27/05/2026
"ဆေးရုံကြီးတွေထက် လူပိုစည်နေတဲ့ မရမ်းကုန်းက အံ့မခန်းဖြစ်ရပ် ကင်ဆာပါ ပျောက်တယ်ဆိုတဲ့ ဆီမန်းက တကယ်ပဲလား?"
---------------------------------
လက်ရှိ လူမှုကွန်ရက်စာမျက်နှာတွေမှာ အတော်လေးကို ဟိုးလေးတကျော် ဂယက်ရိုက်နေတဲ့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် က ကမ္ဘာဗုဒ္ဓဝိပဿနာဘုန်းကြီးကျောင်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းကို ပရိသတ်ကြီး ကြားပြီးလောက်ပြီ ထင်ပါတယ်။
အခုဆိုရင် အဲဒီကျောင်းတိုက်မှာရှိတဲ့ ဆရာလေး ဒေါ်သုနန္ဒာဆီကို ရောဂါဝေဒနာရှင်ပေါင်းများစွာဟာ လူနာတင်ယာဉ်ကြီးတွေနဲ့ပါ အလုအယက် လာရောက်နေကြတာမို့ အနောက်ပိုင်းဆေးရုံကြီးထက်တောင် ပိုပြီး ကြိတ်ကြိတ်တိုး စည်ကားနေတာကို အံ့သြဖွယ် တွေ့မြင်နေရပါတယ်။
လူတွေကြားထဲမှာ ပြန့်နှံ့နေတဲ့ သတင်းတွေအရ ဆရာလေးရဲ့ "သစ္စာမေတ္တာ ဆီမန်း" နဲ့ "လက်ကိုင်ပုဝါ တိုထိကုသမှု" လေး ခံယူလိုက်ရုံနဲ့တင် ကင်ဆာ၊ နှလုံး စတဲ့ ရောဂါဆိုးကြီးတွေ ပျောက်ကင်းသွားသလို၊ စကားမပြောတတ်သူတွေပါ ချက်ချင်း စကားပြန်ပြောလာနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဆေးပညာလောကနဲ့ ခေတ်မီသိပ္ပံနည်းကျ သုတေသနပြုချက်တွေအရတော့ ဒီလို တိုထိရုံ၊ ဆီမန်းလူးရုံနဲ့ ရောဂါကြီးတွေ ချက်ချင်းပျောက်ကင်းသွားတယ်ဆိုတာ လက်တွေ့မှာ ဖြစ်နိုင်ချေ လုံးဝမရှိဘူးလို့ ပညာရှင်တွေက သုံးသပ် ထောက်ပြနေကြပါတယ် ဒီလို ထူးဆန်းထွေလာ ကိစ္စရပ်တွေဟာ အခုလိုအချိန်မှာ ကြီးမားတဲ့ လူမှုကွန်ရက်ဂယက် တစ်ခုဖြစ်လာနေပါတယ်။ ပရိသတ်ကြီးတို့ရော... ဒီလို ကုသမှုတွေအပေါ် ဘယ်လိုမြင်ကြပါသလဲ? ကိုယ်တိုင်ရော သွားရောက် ကုသကြည့်ဖို့ စိတ်ကူးရှိလားဆိုတာ ကွန်မန့်မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးသွားကြပါဦး။
#သတင်းထူးသတင်းဦး ゚viralシ