GT Sports Channel THE BRIDGE BETWEEN THE ATHLETES & THE AUDIENCE

09/05/2026

ရန်ကုန်ရဲ့ ညအလှကိုခံစားပြီး ပျော်ပျော်ပါးပါး ပြေးဖို့ အားလုံး Ready ပဲလား? အပူရှိန်ကို အပြုံးနဲ့ အန်တုပြီး ပန်းတိုင်မှာ အောင်ပွဲခံဖို့ ဆုံကြစို့!

13/04/2026

MFF U-15 Youth League 2026 Qualifiers Play Off Final match

💪⚽️ BUSHIDO TEAM FC vs PHOENIX FETURE SOCCER FC တို့ရဲ့ ရေကုန်ရေခမ်း ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ ပုံရိပ် တချို့ကို မျှဝေပေးလိုက်ပါတယ်။

#မြန်မာဘောလုံးချစ်သူများ

မြန်မာတို့ရဲ့ ၁၃၈၇ ခုနှစ်၊ နှစ်သစ်ကူးသင်္ကြန်အခါသမယမှာ GT Sports မိသားစုဝင်များအားလုံး အန္တရာယ်ခပ်သိမ်း ငြိမ်းအေးကြပါစေ။...
13/04/2026

မြန်မာတို့ရဲ့ ၁၃၈၇ ခုနှစ်၊ နှစ်သစ်ကူးသင်္ကြန်အခါသမယမှာ GT Sports မိသားစုဝင်များအားလုံး အန္တရာယ်ခပ်သိမ်း ငြိမ်းအေးကြပါစေ။ သင်္ကြန်အေးမြတဲ့ ရေစင်နဲ့အတူ မကောင်းတဲ့အညစ်အကြေးတွေ ဆေးကြောသန့်စင်ပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ 🙏

10/04/2026

MFF U-15 Youth League 2026 Qualifiers Play Off Final match

ST PAUL’S FC vs BURMA FOOTBALL ACADEMY FC တို့ရဲ့ အကြိတ်အနယ် ရှင်ပြိုင်ခဲ့ကြတဲ့ ပွဲစဉ် ကိုတင်ဆက်ပေးလိုက်ပါတယ်

FOOTBALLACADEMYFC #မြန်မာဘောလုံးချစ်သူများ

01/04/2026

HYROX ဆိုတာ ခွန်အားတင်မကဘူး၊ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်ခိုက်ရတဲ့ "စိတ်ဓာတ်စစ်ဆေးပွဲ" တစ်ခုပါ။
Station 6 (Farmers Carry) နဲ့ Station 7 (Sandbag Lunges) ကို ရောက်တဲ့အခါ ခန္ဓာကိုယ်က အချက်ပြလာပြီး ကြွက်သားတွေက နာကျင်မှုကြောင့် ရှေ့မဆက်ဖို့ ငြင်းဆန်နေကြပြီ။ အဲဒီအချိန်မှာ အရှုံးပေးဖို့ဆိုတာ
လူတိုင်းအတွက် အရမ်းလွယ်ကူတဲ့ ရွေးချယ်မှုတစ်ခုပါ။

ဒါပေမယ့် ကိုမြတ်သူအတွက်တော့ အရှုံးပေးဖို့ဆိုတာ ရွေးချယ်စရာ မဟုတ်ခဲ့ဘူး။ "သူများတွေ လုပ်နိုင်တာ ငါလည်း ဘာလို့ မလုပ်နိုင်ရမှာလဲ" ဆိုတဲ့ အတွေးတစ်ခုတည်းနဲ့ပဲ နာကျင်မှုတွေကို အံတုပြီး ပန်းတိုင်အထိ
တစ်လှမ်းချင်းစီ တိုးခဲ့ပါတယ်။ ခွန်အား တွေ ကုန်ခမ်းသွားတဲ့နေရာဟာ စိတ်ဓာတ် (Willpower) အစစ်အမှန် စတင်ရာ အရပ်ပါပဲ။ ခန္ဓာကိုယ်က အားကုန်သွားတဲ့အခါ စိတ်ဓာတ်ကပဲ ရှေ့ကနေ ဦးဆောင်သွားခဲ့တဲ့ကိုမြတ်သူရဲ့ အတွေ့အကြုံတွေကို မျှဝေပေးထားပါတယ် …..
Congrats Ko Myat Thu for breaking your limits! 🇲🇲 …..


30/03/2026

HYROX ဆိုတာ ခွန်အားတင်မကဘူး... စိတ်ဓာတ်နဲ့ နားလည်မှုပါ ယှဉ်ပြိုင်ရတဲ့ပွဲပါ။
ဘန်ကောက် HYROX ပြိုင်ပွဲမှာ 01:15:48 ဆိုတဲ့ အမိုက်စားစံချိန်တစ်ခုကို Ma Khine Gone Yi Lin နဲ့ Ma Hsu San တို့ ဘယ်လိုအောင်မြင်အောင် တည်ဆောက်ခဲ့ကြလဲ?

တစ်ယောက်က လမ်းကြောင်းပေါ်မှာ အရှိန်မပျက်အောင် အင်ဂျင်တစ်လုံးလို ဆွဲတင်ပေးနေချိန်... နောက်တစ်ယောက်က ခက်ခဲတဲ့ Station တွေမှာ အားအင်အပြည့်နဲ့ ရုန်းထွက်ပေးခဲ့ပါတယ်။
"တစ်ယောက်ပင်ပန်းနေချိန်မှာ နောက်တစ်ယောက်က အားဖြည့်ပေးတယ်... တစ်ယောက်စိတ်ဓာတ်ကျချင်ချိန်မှာ နောက်တစ်ယောက်က တွန်းတင်ပေးတယ်။ ဒါဟာ Double Category ရဲ့ အလှတရားပါပဲ။

Running မှာ အားသာတဲ့သူနဲ့ Sled Push မှာ အားကောင်းတဲ့သူတို့ရဲ့ ပြီးပြည့်စုံတဲ့ Teamwork ကသာ ဒီအောင်မြင်မှုကို ရရှိစေခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူတို့နှစ်ဦးရဲ့ မတူညီတဲ့ အားသာချက်တွေကို ဘယ်လိုပေါင်းစပ်ခဲ့လဲဆိုတဲ့ လျှို့ဝှက်ချက်တွေကို အတူတူ နားထောင်ကြည့်ရအောင် ....


27/03/2026

Experience is not the limit!

အတွေ့အကြုံ မရှိလို့ မလုပ်နိုင်ဘူးလို့ ထင်နေပါသလား? မြတ်မင်းရဲ့ HYROX BKK 2026 အပြီး အင်တာဗျူးက
အဖြေပေးပါလိမ့်မယ်။

ကြောက်စိတ်တွေကို ဘေးဖယ်ပြီး ပန်းတိုင်အထိ ရောက်အောင်သွားခဲ့တာ အခုတော့ HYROX Finisher တစ်ယောက် ဖြစ်သွားပါပြီ။

စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်သူတိုင်းအတွက် ဒီဗီဒီယိုက ခွန်အားတစ်ခု ဖြစ်စေမှာပါ။

27/03/2026

KBZ Community 10 Mile Run မှာ Runner တွေနဲ့ Challenge တူတူလုပ်ကြမယ်
Part-2

KBZ 10 miles Run ပွဲမှာ GT Sports နဲ့ “Challenge တွေလုပ်ပြီး KBZ Pay မုန့်ဖိုးယူမယ်” Campaign ရဲ့ အမှတ်တရ Moment လေးတွေကို ပြန်ကြည့်လိုက်ရအောင်…

27/03/2026

KBZ Community 10 Mile Run မှာ Runner တွေနဲ့ Challenge တူတူလုပ်ကြမယ်
Part-1

KBZ 10 miles Run ပွဲမှာ GT Sports နဲ့ “Challenge တွေလုပ်ပြီး KBZ Pay မုန့်ဖိုးယူမယ်” Campaign ရဲ့ အမှတ်တရ Moment လေးတွေကို ပြန်ကြည့်လိုက်ရအောင်…

ที่อยู่

Klong Toey

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ GT Sports Channelผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท