03/01/2026
"အသက်ငယ်ပင်မဲ့ အတွေးခေါ်ရင့်ကျက်တဲ့ညီမငယ်လေး"
ကျွန်မထပ်အသက်ရွယ်အားဖြင့် ထက်ဝက်ငယ်တဲ့ညီမငယ်လေးတစ်ယောက်ရဲ့
ရင့်ကျက်တဲ့အတွေးခေါ်လေးတစ်ခုကိုပြောပြချင်ပါတယ်(ကျွန်မအသက်က(30)ပါရှင့်☺️)
ဒီလိုပါရှင့် အလုပ်နားရက်လေးတစ်ရက်မှာပေါ့ ကျွန်မနဲ့သူဟာသလေးတွေပြောရင်း
ရယ်မောနေကျချိန်လေးမှာကျွန်မသူ့ကို စမ်းသပ်ချင်တာလေးတစ်ခုပေါ်လာခဲ့တယ်
(မရှက်တမ်းဝန်ခံရရင်တော့သူ့ပုံစံလေးကိုကြည့်ပြီး အထင်သေးမိတာပေါ့ရှင့်☺️)
အဲ့ဒါနဲ့ ရယ်မောနေရင်းက ကျွန်မချက်ချင်းဆိုသလို ငြိမ်သက်လိုက်တယ် သူလဲငြိမ်သွားရှာတယ် ကျွန်မစကားစလိုက်တယ် ညီမငယ် အမမေးစရာလေးရှိလို့ဆိုတော့ သူက
မေးလေမမတဲ့ ညီမငယ်ဖြေနိုင်တာဆိုဖြေပေးပါမယ်တဲ့ အဲ့ဒါနဲ့ကျွန်မလဲ မခက်ပါဘူးညီမငယ် မမတို့ညီမငယ်တို့ အမြဲကြားရလေ့ရှိပြီး မမတို့တွေတွေးမိနေကြတဲ့အရာလေးပါပေါ့
(နေ့စဉ်နဲ့အမျှဒီအကြောင်းရာကိုပဲတွေးနေခြင်းတော့မဟုတ်လူတိုင်းကြုံဖူးတွေးဖူးကြမယ်လို့ထင်မြင်မိပါတယ်)မေးလေမမတဲ့ ကျွန်မလဲစမေးလိုက်တယ် ဟိုလေ ညီမငယ်
လူတစ်ယောက်က လူနှစ်ယောက်ကို တစ်ပြိုင်ထဲချစ်လို့ရလားပေါ့(ဥပမာ)တစ်ယောက်ကိုတော့သူတစ်ကယ်မချစ်ဘူး နောက်တစ်ယောက်ကတော့ သူအရမ်းချစ်မြတ်နိုးရတဲ့သူပေါ့ဆိုပြီးမေးလိုက်မိတယ် ညီမငယ်လေးက မဆိုင်းမတွပဲပြန်မေးတယ် မမခုကြုံနေရလို့လားတဲ့ ကျွန်မလဲမဟုတ်ပါဘူး ဒီတိုင်းလေးမေးကြည့်မိတာပါ ခုခေတ်ကအာ့လိုလေးတွေမြင်နေရတာများနေလားလို့ပါပေါ့😀(အမှန်တော့ကိုယ်ကြုံတွေ့နေရတာလေးကိုဝေခွဲမရဖြစ်နေလို့ပြီးတော့သူ့ရဲ့ရှပ်ပြာပြာပုံစံလေးကိုအထင်သေးမိတာလဲပါတာပေါ့)ညီမငယ်ဖြေမယ်နော်တဲ့ သူကလဲ(ဥပမာပြန်ပေးတယ်ဟ 😆)(ဥပမာ)တဲ့😄ညီမငယ်ရယ် ညီမငယ်ချစ်သူရယ် ညီမငယ်ချစ်ရတဲ့သူရယ် သုံးယောက်ပေါ့နော်တဲ့ ညီမငယ်က ညီမငယ်ချစ်ရတဲ့သူကိုချစ်တယ် ညီမငယ်ချစ်သူကလဲညီမငယ်ကိုဆိုးသမျှသည်းခံနားလည်မှုအပြည့်ပေးပြီးလိုချင်တာမှန်သမျှဖြည့်ဆည်းပေးတယ် ညီမငယ်ချစ်ရတဲ့သူကိုကျညီမငယ်ကအလျော့ပေးနားလည်ပေးနေရတယ်ဒါပင်မဲ့လဲညီမငယ်သူ့ကိုချစ်တယ် ဒါပင်မဲ့အဲ့နှစ်ယောက်ကိုယှဉ်ပြီးရွေးခိုင်းမယ်ဆိုရင် ညီမငယ်ကကိုယ့်ကိုချစ်တဲ့သူကိုပဲရွေးမှာတဲ့ ဘာလို့ဆိုဒီခေတ်ကြီးထဲမှာ ကိုယ့်အလိုကိုလိုက်ပြီးနားလည်မှုပေးနိုင်တဲ့သူဆိုတာညီမငယ်ရဖို့ဆိုတာလွယ်မနေဘူးတဲ့ ကိုယ်ဘယ်လောက်ချစ်ချစ် ကိုယ်ချစ်တဲ့သူကိုရင်ထဲမှာသိမ်းထားပြီး ကိုယ့်ကိုအလိုလိုက်အကြိုက်ဆောင်သူနားမှာပဲနေမယ်တဲ့ ဒီလိုပြောလို့ညီမငယ်ကတစ်ကိုယ်ေကာင်းဆန်တယ် တစ်ဖက်ကိုအသုံးချတယ် မစာနာဘူးလို့ပြောချင်လဲပြောနိုင်တယ်တဲ့
ညီမငယ်ဖြေလိုက်တဲ့ အဖြေပေါ်မှာ ကျွန်မနုတ်ဆိတ်ငြိမ်သက်သွားခဲ့မိတယ်ဘာလို့ဆိုကျွန်မကိုချစ်နေတဲ့ကျွန်မချစ်ရတဲ့အကိုလဲဒီလိုပဲတွေးနေလို့ကျွန်မဆီလာဖို့ကျွန်မကိုပိုင်ဆိုင်ရဖို့တွန့်ဆုတ်နေတာလားဆိုပြီး အတွေးဝင်သွားခဲ့လို့🥹 နောက်ပြီးလူတစ်ယောက်ရဲ့လွတ်"လပ်"နေထိုင်တတ်တဲ့အပေါ်ကိုယ့်ရဲ့အပေါ်ယံကြည့်ပြီးဆုံးဖြတ်တတ်တဲ့အမြင်ပေါ်ရှက်ရွံ့ပြီးကိုယ့်ထပ်ငယ်တဲ့သူရဲ့အတွေးခေါ်တွေအောက်မှာအသိတရားလေးတစ်ခုရလာခဲ့လို့ပါပဲ🥹။ (ကိုယ်တွေ့လေးမို့ငယ်ရွယ်သူတွေရဲ့အနေထိုင်ပေါ်အပေါ်ယံကြည့်ပြီးမဆုံးဖြတ်ဖို့တိုက်တွန်းချင်ပါတယ်ရှင့် နောက်ပြီးကျွန်မလိုအဖြစ်မျိုးကြုံရင်ကောဘာဆက်လုပ်ကြမလဲရှင့်အကြံပေးစေလိုပါတယ်ရှင် အားလုံးကိုလေးစားလျှက် NGE💜)
်လေး🍀