17/09/2025
Tom Lammens 🗣 (ဂိုးသမားလန်မန့်စ်ရဲ့အစ်ကို)
" ကျွန်တော့် ညီအပေါ် ဂါလာစာတာရေးဘက်က စိတ်ဝင်စားမှုတွေရှိခဲ့တဲ့ အပေါ်လား ? ပြောရရင် သူတို့ အသင်းမှာ အရည်အသွေးရှိပါတယ်။ နောက်ပြီး သူတို့ အသင်းက ဆုဖလားအတွက်လည်း စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းပါပဲ။ ဒါနဲ့ ကျွန်တော်ထင်မြင်တာတွေပြောပြ ရရင် အကယ်လို့ ကျွန်တော့်ညီသာ သူတို့အသင်းဆီ ရောက်ဖြစ်ခဲ့ရင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့အရည်အချင်းကို ပြသနိုင်မယ်လို့ ယုံကြည်မိပါတယ်။
ပထမဆုံးပြောချင်တာကတော့ တစ်ချို့ကစားသမား တွေမှာ ဖိအားတွေအပေါ်အရှုံးပေးပြီး သူတို့ရဲ့အလား အလာတွေမရောက်နိုင်ခဲ့တဲ့အတွက် ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့အတွက် သံသယတွေတော့ဖြစ်တက်ကြ ပါတယ်။ ဒါပေမယ့်လို့ ယူနိုက်တက်ဆီရွေးချယ်ဖြစ်တဲ့ ကိစ္စမှာ ကျွန်တော့်ညီအပေါ်သာ မူတည်ခဲ့တာပါ။ ယူနိုက်တက်ဘက်က သူ့ရဲ့လက်စွမ်းအပေါ် အရမ်းပဲ သဘောတွေ့နေတာပါ။ ဂိုးသမားတွေကိုကင်းထောက်တဲ့ Tony Coton ဆိုရင် သူ့ကို ကင်းထောက်ခဲ့တာ တစ်နှစ်နီးပါးတောင် အချိန်ယူခဲ့ပါတယ်။ ကျွန်တော့်ညီရဲ့ လက်စွမ်းအပေါ်ကိုလည်း အတော်လေး လက်ခံခဲ့ပါတယ်။
ယူနိုက်တက်က အရင်တုန်းကလို အကောင်းဆုံးချိန် နေ့ရက်တွေရောက်ရှိပြီး ကျွန်တော့်ညီလည်း အဲ့ကျရင် အကောင်းဆုံးဂိုးသမားဖြစ်လာလို့မျှော်လင့်မိပါတယ်။ "
[Nieuwsblad.be]
#နငယ်