CJ Platform We Are Freedom And Voices.
(484)

The Burma Citizen Journalist Platform Organization, known as “CJ Platform,” was founded on March 5, 2021, in response to the military coup in Myanmar, aiming to combat the suppression of news by the junta and provide crucial media education for Citizen Journalists. Based in Thailand, CJ Platform News operates as an independent news agency, offering step-by-step journalism training to a new generat

ion of reporters, ensuring they are proficient in news writing and media ethics. The platform advocates for freedom, federal democracy, human rights, and the protection of minority groups, while also focusing on environmental issues, transitional justice, and preserving Myanmar's heritage. On July 1, 2022, CJ Platform News was officially established, broadcasting daily news produced by certified Citizen Journalists, guided by a team of five Executive Directors. With the slogan “We Are Freedom And Voices,” CJ Platform is committed to delivering accurate and unbiased news for Myanmar and the world.

30/08/2025

မနက်ဖြန် ဩဂုတ် ၃၁ တွက် မိုးလေဝသခန့်မှန်းချက်

CJ Platform

တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း နောင်ဖ(NONGFA)ဟာ မြန်မာနိုင်ငံကို ကုန်းတွင်း လေပွေလှိုင်း အဖြစ် မနက်ဖြန် ညပိုင်းမှာ ကရင်နီပြည်တောင်ပိုင်း နဲ့ ကရင်ပြည် မြောက်ပိုင်းက နေတဆင့် ဖြတ်ကျော် ဝင်ရောက်တော့မှာဖြစ်ပါတယ်။ ဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် ဒီကနေ့ကနေ စက်တင်ဘာ၃ရက်နေ့အထိ ပြည်နယ်နဲ့ တိုင်းအားလုံးမှာ မိုးများမှာဖြစ်ပြီး ဒေသအလိုက် မိုးသည်းထန်တာ တွေဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

30/08/2025

ထိုင်းမှာ အစိုးရသစ်ဖွဲ့နိုင်ရေး ဖြူထိုင်းပါတီက ပြည်သူ့ပါတီနဲ့ ညှိနှိုင်းနေ

CJ Platform

ဝန်ကြီးချုပ် ပေထုံတန် ပြုတ်ကျပြီးနောက် လစ်လပ်သွားတဲ့ ထိုင်းနိုင်ငံရဲ့ အာဏာပလ္လင်အတွက် နိုင်ငံရေးဇာတ်ခုံရဲ့ နောက်ကွယ်မှာ အားပြိုင်မှုတွေ ပြင်းထန်နေပါတယ်။

30/08/2025

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံ

CJ Platform

နိုင်ငံတကာမှာ အထီးကျန်ဖြစ်နေတဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ သမ္မတ ရှီကျင့်ဖျင်နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပြီး၊ ဒါဟာ စစ်ကော်မရှင်ရဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေးကြိုးပမ်းမှုမှာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

30/08/2025

စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး ယန္တရားအကြောင်း ( ရေနွေးကြမ်းစကားဝိုင်း) Episode - 1

30 Aug 2025 By MPA

၂၀၂၅ ခုနှစ်နောက်ပိုင်း စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးယန္တရားအကြောင်းကို သတင်းမီဒီယာအယ်ဒီတာချုပ်များဖြစ်သည့် ကိုဂျေပိုင် (​MPA) ၊​ကိုဇေယျာမင်း (သံလွင်ခက် ) နှင့် ကိုမင်းသူဝင်းထွဋ် ( CJ Platform ) တို့က ယင်းတို့၏ အတွေ့အကြုံနှင့် သတင်းအချက်အလက်များကိုအခြေခံပြီး စကားဝိုင်းဖွဲ့ဆွေးနွေးထားပါသည်။

#

30/08/2025

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်၊ စနေနေ့ အတွက် နေ့စဉ်သတင်းလွှာ အစီအစဉ်

(၁) တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံ တဲ့သတင်း

(၂) စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲနေ့ လုံခြုံရေးအစီအမံ နမူနာပုံစံတွေ ပေါက်ကြား

(၃) ထိုင်းမှာ အစိုးရသစ်ဖွဲ့နိုင်ရေး ဖြူထိုင်းပါတီက ပြည်သူ့ပါတီနဲ့ ညှိနှိုင်းနေ တဲ့သတင်း

ဒီသတင်းတွေ အပါအဝင် အပါအဝင် ထူးခြားတဲ့ ပြည်တွင်းသတင်း နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

စစ်ကိုင်း၊ မကွေးနဲ့ ရှမ်းမြောက်ကို စစ်အုပ်စုဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၄ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရCJ Platformစစ်ကိ...
30/08/2025

စစ်ကိုင်း၊ မကွေးနဲ့ ရှမ်းမြောက်ကို စစ်အုပ်စုဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၄ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရ

CJ Platform

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းတို့ကို စစ်အုပ်စုက ဒီနေ့မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သီလရှင်တစ်ပါးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် မိုင်းလုံမြို့ ပန်းသပြေရွာကို စစ်အုပ်စုက ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ပေါင် ၂၅၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး သီလရှင်တစ်ပါးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ သံဃာတော်နှစ်ပါး၊ သာမဏေသုံးပါးနဲ့ အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ဒီနေ့မနက်ပိုင်း ၁၀ နာရီခွဲနဲ့ ၁၂ နာရီအတွင်းမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြို့နယ် ၃ ခုဖြစ်တဲ့ မြင်းမူမြို့၊ ဆောမြို့နယ်နဲ့ မြိုင်မြို့နယ်တို့ကိုလည်း စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။

မကွေးတိုင်းအတွင်းက မြိုင်မြို့နယ် လယ်တီရွာကိုလည်း ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်မှာ စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆောမြို့နယ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ချိန် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာလည်း စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ငါးကင်းရွာမကျေးရွာကိုစစ်အုပ်စုက ပါရာမော်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှု ထပ်မံလုပ်ဆောင်ခဲ့ကြောင့် ကျေးရွာဘုန်းကြီးကျောင်းကနေပြန်လာတဲ့ အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဒီနေ့နေ့လည်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ကျေးရွာတွေကို အခုနှစ်ဩဂုတ်လဆန်းပိုင်းကစလို့ အင်အားအလုံးအရင်းနဲ့ မြေပြင်မှာ စစ်ကြောင်းထိုးနေသလို လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၅ ဩဂုတ်လအထိ နိုင်ငံတစ်ဝန်း စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၄၀၀ ကျော်အထိ လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူ ၂၆၀၀ ကျော်အထိ သေဆုံးခဲ့တယ်လို့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်စဉ် စောင့်ကြည့်ရေးအဖွဲ့ (BNI) က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဓာတ်ပုံ - TNLA

#စစ်ကိုင်း #မကွေး #လေကြောင်းတိုက်ခိုက်

စစ်အုပ်စု ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လုံခြုံရေးအစီအမံအချို့ ပေါက်ကြားလာCJ Platformစစ်အုပ်စုက ကျင်းပမယ့် အထွေထွေရွေးကော...
30/08/2025

စစ်အုပ်စု ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လုံခြုံရေးအစီအမံအချို့ ပေါက်ကြားလာ

CJ Platform

စစ်အုပ်စုက ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် လုံခြုံရေးအစီအမံအချို့ ပေါက်ကြားလာတာကို CJ Platform က လက်ခံရရှိထားပါတယ်။

ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ ရွေးကောက်ပွဲ အပိုင်း (၁) မှာ ပါဝင်တဲ့ ပြည်ထောင်စုနယ်မြေဖြစ်တဲ့ ပျဉ်းမနားမြို့မှာ မဲရုံပေါင်း (၉၁) ရုံအထိ ဖွင့်လှစ်ပြီး လုံခြုံရေးအင်အား ၆၀၂ ဦးအထိ အသုံးပြုသွားမယ်လို့ သိရပါတယ်။

ဗဟိုစည်းလုံခြုံရေးမှာ ၄၅၅ ဦး၊ အနီးစည်းလုံခြုံရေးမှာ ၅၇ ဦး၊ အတွင်းစည်းလုံခြုံရေးမှာ ၄၇ ဦး၊ အပြင်စည်းလုံခြုံရေးမှာ ၂၅ ဦး၊ အဝေးစည်းလုံခြုံရေးမှာ ၁၈ ဦး အသုံးပြုပြီး လုံခြုံရေးရယူသွားမယ်လို့ ပေါက်ကြားစာအရ သိရပါတယ်။

ဗဟိုစည်းလုံခြုံရေးမှာ မဲရုံတစ်ရုံကို စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က ၁ ဦး၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့က ၁ ဦး၊ အရန်မီးသတ်တပ်ဖွဲ့က ၁ ဦး၊ ရာအိမ်မှူး ၂ ဦး ပါဝင်ပါတယ်။

အနီးစည်းလုံခြုံရေးမှာတော့ စစ်အုပ်စုရဲ့ နေပြည်တော်ရဲတပ်ဖွဲ့က ဦးဆောင်ပြီး ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့၊ ပြည်သူ့စစ်နဲ့ ရာအိမ်မှူးတွေ ပါဝင်ပြီး ကော်မရှင်ရုံးခွဲ (၁) ရုံးမှာ တစ်ဖွဲ့၊ မဲရုံဇုန် (၅) ဇုန်မှာ တစ်ဖွဲ့စီ နေရာယူထားမယ်လို့ သိရပါတယ်။

အတွင်းစည်းလုံခြုံရေးအဖွဲ့မှာတော့ လှည့်ကင်းဆောင်ရွက်ဖို့ တစ်ဖွဲ့၊ မီတာ တစ်သောင်းအတွင်း နယ်မြေစိုးမိုးရေး ဆောင်ရွက်ဖို့ တစ်ဖွဲ့၊ ယာဉ်စစ်/ပိတ်ဆို့ ဆောင်ရွက်ဖို့အတွက် တစ်ဖွဲ့၊ ဧည့်စာရင်းစစ်ဆေးဖို့အတွက် တစ်ဖွဲ့နဲ့ ပုံသေလုံခြုံရေး နေရာ (၄) ခုမှာ နေရာယူဆောင်ရွက်ဖို့ တစ်ဖွဲ့ ပါဝင်ပါတယ်။

ဒါ့အပြင် အပြင်စည်းလုံခြုံရေးအဖြစ် ဘောဂသီရိကားဝင်း၊ ပျဉ်းမနားဘူတာ၊ အဟာရသုခဈေး၊ ပျဉ်းမနားမြို့မဈေး၊ ယုဇနဈေးတွေမှာ လုံခြုံရေးချထားပြီး၊ အဝေးစည်းလုံခြုံရေးအဖြစ် စစ်အုပ်စုရဲ့ ဗိုလ်ကြီးတစ်ဦးက ဦးဆောင်ကာ အဝေရာဆည်တံတားမှာ စစ်သားနဲ့ ရဲ စုစုပေါင်း ၁၈ ဦးနဲ့ တပ်စွဲပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ ရွေးကောက်ပွဲ အပိုင်း (၁) ကို မြန်မာနိုင်ငံအနှံ့ မြို့ပေါင်း ၁၀၂ မြို့မှာ ကျင်းပမယ်လို့ ကြေညာထားခဲ့ပေမဲ့ သူတို့ ရုံးစိုက်တဲ့ နေပြည်တော်ကောင်စီနယ်မြေမှာ ရှိတဲ့ မြို့နယ် ၈ ခုမှာသာ အပြည့်အဝ ကျင်းပဖို့ ပြင်ဆင်ထားပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကန့်ကွက်ထားကြပြီး ကမ္ဘာ့နိုင်ငံအများစုကလည်း လက်မခံကြပါဘူး။

#ပေါက်ကြားစာ #ရွေးကောက်ပွဲ #လုံခြုံရေးအစီအမံ #ပျဉ်းမနား #နေပြည်တော်

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံCJ Platformတရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင...
30/08/2025

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံ

CJ Platform

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ ဒီနေ့ ဩဂုတ် ၃၀ ရက်က တွေ့ဆုံခဲ့တယ်လို့ တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ဖော်ပြထားပါတယ်။

ဒါဟာ တရုတ်သမ္မတနဲ့ စစ်ခေါင်းဆောင်တို့ ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၉ ရက်က ရုရှားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ နာဇီဂျာမနီတို့အပေါ် ရုရှားတို့အနိုင်ယူခဲ့တဲ့ ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ် ၈၀ ပြည့်အခမ်းအနားမှာ ပထမအကြိမ် တွေ့ဆုံခဲ့ပါသေးတယ်။

တီယန်ကျင်းမြို့မှာပြုလုပ်မယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးကို တက်ရောက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ဒီအစည်းအဝေးကို မြန်မာစစ်အုပ်စုခေါင်းဆောင်က အဖွဲ့ဝင်နိုင်ငံအနေနဲ့မဟုတ်ဘဲ ဆွေးနွေးဖက်နိုင်ငံအနေနဲ့သာ တက်ရောက်မှာဖြစ်သလို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း သီးခြားတွေ့ဆုံဖို့ရှိနေပါတယ်။

ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ အာရှအလယ်ပိုင်းနိုင်ငံတွေက ခေါင်းဆောင်တွေတက်ရောက်မယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးကို ဩဂုတ် ၃၁ ရက်နဲ့ စက်တင်ဘာ ၁ ရက်တို့မှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာလုံခြုံရေးကဏ္ဍတွေကို ဆွေးနွေးသွားမှာလည်း ဖြစ်ပါတယ်။

ဒီအစည်းအဝေးအပြီး စက်တင်ဘာ ၃ ရက်မှာ ကျင်းပမယ့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၈၀ ပြည့်အခမ်းအနားကိုလည်း စစ်ခေါင်းဆောင်က ဆက်လက်တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

၁၉၄၅ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ ဂျပန်က အပြီးသတ်လက်နက်ချခဲ့တာကြောင့် အဲဒီနေ့မှာ ဒုတိယကမ္ဘာစစ် ပြီးဆုံးခဲ့ပေမဲ့ တရုတ်ကတော့ စက်တင်ဘာ ၃ ရက်နေ့မှာ ဂျပန်ကို အောင်ပွဲခံတဲ့နေ့၊ တရုတ်ပြည်သူတွေရဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ပွဲနေ့အဖြစ် ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၈၀ ပြည့်အခမ်းအနားကို ရှီကျင့်ဖျင်ကိုယ်တိုင် တက်ရောက်မှာဖြစ်ပြီး အမေရိကန်၊ ရုရှားနဲ့ အာဆီယံအဖွဲ့ဝင်ခေါင်းဆောင်တွေကိုလည်း တရုတ်အစိုးရက ဖိတ်ကြားထားပါသေးတယ်။ ဒီအခမ်းအနားမှာ တရုတ်နိုင်ငံရဲ့ ကြည်း၊ ရေ၊ လေ စစ်ရေးပြအခမ်းအနားနဲ့ တရုတ်နိုင်ငံရဲ့ ခေတ်မီလက်နက်တွေကိုလည်း ထုတ်ဖော်ပြသသွားဖို့ ရှိနေပါတယ်။

#စစ်ကော်မရှင်

30/08/2025

အင်ဒိုနီးရှားက ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၄ ဦးအထိ ရှိလာ

CJ Platform

Grab ဆိုင်ကယ် ယာဉ်မောင်းတဦး ရဲကားတိုက်သတ်ခံရမှုကနေ စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေဟာ အခုအခါမှာတော့ အစိုးရအဆောက်အအုံတွေကို မီးရှို့တိုက်ခိုက်တဲ့အထိ အင်ဒိုနီးရှားနိုင်ငံတဝန်းပျံနှံ့နေပါပြီအဆိုးရွားဆုံးဖြစ်ရပ်ကတော့ အင်ဒိုနီးရှားအရှေ့ပိုင်း မာကပ်ဆာမြို့မှာ ဖြစ်ပွားခဲ့တာပါ။ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ ပြည်နယ်နဲ့ မြို့တော်ကောင်စီရုံးတွေကို ခဲတွေ၊ မိုလိုတော့ဗ်တွေနဲ့ ပစ်ပေါက်ခဲ့ပြီး အဆောက်အအုံတွေကို မီးရှို့တိုက်ခိုက်ခဲ့ပါတယ်။ မာကပ်ဆာမြို့တော်ကောင်စီရုံးအတွင်းရေးမှူးရဲ့ အတည်ပြုချက်အရ ဒီမီးလောင်မှုကြောင့် အထဲမှာ ပိတ်မိနေတဲ့ ကောင်စီဝန်ထမ်း ၂ ဦးနဲ့ အစိုးရဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

#အင်ဒိုနီးရှား #ဆန္ဒပြမှု

ရာဇဝတ်မှုနွံနစ်နေတဲ့ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာ ဆုံးရှုံးမှုတွေနဲ့သာ ရင်ဆိုင်ရလိမ့်မယ်လို့ KNU ပြောCJ Platformလာမယ့်ဒ...
30/08/2025

ရာဇဝတ်မှုနွံနစ်နေတဲ့ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာ ဆုံးရှုံးမှုတွေနဲ့သာ ရင်ဆိုင်ရလိမ့်မယ်လို့ KNU ပြော

CJ Platform

လာမယ့်ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကော်မရှင်ရဲ့လုပ်ရပ်ဟာ သူတို့အတွက် နောက်ဆုံးကျည်ဆံသာဖြစ်ပြီး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့် ပဒိုစောတောနီးက ပြောပါတယ်။

အခု ဩဂုတ် ၂၈ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ Health Information System Working Group က ပြုလုပ်တဲ့ ၂၀၂၄ တိုင်းရင်းသားလူဦးရေစာရင်းနှင့် ကျန်းမာရေးစစ်တမ်း (EDHS) အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။

“စစ်အာဏာသိမ်း ၂၀၂၁ ကတည်းက သူလုပ်မယ့်ရွေးကောက်ပွဲက လုပ်လို့မရတဲ့အခါ တစ်ချိန်ပြီးတစ်ချိန်ရွှေ့ရင်း အခုက မလုပ်လို့မရတဲ့ အနေအထားတစ်ခု ရောက်သွားပြီ။ သူ့မှာ ရွေးစရာမရှိဘူး။ အောင်မြင်မယ် မအောင်မြင်မယ်မှန်း မသိဘဲ ဇွတ်တရွတ်လုပ်သွားတဲ့အပိုင်းတွေ ရှိတယ်။ အခုနောက်ဆုံးအကြိမ် ရွေးကောက်ပွဲဖြစ်ဖို့ ကြမ်းကာရမ်းကာနဲ့ လုပ်သွားမယ်ဆိုရင် အကုန်လုံးဆုံးရှုံးသွားမှာဖြစ်တယ်”လို့ ပဒိုစောတောနီးက ပြောပါတယ်။

စစ်ရာဇဝတ်မှုနွံထဲမှာနစ်နေတဲ့ စစ်ကော်မရှင်ဟာ သူတို့ရဲ့ တရားဝင်မှုကိုရရှိဖို့ နောက်ဆုံးအကြိမ်ကြိုးပမ်းမှုတစ်ရပ်အနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို နောက်ဆုံးကျည်ဆံအနေနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး ကရင်ပြည်ထဲ သတ်မှတ်ထားတဲ့နေရာတွေမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ အောင်ဇေယျစစ်ဆင်ရေးကို ဒုတိယအကြိမ် ထပ်မံဖော်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကရင်ပြည်ထဲက မြို့နယ် ၇ ခုမှ ရွေးကောက်ပွဲကျင်းပမယ်လို့ ထုတ်ပြန်ထားချိန် KNU အနေနဲ့ စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံသလို ဒါဟာ စစ်အုပ်စု သက်ဆိုးရှည်ဖို့သာ လုပ်ဆောင်နေတာဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲကို ပါဝင်သူတွေဟာ အဆိပ်ပင်ရေလောင်းသူ သမိုင်းတရားခံတွေသာ ဖြစ်တယ်လို့လည်း KNU က ဩဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။

#စစ်အုပ်စု

ရခိုင်ရေပိုင်နက်ထဲ ဝင်ရောက်ငါးခိုးဖမ်းသူ ၁၂၂ ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းစောင့်တပ်က ဖမ်းဆီးCJ Platformရခိုင်ရေပိုင်န...
30/08/2025

ရခိုင်ရေပိုင်နက်ထဲ ဝင်ရောက်ငါးခိုးဖမ်းသူ ၁၂၂ ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းစောင့်တပ်က ဖမ်းဆီး

CJ Platform

ရခိုင်ရေပိုင်နက် နတ်မြစ်ထဲကို ဝင်ရောက်ငါးခိုးဖမ်းတဲ့ ရေလုပ်သား ၁၂၂ ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းစောင့်တပ် (BCG) က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာန Dhaka Tribune က ဖော်ပြထားပါတယ်။

BCG က ဖမ်းဆီးနိုင်ခဲ့တဲ့ ငါးဖမ်းရေလုပ်သားတွေထဲမှာ ၉၃ ဦးဟာ ရိုဟင်ဂျာတွေဖြစ်ပြီး ၂၉ ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့တွေကို ငါးဖမ်းစက်လှေ ၁၉ စီးနဲ့အတူ ကော့ဘဇားမြို့ Teknaf ဒေသ Shahporir Dwip အနီး နတ်မြစ်ထဲမှာ ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

မနေ့ ဩဂုတ် ၂၉ ရက် မနက်ပိုင်း ၈ နာရီကနေ ၁၁ နာရီခွဲအထိ နတ်မြတ်ကြောင်းတစ်လျှောက် နယ်မြေစစ်ဆေးရေးလုပ်ဆောင်ချိန် နတ်မြစ် ဇီးရိုးလိုင်းကို ဖြတ်ကျော်ကာ ရခိုင်ရေပိုင်နက်ထဲ ဝင်ရောက်ငါးဖမ်းနေသူတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ Teknaf ကမ်းရိုးတန်းစောင့်တပ် တာဝန်ခံ ဗိုလ်မှူးကြီး Salahuddin Rashid Tanvir ကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံနယ်စပ် နတ်မြစ်ရဲ့ ဇီးရိုးလိုင်းကိုဖြတ်ကျော်ပြီး ရခိုင်ရေပိုင်နက်ထဲ ဝင်ရောက်ငါးခိုးဖမ်းသူတွေကို အာရက္ခတပ်တော် (AA) က မကြာခဏဖမ်းဆီးမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၈ လအတွင်း အာရက္ခတပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ငါးဖမ်းရေလုပ်သား ၃၀၀ ထက်မနည်းရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်စက်လှေပိုင်ရှင်များအသင်းနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) တို့ကလည်း ပြောပါတယ်။

ငါးဖမ်းရေလုပ်သားခေါင်းဆောင်တစ်ဦးကတော့ သူတို့အနေနဲ့ ရခိုင်ရေပိုင်နက်ထဲ ဖြတ်ကျော်ဝင်ရောက်ခဲ့တာမျိုးမရှိဘဲ ဘင်္ဂလားဒေ့ရှ်ပိုင်နက် နတ်မြစ်ထဲ ငါးဖမ်းနေချိန် ကမ်းခြေစောင့်တပ်က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ ဒီတုံ့ပြန်ချက်အပေါ် ဗိုလ်မှူးကြီး Tanvir က ပြန်လည်ငြင်းဆိုထားပြီး ရခိုင်ရေပိုင်နက်ထဲ ဝင်ရောက်ငါးဖမ်းနေသူတွေကို AA တပ်ဖွဲ့က မဖမ်းဆီးခင် သူတို့ကဖမ်းဆီးခဲ့ပြီး ပြန်လည်ခေါ်ဆောင်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဓာတ်ပုံ - Dhakha Tribune

#ငါးဖမ်းလုပ်သား

30/08/2025

နောင်ဖ မုန်တိုင်းအကြွင်းကျန်တိမ်တိုက်တွေကြောင့် ၃ရက်ခန့် မိုးကြီးနိုင်

ဩဂုတ် ၃၀ ရက်၊ စနေနေ့အတွက် နောက်ဆုံးရ မိုးလေဝသသတင်းနဲ့ အထူးသတိပေးချက်
တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း "နောင်ဖ" (NONGFA) ရဲ့ အရှိန်ကြောင့် လာမည့်ရက်တွေမှာ ဒေသအချို့ မိုးအလွန်များနိုင်တာကြောင့် ကြိုတင်သတိပြုဖို့ လိုအပ်ပါသည်။
အပူပိုင်းမုန်တိုင်း "နောင်ဖ" (NONGFA) ဟာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာ ဗီယက်နမ်ကမ်းခြေကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။အဲဒီနောက် ကုန်းတွင်းလေပွေလှိုင်းအဖြစ် အားလျော့သွားကာ မြန်မာနိုင်ငံဘက်ကို ဆက်လက်ရွေ့လျားလာနိုင်ပါတယ်။

#မိုးလေဝသသတင်း #အထူးသတိပေးချက်

ที่อยู่

Mae Sot
63110

เบอร์โทรศัพท์

+66945981411

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ CJ Platformผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์