14/10/2023
စိတ်ကုန်ခြင်းက မုန်းခြင်းထက် level ပိုမြင့်ပါတယ်
******************************************
လူတစ်ယောက် သင့်ကို မုန်းနေတယ် …
လက်တုန့်ပြန်နေတယ် …
ရန်စနေတယ် …
ဆိုတာတွေက သူ့စိတ်ထဲမှာ သင် ရှိနေသေးလို့ပါ …
သင်နဲ့ ပါတ်သက်ပြီး သူ့ဘက်က လုံးဝ ငြိမ်သက်တိတ်ဆိတ်သွားပြီဆိုတာ…
သူ့စိတ်ထဲကနေ သင့်ကို လုံးဝ ထုတ်လိုက်လို့ …
သင့်ကို လုံးဝ စိတ်ကုန်သွားလို့ …
သူ့စီမှာ သင့်အတွက်နေရာ တစ်ခုလေးတောင် မရှိတော့လို့ပါ …
စိတ်ထဲမှာ ရှိမနေတဲ့သူကို ဂရုစိုက်စရာလည်း
မလိုတော့ဘူးလေ …
ရန်စတိုင်း . တစ်ဖက်က မတုန့်ပြန်ရင် ဘဝင်မမြင့်ပါနဲ့
သူ့အတွက် သင်က ဂရုစိုက်စရာလိုတဲ့အဆင့် ဟုတ်မနေလို့ပါ
ဒီလိုပဲ . သင့်ရဲ့ လုပ်ရပ်တွေကို အမုန်းနဲ့ ပြန်တုန့်ပြန်နေကျလူတစ်ယောက်က .
သင့်ကို ဘာမှ မတုန့်ပြန်တော့တာ .
သင့်ကို ကြောက်လို့ဆိုပြီး မာန်မတက်ပါနဲ့ …
သင့်ကို စိတ်ကုန်သွားတာရယ် …
သင်နဲ့ဖက်ပြိုင်ရန်ဖြစ်ဖို့အတွက် သူ့အချိန်နဲ့ ခွန်အားတွေ သုံးရတာ မတန်ဘူးဆိုတာ သူသဘောပေါက်သွားတာရယ်ကြောင့်ပါ …
စိတ်ကုန်ခြင်းက မုန်းခြင်းထက် level ပိုမြင့်တယ်ဆိုတာ နားလည်ပါ
With Love @ ချစ်ခြင်းအားဖြင့်
နန်းတင်မိုးသူ
စာလေးတွေ copy ယူမယ်ဆိုရင်
နာမည်လေး မဖြုတ်ခဲ့ဖို့တော့ တောင်းပန်ပါရစေရှင် 🙏🏻
#နန်းတင်မိုးသူ