Rainbow Channel

Rainbow Channel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rainbow Channel, เว็บไซต์ข่าวและสื่อ, Kyaikto.

ခင်ဦးတွင် စစ်တပ် စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်မှု စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားပြီး ဒုဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် သ...
22/09/2025

ခင်ဦးတွင် စစ်တပ် စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်မှု စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားပြီး ဒုဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် သေဆုံးသူများပြားကာ ၂ ဦး အရှင်မိ၍ လက်နက် ၁၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ရာ စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားပြီး ဒုဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် သေဆုံးသူများပြားကာ ၂ ဦး အရှင်မိ၍ လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၂ ရက်နေ့တွင် ခင်ဦးမြို့နယ် စစ်တပ်စခန်း မှ ရွှေဘိုလေ့ကျင့်ရေး ၈ နှင့် ဘုတ်ကုန်း ပျူစေထီးရွာ သို့ ခိုးကြောင်ခိုးဝှက် ထွက်သွားသော စစ်တပ် စစ်ကြောင်းကို အမှတ်(၂) ရွှေဘိုခရိုင်၊ အမှတ် (၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ) ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅) ပကဖများ၊ ခင်ဦးမြို့နယ် ပလဖ တို့ ပူးပေါင်း အင်အားဖြင့် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စကစ ဒု-ဗိုလ်မှူးကြီး၊ သုံးပွင့် ဗိုလ် ၊ တပ်ကြပ်များနှင့် တပ်သားများ အပါအဝင် အများအပြား သေဆုံးခဲ့ပြီး စစ်ကြောင်း တစ်ကြောင်းလုံး တပ်ပျက်ကာ စစ်သား ၂ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ MA-3 (၄) လက်၊ MA-1 (၅) လက်၊ BA-63/ G3 (၁) လက်၊ ကာဘိုင် (၁)လက်၊ BA 100/ 60MM ကွန်မန်ဒို စိန်ပြောင်း (တို) (၁) လက်၊ MA-5/ ပစ္စတို (၁) လက်၊ MA ကျည်ဘောက် (သံ) (၃) ခု၊ MA ကျည်ဘောက်(ကော်) (၆) ခု၊ BA-63/ G3 ကျည်ဘောက် (၃)ခု၊ MA-5/ ပစ္စတို ကျည်ဘောက် (၁)ခု၊ ရှေ့ထွက်မိုင်း (၄)လုံး၊ နင်းမိုင်း (၂)လုံး၊ 60MM ဗုံးသီး (၄)လုံး၊ RPG ဗုံးသီး (၁)လုံး၊ အီနာဂါ (၂)လုံး၊ ကျည်ကာ ဦးထုပ် (၆)လုံး၊ 5.56 ကျည် (၂၈၆) တောင့်၊ 9mm ကျည် (၇) တောင့်၊ ငွေကျပ် (၅,၂၉၀,၀၀၀) ကျပ်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရွှေဘို- လေ့ကျင့်ရေး (၈) နှင့် ဘုတ်ကုန်း (ပျူရွာ)မှ ခင်ဦးမြို့နယ်တွင်းသို့ ဝင်ရောက်လာစဥ် တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှု ခံခဲ့ရပြီး စစ်ကြောင်း တပ်ပျက်ကာ ရွှေဘို လေ့ကျင့်ရေး (၈) နှင့် ဘုတ်ကုန်း (ပျူရွာ) သို့ ကစဥ့်ကလျားဖြင့် ပြန်လည် ဆုတ်ခွာသွားပြီးနောက် အင်အား ၉၀ ခန့်ဖြင့် ပြန်လည် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ပခုက္ကူမြို့ပေါ်ရှိ မြန်မာ့မီးရထား ကွန်ကရစ် ဇလီဖားတုံးစက်ရုံတွင် တပ်စွဲထားသော စစ်တပ်နှင့်ရဲကို  တော်လှန်ရေးရဲဘော် ၇ ဦးက ...
22/09/2025

ပခုက္ကူမြို့ပေါ်ရှိ မြန်မာ့မီးရထား ကွန်ကရစ် ဇလီဖားတုံးစက်ရုံတွင် တပ်စွဲထားသော စစ်တပ်နှင့်ရဲကို တော်လှန်ရေးရဲဘော် ၇ ဦးက ဝင်ရောက်တိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ စက်တင်ဘာ ၂၂

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ မြန်မာ့ မီးရထား ကွန်ကရစ် ဇလီဖားတုံးစက်ရုံတွင် တပ်စွဲထားသော စစ်တပ်နှင့်ရဲတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံးပြီး သေနတ် ၃လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း Pakokku - Special Task Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် နံနက် ၁ နာရီ ၄၀ မိနစ်ခန့်တွင် ပခုက္ကူမြို့၊ရထားဘူတာအနီး မြန်မာ့မီးရထား ကွန်ကရစ် ဇလီဖားတုံးစက်ရုံအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ရဲ ၄ ဦး သေဆုံးကာ၊ G 3 သေနတ် ၁ လက်၊ 7.62mm ကျည်သုံး ကာဘိုင် သေနတ် ၁ လက်၊ AK သေနတ် ၁ လက်နှင့်ကျည် ၅၀ တောင့် တို့ကို သိမ်းဆည်းရမိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

ပခုက္ကူမြို့နယ်တွင် စစ်ကော်မရှင်က ဦးစီးပြုလုပ်သည့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းပြသသည့်အနေဖြင့် ပခုက္ကူမြို့ပေါ် မစ်ရှင်ကို ကြိုးစားဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်ကော်မရှင် စိတ်တိုင်းကျ ပြုလုပ်မည့် အဆိုပါရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ပါရန် Pakokku - Special Task Force က အသိပေးနှိုးဆော်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို Pakokku Special Task Force ပခုက္ကူမြို့နယ် တပ်ရင်း ၁ ပကဖ မှ ရဲဘော်ဒီး ဦးဆောင်သည့် တော်လှန်ရေးရဲဘော် ၇ ဦး တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်သံလွင်ခက်စက်တင်ဘာ ၂၀၊ ၂၀၂၅စစ်ကိုင်းတိုင်း၊...
20/09/2025

စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

သံလွင်ခက်
စက်တင်ဘာ ၂၀၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့၊ စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု မြေပြင်စစ်ရေးဆိုင်ရာ သတင်းရင်းမြစ်များက အတည်ပြုသည်။

အဆိုပါမြို့သိမ်းအောင်မြင်သည့်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee – C3C)ထူထောင်အပြီး အမှတ်(၁)စစ်ဒေသ ဖွဲ့စည်းခြင်း လေးနှစ်ပြည့်မြောက်သည့်နေ့ဖြစ်သည်။

စက်တင်ဘာလ ၁၅ ရက်တွင် စတင်ခဲ့သည့် ဗန်းမောက်မြို့သိမ်းတိုက်ပွဲ ခြောက်ရက်မြောက်နေ့တွင် အောင်မြင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့၏ နောက်ဆုံးခံစစ်စခန်းဖြစ်သော နတလကျောင်းကို ယနေ့ညနေ ၆ နာရီ ၄၀ မိနစ်တွင် တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီးနောက် စစ်ကောင်စီနှင့် ပူးပေါင်းတပ်များ ထွက်ပြေးသွားကြသည်ဟု သိရသည်။

အဆိုပါ မြို့သိမ်းစစ်ဆင်ရေးကို အမှတ်(၁)စစ်ဒေသ၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် တော်လှန်ရန်တပ်ဖွဲ့များဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များ၊ ကဒူးဒေသကာကွယ်ရေးတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဗန်းမောက်မြို့သည် ခမ်းပါတ်၊ မြို့သစ်၊ ရွှေပြည်အေး၊ ပင်လည်ဘူး၊ မော်လူးနှင့် အင်းတော်မြို့များပြီးနောက် စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် သတ္တမမြောက်မြို့ ဖြစ်လာသည်။

ဓါတ်ပုံ - Indaw Revolution-IR

ပဲခူး ကပစ ၆ အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က အလောင်းများကို ကား ၃ စီး တိုက်သယ်ယူနေရဧရာဝတီတိုင်းမ်စက်တင်ဘ...
20/09/2025

ပဲခူး ကပစ ၆ အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က အလောင်းများကို ကား ၃ စီး တိုက်သယ်ယူနေရ

ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်

ပဲခူးတိုင်း၊ အနောက်ခြမ်း၊ ဥသျှစ်ပင်မြို့နယ်၊ ဆင်လန်ကျေးရွာအနီးရှိ ကာကင်းစခန်းကို စစ်ကော်မရှင် တပ်ဖွဲ့များ ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း‌ သိရသည်။

စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့်ရက်ပိုင်း စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ အာရက္ခ တပ်တော် (AA) ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ထားသည့် လေသာတောင်ကုန်းကို ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

"သေတဲ့လူတွေက အရာရှိတွေများတယ်လို့ သိရတယ်။ စနိုက်ဘာထိပြီးသေကြတာ။ လေသာ တောင်ကုန်းကစစ်ရေးအရ အရေးပါတော့ စိုးမိုးမှုရဖို့ အပြင်း အထန်ဖြစ်နေတာ"ဟု စစ်ရေးသတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်၏ ထိုးစစ်ကို AA ပူးပေါင်းတပ်ဖွဲ့က တန်ပြန်ထိုးစစ်ဖြင့်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်မှ ထိခိုက်သေဆုံးမှုများပြီး ဒဏ်ရာရသူနှင့် သေဆုံးသူ များကို နာရေးကားသုံးစီးဖြင့် ဥသျှစ်ပင် တံတား ဂိတ်မှ ပြည်မြို့ဘက်သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ထိုသို့ပို့ဆောင်ရာတွင် ထိခိုက်ဒဏ်ရာရသူများကို ရွှေတောင်မြို့ အမှတ် (၆) ခုတင် ၁၀၀ စစ်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ညောင်ကျိုးရိုးပေါ်တွင် ယမန်နေ့ စက်တင်ဘာ ၁၈ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်နှင့် တော်လှန် ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်က တပ်ဆုတ်ထားရကြောင်း သိရသည်။

လေသာတောင်ကုန်းကို စစ်ကော်မရှင်ဘက်က အင်အား ၁၀၀ ကျော်ခန့်ဖြင့် ထိုးစစ်ဆင်ဝင် ရောက်လာ ခြင်းဖြစ်ပြီး AA ဘက်က စစ်ကော်မရှင် အရာရှိများကို စနိုက်ဘာဖြင့် ရွေးချယ်ပစ်ခတ်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

တိုက်ပွဲအတွင်းမှ ပြန်သယ်လာသည့် အလောင်း ၁၀ လောင်းကျော်ရှိပြီး ဒဏ်ရာရသူများကို နာရေး ကားနှစ်စီးဖြင့် တင်ဆောင်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ကပစ-၆ အနီး တိုက်ပွဲများပြင်းထန် လာသော်လည်း စစ်ကော်မရှင်က စက်ရုံထုတ်လုပ်ရေးပိုင်းကို ဆက်လက်လုပ်ဆောင်နေပြီး ဆီသယ် ယာဉ် ခုနစ် စီးအထိ စက်ရုံအတွင်း အဝင်အထွက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)

#ပဲခူး #အနောက်ခြမ်း #ဥသျှစ်ပင် #ကပစ၆ #တိုက်ပွဲပြင်းထန် #စစ်ကော်မရှင် #သေဆုံး

မန္တလေး PDF မှ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၇ သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ဧရာဝတီတိုင်းမ်စက်တင်ဘာ ၁၉ရက် ပြည်သူ့ကာကွယ်ရ...
19/09/2025

မန္တလေး PDF မှ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၇ သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၇ သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာတွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း ယနေ့ စက်တင်ဘာ ၁၉ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်မှ တာဝန်ရှိသူများ၊ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA နိုင်ငံရေးမှူး၊ ဒေသတွင်း မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သော မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် ၉၃ (TRI ဗျူဟာ)၊ PDF တပ်ရင်းအမှတ် (၅၁၃) တို့မှ တာဝန်ရှိသူများ၊ မြို့နယ် ပကဖ၊ ပလဖ တာဝန်ရှိသူများ၊ တော်လှန်ရေးနယ်ပယ်အသီးသီးမှ ရဲဘော်ရဲဘက်များနှင့်အတူ ဒေသခံ ရပ်မိရပ်ဖများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး

19/09/2025

အသက်တစ်ချောင်းရဲ့ တန်ဖိုး

ဘားအံမှာ ဆေးကြောင်ပြီး ကြော်ငြာဆိုင်းဘုတ်ပေါ်ကနေ ခုန်ချတဲ့ ဆေးသမားကို ဒီလို ကယ်ခဲ့ကြတယ်။

စစ်တပ် လက်အောက်ခံ တက္ကသိုလ်တက်နေတဲ့ ကျောင်းသားတွေနဲ့ မိသားစုအတွက် အလုပ်လုပ်ကာ ဝမ်းစာ ရှာဖွေနေကြတဲ့ လူကောင်းသူကောင်းတွေကိုတော့ ခွေးတပ်ထဲ မတရား ဆွဲထည့်ပြီး ရှေ့တန်းပို့ သတ်ဖြတ်တယ်။

အသက်တစ်ချောင်းချင်း အတူတူကို တန်ဖိုးမရှိတဲ့ ပစခွေး ဘဝနဲ့ ဇာတ်မသိမ်းချင်ရင် ဆေးသမားပဲ လုပ်ကြ.. 🥴

ရုရှားရဲ့ စစ်ရေးလေ့ကျင့်မှု ဝါဒဖြန့် ဗီဒီယိုထဲမှာ လေလျော့နေတဲ့ တိုက်လေယာဉ် အတုကြီးရဲ့ပုံ ရောပါလာဘီလားရုစ် နိုင်ငံနဲ့ ပူး...
18/09/2025

ရုရှားရဲ့ စစ်ရေးလေ့ကျင့်မှု ဝါဒဖြန့် ဗီဒီယိုထဲမှာ လေလျော့နေတဲ့ တိုက်လေယာဉ် အတုကြီးရဲ့ပုံ ရောပါလာ

ဘီလားရုစ် နိုင်ငံနဲ့ ပူးပေါင်း စစ်ရေး လေ့ကျင့်နေတာကို ထုတ်ပြန်တဲ့ ရုရှားရဲ့ ဝါဒဖြန့် ဗီဒီယိုထဲမှာ လေလျော့နေတဲ့ တိုက်လေယာဉ် တစ်စီးရဲ့ပုံ ပါလာလို့ လှောင်ပြောင် ခံနေရပါတယ်။

လေလျော့နေတယ်လို့ ပြောရတဲ့ အကြောင်းရင်းက အဲဒီ တိုက်လေယာဉ်ဟာ လေယာဉ်အစစ် မဟုတ်ဘဲ လေတပ်စခန်း တစ်ခုထဲမှာ ရပ်ထားတဲ့ လေထိုးရုပ်ကြီး ဖြစ်နေတာကြောင့်ပါ။ ဗီဒီယိုထဲမှာတော့ တကယ့် တိုက်လေယာဉ် အစစ်တစ်စီး ပျံတက်နေပုံကို ရိုက်ပြထားပေမယ့် နောက်ခံမြင်ကွင်းမှာ အရုပ် လေယာဉ်အတုကြီးက လေလျော့ပြီး ခွေယိုင်လျက်သား ပျော့တွဲကျနေတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုတွေထဲက အဲဒီ လေယာဉ် အရုပ်ကြီး ပါဝင်နေတဲ့ ဖြတ်ပိုင်း ဓာတ်ပုံတွေကို ကာကွယ်ရေး နည်းပညာ သုတေသီ ဂိုင်းပလော့စကီးက လူမှုကွန်ရက် မီဒီယာ Xမှာ တင်ခဲ့တဲ့နောက် လူအများက ဝေမျှခဲ့ကြတာပါ။

အဲဒီ လေမှုတ်သွင်း လေယာဉ်ရုပ်ကြီးဟာ ရုရှားနိုင်ငံ အနောက်မြောက်ပိုင်းက ရေတပ်ရဲ့ တိုက်လေယာဉ်တွေ ထားရှိရာ ဆဗာရိုမော့စ်ခ် အမှတ် ၁ အခြေစိုက် စခန်းမှာ ရှိနေတာလို့ ဆိုပါတယ်။ ရန်သူကို လှည့်စားဖို့အတွက် ရုရှားရော၊ ယူကရိန်းပါ စစ်စခန်းတွေမှာ လေယာဉ်၊ တင့်ကားတွေရဲ့ ပုံစံတူ လေမှုတ်ရုပ်ကြီးတွေ ထားရှိတတ်တာ မဆန်းပေမယ့် ဝါဒဖြန့် ဗီဒီယို တစ်ခုထဲမှာ ရယ်စရာ ပုံစံမျိုးနဲ့ လေလျော့နေတဲ့ လေယာဉ်အတုကြီးပုံ ပါလာတာကတော့ ပြောစမှတ်ပြုစရာတစ်ခု ဖြစ်လာပါတယ်။

စစ်ရေးသုတေသီတွေတော့ ရှေ့တန်းစစ်မြေပြင်တွေမှာ ဂျစ်ကားတွေ၊ ဒုံးကျည်ပစ်စင်တွေ၊ တင့်ကားတွေ၊ ထရပ်ကားကြီးတွေနဲ့ ယုတ်စွအဆုံး စစ်သားပုံစံတူတွေကိုတောင် ပုံစံတူ ဖန်တီးပြီး အယောင်ပြ ဖြန့်ကျက်ထားလေ့ ရှိတယ်လို့ ပြောကြားထားပါတယ်။

တချို့ ပစ်မှတ်တုတွေမှာဆိုရင် ရေဒါထဲမှာ တကယ့်တင့်ကားတွေ၊ စစ်ဘက်ယန္တရားတွေလို့ ထင်ရလောက်အောင် ဖမ်းယူ ထောက်လှမ်းမိအောင် လှည့်စားနိုင်မယ့် လှိုင်းထုတ်လွှင့်မှု စနစ်တွေကိုပါ ထည့်သွင်းထားလေ့ ရှိပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလတုန်းက ရုရှားဟာ ယူကရိန်းရဲ့ M270 အတွဲလိုက် ဒုံးကျည်ပစ်ခတ်မှု လက်နက်ကြီး စနစ်တစ်ခုကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ခဲ့ကြောင်း ကြွေးကြော်ခဲ့ပေမယ့် နောက်ပိုင်းကျတော့ ယူကရိန်းက အယောင်ပြ ထားရှိတဲ့ ပုံတူ အရုပ်ကြီးသာဖြစ်ကြောင်း သိရှိလာခဲ့ရပါတယ်။

ရုရှားနဲ့ မဟာမိတ် ဘီလားရုစ်နိုင်ငံတို့ရဲ့ စစ်တပ်တွေဟာ ဘီလားရုစ် ပိုင်နက်ထဲမှာ Zapad-2025 ဆိုတဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၁၂ ရက်ကနေ ၁၆ ရက်နေ့ထိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: TVP World
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/LuduNwayOo/subscribe/
𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/
𝗫 - https://x.com/LuduNwayOo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

#လူထုနွေဦး *sSpring

‎ဖားကန့်ရှိ ဆန်းကြွယ်ရွာကို စစ်ကော်မရှင် ဝင်ရောက်ထိန်းချုပ်ပြီးနောက် ကျောက်စိမ်းကုမ္ပဏီများကို မီးရှို့‎‎ဧရာဝတီတိုင်းမ်‎...
18/09/2025

‎ဖားကန့်ရှိ ဆန်းကြွယ်ရွာကို စစ်ကော်မရှင် ဝင်ရောက်ထိန်းချုပ်ပြီးနောက် ကျောက်စိမ်းကုမ္ပဏီများကို မီးရှို့

‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၁၈ ရက်

‎ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ ဖားကန့်ဗျူဟာအနီး ကျေးရွာများကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာအချို့ကို ထိန်းချုပ်ထားကြောင်း သိရသည်။

‎ယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့တွင် ဆိုင်းတောင်ရှိ မှော်တောင်းနှင့် ဆန်းကြွယ်ရွာတို့ကို စစ်ကော်မရှင်က ဝင်ရောက်နေရာယူလိုက်ကြောင်း ဒေသခံများကပြောသည်။

‎KIAတပ်ဖွဲ့များ နောက်ဆုတ်ပေးလိုက်ရသည့် ဆန်းကြွယ်ကျေးရွာအတွင်း စစ်ကော်မရှင်က နေရာဝင်ယူကာ ရတနာမိုးမြေ ကုမ္ပဏီပိုင် စက်ယန္တရားများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

‎"ဖားကန့်မြို့ထဲ စစ်တပ်ရောက်လာပြီးကတည်းက ကျောက်စိမ်းလုပ်ကွက်တွေထဲ ကားတွေ၊ စက်တွေကို ဝင်မီးရှို့တယ်။ ဒီနေ့လည်း ဆန်းကြွယ်ထဲ မီးရှို့နေတယ်" ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎စစ်ကော်မရှင်က ဆန်းကြွယ်ကျေးရွာကို ဝင်ရောက်လာပြီး ယမန်နေ့က လက်နက်ကြီးများဖြင့် အနီးအနားကျေးရွာများကို ပပစ်ခတ်တိုက်ခိုက်သည့်အတွက် အထက်မှော်ရှန်ရွာအနီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

‎စက်တင်ဘာလဆန်းမှစတင်ကာ ဆန်းကြွယ်၊ မှော်တောင်း၊ ရှရော်ခ၊ ညောင်ပင်ကုန်းတို့ကို စစ်ကော်မရှင်က စစ်ကြောင်းထိုးနေပြီး ဖားကန့်ဗျူဟာမှ လက်နက်ကြီး ပစ်ကူများ ဆက်တိုက်ပစ်ကူနေခဲ့သည်။

‎ယမန်နေ့ကလည်း ဆိုင်းတောင်၊ ဆူးပုတ်ကုန်းဘက်ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

‎တိုက်ပွဲများ‌ကြောင့် အေးမြသာယာ၊ မှော်တောင်း၊ ဆန်းကြွယ်၊ ညောင်ပင်ကုန်း စသည့် ကျေးရွာများမှ စစ်ဘေးရှောင် ၃၀၀၀ ခန့် ရှိနေပြီး ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများတွင် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

‎စစ်ဘေးရှောင်များအနေဖြင့် စစ်ဘေးရှောင်ရာတွင် နန့်မဖြစ်၊ မှော်စီဆာ၊ လုံးခင်း ဘက်သို့စစ်ရှောင်နိုင်ကြပြီး အောက်မှော်များဘက်မသွားကြရန် ဖားကန့် လူမှုရေးအဖွဲ့များက သတိပေးထားသည်။

ပုံစာ-ဖားကန့်​ကျောက်စိမ်းကုမ္ပဏီတစ်ခုကို စစ်​ကော်မရှင်မီးရှို့ထားစဥ်(ပုံ​ဟောင်း)

‎ #ဖားကန့် #စစ်ကော်မရှင် #ဆန်းကြွယ် #ထိန်းချုပ် #မီးရှို့


ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်တိုက်၊ စခန်းသိမ်း၊ ရဲခွေး ၆ ကောင်သေ၊ အရှင်ဖမ်းမိများနှင့် ...
18/09/2025

ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်တိုက်၊ စခန်းသိမ်း၊ ရဲခွေး ၆ ကောင်သေ၊ အရှင်ဖမ်းမိများနှင့် အချုပ်သား ၃ ဦး ကယ်ထုတ်နိုင်ခဲ့

စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စီးနင်းတိုက်ခဲ့ရာ တိုက်ပွဲတွင် ရဲခွေး ၆ ကောင်သေဆုံးပြီး၊ အရှင်ဖမ်းမိသူတွေရှိသလို လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ရဲခွေး ၄ ကောင်နဲ့ သူတို့ရဲ့မိသားစုဝင်တချို့ကို အရှင်ဖမ်းမိခဲ့ပြီး ရဲစခန်းအချုပ်မှာ အဖမ်းခံထားရသူ ၃ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဇီးကုန်းမြို့ ရဲစခန်းသိမ်းတိုက်ပွဲတွင် G3 အမျိုးအစား ရိုင်ဖယ်သေနတ် ၉လက်၊ G4 ၁လက်၊ MA15 ၁လက်နဲ့ ပစ္စတို ၁လက် ရရှိခဲ့ပြီး တိုက်ပွဲကို ကန့်ဘလူခရိုင် ပကဖစစ်ကြောင်းက ဦးဆောင်ပြီး ဦးဒူဝံပကဖနဲ့ နယ်မြေခံပကဖတပ်ဖွဲ့ဝင်တွေ ပူးပေါင််း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

17/09/2025

"ရန်ကုန်မှာ နေ့ခင်းကြောင်တောင် ဘယ်လို ပေါ်တာဆွဲနေလဲ"

စစ်မှုထမ်းဖို့ နေ့ခင်းကြောင်တောင် ပေါ်တာဆွဲခံရတဲ့ လူငယ်တစ်ယောက်ကို မဘသ ဘုန်းကြီးတစ်ပါးက မေးမြန်းပြီး ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းပါ။ မြို့ပြနေ ပြည်သူတွေနဲ့ ခရီးသွားလာနေကြသူတွေ မဖြစ်မနေ နားထောင်သင့်ပါတယ်။

တစ်ခုပဲ.. ပေါ်တာဆွဲခံရတဲ့သူကို တိုင်ချက်ဖွင့်ထားလို့ ခွေးတပ်က ပြန်လွှတ်ပေးတယ် ဆိုတာကတော့ ယုံစားရ ခက်ပါတယ်။ ကိုယ့်မိသားစုထဲမှာ လက်တွေ့ ကြုံရချိန် တိုင်ချက်ဖွင့်လို့ မရတာတွေ၊ တိုင်ချက်ကို ရဲခွေးစခန်းတွေက လက်ခံပေမယ့် ဆက်ပြီး ဘာမှ ဆောင်ရွက်မပေးရင်လဲ ငုတ်တုတ်မေ့သွားနိုင်ပါတယ်။

တိုင်ချက်ဖွင့်လို့ ရတယ်ဆိုပြီး ပေါ့ပေါ့နေကြရင်း ထောင်ချောက်ထဲ မိသွားနိုင်တာမို့ သတိထားနိုင်ကြဖို့ပါ..။

ဖားကန့်မြို့ပေါ်နှင့် ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု အသက် ၉ နှစ်အရွယ် ကလေးငယ် မမေမြတ်နိ...
17/09/2025

ဖားကန့်မြို့ပေါ်နှင့် ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု အသက် ၉ နှစ်အရွယ် ကလေးငယ် မမေမြတ်နိုးသွယ် အပါအဝင် ပြည်သူ ၃ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်နှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် မမေမြတ်နိုးသွယ် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဖားကန့်မြို့တွင်းရှိ အကြမ်းဖက် စစ်တပ် က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာ၊ မှော်ရှန် ရပ်ကွက်အတွင်းသို့ ကျ ရောက် ပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်အရွယ် မမေမြတ်နိုးသွယ် ပွဲချင်းပြီး သေဆုံးကာ ညီမ ဖြစ်သူ မခင်မြတ်နိုး ၊ အသက် ၁၇ နှစ်အရွယ် မောင်အောင်လင်းဦး နှင့် အသက် ၆၀ အရွယ် ဒေါ်ဝင်း တို့လည်း ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီနေ့ ညနေ စကမရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုမှာ ဆိပ်မူကျေးရွာ၊ မှော်ရှန်ရပ်ကွက် အထက်ဘက်က နေအိမ်နှစ်လုံးထိမှန်ခဲ့ပြီး ၉ နှစ်အရွယ် မမေမြတ်နိုးသွယ် သေဆုံးခဲ့ရသလို ညီမဖြစ်သူ မခင်မြတ်နိုး သွယ် လက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အလားတူ အသက် ၆၀ အရွယ် အဘွားဝင်း၊ အသက် ၁၇ အရွယ် မောင်အောင်လင်းဦးနဲ့ မသင်ဇာနွယ်တို့လည်း ထိခိုက် ဒဏ်ရာ အသီးသီးရရှိခဲ့ကြတာဖြစ်ပါတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဘောလုံးကွင်းအနီး၌ အမျိုးသား ၁ ဦး ပစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် ရှရော်ခကျေးရွာ ကက်သလစ်ဘုရားကျောင်းဝင်းစောင့်နေသော အမျိုးသား ၁ ဦးလည်း ဗျူဟာကုန်းမှ ပစ်ခတ်သော လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ နံနက် ၁၀ နာရီခွဲခန့်ကလည်း ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်၊ မုန့်ဈေးဆိုင်ရှေ့တွင်လည်း စစ်သားများက အမျိုးသား တစ်ဦးကို ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဖားကန့်မြို့၊ ဆိုင်းဂျာဘွမ်ကျေးရွာတွင်လည်း အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့တွင်းနှင့် ဗျူဟာကုန်းတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ မြို့အနီး ပတ်ဝန်းကျင်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် အရပ်သား ပြည်သူများကို နေ့စဉ် ဗုံးကျဲ ပစ်ခတ် သတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

(Facebook ၏ စည်းမျဉ်းများအရ Graphic Violence ဖြစ်နိုင်သော ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။)

NATO နိုင်ငံတွေမှာ ဂျပန် တိုက်လေယာဉ်တွေ ဖြန့်ကျက်မယ်စက်တင်ဘာ - ၁၇ ၊၂၀၂၅ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့...
17/09/2025

NATO နိုင်ငံတွေမှာ ဂျပန် တိုက်လေယာဉ်တွေ ဖြန့်ကျက်မယ်

စက်တင်ဘာ - ၁၇ ၊၂၀၂၅

လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ ဂျပန်ဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေရဲ့ လေတပ်စခန်းတွေမှာ တိုက်လေယာဉ်တွေ ဖြန့်ကျက်သွားမယ်လို့ သိရပါတယ်။

Atlantic Eaglesလို့ နာမည်ပေးထားတဲ့ မစ်ရှင်ရဲ့ ရည်ရွယ်ချက်ဟာ NATOအတွက် ရုတ်တရက် ကြုံတွေ့လာတဲ့ အခြေအနေတွေမှာ တုံ့ပြန်ရမယ့် စစ်ဆင်ရေးတွေကို အကူအညီပေးဖို့ ဖြစ်တယ်လို့ ဂျပန် ပြည်စောင့်တပ်ရဲ့ လေတပ်က ပြောပါတယ်။

ဂျပန်ဟာ အမေရိကန်ဆီကနေ ဝယ်ယူထားတဲ့ F-15 Eagle တိုက်လေယာဉ် ၄ စီး၊ ဆီတင်လေယာဉ် ၂ စီးနဲ့ ဝေဟင်ဆီဖြည့် လေယာဉ် ၂ စီးတို့ကို NATO နိုင်ငံတွေဖြစ်တဲ့ အမေရိကန်ရဲ့ အလာစကာပြည်နယ်၊ ကနေဒါနိုင်ငံ၊ ပြီးတော့ ဥရောပတိုက်မှာရှိတဲ့ ဗြိတိန်နဲ့ ဂျာမနီတို့မှာ ဖြန့်ကျက်သွားမှာပါ။ ဂျပန်နိုင်ငံအနှံ့ လေတပ်စခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေထဲက ၁၈၀ လောက်ကိုလည်း ထုတ်နုတ်ပြီး အဲဒီမစ်ရှင်ဆီ စေလွှတ်သွားမှာ ဖြစ်ပါတယ်။

သမိုင်းတလျှောက်မှာတော့ ဒါဟာ ကနေဒါနဲ့ ဥရောပမှာ ဂျပန်ရဲ့ ပထမဆုံးအကြိမ် စစ်လေယာဉ်တွေ ဖြန့်ကျက်ထားမှု ဖြစ်လာမယ်လို့လည်း သိရပါတယ်။

ဥရောပ-အတ္တလန္တိတ်နဲ့ အင်ဒို-ပစိဖိတ် ရပ်ဝန်းတွေရဲ့ လုံခြုံရေး ကဏ္ဍတွေ ဆက်စပ်နေတာကို နားလည် သဘောပေါက်မှု အဓိပ္ပါယ်နဲ့ အဲဒီ မစ်ရှင်ကို အကောင်အထည် ဖော်ခဲ့တာဖြစ်တယ်လို့ ဂျပန် ပြည်စောင့်တပ်ရဲ့ လေတပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ် အပြီးမှာ ဂျပန်ဟာ နိုင်ငံတကာ စစ်မက်ရေးရာ ကဏ္ဍတွေနဲ့ ဆက်စပ်မှု မရှိအောင် ခပ်ကင်းကင်း ရပ်တည်တဲ့ မူဝါဒမျိုးကို ကိုင်ဆွဲခဲ့ပေမယ့် တရုတ်၊ ရုရှားတို့ရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတဲ့ နောက်မှာတော့ စစ်အင်အားကို ပြန်လည် ချဲ့ထွင်ပြီး ကာကွယ်ရေး မူဝါဒတွေကိုလည်း အပြောင်းအလဲ လုပ်လာခဲ့ပါတယ်။

နှစ်ဆန်းပိုင်းမှာတော့ ဂျပန်ဟာ NATOနဲ့ တိုက်ရိုက်ဆက်သွယ်တဲ့ သံတမန်ရေး မစ်ရှင်တစ်ခုကို ထူထောင်နိုင်ခဲ့ပါတယ်။ NATO အဖွဲ့ဝင်တွေဖြစ်တဲ့ ပိုလန်နဲ့ ရိုမေးနီးယားတို့ရဲ့ လေပိုင်နက်တွေထဲ ရုရှားဒရုန်းတွေ ကျူးကျော်ခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် NATO-ရုရှား ဆက်ဆံရေး ပိုမိုဆိုးရွား တင်းမာနေချိန်မှာ ဂျပန်တိုက်လေယာဉ်တွေက NATOနိုင်ငံတွေမှာ ဖြန့်ကျက်မယ့် ကြေညာချက် ထွက်ပေါ်လာတာပါ။

လတ်တလောမှာတော့ ရုရှားနဲ့ ဘီလားရုစ် ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှု အစီအစဉ်တစ်ခု လုပ်ဆောင်နေတာကို NATOဖက်က သတိကြီးကြီး စောင့်ကြည့်နေပါတယ်။

ကိုးကား - Defence News ၊ ဓာတ်ပုံ -JSDF

Address

Kyaikto
84320

Telephone

+66931582410

Website

Alerts

Be the first to know and let us send you an email when Rainbow Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rainbow Channel:

Share