Wisdom Bank English

Wisdom Bank English I'd like to practice English with all of you!

Welcome to Wisdom Bank English! 🎓✨
Learn simple English for daily life — step by step.
✅ Beginner English lessons
✅ Easy grammar tips
✅ Speaking practice
Join us and grow your English skills today! 🚀

Pre-Intermediate English Class ဖွင့်ပါမယ် 🌱“အင်္ဂလိပ်စာတွေ မေ့နေပြီ…”"စကားပြောရင် အတိုလေးတွေပဲ ထွက်လာတယ်။"“စာဖတ်ရင် နားလ...
12/08/2026

Pre-Intermediate English Class ဖွင့်ပါမယ် 🌱

“အင်္ဂလိပ်စာတွေ မေ့နေပြီ…”
"စကားပြောရင် အတိုလေးတွေပဲ ထွက်လာတယ်။"
“စာဖတ်ရင် နားလည်ပေမယ့် ပြောဖို့ကျတော့ မဝံ့မရဲဖြစ်နေတယ်…”
“ကျောင်းပြီးတာကြာပြီဆိုတော့ English နဲ့ အလှမ်းဝေးသွားပြီ…”
ဒီလိုခံစားနေရသူတွေအတွက် Pre-Intermediate Level English Class လေး ဖွင့်ပါမယ်။ 💛

အင်္ဂလိပ်စာကို အမှန်တကယ် ပြန်လည်လေ့လာချင်သူတွေ၊ စာနဲ့အလှမ်းဝေးသွားလို့ ယုံကြည်မှုနည်းနေသူတွေ၊ English ကို သိပေမယ့် ပြောဖို့ မဝံ့မရဲဖြစ်နေသူတွေ လာတက်ဖို့ အထူးသင့်တော်ပါတယ်။

✨ အချိန်တိုအတွင်း ထိရောက်တိုးတက်လာအောင်
Grammar တစ်ခုတည်းကို အလေးပေးတာမဟုတ်ဘဲ Listening, reading, writing နဲ့ Speaking ကို လက်တွေ့အသုံးချနိုင်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

နေရာ။ Zoom Online!

🗓️ စတင်မည့်နေ့ — ဩဂုတ်လ ၁၇ ရက် (တနင်္လာနေ့)
⏰ မြန်မာစံတော်ချိန် — ညနေ ၄:၀၀ မှ ၅:၀၀
🇹🇭 ထိုင်းစံတော်ချိန် — ညနေ ၃:၃၀ မှ ၄:၃၀
📅 တနင်္လာ | အင်္ဂါ | ဗုဒ္ဓဟူး | ကြာသပတေး
⏱️ တစ်ရက်လျှင် ၁ နာရီ
💰 သင်တန်းကြေး — တစ်လ ၈၀,၀၀၀ ကျပ်
🇹🇭 ထိုင်းနိုင်ငံမှ တက်ရောက်မည့်သူများအတွက် ၇၀၀ ဘတ်

အင်္ဂလိပ်စာကို ပြန်စချင်ပေမယ့်
“ငါက English မပြောတတ်တော့ဘူး” ဆိုပြီး ကိုယ့်ကိုယ်ကို မတားထားပါနဲ့။ ❤️

ပြန်လေ့လာမယ်။ ပြန်ပြောမယ်။ ယုံကြည်မှု ပြန်တည်ဆောက်မယ်။ 🌱

စိတ်ဝင်စားသူများ Page Messenger မှာ လာရောက်စာရင်းပေးနိုင်ပါတယ်။
နေရာအကန့်အသတ်ရှိတာကြောင့် စိတ်ဝင်စားရင် ကြိုတင်စာရင်းပေးထားနိုင်ပါတယ်။ 📩


See less

အရင်ထဲက စိတ်ထဲမှာ လုပ်မယ်လို့ ဆုံးဖြတ်ပြီးသားဆိုရင် going to ကို သုံးပါ။အခုမှ ဆုံးဖြတ်ပြီး လုပ်လိုက်မယ်လို့ပြောရင်  will...
10/08/2026

အရင်ထဲက စိတ်ထဲမှာ လုပ်မယ်လို့ ဆုံးဖြတ်ပြီးသားဆိုရင် going to ကို သုံးပါ။
အခုမှ ဆုံးဖြတ်ပြီး လုပ်လိုက်မယ်လို့ပြောရင် will ကို သုံးပါ။



Princess mode: ON. 👑
07/08/2026

Princess mode: ON. 👑



ကလေးတွေအတွက် သင်တန်းအသစ်မှာ ဒီစာအုပ် အသုံးပြုပါမယ်နော်။
04/08/2026

ကလေးတွေအတွက် သင်တန်းအသစ်မှာ ဒီစာအုပ် အသုံးပြုပါမယ်နော်။



🎓 English Four Skills Online Class (Ages 12–13)📢 Wisdom Bank English မှ အသက် ၁၂–၁၃ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအတ...
02/08/2026

🎓 English Four Skills Online Class (Ages 12–13)

📢 Wisdom Bank English မှ အသက် ၁၂–၁၃ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအတွက် English Four Skills Online Class ကို ဖွင့်လှစ်သင်ကြားပေးသွားပါမည်။

📚 သင်တန်းရဲ့ ရည်ရွယ်ချက်
✅ ကျောင်းအင်္ဂလိပ်စာကို ပိုမိုနားလည်တတ်မြောက်စေရန်
✅ Listening, Speaking, Reading, Writing စွမ်းရည် (၄) မျိုးကို တစ်ပြိုင်နက်တည်း တိုးတက်စေရန်
✅ အင်္ဂလိပ်စာကို ယုံကြည်မှုရှိရှိ အသုံးပြုနိုင်စေရန်

📖 အသုံးပြုမည့်စာအုပ်
Family and Friends 6 (2nd Edition)

🗓 သင်တန်းရက် – စနေ၊ တနင်္ဂနွေ
⏰ အချိန် – မြန်မာစံတော်ချိန်: ည ၇:၀၀ မှ ၉:၀၀ အထိ
ထိုင်းစံတော်ချိန် : ၇.၃၀ မှ ၉.၃၀

⏳ သင်တန်းကာလ – ၃ လ
💰 သင်တန်းကြေး – ၁၈၀,၀၀၀ ကျပ် (၃ လစာ)

🚀 သင်တန်းစတင်မည့်ရက်
📅 Saturday, 8 August

📩 စာရင်းပေးသွင်းရန် သို့မဟုတ် အသေးစိတ်မေးမြန်းလိုပါက Messenger မှ ဆက်သွယ်နိုင်ပါသည်။

သားသားမီးမီးတို့ရဲ့ အင်္ဂလိပ်စာအရည်အချင်းကို ခိုင်မာစွာ တည်ဆောက်ဖို့ Wisdom Bank English နဲ့အတူ စတင်လိုက်ကြရအောင်။

Sometimes happiness is as simple as watching the sunset together.
31/07/2026

Sometimes happiness is as simple as watching the sunset together.



One day, you may say something that makes you think, "I shouldn't have said that.
28/07/2026

One day, you may say something that makes you think, "I shouldn't have said that.



see/ hear / smell/ taste/ look/ feelမြင်တယ်၊ ကြားတယ်၊ မွှေးတယ်နံတယ်၊ အရာသာရှိတယ်၊ စတာတွေကို ပြောချင်ရင် present simple န...
15/07/2026

see/ hear / smell/ taste/ look/ feel
မြင်တယ်၊ ကြားတယ်၊ မွှေးတယ်နံတယ်၊ အရာသာရှိတယ်၊ စတာတွေကို ပြောချင်ရင် present simple နဲ့ ပြောတာ များပါတယ်။

Do you see that man over there?
ဟိုနားက လူကိုမြင်လား။
Are you seeing ဆိုပြီး မပြောရပါဘူး။
The room smells. Let's open a window.
အခန်းက အနံ့မကောင်းဘူး။ ပြတင်းပေါက် ဖွင့်လိုက်ရအောင်။

Look နဲ့ feel တို့ကိုတော့ ချွင်းချက်အနေနဲ့ present simple နဲ့ရော present continuous နဲ့ရော နှစ်မျိုးလုံးနဲ့ ​ပြောနိုင်ပါတယ်။

How do you feel now?
How are you feeling now?

You look well today. You are looking well today.



သူက အခုတလော ဒီလိုတွေ ပြုမူနေတယ်ဆိုတာမျိုး ပြောချင်ရင် am/is/are + being သုံးပြီး ပြောလို့ရပါတယ်။ I can't understand why ...
15/07/2026

သူက အခုတလော ဒီလိုတွေ ပြုမူနေတယ်ဆိုတာမျိုး ပြောချင်ရင် am/is/are + being သုံးပြီး ပြောလို့ရပါတယ်။
I can't understand why he is being so selfish. He isn't usually like that.
သူအရင်က အဲ့လို မဟုတ်ပါဘူး။ ဘာလိုများ အခုတလော တကိုယ်ကောင်းဆန်လာလဲ မသိပါဘူး။

My boss is being very nice to me at the moment. I wonder why.
အခုတလော သူဌေး အရမ်းသဘောတွေ ကောင်းပြနေတယ်။ ဘာလို့ပါလိမ့်။



like/ want/ need/ prefer/ know/ realise/ understand/ recognise/ believe/ suppose/ remember/ mean/ belong/ fit/ contain/ ...
14/07/2026

like/ want/ need/ prefer/ know/ realise/ understand/ recognise/ believe/ suppose/ remember/ mean/ belong/ fit/ contain/ consist/ seem စတဲ့ ကြိယာတွေကို present continuous မှာ သုံးလေ့မရှိပါဘူး။ ဆက်လုပ်နေဆဲ ကာလမှာ မသုံးဘူးလို့ပြောတာပါ ing ဆက်ပြီးမသုံးဘူးလို့ ပြောတာတော့မဟုတ်ပါဘူး။

I am hungry. I want something to eat.
ငါ ဗိုက်ဆာတယ်။ တခုခုစားချင်တယ်။

I am wanting something to eat ဆိုပြီး မပြောကြပါဘူး။

Wanting a car is not her biggest wish. ဆိုပြီး wanting ကို ing ဆက်ပြီးတော့ သုံးတာမျိုးတော့ ရှိပါသေးတယ်။



ที่อยู่

Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Wisdom Bank Englishผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์