ABC Team လက်တွဲအတူ ဖေးမကူ

သတိပြုနိုင်ကြပါရန် 🚨🚨🚨
14/09/2026

သတိပြုနိုင်ကြပါရန် 🚨🚨🚨

Happy Birthday to Sayar Saw Eh Mwee 🎁🎉🎂🫡ABC Team ဖြစ်တည်လာဖို့အတွက်၂၀၂၁ နွေဦးတော်လှန်ရေးကာလလေးကေ့ကော်မှအစပြု၍အစစအရာရာ ဦး...
12/09/2026

Happy Birthday to Sayar Saw Eh Mwee 🎁🎉🎂🫡
ABC Team ဖြစ်တည်လာဖို့အတွက်
၂၀၂၁ နွေဦးတော်လှန်ရေးကာလ
လေးကေ့ကော်မှအစပြု၍
အစစအရာရာ ဦးဆောင်ဦးရွက်ပြုခဲ့သော
အကြံပေးကူညီခဲ့သော
ယခုအချိန်ထိ အားဖြည့်ပါဝင်ပေးဆဲဖြစ်သော
ကျောအယ်မွီး၏မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာ
ကျန်းမာရွှင်လန်း၍
လုပ်ဆောင်သမျှအရာရာ
အောင်မြင်ပါစေရန်နှင့်
ဘုရားရှင်ထံမှကောင်းကြီးမင်္ဂလာများ
ကြွယ်ဝစွာခံစားရပါရန်
ABC Team မှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်
Happy Birthday 🎈
May God bless you always 🎉

⁨⁨PRF တာဝန်ထမ်းဆောင်ပြီးကြပါပြီလား???PRF တာဝန် မပြတ်မလပ်ထမ်းဆောင်နေဆဲပါ….တာဝန်ရပ်နားသွားကြတဲ့ PRF ရဲဘော်၅သောင်းကျော်ရှိတ...
01/09/2026

⁨⁨PRF တာဝန်ထမ်းဆောင်ပြီးကြပါပြီလား???

PRF တာဝန် မပြတ်မလပ်ထမ်းဆောင်နေဆဲပါ….
တာဝန်ရပ်နားသွားကြတဲ့ PRF ရဲဘော်
၅သောင်းကျော်ရှိတယ်ဆိုလို့ စိတ်မကောင်းဖြစ်ရပါတယ်…
ရောက်တဲ့နေရာမှာ နိုင်ရာဝန်လေးထမ်းလို့ရနေတဲ့
ဒီတာဝန်လေးဟာ
တစ်ယောက်ချင်းအနေနဲ့ ငွေ amount လည်းမများသလို
အလုပ်လည်းမရှူတ်တာမို့
ပြန်လည်ပါဝင်ကြစေချင်ပါတယ်

PRF page က စာလေးကိုပြန်လည်ကူးယူဖော်ပြချင်ပါတယ်
—————————————————————
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များအား တပ်ရင်းထောက်ပံ့ပေးအပ်မှု အနှစ်ချုပ်

🔺 ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စတင်ဖွဲ့စည်းချိန်ကစပြီး ယနေ့အထိ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်ကို (၃၈) ကြိမ် အထိ ပေးပို့ခဲ့ပါတယ်။
🔺 ပို့ဆောင်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၆၀) ကျော်ကို ပေးပို့ခဲ့တာဖြစ်ပြီး (၃၆) ကြိမ်မြောက်ကစပြီး ပကဖ တိုက်ခိုက်ရေးတပ်ရင်းတွေကိုပါ တိုးချဲ့ ပေးအပ်ခဲ့ပါတယ်။
🔺 တပ်ရင်းထောက်ပံ့တကြိမ်ပေးအပ်ရင် ယခင်က ခန့်မှန်းအမေရိကန်ဒေါ်လာ ၉ သိန်းကျော် သုံးစွဲခဲ့ပြီး ၂၀၂၆ ခုနှစ်က စပြီး ၁.၃ သန်းအထိ တိုးမြှင့် သုံးစွဲလျက်ရှိပါတယ်။
🔺 စုစုပေါင်းတပ်ရင်းထောက်ပံ့စရိတ်တွေအားလုံးရဲ့ (၈၅%) ဖြစ်တဲ့ ခန့်မှန်းအမေရိကန်ဒေါ်လာ သန်း (၃၀) ကျော်ကို PRF ရဲ့ ၄၆ လတာကာလအတွင်း (၂၀၂၁ ဒီဇင်ဘာမှ - ၂၀၂၅ စက်တင်ဘာအထိ ) ထောက်ပို့တပ်သားများတာဝန်ထမ်းဆောင်ထားတဲ့ ဘဏ္ဍာငွေတွေထဲက ထုတ်နုတ်သုံးစွဲခဲ့တာဖြစ်ပါတယ်။
🔺 တပ်ရင်းရိက္ခာနှင့်အထွေထွေအသုံးစရိတ်အပြင် အခြားသောစစ်လက်နက်ပစ္စည်းဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ ရိက္ခာနှင့်ဆေးဝါး၊ လေ့ကျင့်ရေး၊ စစ်ဆင်ရေးနှင့် မဟာမိတ်မျှဝေမှုများကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုရန်ပုံငွေမှ ရရှိသော ရန်ပုံငွေများမှ မျှဝေသုံးစွဲလျက်ရှိပါတယ်။

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့ငွေများ ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် မြေပြင်ကို စနစ်တကျ စီးဆင်းမှုကို PRF ထောက်ပို့တပ်သားများ နဲ့ ပြည်သူလူထု သိရှိစေဖို့ အသိပေးတင်ပြအပ်ပါတယ်။

တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ PRF ထောက်ပို့တပ်သားများကို လေးစားဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။

THANK YOU FOR YOUR "SERVICE"
တာ၀န်ထမ်းဆောင်မှုအတွက် လေးစားပါတယ်။

လာပါ ငါတို့အတူတူရုန်းမယ်။

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdf

🔗 နိုင်ငံတကာမှ ထောက်ပို့တပ်သားစုဆောင်းရေးမှူး Fundraiser များစာရင်း - https://www.facebook.com/share/p/1AVXcurWuE/

It’s not an option. It’s “Duty”
Report your duty !
တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။


#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု

#ထောက်ပို့PRF⁩

July လအတွက် PRF တာဝန်ထမ်းဆောင်ပြီးပြီလားတော်လှန်ရေးကာလရဲ့သမိုင်းမှတ်တိုင်အဖြစ် PRFကိုယ်ပိုင်နံပါတ် ရှိထားပါပြီလား?ဒီလအတွ...
25/07/2026

July လအတွက် PRF တာဝန်ထမ်းဆောင်ပြီးပြီလား
တော်လှန်ရေးကာလရဲ့သမိုင်းမှတ်တိုင်အဖြစ် PRFကိုယ်ပိုင်နံပါတ် ရှိထားပါပြီလား?

ဒီလအတွက် ပါဝင်ပြီးကြပါပြီလား
နွေဦးတော်လှန်ရေးရဲ့
PDF တွေ အတွက်
ABC Team ရဲ့အဖွဲ့ဝင်တွေဟာ
PRF အနေနဲ့
လစဉ်ပါဝင်နေခဲ့
ပါဝင်နေဆဲ
ပါဝင်နေကြဦးမှာပါ
PDF ရှိရင် PRF ရှိမယ်
လာပါ
ငါတို့အတူတူရုန်းမယ် 💪💪💪

#လာပါငါတို့အတူရုန်းမယ်

မွေးနေ့ရှင် ကျန်းမာပါစေ 🙏🏻🌹❤️ABC Team က June လ ၁၉ ရက်နေ့တွေတိုင်းအမှတ်တရလေးတွေကိုလက်တွေ့ကျကျ လုပ်ဆောင်ဖြစ်ပါတယ် 💪💪💪
19/06/2026

မွေးနေ့ရှင် ကျန်းမာပါစေ 🙏🏻🌹❤️
ABC Team က June လ ၁၉ ရက်နေ့တွေတိုင်း
အမှတ်တရလေးတွေကို
လက်တွေ့ကျကျ လုပ်ဆောင်ဖြစ်ပါတယ် 💪💪💪

ABC Team ရဲ့ signature ပုဇွန်ခြောက်ငံပြာရည်ကြော်ကိုတပ်ခွဲတခွဲနဲ့ စစ်ဘေးရှောင်ပြည်သူများဆီသွားရောကိလှူဒါန်းဖို့အတွက်လုပ်အ...
10/06/2026

ABC Team ရဲ့ signature ပုဇွန်ခြောက်ငံပြာရည်ကြော်ကို
တပ်ခွဲတခွဲနဲ့ စစ်ဘေးရှောင်ပြည်သူများဆီသွားရောကိလှူဒါန်းဖို့အတွက်
လုပ်အားပေးပါဝင်ကြဖို့ ABC Team မိသားစုဝင်များကို
Remind လုပ်တဲ့
Post လေးပါ ……
နေ့ရက်အချိန်ကို မိသားစုရဲ့ Group chat ထဲမှာ
မက်ဆေ့ပို့ထားပါမယ်နော် 💪❤️

May လအတွက် PRF တာဝန်ထမ်းဆောင်ပြီးပြီလားတော်လှန်ရေးကာလရဲ့သမိုင်းမှတ်တိုင်အဖြစ် PRFကိုယ်ပိုင်နံပါတ် ရှိထားပါပြီလား?PDF ရှိ...
26/05/2026

May လအတွက် PRF တာဝန်ထမ်းဆောင်ပြီးပြီလား
တော်လှန်ရေးကာလရဲ့သမိုင်းမှတ်တိုင်အဖြစ် PRFကိုယ်ပိုင်နံပါတ် ရှိထားပါပြီလား?

PDF ရှိရင် PRF ရှိမယ်

#လာပါငါတို့အတူရုန်းမယ်

လက်မှတ်ထိုးပြီးကြပါပြီလား?လွတ်မြောက်ဖို့သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြဖို့အလေးအနက်ထားပြီး တောင်းဆိုကြရပါမယ်လက်မှတ်...
25/05/2026

လက်မှတ်ထိုးပြီးကြပါပြီလား?
လွတ်မြောက်ဖို့
သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြဖို့
အလေးအနက်ထားပြီး တောင်းဆိုကြရပါမယ်
လက်မှတ်ထိုးဖို့ ဆန္ဒရှိသူများ
နီးစပ်ရာမှာ မေးမြန်စုံစမ်းကြပြီး
ABC Team နဲ့ သိကျွမ်းသူများပါဝင်လိုပါကလည်း
တိုက်ရိုက်ဆက်သွယ်နိုင်ကြပါတယ်…

22/05/2026

ABC Team မိသားစု၏ ချစ်ရစွာသော
လေးစားတန်ဖိုးထားရသော
အစဉ်သဖြင့်နှမျောတသ လွမ်းဆွတ်သတိရနေကြသော
မိသားစုဝင်တစ်ဦးဖြစ်သူ
ဖိုးဝါး@ဆရာဆောဖိုးဝါး@ဒေါက်တာWilliam
အတွက် ၄ လပြည့်အောက်မေ့ဖွယ်အထိမ်းအမှတ်
ပုဇွန်ခြောက်ငံပြာရည်ကြော်နှင့်
ရိက္ခာခြောက်/အဝတ်အထည်/သောက်ရေသန့်အချိူ့ကို
ရှေ့တန်းတနေရာသို့
သွားရောက်ပို့ဆောင်ခဲ့ပါတယ်
We miss you Phoe Wah ❤️
We’ll see you in Heaven❤️

21/05/2026

ABC Team ရဲ့ ပုဇွန်ခြောက်ငံပြာရည်ကြော်ဟာ
မိသားစုဝင်အယောက်စီတိုင်း
ပါဝင်လုပ်အားပေးကြပြီး
အားလုံးစည်းစည်းလုံးလုံးတက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် တက်ညီလက်ညီ
တော်လှန်ရေးအတွက်ဆို အမြဲအသင့်ရှိနေကြသူတွေပါ
ကြက်သွန်ကိုယ်တိုင်ခွါ လှီး ကြော်ကြပါတယ်
Ready made တခုမှမသုံးပဲ
လတ်ဆတ်တဲ့အရသာတွေကိုသာ ခံစားစေချင်တာမို့
ချစ်ခ့င်းမေတ္တာ တွေနဲ့ကြော်ထားကြတယ်ဆိုတာ ရဲရဲကြီးအာမ ခံ နိုင်တာပေါ့ ❤️

ที่อยู่

Mae Sot

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ ABC Team โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์