THANT-Farming VLOG

THANT-Farming VLOG Hello Welcome to my page

 #ဥသျှစ်ပင်မြန်မာနိုင်ငံအတွင်း မိုးပါးသောအရပ်များ တွင် ဥသျှစ်ပင်ကိုအတွေ့ရများသော်လည်း မိုးများသောအရပ်ရှိ ခြံဥယျာဉ်များ၌လ...
31/12/2023

#ဥသျှစ်ပင်
မြန်မာနိုင်ငံအတွင်း မိုးပါးသောအရပ်များ တွင် ဥသျှစ်ပင်ကိုအတွေ့ရများသော်လည်း မိုးများသောအရပ်ရှိ ခြံဥယျာဉ်များ၌လည်း တစ်ခါတစ်ရံထိုအပင်ကို စိုက်ပျိုးထား တတ်ကြသည်။ သို့သော် စီးပွားဖြစ်ရန် ရည်ရွယ်၍ ဥသျှစ်ပင် များများကိုသော်လည်းကောင်း၊ စံနစ်တကျသော်လည်းကောင်း စိုက်ပျိုးလေ့မရှိကြချေ။

ဥသျှစ်ပင်သည် အရွယ်အလတ်စား သစ်ပင်မျိုးဖြစ်၍ အစေ့ကိုစိုက်လျှက် အပင်သစ်ပွားအောင် ပြုလုပ်ကြသည်။ ဥသျှစ်ပင်၏ အကိုင်းအခက်များသည် ပျံထွက်နေလျှင် အပင် သည်မကြီးထွားဘဲ အသီးနည်းမည်ဖြစ်သဖြင့် အကိုင်းအခက် များကို ချိုင်ပစ်ရပေသည်။

ဥသျှစ်သားသည် ဖြူရော်ရော်အဆင်းရှိ၍ မာ၏။ အနံ့ သင်းလျှက် အရောင်တင်နိုင်သောသစ်သားဖြစ်သည်။ ဥသျှစ် သားကို အိမ်ဆောက်ခြင်း၊ လှည်းနှင့်လှည်းဘီးများလုပ်ခြင်း၊ ပန်းပုထုခြင်း စသည်တို့အတွက် အသုံးချကြသည်။

ဥသျှစ်ရွက်နုများကို တို့စရာအဖြစ် ရောင်းချလေ့ရှိ သည်။ ဥသျှစ်ပင်သည် မတ်လမှမေလအတွင်း၌ သီးလေ့ရှိ သည်။ ဥသျှစ်ပင်သည် သာမန်ကောင်းမွန်သည့် မြေဩဇာတွင် ဖြစ်ထွန်းနိုင်သည်။

ဥသျှစ်သီးအမှည့်များကို မန်ကျည်းဖျော်ရည်ကဲ့သို့ ဖျော် ရည်စိမ်၍ သောက်လေ့ရှိကြသည်။ ဥသျှစ်သီး အမှည့်သည် လူ ကိုအားရှိစေ၍ ဝမ်းလည်းကောင်းနိုင်သည်။

ဥသျှစ်သီးသည် အချင်းအားဖြင့် လေးလက်မမှခြောက် လက်မအထိရှိ၍ အခွံမှာချောမွတ်လျှက် မာသည်။ အသီးမှည့် အတွင်းတွင် လိမ္မော်ရောင်ရှိ အနံ့သင်းသော အသားနှစ်ရှိသည်။ ထိုအသားနှစ်ကို စေးကပ်သောအစေးက ဖုံးအုပ်ထား၍ အတွင်း ၌ အစေ့ပေါင်းများစွာရှိသည်။ အမျှင်လည်းထူသည်။ ဥသျှစ် သီးမှည့်၏ အနှစ်သားမှ အစေ့အမျှင်နှင့် အစေးတို့ကိုဖယ်ရှား၍ အသားသက်သက်ကိုသာ စားလေ့ရှိကြသည်။ အစေးနှင့်အမျှင် တို့ကိုစားမိလျှင် အစေး၏ပူစပ်သောသတ္တိကြောင့် နှုတ်ခမ်းနှင့် ပါးစပ်တို့တွင် အစေးလောင်တတ်သည်။ ဥသျှစ်သီးမှည့်သည် ဝမ်းကိုက်ရောဂါကဲ့သို့သော ဝမ်းဗိုက်တွင်ဖြစ်တတ်သော ရောဂါ များအတွက်ဆေးဖြစ်သည်။ ဥသျှစ်သီးစိမ်းကိုလည်း ဝမ်းဗိုက် ရောဂါများအတွက် ချက်ဆေးအဖြစ် ဖော်စပ်ကြသည်။ ဥသျှစ် သီးစိမ်း၏ အရသာမှာဖန်သည်။ ဥသျှစ်သီးမြစ်၏ အခေါက်ကို လည်း အဖျားဖြတ်ဆေးအဖြစ် အသုံးပြုနိုင်သည်။ ဥသျှစ်ပင်မှ သစ်စေးတစ်မျိုးကိုရရှိသည်။

ဥသျှစ်ပင်သည် လိမ္မော်မျိုးရင်းတွင် ပါဝင်ပြီးလျှင် ယင်းကိုရုက္ခဗေဒ အလိုအားဖြင့် အီးဂဲမာမဲလို ဟုခေါ်သည်။ ဥသျှစ်သီးကို ရခိုင်လို ဝရာဇ်သီးဟု ခေါ်သည်။

English name -Bael Fruit
Botanical name -Aegle marmelos Correa
Family name -Rutaceae

ဥသျှစ်သီး
**ပုံသဏ္ဌာန် **
အပင်လတ်မျိုးဖြစ်ပြီး ပေ(၃ဝ) မှ ပေ (၄ဝ) အထိမြင့်သည်။ အကိုင်းအခက်များ ရှုပ်ထွေးပြီး သန်မာသည်။ ရွက်လွှဲထွက်၍ သုံးရွက် မွှာပေါင်းဖြစ်သည်။ ရွက်မြွှာများ ဘဲဥပုံ ရှည်မျောမျော ဖြစ်၍ အရင်း အနည်းငယ်သွယ်ဝိုက်ပြီး အဖျားချွန်သည်။ အဖြုရောင်ပွင်ႛသည်။ အသီး လုံးဝိုင်းပြီး အပေါ်ခွံ မာကျောသည်။ အစေ့များစွာပါသည်။ အပင် - ပင်လတ် မျိုးဖြစ်၍ အမြင့် ၂၅ ပေခန့် ထိမြင့်သည်။ အခေါက် ကြမ်းပြီး ညိုဖျော့ဖျော့ အရောင် ရှိသည်။ အပွေးများ အစင်းလိုက် ရှိသည်။ အကိုင်း အခက်များ ရှုပ်ထွေးပြီး သန်မာသည်။ ၁ လက်မခန့် ရှည်သော ဆူးချွန်များ အလှည့်ကျ ထွက်သည်။ အရွက် - ရွက်လွှဲ ထွက်သည်။ သုံးရွက် မြွှာပေါင်း ဖြစ်သည်။ ရွက်မြွှာများ ဘဲဥပုံ ရှည်မျောမျော ဖြစ်၍ အရင်း အနည်းငယ် သွယ်ဝိုင်းပြီး အဖျားချွန်သည်။ အလယ်အရွက် အကြီးဆုံး ဖြစ်သည်။ ရွက်ပြား ချောပြီး အနား ပတ်လည် အဝိုက်ငယ် ကလေးများ ရှိသည်။ အနံ့သင်း၏။ ရွက်ပြား ချောသည်။ အပွင့် - ကြီးမားပြီး အဖြူရောင် ရှိသည်။ မွှေး၏။ ကဆုန် ၊ နယုန် လများတွင် ပွင့်သည်။ အသီး - စိမ်းဝါရောင် ရှိ၍ ကြီးမားသည်။ လုံးဝိုင်းပုံ ဖြစ်ပြီး အပေါ်ခွံ မာကျောသည်။ အတွင်း၌ လိမ္မော်ရောင် အစေးများဖြင့် လိမ်းကျံနေသော အစေ့များ ရှိ၏။ နယုန်လ မှာပင် သီးကင်းထွက်၏။

** အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ **
အရွက်၊ အသီး။

**မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ **
မြန်မာ နိုင်ငံ တစ်ဝန်းလုံးတွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။

*** အသုံးဝင်ပုံ ***
အာနိသင် - မြန်မာ ဆေးကျမ်းများ အလိုအရ ဥသျှစ်သီးမှည့် သည်ချို၏။ ပူ၏။ အနည်းငယ် စပ်ရှိန်း၍ သလိပ်ကို ယုတ်လျော့စေ၏။ သွေးကို ပွားစေခြင်း၊ လေသလိပ်၊ သည်းခြေနာ၊ အစာမကြေနာ နှင့် အပူကို နိုင်၏။ ဝမ်းကို ရွှင်စေ၏။ အဖျားကို နှိမ်နင်း နိုင်၏။

***အသုံးပြုပုံ***
အရွက်
၁။ ဥသျှစ်ရွက် ပေါင်းတိုက်ရည်ကို ကြွေဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပေးက ကလေးများ ဝမ်းပျက် ရောဂါနှင့် ချွဲသလိပ် ကျပ်ရောဂါ ပျောက်ကင်း၏။
၂။ ဥသျှစ်ရွက်ကို ကြိတ်၍ မျက်စိ၌ ကွင်းပေး ပါက မျက်စိနာ ရောဂါ ပျောက်၏။
၃။ ဥသျှစ်ရွက် ညှစ်ရည်ကို နံနက် ည သောက်ပေးပါက ဖျားခြင်း၊ မျက်ရည်ပူ ယိုခြင်း၊ ချောင်းဆိုး ခြင်းများ ပျောက်၏။
၄။ အနာ၊ အဖု အပိမ့်များကို ၎င်းအရွက်စိမ်း ကြိတ်၍ အုံပေးပါက နုလျှင် ပိန်၍ ရင်းလျှင် ပြည်ပေါက်၏။
၅။ ကလေးများ သန်ထလျှင် ဥသျှစ်ရွက် ညှစ်ရည်ကို အရွယ်အလိုက် ချင့်၍ တိုက်ပေး ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။

#လက်တွေ့အသုံးချဆေးဖက်ဝင်အပင်များ

29/12/2023

အဆိပ်ရှိတဲ့မြွေ ခေါက်းပြတ်နေလည်းသွားမကိုင်မိစေနဲ့နော်🪱

အကျိုးပြုပိုးမွှားတွေကို စိုက်ခင်းထဲဝဲနေအောင် စွဲဆောင်နည်းစိုက်ပျိုးသူ တောင်သူတစ်ယောက်အနေနဲ့ ဖျက်ပိုးတွေ သီးနှံကိုဖျက်စီ...
28/12/2023

အကျိုးပြုပိုးမွှားတွေကို စိုက်ခင်းထဲဝဲနေအောင် စွဲဆောင်နည်း
စိုက်ပျိုးသူ တောင်သူတစ်ယောက်အနေနဲ့ ဖျက်ပိုးတွေ သီးနှံကိုဖျက်စီးနေတာကိုမြင်ရတာက ရင်နာ စရာအကောင်းဆုံးမြင်ကွင်းပဲမဟုတ်ပါလား။ စိုက်ခင်းထဲမှာရှိနေတတ်တဲ့ အင်းဆက်တွေက အကျိုးပြု ပိုးမွှားလည်းဖြစ်နိုင်သလို သီးနှံတွေကိုဖျက်ဆီးပစ်မယ့် ဖျက်ပိုးတွေလည်းဖြစ်နိုင်ပါတယ်။ ခရမ်းချဉ် သီးဖျက်ပိုး (hornworm)က ဦးကြီးတို့ရဲ့ခရမ်းချဉ်စိုက်ဘောင်တစ်ဘောင်ကို တစ်ညထဲနဲ့အပြီး ဖျက်ဆီး စားသောက်လိုက်နိုင်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ပိုးသတ်ဆေးမသုံးဘဲ ဖျက်ပိုးတွေကို နှိမ်နင်း နိုင်တဲ့ သဘာဝအစာကွင်းဆက်နည်းကို အသုံးပြုနိုင်ပါတယ်။ တချို့အကျိုးပြုပိုးတွေက အေးဖစ် ဘီတယ်ကဲ့သို့သောဖျက်ပိုးတွေကို စားသောက်နိုင်ပြီး အချို့အင်းဆက်တွေက သီးနှံတွေကို ဝတ်မှုန် ကူးခြင်းအားဖြင့် အကျိုးပြုနိုင်ပါတယ်။ ဒါကြောင့် အကျိုးပြုပိုးတွေကို စိုက်ခင်းထဲရောက်အောင် စွဲဆောင်တာဟာ ကောင်းတဲ့အမူအကျင့်ပဲဖြစ်ပါတယ်။
ဦးကြီးတို့အနေနဲ့ ပိုးမွှားတွေကိုမြင်လိုက်တဲ့အခါ ပထမဦးဆုံး ဆေးဖျန်းဖို့လိုနေပြီဆိုတဲ့အတွေးကို ဖျက် သိမ်းပေးရပါမယ်။ များစွာသောဓာတုပိုးသတ်ဆေးတွေက ဖျက်ဆီးတဲ့ပိုးမွှားတွေအပြင် အကျိုးပြု ပိုးမွှားတွေကိုပါ ထိထိရောက်ရောက်ဖြေရှင်းလိုက်နိုင်ပါတယ်။ ဦးကြီးတို့စိုက်ခင်းထဲမှာ အကျိုးပြု ပိုးမွှားတွေစားသုံးတဲ့ ဖျက်ပိုးတွေကို ထောက်ပံ့ပေးနေမှသာ အစာကွင်းဆက် အမျှင်တန်းနေမှာပဲ ဖြစ်ပါ တယ်။ အကျိူးပြုပိုးမွှားတွေကို စွဲဆောင်တဲ့နေရာမှာ ဖျက်ပိုးတွေ တဟုန်ထိုးများလာနိုင်ပါတယ်။ မတုန်လှုပ်ပါနဲ့။ စိတ်ရှည်ဖို့က အရမ်းအရေးကြီးပါတယ်။ အကျိုးပြုပိုးမွှားတွေက ၎င်းတို့၏သက်ရှိကို ရှာဖွေရန် အချိန်လိုအပ်ပါတယ်။ ဥပမာ အကျိုးပြုပိုးအမသည် ဖျက်ပိုးများရှိသောစိုက်ခင်းကို အစာ အရင်းအမြစ်အဖြစ် သတ်မှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စတင်ပြီးမိတ်လိုက်ကာ ဥဥကြပါတော့တယ်။ အဲ့ဒီအခါ အကျိုးပြုပိုးမွှားများ စိုက်ခင်းအတွင်းများလာပြီး ဖျက်ပိုး ကင်းစင်တဲ့စိုက်ခင်းကို ရလာပါပြီ။ တစ်ခါတစ်ရံဖျက်ပိုးပြင်းထန်လာတဲ့အခါ ဓာတုပိုးသတ်ဆေးကို သတိနဲ့ ထိန်းချုပ်အသုံးပြုသင့်ပါတယ်။ ဦးကြီးတို့အနေနဲ့ သင့်လျော်တဲ့ထုတ်ကုန်ကို ရွေးချယ်အသုံးပြု ခြင်းက အကျိုးပြုပိုးမွှားများအပေါ် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်စေမှာပါ။
မှန်ကန်သောအပင်များကို ရွေးချယ်ခြင်းသည်လည်း အကျိုးပြုပိုးမွှားများကို ဆွဲဆောင်နိုင်တဲ့ အချက် တစ်ချက်ပဲ ဖြစ်ပါတယ်။ ရာသီအစမှာ အကျိုးပြုပိုးမွှားများကို စွဲဆောင်ရန်အတွက် ဦးကြီးတို့ စိုက်ပျိုးထားသော သီးနှံများကို အစောပိုင်း ပန်းပွင့်တတ်သောအပင်များနဲ့ ရောနှော၍ စိုက်ပျိုးသင့် ပါတယ်။ ပေါင်းစပ်ပန်းပွင့်ပုံစံရှိတဲ့အပင်က အကျိုးပြုအင်းဆက်ပိုးအတွက် အကျိုးရှိဆုံး အစာအရင်း အမြစ်ပဲဖြစ်ပါတယ်။
ရောနှောစိုက်ပျိုးသင့်တဲ့ အကောင်းဆုံးမျိုးနွယ်ဝင် (၅) မျိုး
Aster Family မေမြို့ပန်း၊ ဂန္ဓမာပန်း၊ ဒေလီယာပန်း၊ ထပ်တရာပန်း၊ ဒေါင်းဖန်ဝါပန်း။
Carrot Family ကရဝေး၊ ဉနီ၊ တရုတ်နံနံ၊ ဇီယာပင်၊ စမုန်စပါး စတဲ့ ဟင်းခတ်အမွှေးအကြိုင်အပင်များ။
Legume Family ပဲတီစိမ်း၊ ကုလားပဲ၊ ပဲပုပ်၊ မန်ကျည်းပင်။
Mustard Family မုန်ညှင်း၊ ဘရိုကိုလီ၊ ဂေါ်ဖီထုတ်၊ ဂေါ်ဖီပန်းပွင့်။
Verbena Family ဆောင်တော်ကူးပန်းမျိုးနွယ်ဝင် အပင်တို့ပဲဖြစ်ပါတယ်။
ဦးကြီးတို့စိုက်ခင်းမှာ ရေဖျန်းကိရိယာ(sprinkler) ကို အသုံးပြုပါက အကျိုးပြုပိုးရဲ့ ရေဓာတ် အလုံ အလောက်ရရှိဖို့အတွက် အိုင်ရှိဖို့လည်းလိုအပ်ပါတယ်။ အကျိုးပြုပိုးတွေက ရေအလုံအလောက် မရှိတဲ့စိုက်ခင်းမှာ ကြာကြာမနေဘဲ ထွက်သွားတတ်ကြပါတယ်။ စိုက်ဘောင်များကို မြေဖုံးပေးထားခြင်း (mulching) နည်းကလည်း မြေဆီလွှာအစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပြီး အကျိုးပြုပိုးမွှားများကို ရေရှားပါးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

Credit: အစိမ်းရောင်လမ်း

စိုက်ပျိုးမြေကောင်း🍚မကောင်းစမ်းသပ်နည်း===============================ကိုယ့် မြေကြီးဘယ်လောက်ပျက်စီးနေသလဲ သိချင်ရင်လက်ရှိစ...
28/12/2023

စိုက်ပျိုးမြေကောင်း🍚မကောင်းစမ်းသပ်နည်း
===============================
ကိုယ့် မြေကြီးဘယ်လောက်ပျက်စီးနေသလဲ သိချင်ရင်လက်ရှိစိုက်ပျိုးလုပ်ကိုင်နေတဲ့ ၄၊ ၅ နေရာကမြေကြီး လက်တဆုပ် ကျုံးပါ။

ရေသန့်ဗူးလွတ်ထဲထည့်ရေအပြည့်ထပ်ဖြည့်ပြီး အဖုံးကို မတင်းမလျော့ ဖုံးပေးပါ။

အရိပ်ရပြီး ခြောက်သွေ့တဲ့နေရာမှာ ထားလိုက်ပါ။
ဗူးကို လုံးဝမလှုပ်စေရပါ။

မြေကြီးကျုံးတဲ့နေရာဟာမြေသြဇာ တိရိစ္ဆာန်ချေး၊ ဘိုကာချီ အီးအမ်၊ အင်ဇိုင်း နဲ့ အမိုင်နို ၊ဟော်မုန်းဆေးတွေ ဖျန်းထားတဲ့နေရာ မဖြစ်ရပါဘူး

(၂၁) ရက် ကျော်ကြာလာရင် ပုံစံပြောင်းလာရပါမယ်။

အောက်ပါတို့ဟာ အဖြေ ဖြစ်ပါတယ်။

၁။ အရောင်မပြောင်းဘူးကြည်လင်နေတယ် ဆိုရင် သင့်ခြံမှာ မြေဆီ မြေနှစ် မရှိတော့သလောက်ဖြစ်နေပါပြီ။

၂။ အနည်းငယ်နောက်ကျိနေမယ်ဆိုရင်
သင့်ခြံဟာ အလယ်အလတ် အဆင့်ပါ။

၃။ နီညိုရောင် စိမ်းပြာပုပ်ရောင်ဆိုရင်တော့ သင့်ခြံ ဟာ GOOD ပါ။

မြန်မာနိုင်ငံ ရဲ့ လယ်မြေတွေကို
စမ်းသပ်ကြည့်လိုက်ရာ ရေအရောင်ဟာ
အကြည်လင်ဆုံး ဖြစ်နေတာကို ဝမ်းနည်းစရာ တွေ့ရပါတယ်

သစ်တောကြီးတွေရဲ့အောက်ကမြေကို
စမ်းကြည့်ရာ နီညိုစိမ်းပြာမဲပုပ်နေတာတွေ့ရပါတယ်

Credit original uploder

အဟာရဓါတ်ချို့တဲ့မှု အလွယ်တကူသိရှိနိုင်ခြင်းနှင့် ဖြေရှင်းနည်းများ(zzh DOA Ye U)
28/12/2023

အဟာရဓါတ်ချို့တဲ့မှု အလွယ်တကူသိရှိနိုင်ခြင်းနှင့် ဖြေရှင်းနည်းများ(zzh DOA Ye U)

မြေချဉ် / မြေငံ ပြုပြင်နည်း==================အပင်တွေ လိုအပ်တဲ့ အာဟာရဓာတ် ၁၆မျိုးထဲမှာ၊ ကာဘွန်၊ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်...
28/12/2023

မြေချဉ် / မြေငံ ပြုပြင်နည်း
==================

အပင်တွေ လိုအပ်တဲ့ အာဟာရဓာတ် ၁၆မျိုးထဲမှာ၊ ကာဘွန်၊ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်၊အပြင်NPK,ca,Mg,s,cu,zn,B,mn,mo,cl,fe စသဖြင့် Base ရော၊ alkali ရော မျှတစွာပါဝင်တာ သိပြီးသားဖြစ်မှာပါ။

မြေဆီလွှာသိပ္ပံနည်းအရ ရော၊ လူ့ဇီဝကမ္မ ဖြစ်စဉ်အရ ပါ ကြည့်ရင်၊ လူ့ သွေးထဲမှာ အချဉ်ဓာတ်များရင် ရောဂါ များသကဲ့သို့၊
မြေဆီလွှာထဲမှာ ၊အချဉ်များရင် ၊ အဲဒီအပေါ်မှာစိုက်တဲ့ အပင်ဟာလည်း ၊ ဇီဝကမ္မ ဖောက်ပြန်တာ သဘာဝပါပဲ။
ဒီသဘောကို မပိုင်နိုင် မစူးစမ်းပဲ မြေကြီးကို၊ မြေချဉ်ငံ မတိုင်းပဲ၊ ၁၅ ပတ်လည်၊ ၁၆ပတ်လည် တွေ ထည့်နေမယ် ဆိုရင်၊
နဂို ချဉ်ထားတဲ့ မြေကြီးဟာ ၊အပင်ကမစားနိုင်တဲ့အပြင်
မြေပျက်တာ ပိုနေဦးမှာပါ။
ဒါကြောင့်လည်း ၊အပင်အားမရတိုင်း ၊မြေသြဇာထည့် လာလိုက်တာ၊ သခွားမွှေးတဧက ကို၊ ၁၅ လည် ၁၅-၂၀ အိတ်ကုန်တယ်ဆိုပဲ။

အချိုမှုန့်စွဲနေတဲ့သူဟာ ၊ဟင်းတိုင်းမှာ မပါရင် မစားနိုင်တော့သလို၊ မြေခံပျက်နေတဲ့မြေဟာ ၊မြေသြဇာ တိုး တိုးပြီးထည့်မှ၊အပင်က စားနိုင်လာပါတယ်။
အဓိက ပြောလိုရင်းကတော့၊ ကိုယ့်မြေအနေအထားအရ အပင်ကစားနိုင်သလောက်၊နည်းနည်းချင်းနဲ့ ခဏခဏ ကျွေးပေးတာဟာ ၊ အထိရောက်ဆုံးနဲ့ အမှန်ကန်ဆုံးပါ။

စိုက်ပျိုးရေးလောကမှာ၊ ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်ကိုင်တော့မယ်ဆိုရင်
မြေကြီးကို အချဉ်ငံတိုင်းပါ။ ကိရိယာမရှိရင် ၊ ဗီနီဂါ (ရှာလကာရည်)နဲ့၊ဆော်ဒါနည်းနဲ့ တိုင်းတာပါ။(ယခင်ဖော်ပြပြီး)
PH8.5ထက်များနေရင် အယ်ကာလီများနေပါပြီ။ငံပါတယ်။

PH5.5အောက် ဆိုရင် ၊ အက်ဆစ်ဓာတ်များနေပါပြီ။ချဉ်ပါတယ်။
မြေငံ ဖြစ်နေပါက
''''''''''''''''''''''''

နားချေး၊ကြက်ချေး၊ သဘာဝမြေသြဇာ၊ များများထည့်ပါ။
သစ်စိမ်းမြေသြဇာ ကျွေးပါ။
အချို့နိုင်ငံတွေမှာတော့ ၊အိုင်းရွန်းဆာလဖိတ် ကျွေးပါတယ်။
၁စတုရန်းပေ အတွင်း၊ ၁ဝပေါင်နုန်း ထည့် ရပါတယ်။

မြေချဉ်ပြုပြင်ရန်
'''''''''''''''''''''''

မြန်မာနိုင်ငံ နေရာအတော်များများမှာ၊ pH တိုင်းကြည့်ရင် ချဉ်နေတာ များပါတယ်၊
မြေချဉ်တာဟာ မြေထဲမှာ၊ သံ ၊အလူမီနီယံနဲ့ မင်းဂနိ ဓာတ်များနေလို့ပါ။ ဒီထဲမှာ မိုးရေထဲက အက်ဆစ်နဲ့ ပေါင်းတော့ ပိုဆိုးတာပေါ့လေ။
အဲသည်တော့ ကား

မြေထဲကို ထည့်လိုက်တဲ့ pဖော့စဖရပ်တွေကို အပင်ရဲ့အမြစ်တွေက မစားနိုင်အောင် သံ၊အလူမိနီယံတွေက၊ထိန်းချုပ်ခြင်း(fixation)ခံရပါတော့တယ်။
မြေထဲမှာ နဂိုက Pတွေရော၊ ထည့်လိုက်တဲ့pတွေ ကို ၊မစားနိုင်တာ မသိပဲ ၊ထပ်ထပ်ထည့်တော့ ပိုကုန်တာပေါ့။(p2o5 ဟာ ပျော်ဝင်မှုလည်းနှေးလို့ ၊ အပင်က မြန်မြန်လည်းမစားနိုင်ပါဘူး)
PH 5.5 အောက်ရောက်လေ၊ pဖော့စဖရပ်ထိန်းချုပ်ခံရလေ ၊အပင် ဖြစ်ထွန်းမှုနှေးလေ ပါပဲ။
ဒါကြောင့် ချဉ် ရင် -ထုံး ၊ငံရင် -ကန့် ဆိုတာလို

မြေချဉ်ရင် ထုံး (limestone)ထည့်ရပါတယ်။

Limestone နှစ်မျိုး ခွဲခြားထားပါတယ်၊

Calcitic limestone ( ကယ်လစီယံများသောထုံးမှုန့်)

Dolomite limestone (မဂ္ဂနီစီယံ ပါသော ထုံးမှုန့်) ဖြစ်ပါတယ်။
ဒါကတော့ ကိုယ့်မြေဟာ ကယ်လစီယံချို့ တာလား၊ မဂ္ဂနီစီယံလိုအပ်သလား ကြည့်ပြီး ၊ရွေးချယ် သုံးဖို့ပါ။

ထုံးထည့်တဲ့အခါလည်း၊ ပစ္စည်းအရည်အသွေး၊ထည့်တဲ့နုန်းထား၊နည်းစနစ် စတာတွေလည်း လိုအပ်ပါလိမ့်မယ်။
အကြမ်းဖျဉ်းတော့
တဧက အပေါ်မှာ၊ pH တယူနစ် တက်ဖို့ ၊တနှစ်ကို ၊

ထုံးတတန် (အိတ်၂၀)ထည့်ရမှာပါ။

တယူနစ်ဆိုတာ

ဥပမာ pH 4.5 ဆိုပါစို့ ၊ ထုံးထည့်ပြုပြင်လို့ ၊တယူနစ် တိုးလာမယ်ဆိုရင် 5.5ဖြစ်သွားတာကို ဆိုတာပါ။

တယူနစ်တက်ဖို့ မလွယ်ပါဘူး။ တနှစ်တခါ pH တိုင်းပါ။
သုံးနှစ် ဆက်တိုက် ထုံးထည့်ပါ။

အဲ သည်လို ၊ မြေကို ပြုပြင်ပြီးမှ ၊ မြေသြဇာကို ၊၁၅ ပတ်လည် မဟုတ်ပဲ၊ pနဲ့kကို မြေခံမှာထည့်လို့။ ကျန်တာကို ၊အပင်အခြေနေ ကြည့်ပြီးမှ ၊ ဆာမှကျွေး စနစ် သုံးမယ်ဆိုရင် ၊ ပိုပြီး အကျိုးအမြတ် များစေနိုင်မှာ မလွဲပါဘူး။
"လူ ကို သင်မှ တတ် သလို

မြေကိုလည်း ပြင် မှ ထွက်သတဲ့။"

မလိုအပ်ပဲ ၊ မြေသြဇာ များများ သုံးစွဲခြင်း ကြောင့်

၁။ ကုန်ကျစရိတ် များပြားခြင်း၊

၂။ အပင်အတွက် အာဟာရအဆိပ်သင့်ခြင်း။

၃။ ပိုးမွှား/ရောဂါ ခံနိုင်ရည် မဲ့ခြင်း၊

၄။ အပင်ဇီဝကမ္မ နှောင့်နှေးခြင်း၊

၅။ အထွက်နုန်ူးနှင့် အရည်းအသွေး ထိခိုက်ခြင်း၊

၆။ မြေဆီလွှာ ပျက်သုဉ်းခြင်း၊

စတဲ့ ဆိုးကျိုးတွေ ၊ မလွဲမသွေ ရရှိစေပါတယ်။

ဒါကြောင့် ၊ မိတ်ဆွေများအတွက် ၊သိသလောက်လေးကို ၊စေတနာရှေ့ထားပြီး၊ ရေးသားလိုက်ရပါတယ်။

စိုက်ပျိုးရေးဖြင့် ၊ဘဝ မြင့်မားတိုးတက်ကြပါစေ။

မူရင်းရေးသားသူအားလေးစားစွာဖြင့်

28/12/2023

မိမိတို့အိမ်မှာစိုက်ထားတဲ့
ပန်းအိုးထဲဘာကောင်တွေရဲ့
ဥတွေလာဥမှန်းမသိဘူးဆိုသူ
များပုတ်သင်ညိုရဲ့ဥတွေပါနော်

27/12/2023

ရာသီဖျားနှင့်လိမ္မော်သီးမီးဖုတ်
ရာသီအကူးအ ပြောင်းမှာနှာစေး၊နှာပိတ်၊
သလိပ်ကပ်ပြီးအနေရအထိုင်ရခက်‌ နေ
လို့ လိမ္မော်သီးတစ်လုံးမီးဖုတ်ပြီးစားလိုက်
တာ နှာ တွေပိတ်၊သလိပ်ကပ်နေတာ‌‌ တွေ
အတော့ကိုသက်သာသွားလို့မျှဝေ ပေး
လိုက်တာပါ၊သာမာန်ဖြစ်တာလောက်က
တော့တကယ်ကောင်းတာလက်တွေ့ပါ
#လိမ္မော်သီးမီးဖုတ်

27/12/2023

တယ်လီနော်ဖုန်းနံပါတ် messages boxကိုဒီနေ့စစ်ကြည့်တော့GameZtwoတစ်နှစ်စာဝန်ဆောင်မှုစနစ်ဖြင့်ရယူပြီးပါပြီဆိုတဲ့စာကိုပို့ထားတဲ့အပြင်တစ်နှစ်စာဝန်ဆောင်မှုမှအရစ်ကျအပါတ်စဉ်ကြေး ၃၀၀ကျပ်ကို ၂၄နာရီအတွင်းကောက်ခံသွားမည်ဆိုတဲ့စာပါပို့ထားတာကိုတွေ့ရပါတယ်။
ATOM Page Messangerကနေသွားပြောတော့မှသူတို့ဖြတ်ယူထားတဲ့ပိုက်ဆံကိုပြန်ပေးကေညာင်းစာပို့ပါတယ်။ ကျနော်ဆိုဂိန်းလည်တခါမှမဆော့ပါဘူးဝါသနာလည်းမပါတာကြောင့်ပါအခုလိုဂိန်းမဆော့သူတွေဖုန်းကိုအသုံးပြုနေပေမဲ့ဖုန်းအကြောင်းနားမလည်သူတွေဆိုရင်ဒီငွေကိုအပါတ်စဉ်အဖြတ်ခံနေရမှာပါ။
ဖုန်းတစ်လုံးကိုတစ်ပါတ်(၃၀၀)ကျပ်တစ်လ၁၂၀၀ကျပ် ဖုန်အလုံးပေါင်းထောင်းသောင်းသိန်းချီဆိုရင်ဒီငွေတွေဘယ်လောက်တောင်ဖြစ်မလဲတွက်ကြည့်ပေါ့ဗျာ။
မိမိဂိန်းဝယ်ဆော့လို့ပေးရတာဆိုပေးရတာကအကြောင်းမဟုတ်ပေမဲ့ကိုယ်မသုံးဘဲဘေကိုဖြတ်ယူခံထိသူတွေမသိဘဲဘယ်လောက်တောင်ခံနေကြရလည်းဆိုတာမိမိဖုန်းMessages box ကိုမကြာခဏစစ်ဆေးပေးဖို့လိုပါတယ်ကိုယ်တိုင်နားမလည်ရင်နားလည်သူကိုမေးကြည်ပြကည့်ကြပါလို့သတိပေးလိုက်ရပါတယ်ဗျ။

ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကတောင်သူလယ်သမားတွေကိုမြန်မာပြည်သို့တင်သွင်းတဲ့ဓာတုပိုးသတ်ဆေးပြင်းတွေ...
22/12/2023

ကျွန်တော်တို့အိမ်နီးချင်းနိုင်
ငံဖြစ်တဲ့ထိုင်းနိုင်ငံကတောင်
သူလယ်သမားတွေကိုမြန်မာ
ပြည်သို့တင်သွင်းတဲ့ဓာတုပိုး
သတ်ဆေးပြင်းတွေကိုသူတို့
အစိုးရကအသုံးပြုခွင့်မပေးပါ
ဘူးတဲ့ဗျာ၊
သူတို့ဆီမှာ ဓါတ်မြေဩဇာကို
အများအပြားအသုံးပြုပြီးအသီး
နှံတွေကြီးထွားတာမျိုးကိုလည်း
မစားသုံးကြဖူးလို့ပြောပါတယ်။
ကျနော်တို့ဆီကစားသုံးသူနဲ့က
တော့ကွာပ အသီးအနှံများကိုကြီးမှ
ထွားမှလှမှစားသုံးကြတယ် ပိုးကိုက်
လေးနဲနဲပါရင်တောင်မစားကြဘူး
ငှက်ပျောသီးတောင်တစ်ဖီးလုံး
အဝါရောင်ပေါက်နေပြီးအမည့်ညီ
မှဝယ်တယ် သဘာဝအမည့်က
အရောင်မညီတာကိုသူတို့နားမလည်
ဘူးဆေးစိမ်အုပ်ထားတာကိုမှဝယ်
ယူအားပေးကြတယ်။
စိုက်ပျိုးထုတ်လုပ်ရောင်းချသူ
တွေကလည်းကိုယ့်ထုတ်ကုန်ရောင်း
ရဖို့စားသုံးသူရဲ့အကြိုက်ကိုလိုက်
လုပ်ရတော့ စားသုံးသူကိုအန္တရာယ်
ဖြစ်စေတဲ့စားသုံးသီးနှံတွေဖြစ်ကုန်
ရော ဒါကိုနေ့စဉ်စားသုံးနေရတော့
ဓါတုဓာတ်ကြွင်းအဆိပ်ကိုနေ့စဉ်
နဲနဲဆီစားနေရသလိုဖြစ်ပြီးကြာလာ
တောလူရဲ့ခန္ဓာကိုယ်ထဲအဆိပ်တွေ
စုပြီး ရောဂါတွေဖြစ်ကုန်ကြတာ
ပေါ့ အဆိုးဆုံးကတော့ ကင်ဆာ
ရောဂါတွေအဖြစ်များလာတာပဲ၊
ဒါ့ကြောင့်မိမိ မိသားစုရေရှည်ကျန်း
မာရေးအတွက်အိမ်ရှင်မတွေမှာ
လည်းတာဝန်ရှိပါတယ် စားသုံးသီး
နှံတွေဝယ်ယူချက်ပြုတ်တဲ့အခါ
လှပေ့ချောပေ့ဆိုတဲ့အသီးအနှံတွေ
အများစုမှာ ဓာတုဓာတ်ကြွင်းအဆိပ်
တွေစုဝေးနေတယ်ဆိုတာကို သ
ဘောပေါက်ကြဖို့လိုပါတယ်ဗျာ
ဒီပို့စ်ကိုတော့ဓါတုပိုးသတ်ဆေး
ကိုတွင်တွင်ကျယ်ကျယ်အသုံးပြုနေ
သူတွေကတော့ကြိုက်ကြမှာမဟုတ်
ပါဘူး
မကြုက်လည်းမတက်နိုက်ပါဘူး
ကျနော်တို့ကိုယ်တိုင်းလည်းတစ်ချိန်
ကအသုံးပြုခဲ့ပေမဲ့ အခုတော့သဘာ
ဝပိုးနှင်ဆေးကိုပဲပြုပါတော့တယ်

22/12/2023

☠️☠️☠️☠️☠️☠️☠️☠️☠️☠️
🍆🥑🫑🥬🥒🥦🌽🥕🍅
🐛🪳🪰🕷️🦗
အဆိပ်သီး ( သို့ )
ပဲတောင့်ရှည်။
ဘာကြောင့် အဆိပ်သီး လို့ခေါ်ရသလဲဆိုရင်
၁။ ပဲတောင့်ရှည် စိုက်ခင်းများကို ၃ရက် ( သို့ ) ၅ရက် တစ်ခါ ပိုးသတ် ဆေး အပြင်းများ ဖြန်းကြပါတယ်။
၂။ ပိုးသတ် ဆေးဖြန်းပြီး နောက် သီးနှံ ခူးဆွတ် ရမည့်ရက်သည် ၇ ရက် မှ ၁၅ ရက်ထိ စောင့်ဆိုင်းရန် လိုအပ်သော်လည်း ပဲတောင့်ရှည် ကိုတော့ ၁ရက်ခြား တစ်ခါ ခူးဆွတ် ပေးရပါတယ်။
၃။ ဆေး Company များ နှင့် စိုက်ပျိုးရေးဆေး အရောင်းဆိုင် ဝန်ထမ်းများမှ သတိပေးပြောဆိုမှု အားနည်းခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အသိပညာပေးရေး အားနည်းမှု၊ တောင်သူများ၏ စားသုံးသူအပေါ်ထားရှိသော စေတနာ အားနည်းမှု . . . . . စသည်၊ စသည် တို့ကြောင့်ဟု မိမိအ နေဖြင့် ထင်မြင်မိပါသည်။
အဆိုပါ ဓါတ်ကြွင်းအာနိသင်ကျန်ရှိသော ပြသနာသည် အရွက်စား‌‌သုံးရသော သက်တမ်းတို ဟင်းသီးဟင်းရွက်အများစုတွင် တွေ့ရပါသည်။ ထို့ကြောင့် "အသက်တိုချင်လျှင် အသီးအရွက်စား"ဟုပင် ဆိုစမှတ် ပြုရတော့မလိုဖြစ် နေပါသည်။ ကင်ဆာ ဖြစ်ပွားမှု အများဆုံးသော နိုင်ငံများတွင်လည်း ထိပ်ဆုံးမှ ရပ်တည်လို့ နေပါသည်။
👉 စားသုံးသူ များကိုယ်တိုင်ကပင် ဂရုမစိုက် လိုကြ တော့။
🕺 ဒီဟင်းသီးဟင်းရွက်ဟာ ဘယ်က ရရှိရောင်း ချနေသလည်း၊ ဘာဆေး တွေ သုံးထားနိုင်သလည်း၊ ဆေးဖြန်းပြီး နောက် သတ်မှတ် ရိတ်သိမ်းခူးဆွတ်ရမည့် ရက်ကို စောင့်ထိန်းပါရဲ့လား စသည့် တို့ကို သိရှိရန်မှာ စားသုံးသူအဖို့ ခတ်ခဲလှသည့် အတွက်ကြောင့်လည်း ဖြစ်နိုင်ပါသည်။
👍 ထို့ကြောင့် မိမိ၏ မိသားစု အန္တာရာယ် ကင်းသော ဟင်းသီးဟင်းရွက် စားသုံးဖို့ရန်မှာ ကိုယ်တိုင်စိုက်ပျိုးခြင်း (သို့) ယုံကြည်ရသော စိုက်ပျိုးသူထံမှ ဆက်သွယ်ဝယ်ယူခြင်း စသည့် နည်းလမ်းများဖြင့်သာ ဖြေရှင်းရပါတော့မည်။ Organic အသိအမှတ်ပြု ဟင်းသီးဟင်းရွက်များ ကြပြန်တော့လည်း အလွန် ဈေးကြီး ပေးရပြန်သည် မဟုတ်ပါလား။
ပဲတောင့်ရှည် စိုက်ပျိုးနည်း။ ။
"နည်းအမျိုးမျိုး ဒေသအလိုက်ကွဲ ပြားသည့်အတွက် မိမိ အိမ်ခြံဝန်းအတွင်း အလွယ် စိုက်ပျိုးနိုင်သည့် နည်းကို ဖော်ပြပေးပါ့မည်။"
- ၃ ပေ ခြား၍ စိုက်တန်း နှစ်တန်း မြေစွပါ။
-၉လက်မ စီခြား၍ တစ်ကျင်းလျှင် မျိုးစေ့ သုံးစေ့ခန့်ချ၍ မြေ လက်မဝက်ခန့် ပြန်ဖုံးပါ။
- ရေပုံမှန် လောင်း၍ ပေါင်းမြက်များ ရှင်းလင်း ပေးပါ။
- ၂၀ရက်သား ခန့်တွင် ဘောင်လုံး ပေးပါ။
- စင်ပေါ်တက်မည့် အညွန့် ထွက်လာသည်နှင့် ပုံပါအတိုင်း 🙏 ပုံစံ စင်လေးပြုလုပ် ပေးပါ။
- ၁၀ရက်ခြား တစ်ကြိမ် လောက် ထွက်လာသည့် အညွန့်သစ်များ ၆လက်မခန့် ခူးဆိတ်၍၊ ၂ကြိမ်ခန့်ခေါင်ညွန့် နှိမ် ပေးပါ။
🐞 ပျ နှင့် ယင်ဖြူ ကဲ့သို့သော စုပ်စားပိုးများ၊ ပွင့်ထွေး၊ သီးလုံးဖာက်၊ ငမြောင်တောင် ကဲ့သို့သော ပိုးများ ကျရောက်ဖျတ်ဆီးတက်ပါတယ်။ ဓါတု ဆေးအပြင်းမသုံးလိုလျှင် သဘာဝ ဆေးများပြုလုပ်သုံးစွဲပါ။ ပိုးတစ်ဝက်၊ စိုက်ပျိုးသူတစ်ဝက် မျှဝေစားသုံးပါ😁။
🙏ကျန်းမာ သော မိသားစုဘဝ ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျား။
☠️☠️☠️☠️☠️☠️☠️☠️☠️☠️
🍆🥑🫑🥬🥒🥦🌽🥕🍅
🐛🪳🪰🕷️🦗
ကျွန်တော်ကတော့ကိုယ်တိုင်
သဘာဝပိုးနှင်ဆေးတွေပဲပြုလုပ်
သုံးစွဲပါတယ်။
#အဆိပ်သီး
#ပိုးသတ်ဆေးအန္တရာယ်

-Farming VLOG

ที่อยู่

Mae Sot
Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ THANT-Farming VLOGผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์