01/05/2026
ယနေ့ ကျရောက်သော ၁၃၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ပြည်တွင်းအခြေပြု အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များနှင့်အလုပ်သမားအဖွဲ့အစည်းများ၏ မေဒေးနေ့ အတွက် ထုတ်ပြန်ချက်အဖြစ်
၁။အလုပ်သမားများအား အတင်းအဓမ္မစစ်မှုထမ်းစာရင်းသွင်းခြင်း၊ ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းနှင့်လုပ်ငန်းခွင် အတင်းအဓမ္မခိုင်းစေခြင်းလုပ်ရပ်များ ရပ်တန့်ရေး။
၂။အလုပ်သမားအဖွဲ့စည်းများလွတ်လပ်စွာ ဖွဲ့စည်းခွင့်၊လှုပ်ရှားခွင့်ရရှိရေး နှင့် yellow unionဖွဲ့စည်း
နေမှုများ ရပ်တန့်ရေး။
၃။မတရား ဖမ်းဆီးခံ အလုပ်သမားများနှင့် နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက်မရှိ လွှတ်ပေးရေး။
၄။လူ့အခွင့်အရေးစံနှုန်းနှင့်အညီ လုံခြုံသော လုပ်ငန်းခွင်များ ပေါ်ပေါက်ရေး။
၅။နိုင်ငံတကာ Brandများမှ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖူလုံသောလုပ်အားခများရရှိရန်
တာဝန်ယူပေးရေး။
၆။ရွှေ့ပြောင်းလုပ်သားများ ဘေးကင်းစွာအလုပ်လုပ်ခွင့်ရရှိရေးနှင့် ဖမ်းမိလုပ်သားများအား စစ်မှုထမ်းရန် ပြန်လည် ပို့ဆောင်နေမှုများအား ကာကွယ်ပေးရေး စသည့် အချက်(၆)ချက်အား စုေပါင်းတောင်းဆို
ထုတ်ပြန်လိုက်ဟု သိရသည်။
#အလုပ်သမား