18/08/2026
၁။ ။ ည ၁၀ - ၁၁ အတွင်း ရအောင်အိပ်ပါ။
၂။ ။ မနက်စာ ၁၀ နာရီမှာ ဆီကြော်မပါတဲ့ မနက်စာစားပါ။ ( ဥပမာ Black Coffee၊ ကြက်ဥ )
၃။ ။ နေ့လည်စာ ၁၂ - ၁ နာရီ အတွင်း ထမင်း ၁ ပုံ နဲ့ အသီးအရွက် ၁ ပုံ အသားဓါတ်ရဖို့ ၁ ပုံ ၃ မျိုးကို မျှတအောင် စားပါ၊ ဆာလောင်မှု ပြေပျောက်ရင်ရပါပြီ နှမြှောလို့ အကုန်မထည့်ရ။
၄။ ။ ညနေစာကို ည ၆ နာရီ ထက် နောက်ကျ မစားရ သိပ်စားချင်လည်း အပေါ်က နေ့လည်စာ အတိုင်းသာ စားပါ။
၅။ ။ အစားစားပြီးတိုင်း ခဏ နားပြီး ၁၀ မိနစ် ဖြေးဖြေး လမ်းလျှောက်ပါ၊ ဘာလေ့ကျင့်ခန်းမှ မလုပ်နိုင်လျှင် နေ့စဥ် နည်းနည်းစီ ၁၀ မိနစ် ၆ ကြိမ်လောက် လျှောက်ကြည့်ပါ။
အချိုရည် အအေး ကိတ် ချိုသော အရာတွေ သကြားတွေတော့ ဆောရီးပါ သုံးလအတွင်းမစားရ၊ ပြောင်းလဲ ချင်ရင် ဒါလေးတော့ ပေးဆပ်တယ် သဘောထားလိုက်ပါ။ ခန္ဓာကို တကယ်ဖျက်ပြီး ကင်ဆာ အားပေးတာ သကြားပါ၊ ပေးတာ နဲ့ ရတာ တန်တယ် ထင်ရင် ဆက်လျှောက်ရုံပါပဲ ကိုယ်လိုချင်တဲ့ ပန်းတိုင်အထိ။
အဲ့လောက် လုပ်နိုင်ရင် ၃ လအတွင်း သင် ပြောင်းလဲ သွားပါမယ်။
Ko James