏👍👍
%%%%%%%%%%%%%%%%%%%%%%%%%%%%
ယနေ့ညနေယှဥ်ပြိုင်ကစားတဲ့ မြန်မာအသင်းနဲ့တာမစ်နစ်စတန် အသင်းပွဲမှာ မြန်မာU20အမျိုးသမီးအသင်း က၆ဂိုး၁ဂိုးနဲ့အနိုင်ရပြီး အဖွင့်လှသွားခဲ့ပါတယ်။ဂုဏ်ယူပါတယ်ဗျာ 😍👍👏

သြစတြေးလျနဲ့ပွဲအတွက် ပြင်ဆင်နေတဲ့ မြန်မာအမျိုးသမီးအသင်း 🇲🇲🏟⚽🏆---------အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိင်ပွဲဝင်ဖို့ ဗီယ...
07/08/2025

သြစတြေးလျနဲ့ပွဲအတွက် ပြင်ဆင်နေတဲ့ မြန်မာအမျိုးသမီးအသင်း 🇲🇲🏟⚽🏆
---------
အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိင်ပွဲဝင်ဖို့ ဗီယက်နမ်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအမျိုးသမီးအသင်းဟာ ဒီနေ့မှာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် အုပ်စု ပွဲဦးထွက်အဖြစ် မနက်ဖြန် ဩဂုတ် ၇ ရက် ညနေ ၄:၃၀ မှာဩစတြေးလျ ယူ ၂၃အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။

ဒီဆရာမရဲ့ ရက်စက်မှုက ပညာရေးလောကကို စိန်ခေါ်နေသလား?​စာမလိုက်နိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့  ကလေးတစ်ဦးဟာ ကြိမ်လုံးနဲ့ အ...
06/08/2025

ဒီဆရာမရဲ့ ရက်စက်မှုက ပညာရေးလောကကို စိန်ခေါ်နေသလား?

စာမလိုက်နိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကလေးတစ်ဦးဟာ ကြိမ်လုံးနဲ့ အချက် (၂၀) ကျော် အပြင်းအထန် ရိုက်နှက်ခံခဲ့ရပါတယ်။ ဒဏ်ရာတွေက သွေးအိမ်တည်ပြီး ပုပ်သွားနိုင်တဲ့အထိ ပြင်းထန်တာကြောင့် ဆေးရုံမှာ ဆရာဝန်နဲ့ ပြသခဲ့ရပါတယ်။
​ဒီကိစ္စအတွက် မိဘတွေက ကျောင်းထွက်လက်မှတ်တောင်းပေမယ့် ကျောင်းထွက်လက်မှတ်ကို (၂) ရက်ဆက်တိုက် တောင်းခံတာတောင် မပေးခဲ့ပါဘူး။ ကျောင်းထွက်ပြီးရင်လည်း တခြားကျောင်းမှာ တက်ခွင့်မရအောင် ပိတ်ပင်လိုက်ပါတယ်။ ကလေးတစ်ယောက်ရဲ့ ပညာရေးအနာဂတ်ကို ရက်ရက်စက်စက် ဖျက်ဆီးလိုက်တာဟာ ဘာကြောင့်ပါလဲ? ဒီလိုလုပ်ရပ်မျိုးဟာ သာမန်ပြစ်ဒဏ်ပေးမှုတစ်ခုလား၊ ဒါမှမဟုတ် ကလေးသူငယ်အပေါ် နှိပ်စက်ညှင်းပန်းမှုလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
​ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုကို ဘယ်သူက တာဝန်ယူပေးမှာလဲ။ မိဘတွေအနေနဲ့ ဒီဖြစ်ရပ်ကို သိရှိတဲ့အခါ ဘယ်လောက်တောင် ရင်နာရမလဲဆိုတာ စဉ်းစားကြည့်ပါ။ ဒီဖြစ်ရပ်မျိုး နောက်ထပ်ကလေးတွေမှာ ထပ်မဖြစ်အောင် လူမှုအသိုင်းအဝိုင်းကရော ဘာလုပ်ပေးနိုင်မလဲ။
​ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပညာရေးတာဝန်ရှိသူတွေနဲ့ ကလေးသူငယ်အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။

အသက် ၇ နှစ်ပြည့်မွေးနေ့ပွဲကို ပြင်ဦးလွင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Liamယွန်းဝတီလွင်မိုးရဲ့ သားငယ်လေး Liam ကတော့ သူ့ရဲ့ အသက်...
06/08/2025

အသက် ၇ နှစ်ပြည့်မွေးနေ့ပွဲကို ပြင်ဦးလွင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Liam

ယွန်းဝတီလွင်မိုးရဲ့ သားငယ်လေး Liam ကတော့ သူ့ရဲ့ အသက် ၇ နှစ်ပြည့်မွေးနေ့ပွဲကို ပြင်ဦးလွင်က မဟာဝိဟာရ တောကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မိသားစု စုံစုံလင်လင်နှင့်တကွ အလှူဒါနပြုလုပ်ခဲ့တာကိုတွေ့ရပြီး မိခင် ယွန်းဝတီလွင်မိုးနဲ့အတူ ရှိခွင့်ရခဲ့တဲ့ မွေးနေ့လေးလည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ဆင်းရဲလွန်းလို့ လူမွှေးသူမွှေးတောင်မပြောင်တဲ့ လမ်းဘေးကကွမ်းယာသည်တစ်ယောက်ရဲ့ဇနီးဟာအခုအချိန်မှာတော...
06/08/2025

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ဆင်းရဲလွန်းလို့ လူမွှေးသူမွှေးတောင်မပြောင်တဲ့ လမ်းဘေးကကွမ်းယာသည်တစ်ယောက်ရဲ့ဇနီးဟာ
အခုအချိန်မှာတော့ အခြေအနေတခုမှာလှပတင့်တယ်နေခဲ့ပြီ။လှလို့ဝလို့စိတ်ချမ်းသာလို့နေခဲ့ပြီ။

ညီတို့ညီမတို့ရေ..,

ကိုယ်ယူမယ့်အမျိုးသမီးက
ရုပ်အရမ်းချောနေဖို့မလိုသလို

ကိုယ်လက်ထပ်မယ့်အမျိုးသားကလည်း
အရမ်းချမ်းသာနေဖို့မလိုပါဘူး။

ရုပ်ချောမှယူမှာတို့
ချမ်းသာမှ လက်ထပ်မှာတို့ဆိုတာက
တကယ်တမ်းက အချစ်စစ်အချစ်မှန်မဟုတ်ပဲ
လိုချင်မှုတခုရဲ့ ဆန္ဒတွေသာဖြစ်ပါတယ်။
အချစ်တခုရဲ့ တန်ဖိုးအမှန်မဟုတ်နိုင်ပါဘူး။

ရုပ်ဆိုးတဲ့သူနဲ့ညားလို့စိတ်ပျက်နေဖို့မလိုသလို
ဆင်းရဲတဲ့သူနဲ့လက်ထပ်မိလို့အားငယ်နေဖို့မလိုပါဘူး။

ကိုယ်ယူမယ့်အမျိုးသမီးက
ကိုယ့်အပေါ်နားလည်ယုံကြည်မှုပေးနိုင်တဲ့သူ
ဖြစ်ဖို့ပဲလိုသလို

ကိုယ်လက်ထပ်မယ့်အမျိုးသားကလည်း
အခက်အခဲမှန်သမျှကို ဇွဲရှိရှိနဲ့တွန်းလှန်ရင်း
အမြဲတစေ ရိုးသားကြိုးစားတတ်တဲ့သူဖြစ်ဖို့ပဲလိုတာပါ။

လက်တွဲဖော်ကောင်းတွေရကြပါစေ။

ချစ်ခင်လေးစာလျက်
ကိုရှိုင်း
Shine Mobile(Founder & CEO)

အာရှအမျိုးသမီးယူ၂၀ပြိုင်ပွဲဝင်မည့်အမျိုးသမီးယူ၂၀အသင်းသားများ😍🥰
06/08/2025

အာရှအမျိုးသမီးယူ၂၀ပြိုင်ပွဲဝင်မည့်
အမျိုးသမီးယူ၂၀အသင်းသားများ😍🥰

 #မိဘဆွေမျိုးများနှင့်ပြန်လည်ဆုံတွေ့နိုင်ပါစေရန်🙏🙏🙏သိရှိသူများအကြောင်းကြားပေးပါရန်🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏ကလေးမလေးတစ်ယောက် အသက် 15 နာ...
06/08/2025

#မိဘဆွေမျိုးများနှင့်ပြန်လည်ဆုံတွေ့နိုင်ပါစေရန်🙏🙏🙏
သိရှိသူများအကြောင်းကြားပေးပါရန်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ကလေးမလေးတစ်ယောက် အသက် 15 နာမည် မနှင်းဖြူ

အဖနာမည် ဦးမျိုးထိုက် +ဒေါ်သီတာအေး ရင်ငြိမ်ရွာ

ကမာဖောင်ကျေးရွာ ကလိုသိရပါတယ်ဗျာ

လက်ရှိ

#ရွှေနတ်တောင်လူမူကယ်ဆယ်ရေး အသင်းတွင် စောင့်ရှောက်ထားပေးပါတယ်ဗျာ 🙏
*ရွှေနတ်တောင် တောင်ခြေ မော်လမြိုင်မြို့မှာပါ

ဆက်သွယ်‌ရန်
☎️09788452300
ရဲထက်စိုး

ကူညီပေးကြပါအုံးနော်🙏🙏🙏

#လူပျောက်

စိုးမြတ်သူဇာ ၊ စိုးမြတ်ကလျာ ၊စိုးမြတ်နန္ဒာတို့ရဲ့ဖခင်ဦး စိုးမြင့်ရဲ့စျာပနအခမ်းအနား အနုပညာရှင်များဖြစ်တဲ့ စိုးမြတ်သူဇာ ၊ ...
06/08/2025

စိုးမြတ်သူဇာ ၊ စိုးမြတ်ကလျာ ၊စိုးမြတ်နန္ဒာတို့ရဲ့ဖခင်ဦး စိုးမြင့်ရဲ့စျာပနအခမ်းအနား

အနုပညာရှင်များဖြစ်တဲ့ စိုးမြတ်သူဇာ ၊ စိုးမြတ်ကလျာ ၊စိုးမြတ်နန္ဒာတို့ရဲ့ဖခင်ဖြစ်သူဦး စိုးမြင့်ဟာ ယနေ့ ဩဂုတ်လ ၅ရက်နေ့ မနက် ၅ နာရီ၅မိနစ်မှာကွယ်လွန်ခဲ့တာဖြစ်ပြီး စျာပနအခမ်းအနား ကို ဩဂုတ်လ ၅ရက်နေ့ ညနေ ၃နာရီ ၃၀မိနစ် ၊မြောက်ဥက္ကလာရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ် ။

အဆိုပါစျာပနအခမ်းအနားကို ရန်အောင် ၊ မေသန်းနု ၊ မြတ်ကေသီအောင် ၊ စန္ဒီမြင့်လွင် ၊စိုးပြည့်သဇင် တို့ အပါအဝင် အနုပညာအသိုင်းအဝိုင်းမှ ညီအစ်ကိုမောင်နှမများက ဝိုင်းဝန်းနှုတ်ဆက်ဂါရဝပြုပို့ဆောင်ခဲ့ကြပါတယ်။

ပွဲနေ့ဖြစ်ပါတယ်ခဗျာ...ဒီနေ့ညနေ 4နာရီမှာ U20အမျိုးသမီးအာရှဖလားခြေစစ်ပွဲစဉ်အဖြစ် မြန်မာနှင့်တာ့ခ်မင်နစ္စတန်အသင်းတို့ သု၀ဏ္...
06/08/2025

ပွဲနေ့ဖြစ်ပါတယ်ခဗျာ...

ဒီနေ့ညနေ 4နာရီမှာ U20အမျိုးသမီးအာရှဖလားခြေစစ်ပွဲစဉ်အဖြစ် မြန်မာနှင့်တာ့ခ်မင်နစ္စတန်အသင်းတို့ သု၀ဏ္ဏကွင်းမှာယှဉ်ပြိုင်ကစားကြမှာပါ။

ည 7နာရီမှာတော့ မြန်မာအသင်းအုပ်စုဗိုလ်ရနိုင်ခြင်းရှိမရှိခန့်မှန်းလို့ရမယ့် အင်ဒိုနဲ့အိန္ဒိယအသင်းတို့ပွဲစဉ်လဲရှိပါတယ်။

ရာသီဥတုပူမပူသိချင်ရင်ရုပ်အနေအထားပဲကြည့်တော့😁 #နော်ထက်ထက်ဝေ
06/08/2025

ရာသီဥတုပူမပူသိချင်ရင်

ရုပ်အနေအထားပဲကြည့်တော့😁

#နော်ထက်ထက်ဝေ

ที่อยู่

Ahlone Road
Khlong San
11121

เบอร์โทรศัพท์

+66835489820

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Victory Familyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท