Ko Kyaw motorcycle

Ko Kyaw motorcycle ဆိုင်ကယ်နဲ့ ပက်သက်တဲ့ နည်းပညာများ......

ဒီရက်ပိုင်း ဆိုင်ကယ် လာခဲ့တဲ့ wave 125i ဘီးလေးက အစ်ကို စက်နိူးရင်တော့ နိူးတယ်... ဒါပေမဲ့ ဒိုင်းခွက်မီးနဲ့ မီးလှိုင်း အား...
22/02/2025

ဒီရက်ပိုင်း ဆိုင်ကယ် လာခဲ့တဲ့ wave 125i ဘီးလေးက အစ်ကို စက်နိူးရင်တော့ နိူးတယ်... ဒါပေမဲ့ ဒိုင်းခွက်မီးနဲ့ မီးလှိုင်း အားလုံး ပျောက်နေတယ်လို့ ပြောတယ်....

ဒါနဲ့ ဆိုင်ကယ် ကာဗာ ဖွင့်ပြီး Fuse အုံ ကြည့်လိုက်တော့ မီးလှိုင်း (SUB) 10A fuse ပျက်နေတယ်....

“ညီလေးရေ... မင်းဆိုင်ကယ် Fuse ပျက်နေတယ်... Fuse ထည့်လိုက်ရင်တော့ ပြန်ကောင်းသွားလိမ့်မယ်.... ယူသွားလို့ မရသေးဘူး..... မီးလှိုင်းအကုန်လုံး လိုက်စစ်ဖို့ လိုတယ်..... တစ်နေရာမှာ လျှော့ကျလို့ Fuse ပျက်တာ...”

“ဆိုင်ကယ်ထားလို အဆင်ပြေမယ်ဆိုရင် ဆိုင်ကယ် ထားခဲ့ပါ” ပြောလိုက်တယ်...

ဖောက်သည် ညီလေးကလည်း ဆိုင်ကယ် ထားခဲ့တယ်.....

ဆိုင်ကယ် မီးလှိုင်း လိုက်စစ်လိုက်တော့ အရှေ့ညာဘက် (Signal) မီးလှိုင်းမှာ ကြိုးနှစ်ခုပူးပြီး လျှော့ကျ နေတယ်... အဲ့ဒါနဲ့ လိုအပ်တဲ့ ပြုပြင်မှုတွေ လုပ်လိုက်တော့ အဆင်ပြေသွားပြီး တပ်လိုက်တဲ့ (Fuse) လည်း ပြန်မပြတ်တော့ဘူး......

ဒီနေရာမှာ တစ်ချက်ပြောချင်တာက မီးလှိုင်းတစ်ခု (Voltage) နဲ့ (current) ဆိုပြီး ရှိတယ်...

Voltage ကတော့ ကျွန်တော်တို့ သုံးတဲ့ စွမ်းအင် အရင်းအမြစ်နဲ့ ထုတ်လုပ် ဒီဇိုင်းအပေါ် မူတည်ပြီး 12V၊ 24V ဆိုပြီး လာပါတယ်....

Current ကတော့ သုံးတဲ့ ဝန်အပေါ် မူတည်ပြီး တက်လာတယ်.... အလွယ်ပြောရရင် ကြိုးလှိုင်းထဲမှာ အပူချိန် တက်လာတယ်ပေါ့.... သုံးစွဲသင့်တဲ့ ဝန်ကို ကျော်သွားရင် Fuse ပြတ်တတ်တယ်... ဒါမှ မဟုတ် လျှော့ကျသွားတာ၊ မီးခတ်တာမျိုး ဖြစ်ရင်လည်း ပြတ်တတ်တယ်...

ဒါကြောင့် Fuse ပြတ်သွားရင် Fuse အသစ်လဲတာမျိုးချည့်ပဲ မလုပ်ဘဲ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပါလို့ အကြံပေးချင်ပါတယ်.... တကယ်လို့ EFI စနစ် အသုံးပြုတတ်တဲ့ ဆိုင်ကယ်တွေမှာ ဆိုရင် ECMထိတဲ့ အထိ ဖြစ်သွားနိုင်ပါတယ်.....

လူကြီးမင်းတို့ရဲ့ EFI ဆိုင်ကယ်များကို စနစ်တကျ ပြုပြင်ချင်တယ် ဆိုရင် မဲဆောက်မြို့၊ မော်တော်ပီကယ် ယဉ်ထိန်းရုံး ရှိတဲ့ တစ်လမ်းမောင်း လမ်းပေါ်၊ ဝက်ချွန်ပွန် ဘုန်းကြီးကျောင်းနီး (Islamic Bank) မျက်စောင်းထိုးမှာ ဖွင့်လှစ်ထားတဲ့ ကိုကျော် မော်တော်ဆိုင်ကယ် ပြုပြင်ရုံကို အရောက် လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်.....

သို့မဟုတ် 0924703788 (သို့မဟုတ်) 0660180015 ကိုလည်း ဖုန်းဆက်လို့ ရပါတယ်.....

အားလုံးပဲ မင်္ဂလာပါ......ကျွန်တော်က အကြောင်းကြောင်းကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်လာရတာ ဖြစ်လို့ ထိုင်း...
21/02/2025

အားလုံးပဲ မင်္ဂလာပါ......

ကျွန်တော်က အကြောင်းကြောင်းကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်လာရတာ ဖြစ်လို့ ထိုင်းနိုင်ငံမှာ ဆိုင်ကယ် ပြင်ဆင် ပြင်ဆိုင်လေး ဖွင့်လိုက်ပါတယ်.....

နောက်ပိုင်း ဒီပေ့ချ်ကနေပြီး‌တော့ ဆိုင်ကယ်နဲ့ ပက်သက်တဲ့ အကြောင်းအရာများကိုသာ တင်ပေးတော့မယ်လို့ အသိပေးလိုက်ပါတယ်.....
အားလုံးကို ကျေးဇူးတင်ပါတယ်.........

"မမျှော်လင့်ခင် ရွေးချယ်ပါ"ဘဝတွေမှာ မမျှော်လင့်ခင်ကတည်းက ဘယ်လို မျှော်လင့်ရည်မှန်းမှာလဲလို့ မျှော်လင့်ရည်မှန်းချက်ကို ရွ...
08/01/2025

"မမျှော်လင့်ခင် ရွေးချယ်ပါ"

ဘဝတွေမှာ မမျှော်လင့်ခင်ကတည်းက
ဘယ်လို မျှော်လင့်ရည်မှန်းမှာလဲလို့
မျှော်လင့်ရည်မှန်းချက်ကို ရွေးချယ်နိုင်ဖို့
အရေးကြီးတယ်

မျှော်လင့်ရည်မှန်းချက်မရှိရင်
အနာဂတ်ဟာ ဝေဝါးပြီး
ပျောက်ဆုံးနေလိမ့်မယ်

ကောင်းမွန်မှာ သေချာနေတဲ့
အနာဂတ်တစ်ခုတောင် အဆိုးမြင်စိတ်နဲ့
မယုံကြည်ခြင်းတွေကြောင့်
ပျက်ပြယ်သွားနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့

လောဘနဲ့ယှဉ်တွဲမှု မရှိတဲ့
အကောင်းမြင်စိတ်နဲ့ မျှော်လင့်ရည်မှန်းချက်ကို
လေ့ကျင့်မွေးမြူပါ

လှပတဲ့အနာဂတ်က မကြာခင်မှာ
သင့်ဆီ ရောက်ရှိလာမှာဖြစ်သလို
လက်ရှိအခြေအနေမှာလည်း အကြည်ဓာတ်နဲ့
လှပနေမှာ အသေအချာပဲ ဖြစ်ပါတယ် 🌿🌿

_______
ဘယ်အသက်အရွယ်ပဲရောက်ရောက်မျှော်လင့်ချက်ရည်မှန်းချက်တွေလက်တွေ့အကောင်အထည်ဖော်ပေးနိုင်တဲ့
Digital Business က2025မှာ
ပိုမိုတောက်ပလာမဲ့စီးပွားရေးမိှု့
အခွင့်အလမ်းကောင်းတွေကို
လက်လွှင့်မခံပါနဲ့စတင်လေ့လာကြည့်လိုက်ပါ
💞Welcome Digital Business🤝
🌐www.kyikyiswe.com
📲 09797915396




ဘဝမှာ ဆင်းဆင်းရဲရဲနဲ့နေရမှာ ကိုမရှက်နဲ့။စိတ်ဓာတ်တွေအောက်တန်းကျနေတာကမှပိုရှက်ဖို့ကောင်းတာပါ။ 🍀🍀🌿   #ဘဝအတွတ်စာဖတ်ပါ  #စာပေ...
08/01/2025

ဘဝမှာ ဆင်းဆင်းရဲရဲနဲ့
နေရမှာ ကိုမရှက်နဲ့။

စိတ်ဓာတ်တွေ
အောက်တန်းကျနေတာကမှ
ပိုရှက်ဖို့ကောင်းတာပါ။ 🍀🍀🌿



#ဘဝအတွတ်စာဖတ်ပါ
#စာပေဗဟုသုတုလူတိုင်းရ
#မင်းတို့ရဲ့ဦးစွမ်း

 #အတွေးဘဝမှာ လိုချင်တာမရတဲ့အခါ လိုတရဘဝဆိုတာမရှိဘူးလို့တွေးပါဒါဆိုရင်သောကမဖြစ်တော့ဘူး။အဆင်မ‌ပြေမှုတွေနဲ့ကြုံလာရတဲ့အခါဘဝဆိ...
07/01/2025

#အတွေး
ဘဝမှာ လိုချင်တာမရတဲ့အခါ
လိုတရဘဝဆိုတာမရှိဘူးလို့တွေးပါ
ဒါဆိုရင်သောကမဖြစ်တော့ဘူး။

အဆင်မ‌ပြေမှုတွေနဲ့ကြုံလာရတဲ့အခါ
ဘဝဆိုတာတိုက်ပွဲတစ်ခုလိုပါလားလို့
‌တွေးပါ ဒါဆိုရင်အပြုံးမပျက်တော့ဘူး

တစ်ခုခုကိုဆုံးရှုံးသွားရတဲ့အခါ
တစ်နေ့ကျရင်ပြတ်မှာပဲလို့တွေးပါ
ဒါဆိုရင် မနာကျင်ရတော့ဘူး

သူများရဲ့အမှားကိုတွေ့လိုက်တဲ့အခါ
ဪ ငါလည်းမှားတတ်တာပါပဲလို့‌
‌တွေးပါ ဒါဆိုရင်အပြစ်မမြင်တော့ဘူး။

မကျေနပ်တဲ့အခါတစ်နေ့ခွဲရမှာပဲလို
တွေးပါ ဒါဆိုရင်ဒေါသမဖြစ်ရတော့ဘူး

အထင်လွဲခံရပြီး ဘာမှ ပြန်မပြောခြင်းဟာသဘောထား ကြီးမှု တစ်မျိုးပါအဖြစ်အပျက် အမှန်ဆိုတာအချိန်က စကားပြောသွားပါလိမ့်မယ်စိတ်ထိခ...
07/01/2025

အထင်လွဲခံရပြီး
ဘာမှ ပြန်မပြောခြင်းဟာ
သဘောထား ကြီးမှု တစ်မျိုးပါ
အဖြစ်အပျက် အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်

စိတ်ထိခိုက်သွားပြီး
ဘာမှ ပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းမှုတမျိုးပါ
မေတ္တာ ရဲ့ အအေး အနွေး ဟာ
အချိန်ကသာ သက်သေပြ သွားပါလိမ့်မယ်

အစော်ကား ခံလိုက်ရပြီး
ဘာမှ ပြန်မပြောခြင်းဟာ ခွင့်လွှတ်ခြင်း တမျိုးပါ
အကျင့် ကောင်းတယ် မကောင်းဘူး ဆိုတာ
အချိန်က ရှင်းလင်း ပေးသွားပါလိမ့်မယ်

ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ်
စိတ်လောပြီး မငြင်းဆိုပါနှင့်

ဘာအကြောင်းအရာကိုမှ
စိတ်လောပြီး မရှင်းပြပါနှင့်

နားလည်ပြီးသား သူအတွက်
ရှင်းပြဖို့ မလိုအပ် သလို......

နားမလည်ချင်တဲ့ သူအတွက်
ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်

စကားပြောတတ်ဖို့
နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့
ပါးစပ် ပိတ်တတ်ဖို့
သင့်တစ်တသက်တာ ကြိုးစား ကြည့်လိုက်ပါဦး

ဝမ်းနဲစရာ ကောင်းတာက
အခုထက်ထိ ပါးစပ်က
လွှတ်ခနဲ ဖြစ်လို့ကောင်းတုန်း ဘဝ

အမြင့်ဆိုတာ...
ပညာ ဘယ်လောက်တတ်တယ်
ဗဟုသုတ
ဘယ်လောက် ရှိတယ်ဆိုတာနဲ့ မသက်ဆိုင်ပါ

ဒေါင်ကျကျ ပြားကျကျ
အပြုံး မပျက်တဲ့
မဟာ သဘောထား မျိုးကို
ဆိုလိုပါတယ်

စိတ်သဘောထား ကြီးတယ်ဆိုလဲ
သင် လူဘယ်လောက်များများ သိတယ်
ဘယ်လောက်များများ ခင်မင် တာနဲ့လဲ
မသက်ဆိုင်ပါ....

သင်လူ ဘယ်လောက်များများ ကို
လက်ခံခွင့်လွှတ်နိုင်တာနဲ့ ပိုမိုသက်ဆိုင်ပါတယ်

လောက နိယာမအရ...

အနစ်နာခံတဲ့လူဟာ
နောက်ဆုံးမှာ တကယ်မနစ်နာသလို

ငြင်းခုံမှုမှာ အရှုံးပေးတဲ့ သူဟာလဲ
နောက်ဆုံး တကယ် မရှုံးပါဘူး

ကိုယ့်ကိုကိုယ် ဆုံးမဖို့ ရေးလိုက်ပါတယ်။

လူဖြစ်တဲ့ အတွက်  စိတ်ဓာတ်ကျတဲ့အချိန်တွေရှိမယ်။ လမ်းပျောက်တဲ့ အချိန်တွေရှိမယ်။ ချစ်ရတဲ့ သူတွေဆုံးရှုံးလိုက်ရတဲ့ အချိန်တွေ...
07/01/2025

လူဖြစ်တဲ့ အတွက်
စိတ်ဓာတ်ကျတဲ့အချိန်တွေရှိမယ်။
လမ်းပျောက်တဲ့ အချိန်တွေရှိမယ်။
ချစ်ရတဲ့ သူတွေဆုံးရှုံးလိုက်ရတဲ့
အချိန်တွေရှိမယ်။
စီးပွါးရေးတွေ ဆုံးရှုံးသွားတဲ့
အချိန်တွေရှိမယ်။
သစ္စာဖောက်ခံရတဲ့ အချိန်တွေရှိမယ်။

အရာအားလုံး ဆုံးရှုံးသွားတဲ့
အချိန်တွေ ရှိမယ်။
ထုတ်ပြောတာနဲ့ မပြောတာပဲ ကွာတယ်။
ကြုံတာတော့ တစ်ခုမဟုတ်တစ်ခု
ကြုံကြရမှာပဲ။
ကြုံလာခဲ့ရင်
ဝမ်းနည်းပက်လက်ဖြစ်လို့ရတယ်။

ဒါပေမယ့် ဝမ်းနည်းလျှက်
ရှေ့ဆက်နေရမယ်။
လုပ်စရာရှိတာလုပ်ရင်း ရှေ့ဆက်နေရမယ်။
အတိတ်ထဲမှာ တဝဲလည်လည်
ဖြစ်နေတဲ့သူတွေက
အောင်မြင်ဖို့ခက်တယ်။
အတိတ်ကို ထားခဲ့ပြီး ပစ္စုပန်ကို
အာရုံစိုက်တဲ့သူတွေကပဲ
အောင်မြင်သွားကြတာပါ။

တချို့လူတွေရှိတယ် ငြိမ်ခံနေတုန်းက....မမြင်ဘူးထပြောမိမှ ကိုယ်ကစွာတယ်ဆိုတာမျိုးတချို့လူတွေရှိတယ်ခေါင်းပေါ်တက်နင်းခံရတာမသိဘ...
07/01/2025

တချို့လူတွေရှိတယ်
ငြိမ်ခံနေတုန်းက....မမြင်ဘူး
ထပြောမိမှ ကိုယ်ကစွာတယ်ဆိုတာမျိုး

တချို့လူတွေရှိတယ်
ခေါင်းပေါ်တက်နင်းခံရတာမသိဘူး
ဆတ်ဆတ်ထိမခံပြန်ပြောလိုက်မှ
ကိုယ်က အာကြမ်းတယ်ဆိုတာမျိုး

တချို့လူတွေရှိတယ်
မသိချင်ယောင်ဆောင်နေတာကို အားမနာဘူး
ဒဲ့ပြောလိုက်မှ ကိုယ်ကလူကြမ်းတစ်ယောက်
ဆိုတာမျိုး

တချို့လူတွေရှိတယ်
တသက်လုံးသည်းခံလာတာကို မစာနာကြဘူး
ထပေါက်ကွဲမိမှ ကိုယ်ဟာမကောင်းဘူး
ဆိုတာမျိုး

တချို့လူတွေရှိတယ်
အတွင်းစိတ်ကိုမြင်အောင်မကြည့်တတ်ကြဘူး
အပေါ်ယံကောင်းပြတာကိုမှ အဟုတ်ထင်
တတ်ကြတာမျိုး

တချို့လူတွေရှိတယ်
စစ်မှန်တယ်ဆိုတာကို မတွေ့တတ်ကြဘူး
ဟန်ဆောင်တတ်တဲ့လူကိုမှ အမှန်အကန်ထင်တတ်ကြတာမျိုး

တချို့လူတွေရှိတယ်
ကိုယ်ချင်းစာ တရားဆိုတာမရှိကြဘူး
ဘယ်သူသေသေ ငတေမာရင်ပြီးရောစိတ်နဲ့
တစ်ဖက်သားစိတ်ကို အသေသတ်ပစ်ကြတာမျိုး

တချို့လူတွေရှိတယ်
ရင်းနှီးချင်ယောင်ဆောင်ပြီး
မထိတထိ စော်ကားတဲ့ စကားပြော
တတ်ကြတာမျိုး

တချို့လူတွေရှိတယ်
ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကို
တစ်ပါးလူလုပ်လိုက်မှ ဝေဖန်ရေးလုပ်
တတ်တာမျိုး

တချို့လူတွေရှိတယ်
အစွမ်းအစမရှိဘဲ
အပြစ်ပြောဖို့ သက်သက်လူဖြစ်လာတာမျိုး

ဒါကြောင့် အကောင်းမြင်စိတ် အကောင်းမြင်ဝါဒကို
မကျင့်သုံးတတ်ဘဲ အသက်ရှင်နေတဲ့
တချို့လူတွေအတွက်
စိတ်ကသိကအောက်ဖြစ်ဖို့မလိုဘူး
တန်ရာတန်ရာပဲ ဆက်ဆံပေးလိုက်ပါ။

#စာ‌ပေ

သင်အဆင်ပြေနေရင်သင့်အကြောင်း အကောင်းပြောမယ်သင်အဆင်မပြေရင် သင့်အကြောင်းမကောင်းပြောကြမယ် ဒါကလောကသဘာဝပါပဲ။သင်နဲ့ အဆင်ပြေတဲ့အ...
07/01/2025

သင်အဆင်ပြေနေရင်
သင့်အကြောင်း အကောင်းပြောမယ်
သင်အဆင်မပြေရင် သင့်အကြောင်း
မကောင်းပြောကြမယ် ဒါကလောကသဘာဝပါပဲ။

သင်နဲ့ အဆင်ပြေတဲ့အချိန်တော့
စကားတွေက ချိုသာပြီး
သင်နဲ့ အဆင်မပြေတော့တဲ့အခါ
စကားတွေက ခါးသွားကြလိမ့်မယ်။

ချီးမွမ်းခြင်းမှာလည်း မပျော်မွေ့နဲ့
ကဲ့ရဲ့ခြင်းမှာလဲ စိတ်မထိခိုက်နဲ့
သင်ဘယ်လောက် ကောင်းအောင်နေနေ
သင့်ကို မကြိုက်တဲ့သူကတော့
သင့်ကို မကောင်းပြောမှာပဲလေ
လူတိုင်းကြိုက်အောင်
နေပြဖို့မလိုဘူး
လူတိုင်းအပေါ် ကိုယ်ချင်းစာစိတ်
ထားတတ်ဖို့ပဲလိုပါတယ်။

ပတ်ဝန်းကျင်ကို လိုအပ်တာထက်ပိုပြီး
ဂရုမစိုက်မိစေနဲ့
သင်အဆင်ပြေနေရင် သာ မလိုကြ တာ
သင်အဆင်မပြေရင်
ကြိတ်ဝမ်းသာနေတတ်တာမျိုး။ 🌿🍀🍀

ပတ်ဝန်းကျင်ကတော့ ခေါင်းထဲထည့်မနေနဲ့။
07/01/2025

ပတ်ဝန်းကျင်ကတော့ ခေါင်းထဲထည့်မနေနဲ့။

ที่อยู่

มณีธร เพลส 252 ม. 10 ถ. ราษฎรบูรณะ
Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ko Kyaw motorcycleผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์