P'ku Mu Poe the year of limitless

26/02/2025

တစ်နေရာနဲ့ တစ်နေရာ ငါးပိလုပ်နည်းလည်းမတူပါဘူး
တချို့နေရာက ငါးစိမ်းနဲ့လုပ်တယ်
တို့တောင်ငူဘက်က ကရင်တွေက ငါးခြောက်နဲ့လုပ်ပါတယ်
ငါးခြောက်ကို ရေနဲ့သေသေချာချာဆေးပြီး အခြောက်လှမ်းတယ် ။
ခြောက်မှပဲ ငါးခြောက်ကို ထောင်းပြီး ရေနွေးနဲ့ ဆားနဲ့ ထည့်ဖျော်ပြီ ငါးပိလုပ်တာပေါ့ကွယ် 😊😊

“Family Support”🔳 Family Support ဆိုလို့ ငွေကြေးပြည့်စုံမှု တစ်ခုတည်းကို မဆိုလိုဘူး။ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှု (Me...
22/02/2025

“Family Support”

🔳 Family Support ဆိုလို့ ငွေကြေးပြည့်စုံမှု တစ်ခုတည်းကို မဆိုလိုဘူး။ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှု (Mental support) က ပိုတောင်မှ အရေးကြီးသေးတယ် ပြောရမယ်။ ငွေမရှိလို့၊ တခြားကလေးတွေလို မသုံးနိုင်လို့ ကိုယ့်စိတ်မှာ မဝံ့မရဲ ဖြစ်နေရင်တောင် မိဘရဲ့ စကား၊ မိဘရဲ့ ရပ်တည်ပေးမှု၊ မိဘကပေးတဲ့ စိတ်ခွန်အားတွေက အများကြီး အထောက်အကူ ပြုနိုင်တယ်။

ငွေတော့ ရှိပါရဲ့၊ သားသမီးရဲ့ စိတ်ကို အားမပေးတတ်တဲ့ မိသားစုတွေမှ ပုံလို့။ တစ်ခုခုဆို အပြစ်တင်မယ်။ နှိမ်မယ်။ အပျက်ဘက်က ပြောမယ်။ အထင်သေးမယ်။

ပိုက်ဆံချမ်းသာတော့ လိုလေသေးမရှိ ထားနိုင်တယ်။ ပြဿနာတစ်ခုခု ဖြစ်လာရင်လည်း နောက်ကနေ ငွေနဲ့ လိုက်ရှင်းပေးတယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာကိုတော့ အားမပေးဘူး။ မရပ်တည်ပေးဘူး။ အပြင်ပန်းမှာသာ ပျော်စရာကောင်းနေတာ။ အတွင်းထဲမှာ သူတို့မိသားစုရဲ့ ဆက်ဆံရေးက ကွဲကြေနေတတ်တယ်။

🔳 တချို့မိသားစုကျတော့ ကျိကျိတက် မချမ်းသာဘူး။ ဒါပေမဲ့ သားသမီး ပြောတာ နားထောင်ပေးတယ်။ လေးစားမှု ထားတယ်။ နားလည်မှု ရှိတယ်။ သူတို့ဖြစ်ချင်တဲ့ အိပ်မက်တွေကို အားပေးတယ်။ မှားသွား၊ လွဲသွားရင်လည်း အပြစ်မတင်ဘူး။ ဖေးမတယ်။ ဒီအခါ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် အရင်ဆုံး သတိရတဲ့သူဟာ ဒီမိသားစု ဖြစ်လာတယ်။

အဲဒါက လောကကို ရင်ဆိုင်ရာမှာ အရေးကြီးဆုံးအချက်ပဲ။

အမေတို့သိရင် သတ်မှာ၊ အဖေသိသွားလို့ မဖြစ်ဘူး ဆိုတဲ့စိတ်မျိုး ဝင်နေရင် အမှားပေါ် အမှားဆင့်ဖို့၊ အလွဲပေါ် အလွဲဆင့်ဖို့ များတယ်။ ကျောင်းမှာ အနိုင်ကျင့်ခံရတာ၊ Toxic Relationship ထဲ ပိတ်မိနေတာ၊ ခြိမ်းခြောက်ခံရတာ စသဖြင့် ကြုံရဖို့လည်း လွယ်တယ်။ အနိုင်ကျင့်လိုသူတွေရဲ့ မျက်စိထဲမှာ အနိုင်ကျင့်ရ လွယ်သူကလေးအဖြစ် မြင်ခံနေရလိမ့်မယ်။

🔳 တကယ်တော့ ကျွန်တော်တို့တွေဟာ အိမ်မှာ ကြီးပြင်းတယ်။ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်တယ်။ အတောင်အလက် စုံတဲ့အခါ ဒီအိမ်ကနေ ထွက်ခွာပြီး လောကကြီးထဲ ဝင်တယ်။ လောကကြီးကို ရင်ဆိုင်တယ်။

အိမ်ကနေမှ ‘စိတ်ခွန်အား’ အလုံအလောက် ပါမလာဘူးဆို လက်နက်မပြည့်မစုံနဲ့ စစ်ထွက်လာရတာနဲ့ တူနေလိမ့်မယ်။ သူများအနိုင်ကျင့်တာ ခံရ၊ သူများစိတ်တိုင်းကျ အသက်ရှင်ရ၊ လူတကာကို please လိုက်လုပ်နေသူတွေ ဖြစ်လာမယ်။ ရှုံးနိမ့်မှုတစ်ခုခု ကြုံလိုက်တာနဲ့ နလန်ပြန်မထူတော့တာ၊ အမှားတစ်ခုခု လုပ်မိလိုက်တာနဲ့ အဲဒီအလုပ်ကို ဆက်မလုပ်ရဲတော့တာတွေ ရှိလာမယ်။

🔳 ဒီလိုပဲ၊ လောကကြီးကို ရင်ဆိုင်အပြီး ပင်ပန်းနွမ်းနယ်လာတဲ့အခါမှာလည်း အိမ်ပြန်အနားယူကြရပါတယ်။ ပြန်စရာ အိမ်မရှိတဲ့အခါ (ပြန်လို့လည်း ဘာခွန်အားမှ ပြန်ပြည့်မလာတဲ့ အိမ်မျိုး ဖြစ်နေတဲ့အခါ) တဖြည်းဖြည်းနဲ့ မောပန်းလာတယ်။ နွမ်းလျလာတယ်။ အားကုန်လာတယ်။

ဒါကြောင့် မိသားစုဟာ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်နေတဲ့ ကာလမှာရော၊ အရွယ်ရောက်ပြီးနောက်ပိုင်း ဘဝထဲ ကျင်လည်တဲ့အချိန်မှာပါ အရေးကြီးပါတယ်။

🔳 အပြင်ကို ရင်ဆိုင်ဖို့ အိမ်ကနေ အားယူရတာမှာ အိမ်ကို ပြန်ရင်ဆိုင်ဖို့ အပြင်ကနေ (သူငယ်ချင်း၊ ဆရာ၊ ဆရာမ၊ ချစ်သူရည်းစားဆီကနေ) အားပြန်ယူနေရပြီဆို အဲဒီလူရဲ့ဘဝဟာ တခြားသူတွေထက် ပိုပင်ပန်းနေရတတ်တယ်။

ငွေတွေ တအားချမ်းသာမှ မဟုတ်ပါဘူး။ မိသားစုဝင်တွေ တစ်ယောက်ကိုတစ်ယောက် လေးစားမှု၊ နားလည်မှုရှိပြီး အပြန်အလှန် ဖေးမတတ်တဲ့ အဝန်းအဝိုင်းကလေး ဖြစ်နေဖို့ကသာ တကယ်အရေးကြီးတာပါ။

🔳 တလောကလုံး ငါ့ဘက်မှာ မရှိတော့ရင်တောင် ငါ့မိသားစုတော့ ရှိသေးတယ်ဆိုတဲ့ ယုံကြည်မှုဟာ ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရဘူး။ လောကဓံကို ရင်ဆိုင်ဖို့ အကြီးမားဆုံးသော စိတ်ခွန်အားလည်း ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၅.၁.၂၀၂၄

ရေခဲ့သေတ္တာ အောက် ပုခက်ကျန်
20/02/2025

ရေခဲ့သေတ္တာ အောက်
ပုခက်ကျန်

20/02/2025

“ကိုယ့်ဆီ လူလာဖြစ်တဲ့ကလေး ကံကောင်းရစေဖို့”

🔳 Ovarian Lottery ဆိုတဲ့ မျိုးဥထီအကြောင်း ဆောင်းပါးရေးဖူးတယ်။ ကိုယ် လူသွားဖြစ်တဲ့ ခေတ်ကာလ၊ အရပ်ဒေသ၊ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး ဘဝရဲ့ တာထွက်မှတ်တွေ မတူကြဘူး ဆိုတဲ့အကြောင်း။

မာရသွန်ပြေးရတာချင်း အတူတူ တချို့က ရှေ့နား။ တချို့က ဟိုးနောက်။ တချို့ကျ သူတို့တဘဝလုံး ကြိုးစားပြေးမှ တခြားလူတွေ တာစထွက်တဲ့ နေရာလောက်ကို ရောက်ကြရရှာတယ်။

ဒါကြောင့် ဘဝတွေ ကွာခြားနေကြတာမှာ ကြိုးစားအားထုတ်မှု ကွာလို့သက်သက်ထက် အခွင့်အလမ်းချင်း ကွာခြားမှုက ပိုအရေးပါတယ်လို့ မြင်တယ်။

🔳 အဲဒီတုန်းက နိုင်ငံတိုးတက်မှုရှုထောင့်ကနေ အသားပေးပြီး ရေးခဲ့တာ။ အခုတော့ တစ်ဦးချင်းရှုထောင့်ကနေ ရေးလိုတယ်။ ကိုယ့်ဆီ လူလာဖြစ်တဲ့ကလေး၊ ကိုယ့်မျိုးဥမှာ လာဝင်စားတဲ့ကလေး ကံကောင်းရစေဖို့ပေါ့။

အဓိကအားဖြင့် အချက် ၄ ချက်လို့ မြင်တယ်။

📌 ၁။ မေတ္တာတရား

မေတ္တာတရားနဲ့ ကောင်းကောင်းမွန်မွန် ကြီးပြင်းခွင့်ရခဲ့တဲ့ ကလေးနဲ့၊ မေတ္တာမရခဲ့တဲ့ ကလေးဟာ သိပ်ကွာခြားတယ်။ လောကကို မြင်တဲ့အမြင်၊ သူတို့ကိုယ်သူတို့ မြင်တဲ့အမြင်၊ စိတ်နေစိတ်ထား၊ အနေအထိုင် အပြောအဆို ယဉ်ကျေးမှု စသဖြင့် မတူကြဘူး။

ငယ်ငယ်ကတည်းက ချစ်ခြင်းမေတ္တာ မရခဲ့တော့ တအားလိုချင်တယ်။ ဒီလိုနဲ့ People-pleaser တွေ ဖြစ်လာတယ်။ အဆိပ်အတောက် ဆက်ဆံရေးတွေမှာ ပိတ်မိနေတတ်တယ်။

တချို့လည်း ကိုယ့်ကိုယ်ကိုယ် အပါအဝင် ဘယ်သူ့ကိုမှ မချစ်တတ်တော့ဘူး။ ဒေါသကို မထိန်းချုပ်နိုင်ဘူး။ Abuser တစ်ယောက် ဖြစ်လာတယ်။

တစ်ခါတလေ သူတို့ကို အပြစ်မမြင်ရက်ဘူး။ ကောင်းမွန်တဲ့ ကလေးဘဝသာ ရခဲ့ရင် ဒီလိုတွေ ဖြစ်ချင်မှ ဖြစ်နေမှာ။ သူတို့ ရွေးချယ်လို့ ရခဲ့တဲ့အရာလည်း မဟုတ်ဘူး။ လူ့ဘဝထဲ ဝင်ဝင်ချင်း အဲဒီအရာတွေကို လောကကြီးက ရော့ အင့် ဆိုပြီး ပေးပစ်လိုက်တာ။

ငယ်ဘဝကိုပဲ အကြောင်းပြခိုင်းတာတော့ မဟုတ်ဘူးပေါ့။ သို့သော် ရုန်းထွက်ရ သိပ်ခက်တယ်ဆိုတာ ကြုံဖူးမှပဲ သိကြလိမ့်မယ်။

ဒါကြောင့်လည်း ကိုယ့်ဆီ လာဝင်စားတဲ့ကလေး ကံကောင်းစေဖို့မှာ မေတ္တာတရားကို ထိပ်ဆုံးက အရင်စပြောရတာပါ။

📌 ၂။ ဉာဏ်ပညာ

မိဘအုပ်ထိန်းမှု ဆိုတာကိုက ဉာဏ်ပညာ ပါရပါတယ်။ ပညာမပါတဲ့၊ ပညာနဲ့ ထိန်းကွပ်မထားတဲ့ မေတ္တာဟာ အဆိပ်အတောက် ဖြစ်သွားတတ်တယ်။

မိဘက ပညာတတ်ရင်၊ တွေးခေါ်စဉ်းစားဉာဏ် မြင့်မားရင် ကလေးကလည်း ပညာရပ်ဝန်းမှာ ကြီးပြင်းခွင့် ရတဲ့အတွက် ပညာကို မြတ်နိုးတယ်။ ပညာတတ်ဘဝကို လိုချင်တယ်။ ပညာတတ်အောင်လည်း ကြိုးစားအားထုတ်တယ်။

📌 ၃။ ရိုးသားစွာ ရှာဖွေထားသော ဓနဥစ္စာ

စည်းစိမ်ဥစ္စာ၊ ရုပ်ဝတ္ထုတွေ အရေးမကြီးဘူး ဆိုတာမျိုး အစွန်းရောက်ပြီး မပြောလိုဘူး။ ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံ ထားနိုင်ရင် ကလေးအတွက် ကောင်းတာပေါ့။ ဘဝကို စတင်ရတာ ပိုလွယ်တာပေါ့။

သို့သော် ကျွန်တော်တို့ဆီမှာလို မဟုတ်တဲ့နည်းနဲ့ ချမ်းသာလာပြီး အဲဒါကိုပဲ ဂုဏ်သိက္ခာတစ်ခုလို အမွှန်းတင်နေကြ၊ ရှက်ရကောင်းမှန်းလည်း မသိ၊ ဟိရိသြတပ္ပတရားတွေ ဆိတ်သုဉ်းနေတာမျိုးကတော့ လူ့အဖွဲ့အစည်းအတွက် ရေရှည်မှာ မကောင်းဘူး။

သိမ်းကြုံးပြောတာ မဟုတ်ပေမဲ့ ဒီလိုဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ ကလေးတွေရဲ့ စိတ်ထဲမှာလည်း ငွေသာလျှင် နံပါတ်တစ် ဖြစ်နေဖို့က များတယ်။

ဒါကြောင့် ပိုက်ဆံက ထိုက်သင့်သလောက် အနေအထားတော့ ရှိရမယ်။ ပိုအရေးကြီးတာက သမ္မာအာဇီဝကျကျ ရှာဖွေထားတာ ဖြစ်ဖို့ပဲ။

ဟိရိသြတပ္ပတရားလို့ ခေါ်တဲ့၊ မဟုတ်တာ လုပ်ရမှာကို ကိုယ့်အတွင်းထဲကနေပါ ရှက်တဲ့စိတ်၊ တစ်ပါးသူ ကဲ့ရဲ့ပြစ်တင်မှာကို ကြောက်တဲ့စိတ်ဟာ လောကကို စောင့်ရှောက်တဲ့တရား ဖြစ်တယ်။ အဲဒါ ပျောက်ကွယ်ရှားပါးလာတဲ့ လူ့ပတ်ဝန်းကျင်ဟာ မလှပနိုင်ဘူး။ အဝေးကြီး မကြည့်နဲ့။ ကိုယ့်နိုင်ငံပဲ ကြည့်ပေါ့။

အဲဒီစိတ်ကို ကိုယ့်သားသမီးဆီ ထည့်ပေးလိုက်နိုင်ဖို့မှာ အရင်ဦးဆုံးအနေနဲ့ ကိုယ်တိုင်က ရှက်တတ်၊ ကြောက်တတ်သူ ဖြစ်ဖို့ လိုပါတယ်။

📌 ၄။ သမိုင်းကြောင်း

မိဘမကောင်း သားသမီးခေါင်း ဆိုတာလိုမျိုး မိဘရဲ့ လုပ်ရပ်ကိုကြည့်ပြီး သားသမီးကို ကဲ့ရဲ့ပြစ်တင်တာမျိုး မဖြစ်သင့်တာ မှန်တယ်။ မိဘနဲ့ သားသမီးဆိုတိုင်း အမြဲတူနေတာလည်း မဟုတ်ဘူး။ သို့သော် အနည်းနဲ့အများတော့ ဆက်စပ်မှု၊ ရိုက်ခတ်မှု ရှိကြတာပဲ။

ကိုယ့်မိဘက ဂုဏ်သိက္ခာရှိတယ်၊ လူမှုအသိုင်းအဝိုင်းရဲ့ လေးစားခြင်းကို ခံရတယ်ဆို၊ ကိုယ်လည်း ရေမြင့်ရင် ကြာတင့်တယ်ဆိုသလို မျက်နှာပန်း လှတာပဲ။ ဂုဏ်ယူရတာပဲ။ သူတို့လို ဖြစ်ချင်စိတ်၊ လိုက်လုပ်ချင်စိတ်တွေ ရှိလာတာပဲ။

ဒါကြောင့် သမိုင်းကြောင်းက သိပ်အရေးကြီးပါတယ်။

နည်းပညာခေတ် ဖြစ်လာတော့ ကမ္ဘာကိုတောင် ရွာလို့ တင်စားလာကြတဲ့အချိန်မှာ ဘယ်သူ ဘာလုပ်တယ်၊ ဘယ်အချိန် ဘယ်ကာလမှာ ဘယ်လိုရပ်တည်ခဲ့တယ် ဆိုတာ ဖုံးမရတော့ပါဘူး။ အကုန် သိနေကြတာပဲ။ ဒါတွေကလည်း သားသမီးအပေါ် ရိုက်ခတ်တော့မှာပဲ။

ဥပမာ ငါတို့အဖေက လေတပ်သားကြီးလေ ဆိုပြီး နောက်မျိုးဆက်ထဲ ဘယ်သူမှ ဂုဏ်ယူနေလို့ မရတော့ဘူး။ Airstrike in Myanmar, Military Coup စသဖြင့် ရိုက်ရှာလိုက်တာနဲ့၊ AI တစ်ခုခုကို သွားမေးလိုက်တာနဲ့ ကိုယ့်မိဘရဲ့ လုပ်ရပ်တွေ တသီတတန်း ပေါ်လာတော့မဲ့ခေတ်ကြီး။ ငွေတွေ ဘယ်လောက်ပုံပေးပုံပေး၊ ရွှေပေါ်မြတင် ဘယ်လိုပဲထားထား၊ အင်မတန် ရှက်စရာကောင်းတဲ့ သမိုင်းအမွေကို ပေးလိုက်သလို ဖြစ်နေတော့မှာ။

ကျွန်တော် အမြဲပြောပါတယ်။ အဖြစ်အပျက်တွေက ပြီးသွားမှာ၊ သမိုင်းတွေကတော့ ကျန်ခဲ့မှာလို့။ အနာဂတ်အတွက်သာ ကြိုပြင်ဆင်လို့ရတာ။ သမိုင်းမှတ်တမ်း ဖြစ်သွားတဲ့ အတိတ်တွေက ပြန်ပြင်ဖို့ရာ သိပ်ခက်တယ်။ ဒါကြောင့် လက်ရှိပစ္စုပ္ပန် အခိုက်အတန့်တိုင်းမှာ ကိုယ့်သားသမီး တချိန်ကျ ရှက်နေစရာ မလိုတဲ့ ရွေးချယ်မှုတွေကို လုပ်ကြစေချင်တယ်။

မှန်တဲ့ဘက်က ရပ်တည်တယ်ဆိုတာ ပြောတော့သာ လွယ်တာ။ လက်တွေ့ကျ သိပ်ခက်ပါတယ်။ မမှန်တာ လုပ်နေတဲ့သူတွေက အားကြီးလေလေ၊ အင်အားများလေလေ၊ သူတို့နဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်ရတာ အထိအခိုက် အဆုံးအရှုံး များလေလေပဲ။ ဒီတော့ လက်ရှိမှာ စိတ်တွေ ပင်ပန်းနေရလိမ့်မယ်။ အားငယ်နေရလိမ့်မယ်။

သို့သော် ရေရှည်ကို တွေးကြည့်ပါ။ ငါတို့ရပ်တည်မှုအကြောင်း ငါ့သားသမီးတွေ ပြန်သိရ၊ ကြားရတဲ့အခါတိုင်း ဂုဏ်ယူနေကြလိမ့်မယ်၊ Inspired ဖြစ်ကြလိမ့်မယ်၊ ငါတို့လိုပဲ အမှန်တရားကို တန်ဖိုးထားတဲ့ လူကောင်းသူကောင်းကလေးတွေ ဖြစ်လာကြလိမ့်မယ် ဆိုတဲ့အတွေးက လက်ရှိ ကိုယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ မှန်သမျှကို တောင့်ခံနိုင်ဖို့ ခွန်အားဖြစ်စေမယ် ထင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၃.၂.၂၀၂၅

ညၣ်အုၣ်လၢ တီအူ  ကဟဲတုၤလီၤ မ့ဘၣ်သးအီၣ် မၣ်လိၣ်သ့နီၤ🥰🥰
11/02/2025

ညၣ်အုၣ်လၢ တီအူ ကဟဲတုၤလီၤ မ့ဘၣ်သးအီၣ် မၣ်လိၣ်သ့နီၤ🥰🥰

13/01/2025

နိုရိုဗိုင်းရပ်စ်အကြောင်း သိကောင်းစရာ

နိုရိုဗိုင်းရပ်စ်ဟာ အင်မတန်မှ ကူးစက်မြန်ဆန်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး ကူးစက်ခံရပြီဆိုရင် အစာအိမ်နဲ့အူလမ်းကြောင်း ရောင်ရမ်းခြင်းကို အဓိက ဖြစ်စေတဲ့အတွက် အစာအိမ်တုပ်ကွေးလို့လည်း လူသိများလှပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်း အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းခြင်းရဲ့ အဓိက တရားခံဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ကူးစက်မှုနှုန်း တအားမြန်ဆန်တဲ့အတွက် ကျောင်း၊ မူကြို၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှုစင်တာနဲ့ စားသောက်ဆိုင်တို့လို့ နေရာမှာ ကူးစက်ပြီဆိုရင် တပြုံတမကြီး ကူးစက်ပျံ့နှံ့သွားတတ်ပါတယ်။

နိုရိုဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုရင်
- ပျို့မယ်
- အန်မယ်
- ဝမ်းလျှောမယ်
- ဗိုက်အရမ်းရစ်ပြီးနာမယ်
- ချမ်းတုန်ပြီးဖျားမယ်
- ခေါင်းကိုက်မယ်
- ကြွက်သားတွေ နာကျင်ကိုက်ခဲမယ်

ဒီရောဂါလက္ခဏာတွေက ပိုးကူးစက်ခံရပြီး ၁၂ နာရီကနေ ၄၈ နာရီအတွင်း ပြတတ်လေ့ရှိပြီး ဖျားနာခြင်းကို ၁ ရက်ကနေ ၃ ရက်လောက်တော့ ခံစားရတတ်ပါတယ်။ အများစုကတော့ ဘာရေရှည်နောက်ဆက်တွဲမှ မရှိဘဲ ပြန်သက်သာသွားတတ်ကြပြီးတော့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားစနစ်အားနည်းတဲ့ သူတွေမှာတော့ အန်တာ၊ ဝမ်းလျှောတာတွေကြောင့် ရေဓာတ်ဆုံးရှုံးမှု အရမ်းများသွားရင်တော့ စိုးရိမ်ရတာမျိုး ရှိနိုင်ပါတယ်။

နိုရိုဗိုင်းရပ်စ်က ဘယ်လိုပျံ့နှံ့လဲ?
- ရောဂါပိုးရှိတဲ့သူနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ သူတို့ ကိုင်ထားတဲ့ စားပွဲ၊ ထိုင်ခုံ အစရှိတဲ့ မျက်နှာပြင်တွေကို ထပ်ကိုင်မိတာ၊ ဒါမှမဟုတ် ရောဂါရှိနေတဲ့သူကို ပြုစုစောင့်ရှောက်ရတာ စတဲ့ တိုက်ရိုက်ထိတွေ့မှုတွေကတဆင့် ကူးစက်နိုင်ပါတယ်။
- ရောဂါပိုးရှိတဲ့ အစားအသောက်တွေကို စားသောက်မိရာကနေ တဆင့်လည်း ကူးစက်တတ်ပါတယ်။ ဒီလိုကူးစက်မှုမျိုးကတော့ အစားအသောက်ကို ကိုင်တွယ်တဲ့နေရာမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် မကိုင်တွယ်တဲ့ နေရာမျိုးတွေမှာ အဖြစ်များပါတယ်။
- ရောဂါပိုးရှိတဲ့သူက အန်လိုက်တဲ့အခါမှာ အဲ့ဒီဗိုင်းရပ်စ်က လေထဲကနေ တဆင့်လည်း အလျင်အမြန်ကူးစက်ပျံ့နှံ့သွားတတ်ပြီးတော့ အဲ့ဒါကို ရှူလိုက်မိတဲ့အခါမှာလည်း ကူးစက်နိုင်ပါတယ်။
- နိုရိုဗိုင်းရပ်စ်ဟာ စားပွဲမျက်နှာပြင်၊ တံခါးလက်ကိုင်နဲ့ ရေချိုးခန်းကြမ်းပြင်နဲ့ မျက်နှာပြင်တွေလိုပေါ်မှာလည်း အသက်ရှင်နိုင်တဲ့အတွက် ရောဂါပိုးတွေ တင်ကျန်နေတဲ့ အဲ့လိုမျက်နှာပြင်တွေကို ကိုင်တွယ်မိရာကနေတဆင့်လည်း ကူးစက်တတ်ပါတယ်။

ကူးစက်မှုကို ဘယ်လိုကာကွယ်ကြမလဲ?
၁) လက်ကို စနစ်တကျ ဆေးကြောပါ။ အထူးသဖြင့်တော့ အိမ်သာတက်ပြီးတဲ့အခါ၊ အစားမစားခင်နဲ့ အစားအသောက်တွေကို မပြင်ဆင်ခင်မှာ ရေနဲ့ ဆပ်ပြာကို အသုံးပြုပြီး လက်ကို သေချာဆေးကြောပေးဖို့ အရေးကြီးပါတယ်။ အရက်/အရက်ပျံပါတဲ့ လက်သန့်ဆေးရည်တွေက နိုရိုဗိုင်းရပ်စ်အတွက် သိပ်မထိရောက်တဲ့အတွက် ရေနဲ့ဆပ်ပြာကိုသုံးပြီး လက်ဆေးတာက အကောင်းဆုံးဖြစ်ပါတယ်။
၂) အစားအသောက်တွေကို ပြင်ဆင်တဲ့အခါ၊ သိုလှောင်တဲ့အခါမှာလည်း သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ ကိုယ်က အစားအသောက်ပြင်ပေးရတဲ့သူဆိုရင် ဖျားနေတဲ့အခါမျိုးမှာ အစားအသောက်ကို မပြင်ပါနဲ့။ ကိုယ်ကနေတဆင့် ရောဂါဖြန့်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး မီးဖိုချောင်ထဲက စားပွဲနဲ့ အခြားမျက်နှာပြင်တွေကိုလည်း မကြာခဏ သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါတယ်။ အထူးသဖြင့်တော့ အသား၊ ငါး နဲ့ ပင်လယ်စာတွေကို ပြင်ဆင်တဲ့အခါမျိုးမှာပေါ့။
၃) တံခါးလက်ကိုင်၊ မီးခလုတ် အစရှိတဲ့ လူနဲ့ထိတွေ့မှုများတဲ့ မျက်နှာပြင်တွေကိုလည်း ပိုးသတ်ဆေးနဲ့ သန့်ရှင်းရေး ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ ဖြစ်နိုင်ရင်တော့ ချွတ်ဆေး (Bleach) ပါတဲ့ ဆေးရည်တွေနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။
၄) ကိုယ်မှာ ရောဂါကူးစက်ခံစားရပြီဆိုရင် တခြားလူတွေနဲ့ မထိတွေ့ဖြစ်အောင် ရှောင်ကြဉ်ပါ။ အထူးသဖြင့် လူထူတဲ့နေရာတွေ မသွားဘဲ အိမ်မှာပဲ နေပါ။ အလုပ်နဲ့ ကျောင်းတွေကိုတော့ အနည်းဆုံး ရောဂါလက္ခဏာတွေ ပျောက်ပြီး ၂ ရက်လောက်နေမှ ပြန်သွားသင့်ပါတယ်။
၅) ရေဓာတ်အမြဲပြည့်နေပါစေ။ အန်တဲ့အခါ၊ ဝမ်းလျှောတဲ့အခါမှာ ခန္ဓာကိုယ်ထဲက ရေဓာတ်ဆုံးရှုံးမှုများတဲ့အတွက် ဓာတ်ဆားရည်ကို အမြဲပြန်သောက်ပြီး ရေဓာတ်ကို ဖြည့်ပေးနေဖို့ကလည်း အရေးကြီးပါတယ်။

ဘယ်လို ကုသနိုင်သလဲ?
ဘာမှတော့ ထွေထွေထူးထူး သောက်ဆေး၊ ထိုးဆေးရယ်လို့ မရှိပါဘူး။ အဓိကကတော့ ရောဂါလက္ခဏာတွေကို သက်သာအောင်ပဲ လုပ်ရမှာဖြစ်ပါတယ်။ အန်တာ၊ ဝမ်းလျှောတာရှိရင် ဓာတ်ဆားများများသောက်ပါ။ ဖျားတယ်၊ နာတယ်ဆိုရင် အဖျားကျဆေး၊ အကိုက်ခဲပျောက်ဆေးသောက်ပါ။ ဒီလောက်ပဲ လုပ်လို့ရပါတယ်။ နောက်ပြီး ကောင်းကောင်းအနားယူပေးဖို့လည်း လိုပါတယ်။ ဒါမှသာ မြန်မြန် နလန်ထနိုင်မှာ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆေးခန်းပြဖို့မလိုမလဲ?
ရောဂါလက္ခဏာတွေက ပိုဆိုးလာတယ်၊ ဒါမှမဟုတ် ရက်ပိုကြာလာတယ်၊ နှုတ်ခမ်းခြောက်တာ၊ ဆီးနည်းသွားတာ၊ မူးတာစတဲ့ ရေဓာတ်ခမ်းခြောက်တဲ့လက္ခဏာတွပြလာရင် ဆေးခန်းပြသင့်ပါတယ်။ နောက်ပြီး ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားစနစ် အားနည်းတဲ့သူတွေမှာ ရောဂါကူးစက်ခံရတယ်ဆိုရင်တော့ ဆေးခန်းပြသင့်ပါတယ်။

အနှစ်ချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ နိုရိုဗိုင်းရပ်စ်ဟာ ကူးစက်မြန်တဲ့ဗိုင်းရပ်စ်ဆိုပေမယ့်လည်း တကိုယ်ရည်သန့်ရှင်းရေး (လက်ပုံမှန်ဆေးတာ) သေချာလုပ်မယ်၊ ကူးစက်ခံရရင်လည်း ရေဓာတ်သေချာဖြည့်မယ်၊ လူစုလူဝေးရှောင်ရှားမယ်ဆိုရင် သက်သာပျောက်ကင်းဖို့ကလည်း မြန်မှာဖြစ်သလို တခြားသူတွေဆီ ကူးစက်ပျံ့နှံ့တာကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။

နိုရိုဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ဒီထက်ပိုပြီး သိချင်သေးတယ် ဒါမှမဟုတ် တခြားကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်ပြီး "အခမဲ့" တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့ Equal Health ရဲ့ ဖုန်းနံပါတ် ဖြစ်တဲ့
Phone - 0620703913
Viber – +66620703913
Line – +66620703913
တို့ကို သောကြာနေ့ကလွဲပြီး နေ့စဉ် မနက် ၉ နာရီမှ ည ၁၁ နာရီအထိ ဖုန်းခေါ်ပြီး ဒါမှမဟုတ် စာပို့ဆက်သွယ်ပြီး တာဝန်ကျ ဆရာဝန်နဲ့ "အခမဲ့ "တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ကျန်းမာရေးအတွက် ဆွေးနွေးတိုင်ပင်မှုက "အခမဲ့" ဖြစ်တဲ့အတွက် စာပို့ဖို့ ဖုန်းခေါ်ဖို့ တွန့်ဆုတ်မနေဘဲ အခုပဲ ဆက်သွယ်လိုက်ပါ။



#အကြင်နာတွဲလက်အီကွဲဟတ်

သားသား အိပ်တဲ့ ပုခက်လေး နဲ့ ရေခဲသေတ္တာ ရောင်းဖို့ရှိတယ်
12/01/2025

သားသား အိပ်တဲ့ ပုခက်လေး နဲ့
ရေခဲသေတ္တာ ရောင်းဖို့ရှိတယ်

09/01/2025

Edited....
ဖောင်လျောက်ထားသူ သတ်မှတ်လူဦးရေ ပြည့်မှီသွားပြီ ဖြစ်ပါသဖြင့် လျောက်ထားမှုများကို ဆက်လက် လက်ခံပေးမည်မဟုတ်‌ပါကြောင်း လေးစားစွာ အသိပေး ကြေညာအပ်ပါသည်။
=============================================

အွန်လိုင်းထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဥ် (၁၁) အတွက်သင်တန်းသားခေါ်ယူခြင်း
=============================================
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ အပါအဝင် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် နှင့် အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်လျက် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ အခြေခံ အွန်လိုင်း ထိုင်းဘာသာစကားပြောသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက် နေ့မှ စတင်၍ အခြေခံထိုင်းဘာသာစကားသင်တန်း သင်တန်းအပတ်စဉ် (၁၁) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၃) လ ကြာမြင့်မည်ဖြစ်ပြီး ထိုင်းဘာသာစကားကို စိတ်ပါဝင်စား သင်ယူလိုသော မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများ (မည်သူမဆို) လျှောက်ထားနိုင်ပါသည်။

ထိုင်းဘာသာစကားသင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း အွန်လိုင်း (𝗭𝗼𝗼𝗺 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻) မှတဆင့် သင်ကြားပေးသွားမည်ဖြစ်ပါ၍ မိမိတို့ကြိုက်နှစ်သက်ရာ သင်တန်းချိန်တစ်ခုကို ရွေးချယ် တက်ရောက်နိုင်ပါသည်။

တက်ရောက်နိုင်သော အတန်းများ -
👉 1. 𝗖𝗹𝗮𝘀𝘀 𝗔: တနင်္လာ, အင်္ဂါ, ကြာသပတေး, ညနေ ၇ နာရီ မှ ၉ နာရီ
👉 2. 𝗖𝗹𝗮𝘀𝘀 𝗕: တနင်္လာ, ဗုဒ္ဓဟူး, သောကြာ, ညနေ ၇ နာရီ မှ ၉ နာရီ

ထိုင်းဘာသာစကားသင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်သော Google Form ကို ဇန်နဝါရီလ (၉) ရက်နေ့ မှ (၁၆) ရက် နေ့အထိ ဖွင့်လှစ်ထားပေးမည်ဖြစ်ပါသည်။ ဦးစွာလျှောက်ထားသူ (၁၅၀) ဦးအနက် သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်မည့် သင်တန်းသား (၅၀) ဦးအား ရွေးချယ်စိစစ်၍ တန်းခွဲတစ်ခုလျှင် (၂၅) ဦး နှုန်းဖြင့် တန်းခွဲ (၂) ခု ခွဲကာ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ (၅၀) ဦး ကို လက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများ အနေဖြင့် မိမိအဆင်ပြေနှစ်သက်ရာ တန်းခွဲအား ရွေးချယ် တက်ရောက်နိုင်ပါသည်။ သင်တန်းသည် အခမဲ့ဖြစ်ပြီး တက်ရောက်ခွင့် ရရှိသူသင်တန်းသားများအား လစဉ် 𝗗𝗮𝘁𝗮 𝗙𝗲𝗲𝘀 ပေးအပ်မည်ဖြစ်ပါသည်။

လျှောက်ထားသူများအနေဖြင့်လည်း သင်တန်းအား အမှန်တကယ်စိတ်ပါဝင်စား၍ ပြီးဆုံးအောင် တက်ရောက်နိုင် မှသာ လျှောက်ထားကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများကို 𝗘𝗺𝗮𝗶𝗹 (သို့) 𝗦𝗶𝗴𝗻𝗮𝗹 မှတဆင့် ပြန်လည်အကြောင်းကြားပေးသွားမည်ဖြစ်သော်လည်း သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းမခံရသူများအား ပြန်လည်အကြောင်းကြားပေးမည်မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါ သည်။ သင်တန်းလျှောက်ထားလာသူများအနေဖြင့် မိမိတို့၏ 𝗘𝗺𝗮𝗶𝗹 (သို့) 𝗦𝗶𝗴𝗻𝗮𝗹 လိပ်စာ/ ဖုန်းနံပတ် များကို မှန်ကန်စွာ ထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း လျှောက်ထားရန် လင့်ခ် -
https://forms.gle/66taZhpoK129Bu449
New Myanmar Foundation ၏ ဘာသာစကားသင်တန်းများနှင့်ပတ်သတ်၍ ပိုမိုသိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal, Telegram နှင့် Email များမှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်
ဘာသာစကားသင်တန်းတာဝန်ခံ
နယူးမြန်မာဖောင်ဒေးရှင်း
𝗣𝗵𝗼𝗻𝗲: +𝟲𝟲𝟲𝟯𝟯𝟴𝟰𝟵𝟵𝟭𝟬
𝗦𝗶𝗴𝗻𝗮𝗹/𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: +𝟲𝟲𝟵𝟮𝟳𝟴𝟯𝟯𝟮𝟲𝟮
𝗘𝗺𝗮𝗶𝗹: 𝗹𝗮𝗻𝗴𝘂𝗮𝗴𝗲.𝗻𝗺𝗳@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

“ဖိုဝါဒရဲ့ သားကောင်များ”🔳 ယောက်ျားတွေက ချမ်းသာရင် ပျက်စီးတယ်၊ မိန်းမတွေက ဆင်းရဲရင် ပျက်စီးတယ်တဲ့။ဒီစကားကို တော်တော်များမ...
07/01/2025

“ဖိုဝါဒရဲ့ သားကောင်များ”

🔳 ယောက်ျားတွေက ချမ်းသာရင် ပျက်စီးတယ်၊ မိန်းမတွေက ဆင်းရဲရင် ပျက်စီးတယ်တဲ့။

ဒီစကားကို တော်တော်များများ ကြားဖူးကြလိမ့်မယ်။

ယောက်ျားတွေဟာ ချမ်းသာလာတဲ့အခါ၊ ငွေကြေးပြည့်စုံလာတဲ့အခါ မဟုတ်တာတွေ ပိုလုပ်မိတယ်။ အထူးသဖြင့်တော့ မိန်းမကိစ္စ အရှုပ်အရှင်းတွေ၊ အိမ်ထောင်ရေး ဖောက်ပြန်တာတွေ ဖြစ်လာတယ်ပေါ့။ အရက်တို့၊ လောင်းကစားတို့ကတော့ ဘယ်လိုမဆို လုပ်မိတတ်ကြတာပါပဲ။

မိန်းမတွေကတော့ ဆင်းရဲတွင်း နက်လာရင် လိင်အလုပ်သမတွေ ဖြစ်ကုန်တယ်။ အငယ်အနှောင်းတွေ လုပ်ကြတယ်။ ခေတ်စကားနဲ့ ပြောရရင် စပွန်ဆာ ရှာကြတယ်ပေါ့။

🔳 ဒါတွေဟာ ယောက်ျားတိုင်း၊ မိန်းမတိုင်း ဖြစ်နေကြတာ မဟုတ်သလို၊ ယောက်ျားသဘာဝ၊ မိန်းမသဘာဝလည်း မဟုတ်ဘူး။

အဲဒီရဲ့ နောက်ကွယ်မှာ ဖိုဝါဒ ဆိုတဲ့ Patriarchy ရဲ့ သတ်မှတ်ချက်တွေ၊ ပုံသွင်းမှုတွေ ရှိနေတယ် ဆိုတာ သဘောပေါက်ထားဖို့ လိုတယ်။

🔳 နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ နယ်ပယ်တော်တော်များများကို ကြည့်လိုက်။ ယောက်ျားအများစုက နေရာယူထားတာကို တွေ့ရလိမ့်မယ်။

အဲဒါ ဘာလို့လဲ။ ယောက်ျားတွေက ပိုတော်နေလို့လား။

မဟုတ်ဘူး။ ငယ်ငယ်ကတည်းက ပျိုးထောင်လိုက်တဲ့ ပုံစံတွေနဲ့ အများကြီး သက်ဆိုင်တယ်။

🔳 ယောက်ျားလေးအဖြစ် မွေးဖွားလာပြီးတဲ့နောက်မှာ သူဟာ မိသားစုကို ဦးဆောင်ရမယ်၊ လုပ်ကျွေးရမယ်၊ အချိန်တန် အိမ်ထောင်ပြုရင် သူများသားသမီးကို ကောင်းကောင်းမွန်မွန် ထားနိုင်ရမယ် ဆိုတဲ့ တာဝန်တွေ၊ မျှော်လင့်ချက်တွေ ပါလာတယ်။

ဒီအတွက် ပညာရေး အခွင့်အလမ်းတွေ ပိုရတယ်။ မိသားစုက မပြည့်စုံဘူးဆိုရင် သားနဲ့သမီး နှစ်ယောက်ရှိတဲ့အထဲက သမီးကိုပဲ ကျောင်းထုတ်လိုက်တယ်။ သားကိုတော့ ကျောင်းဆက်ထားတယ်။ ဘာလို့ဆို သမီးက သေစာရှင်စာတတ်ရင် တော်ပြီ၊ လင်ကောင်းသားကောင်းရရင် တော်ပြီ၊ သားယောက်ျားလေးကတော့ အဲဒီလို မဟုတ်ဘူး၊ ဦးဆောင်ရမှာ၊ ငါတို့အားကိုးရမှာ၊ ဒီလိုမျှော်လင့်ချက်တွေ ရှိကြတယ်။

ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင်တွေလည်း ကွာကုန်ကြတယ်။ မိန်းကလေးတွေက အားကိုးရှာရမဲ့သူတွေလို့ သူတို့ကိုယ်သူတို့ မြင်ကုန်တယ်။ ကျွန်တော်တို့တွေကတော့ အားကိုးခံရအောင် ကြိုးစားရမဲ့သူတွေလို့ ကိုယ့်ကိုယ်ကိုယ် မြင်သွားတယ်။

🔳 ငယ်စဉ်ဘဝမှာ မိဘအုပ်ထိန်းသူတွေရဲ့ ဆက်ဆံပုံကြောင့် ဖြစ်တည်လာတဲ့ Self-image ဟာ ခိုင်မာလွန်းလို့ ပြင်ရခက်တယ်ဆိုရင် Society တစ်ခုလုံးက ဝိုင်းပြီး ပုံသွင်းလိုက်တဲ့ Self-image က ဘယ်လောက်တောင် ခိုင်မာမလဲ စဉ်းစားကြည့်လို့ ရတယ်။

ဒါကြောင့် မိန်းကလေးတွေဟာ တစ်ယောက်ယောက်မှ အားကိုးအားထား ပြုစရာ မရှိရင် ဘဝက မလုံခြုံသလို ခံစားနေရပြီး၊ ယောက်ျားလေးတွေကတော့ ငွေရှာမကောင်းရင်၊ မိန်းမက ကိုယ့်ထက် ရှေ့ပိုရောက်နေရင် သိမ်ငယ်စိတ် ပိုဖြစ်ကြတာ။

ဆိုတော့ ယောက်ျားနဲ့ မိန်းမဟာ တာစထွက်ကတည်းက ကွာနေပြီလို့ ပြောလို့ရတယ်။

🔳 ပညာရေးရယ်၊ Personality လို့ ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးရယ်အပြင် အလုပ်အကိုင် အခွင့်အလမ်းကလည်း ကွာပြန်သေးတယ်။ အဲဒီမှာမှ ယောက်ျားဆို ပိုဦးစားပေးချင်တဲ့ ဓလေ့ကလည်း လွှမ်းမိုးနေတယ်။

သဘာဝအရ သားအိမ်ကလည်း ပါလာပြန်တော့ မလိုချင်ဘဲ ကိုယ်ဝန်ရရင်လည်း သူတို့၊ အဓမ္မပြုကျင့်ခံရရင်လည်း သူတို့၊ ကလေးတစ်ဖက်နဲ့ အလုပ်ကို ထိခိုက်ရပြန်ရင်လည်း သူတို့၊ ဟော … အိမ်အလုပ်ကျပြန်တော့လည်း သူတို့အလုပ်။

(ဒီနေရာမှာလည်း သားအိမ်ပါတာက တကယ့်ပြဿနာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးက မိန်းကလေးတိုင်း ပါကြတာပဲ။ ပြဿနာအစစ်က မိန်းကလေးမို့ မျိုးဆက်ပွား ကျန်းမာရေးအကြောင်းတွေ မသိသင့်ဘူးတို့၊ မုဒိမ်းကျင့်ခံရအောင် သူက ဘယ်လိုဝတ်စားသွားလဲမှ မသိတာတို့၊ လင်ကောင်မပေါ်ဘဲ ကလေးမွေးထားတာတို့ စတဲ့ ခွဲခြားသတ်မှတ်ချက်တွေသာ ဖြစ်ပါတယ်)

🔳 တာထွက်တာကလည်း နောက်ကျ။ ပြေးလမ်းကလည်း မဖြောင့်ဖြူးတော့ အချိန်ကြာလာတာနဲ့အမျှ ယောက်ျားတွေနောက်မှာ ပြတ်ပြီး ကျန်ခဲ့ရော။

ပညာရေးက အားနည်း။ ယောက်ျားအပေါ် မှီခိုရမယ် ဆိုတဲ့စိတ်က ကြီးစိုး။ စီးပွားက မရှာတတ်။ အဲဒီလိုနဲ့ ဆင်းရဲတဲ့ဒဏ်ကို ထွက်ပေါက်ပေးစရာ မရှိတော့တဲ့အခါ ကိုယ်ခန္ဓာကို အရင်းပြုပြီး အလုပ်လုပ်ကြရတော့တယ်။

🔳 ယောက်ျားတွေအတွက်ကျ ပညာရေး အခွင့်အလမ်း၊ အလုပ်အကိုင် အခွင့်အလမ်းက ပေါတယ်။ သူတို့ကို ပြေးလမ်းကနေ ချော်သွားစေတဲ့အရာက သူတို့ကိုယ်တိုင်လုပ်တဲ့ အရက်၊ မူးယစ်ဆေးလို ကိစ္စတွေကလွဲရင် သိပ်မရှိဘူး။ Society ကနေ ပိတ်ဆို့ထားတဲ့ သတ်မှတ်ချက်တွေ နည်းတယ်။ ဖြောင့်ဖြောင့်တန်းတန်း ပြေးနိုင်တယ်။

အဲဒီလိုနဲ့ ချမ်းသာလာတဲ့အခါ၊ နာမည်ကြီးလာတဲ့အခါ ဝိုင်းဝိုင်းလည်လာတယ်။ ငွေရှာကောင်းခြင်း၊ အရည်အချင်းရှိခြင်း၊ ဒါတွေဟာ ယောက်ျားတွေရဲ့ ဂုဏ်သိက္ခာဖြစ်သလို၊ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်တဲ့ အချက်တစ်ချက်လည်း ဖြစ်တယ်။

အသက်ဘယ်လောက်ကြီးသလဲ။ လူပျိုစစ်သလား၊ မစစ်ဘူးလား။ ဒါတွေ မလိုအပ်ဘူး။ အိမ်ထောင်ရှိဖူးလား၊ မရှိဖူးဘူးလား၊ ကုန်ကုန်ပြောရရင် ရှိနေလား၊ မရှိနေလားတောင် ဂရုမစိုက်တော့ဘူး။ ဒီလူက ပံံ့ပိုးမှု၊ လုံခြုံမှု ပေးနိုင်သရွေ့ တွဲချင်တဲ့ မိန်းကလေးက အဆင်သင့်ပဲ။ “ယောက်ျားကောင်း မောင်းမတစ်ထောင်” ဆိုသလိုပေါ့။ အဲဒီကနေ အိမ်ထောင်ရေး ဖောက်ပြန်တာတွေ စဖြစ်လာတော့တာပဲ။

🔳 ဒီလိုပြောလို့ အရမ်းချမ်းသာမှလား ဆိုတော့ မဟုတ်ဘူး။ သူ့အလွှာလိုက် အလွှာလိုက် ရှိတာပေါ့။ ဥပမာ ကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာက ကျိကျိတက်တော့ ဘယ်ချမ်းသာမလဲ။ သို့သော် မန်နေဂျာလယ်ဗယ်၊ မန်နေဂျာလစာလောက်ကို မက်မောတဲ့ မိန်းကလေးတွေ ရှိတာပေါ့။

အဲဒီမိန်းကလေးတွေကို ကြည့်လိုက်ရင်လည်း ပညာရေး အားနည်းခဲ့တာ၊ တစ်ဦးတစ်ယောက်အပေါ် မှီခိုအားထားနေရမှ ဘဝက လုံခြုံတယ် ဆိုတဲ့ သွန်သင်မှုတွေနဲ့ ပျိုးထောင်ခံခဲ့ရတာ၊ လင်ယောက်ျားရဲ့ ဂုဏ်ပေါ် မူတည်ပြီးမှ သူ့ဘဝကို တည်ဆောက်ရတာ၊ သူ့ကိုယ်သူ လေးစားမှုကို ရှာဖွေရတာ၊ သားကိုသခင် လင်ကိုဘုရား ဆိုတဲ့သူတွေ ဖြစ်နေကြတာ များတယ်။

အဲဒါကရော ဘာကြောင့် ဖြစ်တာလဲဆို ဖိုဝါဒရဲ့ သက်ရောက်မှုကြောင့်ပါပဲ။

🔳 ဖိုဝါဒဟာ ယောက်ျားတွေကို ပညာပိုတတ်စေတယ်။ ယောက်ျားတွေကို ပိုချမ်းသာစေတယ်။ ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ငွေရှာနိုင်စွမ်း၊ ဘဝလုံခြုံမှု ပေးနိုင်စွမ်းတွေနဲ့ တိုင်းတာစေတယ်။ သစ္စာမဲ့တာကိုတောင် ကဲ့ရဲ့ရမဲ့အစား ရှေးဘုရင်တွေ ခေတ်ကလို အားကျစရာကိစ္စအဖြစ် ပုံဖော်နေကြတယ်။

မိန်းမတွေကိုတော့ ပညာရေး အခွင့်အလမ်း၊ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းသွားစေတယ်။ လူမှုအသိုင်းအဝိုင်းကနေလည်း သူတို့ပခုံးပေါ် ဝန်တွေ အများကြီး ပစ်တင်ပေးလိုက်တယ်။

ဒီတော့ ဘာမှ လုပ်တတ်တာ မရှိ၊ အခွင့်အလမ်းလည်း မရှိတဲ့နောက် ခန္ဓာကိုယ်ကို အရင်းပြုပြီးပဲ ဝင်ငွေရှာကြရတော့တယ်။ ဘဝလုံခြုံမှု ရဖို့အတွက် သူများအိမ်ထောင်ကို ဖျက်ဆီးမိကြတော့တယ်။

(လိင်အလုပ်သမဘဝက နိမ့်ပါးတဲ့အလုပ်လို့ ပြောလိုတာ မဟုတ်ဘူးနော်၊ ဒီဖိုဝါဒကနေ အဲဒီဘဝကို မရွေးရွေးအောင် တွန်းပို့လိုက်တယ်လို့ ဆိုလိုချင်တာ)

🔳 အဲဒီအတွက် အိမ်ထောင်ရှင် အမျိုးသမီးတွေပဲ စိတ်ဒုက္ခ ရောက်ကြရပြန်တယ်။ သူတို့ကလည်း ဖောက်ပြန်တဲ့ အမျိုးသားနဲ့ မကွာရဲဘူး။ ဘာလို့ဆိုတော့ ငွေကြေးအရ ဒီလူ့အပေါ် မှီခိုနေရလို့၊ လူမှုအသိုင်းအဝိုင်းကလည်း အိမ်ထောင်ကွဲထားတဲ့ အမျိုးသမီးဆို အထင်သေးလို့၊ ကိုယ်တိုင်ကလည်း ဒီလိုအိမ်ထောင်ကွဲရတာမျိုး မဖြစ်ချင်လို့၊ လင်ယောက်ျား မရှိရင် အားငယ်လို့။

ဒီတော့ သူတို့အိမ်ထောင်ကို လာဖျက်ဆီးတဲ့ တစ်ဖက်အမျိုးသမီးကိုပဲ တိုက်ခိုက်တော့တယ်။ ယောက်ျားဖြစ်သူက အလယ်မှာ လွတ်နေရော။

ဒါကြောင့် Relationship ပြဿနာ တော်တော်များများကို ကြည့်လိုက်ရင် နောက်ကွယ်က လက်မည်းကြီးဟာ “ဖိုဝါဒ” ဖြစ်နေတာကို တွေ့ရလိမ့်မယ်။

🔳 များသောအားဖြင့်တော့ ယောက်ျားတွေကို အသာရစေတယ် ဆိုပေမဲ့ တစ်ဖက်မှာလည်း အဲဒီအသာရခြင်းကပဲ ဒုက္ခပြန်ပေးတတ်တယ်။

ဥပမာ အခုလိုကာလ ကျွန်တော်တို့တွေ အလုပ်မရှိတော့ဘူး။ ဝင်ငွေမရှိတော့ဘူး။ အဲဒီမှာတင် တခြားယောက်ျားတွေနဲ့ နှိုင်းယှဉ်ပြီး သိမ်ငယ်စိတ်က စဖြစ်လာပြီ။

ကိုယ့်ရည်းစားက ကိုယ့်ကို ထားပြီး ပိုသာတဲ့တစ်ယောက်နဲ့ ကြိုက်သွားရင်၊ ကိုယ့်မိန်းမက တခြားယောက်ျားတွေကို ကိုယ့်ရှေ့ ချီးကျူးနေတာ ကြားရရင် ပိုဆိုး။ မိန်းမထမီနား ခိုစားနေရပြီ ဆိုတဲ့အသိက နေ့နေ့ညည နှိပ်စက်။

🔳 စိတ်ကျန်းမာရေးအရလည်း ဒီဖိုဝါဒက ယောက်ျားတွေကို ငိုခွင့်၊ ရင်ဖွင့်ခွင်၊ ပခုံးငှားခွင့် မပေးထားဘူး။ ကြိုက်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေ ကြည့်ကြည့်လိုက်။ အမျိုးသမီးအများစုပဲ တက်လာကြတာ တွေ့ရလိမ့်မယ်။

ဒီတော့ အရက်သောက်တာနဲ့ ထွက်ပေါက်ပေးမိတယ်။ Violent ပိုဖြစ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိပါ ဖြစ်သွားနိုင်တယ်။

အရင်ကထက် ကြမ်းတမ်းခက်ထန်လာတဲ့ ယောက်ျားတစ်ယောက်၊ အရက်စွဲနေတဲ့ ယောက်ျားတစ်ယောက်၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ယောက်ျားတစ်ယောက်မှာ သူ့ဘဝသူ မကျေနပ်တာတွေ၊ စီးပွားရေး ပြဿနာတွေပဲ ရှိနေလိမ့်မယ် မြင်ကြတယ်။ တကယ်က သူဟာလည်း ဖိုဝါဒရဲ့သားကောင် ဖြစ်သွားတာပဲ ဆိုတာကို သဘောပေါက်ထားဖို့ လိုလိမ့်မယ်။

🔳 Patriarchy ဟာ ကျွန်တော်တို့ရဲ့ ဝတ်စားဆင်ယင်ပုံကစလို့၊ အလုပ်အကိုင် ရွေးချယ်မှုအလယ်၊ စိတ်ကျန်းမာရေးအဆုံး၊ ကဏ္ဍအသီးသီးအပေါ် လွှမ်းမိုးသက်ရောက်နေပါတယ်။

ဒါတွေကို သတိထားမိလာခြင်း၊ ပိုကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်နားလည်လာခြင်းဟာ ကိုယ့်ကို အစွန်းမရောက်သွားအောင်၊ လွတ်လပ်အောင်၊ ဘဝကို ဟန်ချက်ညီညီ ဖြတ်သန်းနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ မြင်ပါတယ်။

#ဒေါက်တာ ဖြိုးသီဟ
၇.၁.၂၀၂၅

07/01/2025
တချို့ကပြောတယ်…အသက် ၃ဝမတိုင်ခင်မှာ မိန်းကလေးရဲ့ရုပ်ရည်က မွေးရာပါတဲ့ ။ အသက် ၃ဝနောက်ပိုင်း ရုပ်ရည်ကတော့ ပြုစုပျိုးထောင်မှု...
04/01/2025

တချို့ကပြောတယ်…အသက် ၃ဝမတိုင်ခင်မှာ မိန်းကလေးရဲ့ရုပ်ရည်က မွေးရာပါတဲ့ ။ အသက် ၃ဝနောက်ပိုင်း ရုပ်ရည်ကတော့ ပြုစုပျိုးထောင်မှုနဲ့ ဆိုင်သွားပါတယ် ။

နှစ်လရာသီတွေက မိန်းကလေးတွေရဲ့ နုပျိုတဲ့ရုပ်ရည်ကို အိုမင်းအောင် တဖြည်းဖြည်း တိုက်စားသွားနိုင်ပေမယ့် သူတို့ရဲ့ အသိဉာဏ်ပညာ နဲ့ ရည်မွန်ကျက်သရေရှိခြင်းကိုတော့ မတိုက်စားနိုင်ပါဘူး ။

ထိုင်ဝမ်စာရေးဆရာ Lin Qingxuan က “ဘဝကို အလှခြယ်ခြင်း”ဆိုတဲ့ စာအုပ်မှာ အခုလို ပြောခဲ့ပါတယ် ။

“ စာများများဖတ် ၊ အနုပညာပစ္စည်းတွေ များများ ကြည့်ရှုခံစားတဲ့ ၊ တွေးတောတတ်တဲ့ မိန်းကလေးတွေဟာ စိတ်ဝိညာဉ်ကို အလှခြယ်နေတာပါ ။ တမူထူးခြားတဲ့ ရည်မွန်ကျက်သရေရှိခြင်း နဲ့ မိမိကိုယ်ကို ပျိုးထောင်ခြင်းကမှ မိန်းကလေးတွေကို အမြဲတမ်း လှပတင့်တယ်စေတဲ့ ရင်းမြစ်တွေ ဖြစ်တယ် ။ စာများများဖတ်တာ ၊ များများတွေးတောတာ ၊ ဘဝကို အကောင်းမြင်ခြင်း နဲ့ ရင်ဆိုင်တာ ၊ ဘဝကို ယုံကြည်မှုရှိတာ ၊ စိတ်နှလုံးဖြူစင်ပြီး သူတစ်ပါးကို ကြင်နာတတ်တာ ၊ မိမိကိုယ်ကို ချစ်ခင်လေးစားတတ်တာ… ဒါတွေဟာ မိန်းကလေးတွေကို ပိုလေးနက်ပြည့်စုံတဲ့ အတွင်းစိတ်တွေကို ပိုင်ဆိုင်စေပါတယ် ။ ပိုဆွဲဆောင်မှုရှိစေပြီး နှစ်ချို့ဝိုင်လို အဖိုးတန် မွှေးပျံ့စေပါတယ် ”

ဟောင်ကောင်စာရေးဆရာမ YiShu က စာဖတ်ခြင်းဟာ ကိုယ့်ကို ပိုရည်မွန်ကျက်သရေရှိစေတယ်လို့ ဆိုပါတယ် ။

စာကို အာရုံစိုက်ဖတ်နေတဲ့ မိန်းကလေးတစ်ဦးဟာ တည်ငြိမ်တဲ့စိတ် နဲ့ စာထဲနှစ်နေတဲ့ သူ့ပုံစံကိုက လှပတဲ့ ရှုခင်းတစ်မျိုး ဖြစ်ပါတယ် ။ သူ့ရင်တစ်ခုလုံးမှာ ကဗျာနံ့ စာနံ့တွေ သင်းပျံ့နေပါတယ် ။

စာဖတ်ခြင်းက အဆင်းမဲ့တဲ့ မိန်းကလေးရဲ့ မျက်လုံးကို အရောင်တွေ စုံလင်စေပါတယ် ။

စာဖတ်ခြင်းက မိန်းကလေးရဲ့ ပျော့ပျောင်းတယ်လို့ ထင်ရတဲ့ ပခုံးကို ခိုင်မာစေပါတယ် ။

စာဖတ်ခြင်းက မိန်းကလေးကို အသိဉာဏ်ပညာ ရနံ့တွေ ထွန်းလင်းတောက်ပ မွှေးကြိုင်စေပါတယ် ။

အင်္ဂလန်စာရေးဆရာ Maugham က “လောကမှ ရုပ်ဆိုးတဲ့ မိန်းကလေးဆိုတာ မရှိဘူး ။ ကိုယ့်ကိုယ်ကိုယ် လှအောင် ဘယ်လိုလုပ်ရမှန်းမသိတဲ့ မိန်းကလေးတွေပဲရှိတယ်” လို့ဆိုခဲ့တယ် ။

ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်ခြင်းက မိန်းကလေးကို လှပစေနိုင်ပါတယ် ။ ဒါပေမဲ့ မိန်းကလေးရဲ့ တကယ့်ညို့ဓာတ် ဆွဲဆောင်မှုက သူ့ရဲ့အတွင်းစိတ်ကို ပြုစုပျိုးထောင်ခြင်းပါ ။ စာများများဖတ်ပြီး စာဖတ်ခြင်းကနေ တဆင့် အခြားသူနဲ့ မတူတဲ့ တမူထူးခြားတဲ့ အလှကို မိန်းကလေးတိုင်း ပြုစုပျိုးထောင်နိုင်ပါတယ် ။

ပြင်သစ်စာရေးဆရာ Romain Rolland က “စာအုပ်တွေနဲ့ အတူနေခြင်းက သင့်ကို ဘယ်တော့မှ သက်ပြင်းမချစေဘူး” လို့ ဆိုခဲ့ပါတယ် ။

စာအုပ်ကောင်းတစ်အုပ်က မိန်းကလေးကို အသက်ကြီးလာမှာကို မကြောက်စေဘူး ။ မျက်နှာပေါ်က အရစ်အကြောင်းတွေအတွက် ဦးနှောက်မခြောက်စေဘူး ။ ကိစ္စဝိစ္စရပ်တွေကြောင့် မျက်မှောင်မကြုတ်စေပါဘူး ။

စာဖတ်ခြင်းက မိန်းကလေးကို စကားလုံးပင်လယ်မှာ နှစ်နေစေပြီး အဝေးက စိတ်ဓာတ်ကမ်းခြေကို ရှာဖွေစေပါတယ် ။

စာဖတ်ခြင်းက မိန်းကလေးကို စာအုပ်ကမ္ဘာမှာ နစ်မျောစေပြီး ကိုယ့်ကိုယ်ကိုယ် သိမြင်စေတယ် ၊ ကိုယ့်ကိုယ်ကိုယ် ဖြည့်တင်းစေတယ် ၊ ကိုယ့်ကိုယ်ကိုယ် ခံစားရင်း ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်စေပါတယ် ။ အခြား ရှုပ်ထွေးမှု ၊ ငြင်းခုံလုယှက်မှု ၊ ဟန်ဆောင်မှု ၊ ပင်ပန်းဆင်းရဲခြင်းတွေ မရှိဘဲ စိတ်နှလုံးချမ်းသာခြင်းတွေကို ရရှိစေပါတယ် ။

တချို့က မေးကြပါလိမ့်မယ် ။ မိန်းကလေးတွေ စာဒီလောက်ဖတ်ထားလည်း နောက်ဆုံးကျတော့ သူလို ငါလို သာမန်ဘဝမှာပဲ ကျင်လည်ရတယ် မဟုတ်လား ၊ သူလို ငါလို ရုံးတက် ရုံးဆင်း ၊ ယောက်ျားယူ အိမ်ရှင်မ လုပ် ၊ ထမင်းချက် အဝတ်လျှော် ၊ လင်ယူသားမွေး လုပ်ရတာပဲ မဟုတ်လားလို့ မေးကြပါလိမ့်မယ် ။

သူတို့ နားမလည်တာက စာဖတ်ခြင်းကို ကျွန်မတို့ ဇွဲရှိရှိလုပ်နေတာဟာ နောက်ဆုံး ဘဝမှာ လဲကျသွားသည့်တိုင် ၊ ခက်ခဲတဲ့ ဒုက္ခပင်လယ်မှာ သူလို ငါလို လက်ပစ်ကူးနေရသည့်တိုင် တခြားလူနဲ့မတူတဲ့ စိတ်ဓာတ် ၊ တခြားလူနဲ့မတူတဲ့ ရုန်းကန်မှုခွန်အား ၊ အတွေးအမြင် အသိတွေနဲ့ ရင်ဆိုင်နိုင်သလို ကိုယ့်မျိုးဆက်အတွက် ၊ ကိုယ့်မိသားစုအတွက် ပြုစုပျိုးထောင်မှု ၊ သွန်သင်ဆုံးမမှုတွေက ကွာခြားသွားပါတယ် ။

စာဖတ်တာကို နှစ်သက်တဲ့ မိန်းကလေးတွေက လောကကြီးကို ကြည့်တဲ့အခါ လောကကြီးက ကျယ်ပြောလိုက်တာလို့ ဆိုကြတယ် ။ သင်ယူလို့ မကုန်နိုင်တဲ့ သင်ခန်းစာတွေ ၊ ဗဟုသုတတွေ အများကြီးရှိတယ်ဆိုတာ သူတို့သိတယ် ။

ဒါကြောင့် သူတို့ဟာ စိတ်ဓာတ်ကို ဖြည့်တင်းနေတဲ့နည်းတူ အကြင်နာတွေကိုလည်း ချဲ့ထွင်နေတယ် ။

မိမိကိုယ်ကို ဆင်ခြင်မှုတွေရဲ့ စိတ်ရဲ့လှပခြင်း ၊ အသိဉာဏ်ရဲ့ထက်မြက်ခြင်းကို သင်ယူတယ် ။

ဘဝကို ကဗျာတစ်ပုဒ်အဖြစ် ၊ ဆောင်းပါးတစ်ပုဒ်အဖြစ် ၊ ဝတ္ထုတစ်အုပ်အဖြစ် သူတို့ ဖွဲ့ဆိုတယ် ။

ဘဝကို ရိုးသားကောင်းမွန်ခြင်း ၊ မိမိကိုယ်ကိုလေးစားခြင်း ၊ ခွင့်လွှတ်ခြင်း ၊ လက်ခံခြင်းအဖြစ်နဲ့ သူတို့ဖွဲ့ဆိုတယ် ။

ချစ်ခြင်းမေတ္တာ ၊ လှပခြင်း နဲ့ သူ့စိတ်ဝိညာဉ်ကမ္ဘာကို ဖြည့်တင်းတယ် ။

မြင့်မြတ်ခြင်း ၊ ရိုသေလေးစားခြင်းနဲ့ သူ့ရဲ့အကြည့်ကို ဦးဆောင်တယ် ။

သူဟာ ကြွားဝါခြင်း ၊ ဂုဏ်မောက်ခြင်းတွေ မရှိဘဲ သူ့ခန္ဓာကိုယ်ကို စာအုပ်ရနံ့တွေနဲ့ မွှေးကြိုင်စေပါတယ် ။

မိန်းကလေးတစ်ယောက်ရဲ့ ရုပ်ရည်ဟာ လှချင်မှ လှပါလိမ့်မယ် ။ ဒါပေမဲ့ စာဖတ်တဲ့ မိန်းကလေးက အပြောအဆိုရည်မွန်မှု ၊ ဟာသဉာဏ်ရှိမှု နဲ့ တစ်ခါခါ ရေလို ပျော့ပျောင်းပြီး တစ်ခါခါ လေလို လူကို စွဲငြိစေတာကြောင့် သူဟာ တမူထူးခြားပါတယ် ။

စာအုပ်က နှုတ်ခမ်းနီ ပါးနီ အလှပြင်ပစ္စည်း မဟုတ်ပါဘူး ။ ဒါပေမဲ့ မိန်းကလေးရဲ့ရုပ်ရည်ကို အမြဲပေါ်လွင်စေနိုင်တယ်

စာအုပ်က တုတ်လက်နက် မဟုတ်ပါဘူး ။
ဒါပေမဲ့ မိန်းကလေးကို ခွန်အားရှိ ထည်ဝါစေနိုင်တယ် ။

စာအုပ်က အတောင်ပံ မဟုတ်ပါဘူး ။
ဒါပေမဲ့ မိန်းကလေးကို ပျံသန်းစေနိုင်တယ် ။

စာအုပ်က အရာရာ မဖြစ်နိုင်ပါဘူး ။ ဒါပေမဲ့ မိန်းကလေးကို လောကဓံတရား ကြံ့ကြံ့ခံစေနိုင်တယ် ။

စာအုပ်က မှော်ဆရာရဲ့ တုတ်တံ မဟုတ်ပါဘူး ။ ဒါပေမဲ့ မိန်းကလေးကို လူတိုင်းနှစ်သက်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်စေနိုင်ပါတယ် ။

#ကျွန်မဖတ်ဖို့
#နိုင်းနိုင်းစနေ
#စာအုပ်စာပေလူ့မိတ်ဆွေ 📖📚

02/01/2025

2025
fbကို မသုံးတော့ဘဲ IG,Line,Threadsကိုပဲ သုံးတော့မယ်
အမျိုးတွေအတွက်massenger ကို ဆက်သုံးပါအုံးမယ်၊

01/01/2025

Tun Kyaw you must know

01/01/2025

Mindset စိတ်ဓာတ်တစ်ခုတည်းနဲ့
မပြီးသွားဘူး။

စိတ်ဓာတ်ခိုင်မာပြီး
ဝိတ်ချ ဝိတ်မကျတဲ့သူ
ဝိတ်တင် ဝိတ်မတက်သူအများကြီး။

စိတ်ဓာတ်တစ်ခုတည်းနဲ့
ဖြေချင်တဲ့စာမေးပွဲအောင်ဖို့
အမှတ်ကောင်းဖို့မလွယ်ဘူး။

စိတ်ဓာတ်တစ်ခုတည်းနဲ့
မားကတ်တင်း၊ စီးပွားရေးရည်မှန်းချက်
မရောက်သွားဘူး။

စိတ်ဓာတ်တစ်ခု
ရည်ရွယ်ချက်တစ်ခုရှိရုံနဲ့
အချစ်ရေးအဆင်ပြေမသွားဘူး။

စိတ်ဓာတ်တစ်ခုတည်းရှိရုံနဲ့
ဘဝတိုက်ပွဲအောင်ဖို့မလွယ်ဘူး။

Mindset အပြင်
ကိုးကွယ်တဲ့အရာတစ်ခု
ဘဝမှာထားထားတယ်။
ဒါကတော့ Mechanics.

Mindset is everything ဆိုတာ
တစ်ဝက်ပဲမှန်တယ်။
Mechanics (နည်းစနစ်)လဲလိုတယ်။

လူတွေက စိတ်ဓာတ် Mindset မကောင်းလို့
လိုချင်တာ မရတာထက်
နည်းစနစ် Mechanics မရှိလို့
လိုချင်တာ မရတာများတယ်လို့
တဖြည်းဖြည်း သိလာတယ်။​

ဒါကြောင့်လဲ ဘဝမှာ
တစ်ခုခု ရချင်ရင် Mechanics နည်းစနစ်ကို
လေ့လာဖို့ကို အချိန်ပေးလေ့လာဖြစ်လာတယ်။​

Phyo Paing @ Derek

ที่อยู่

Moo2. Mae Pa. Mae Sot. Thailand
Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ P'ku Mu Poeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง P'ku Mu Poe:

วิดีโอทั้งหมด

แชร์