
26/03/2025
စဉ့်ကူးမြို့ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဗုံးကြဲ၊ ပြည်သူ ၂ဦး ဒဏ်ရာရ
--------------------------------
-------------------------------
၂၆ မတ်လ ၂၀၂၅-ချင်းတွင်းရိုးမ
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မတ်လ ၂၄ရက်နေ့တွင် လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MPDF က သတင်းထုတ်ပြန်လိုက်သည်။
စစ်ကောင်စီတပ်သည် စဉ့်ကူးမြို့နယ်ရှိ မာလဲနတ်တောင်ဆည် ၊ ဇိုက်ချောင်းကျေးရွာ ၊ ထောက်ကြံ့ပင်ကျေးရွာ၊ ကံတောင်ကျေးရွာတို့ကို ဂျက်ဖိုက်တာ(၅)စီးအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် မပေါက်ကွဲသေးသည့် လေယာဉ်ဗုံးအချို့ရှိခဲ့ပြီး MDY-PDFက ရှင်းလင်းဖယ်ရှားခဲ့သည်ဟု သိရသည်။
မတ်လ ၁၄ရက်နှင့် ၁၇ရက်နေ့တွင်လည်း စစ်ကောင်စီက စဉ့်ကူးမြို့နယ် လက်ပန်လှဈေးနှင့်ရွာကို ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးငယ်များအပါအဝင် ပြည်သူ ၃၀ကျော်သေဆုံးပြီး ၄၀နီးပါးဒဏ်ရာရခဲ့သည်။
စစ်ကောင်စီတပ်သည် ဒေသခံပြည်သူများ လုပ်လုပ်ကိုင်ရာ သယံဇာတလုပ်ငန်းအချို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MPDF ၏ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ထူးခြားသတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဖတ်ရှုနိုင်သည်။.............................................
Website - https://www.chindwinyomanews.com
YouTube - https://bit.ly/3zt7gPq
Telegram - https://t.me/chindwinyoma
#ချင်းတွင်းရိုးမ
#စဉ့်ကူးမြို့နယ်ရှိ
#မန္တလေးတိုင်း