09/06/2026
🚨 မူဆယ်တွင် ရွှေဆိုင်ပိုင်ရှင် လင်မယား ဓားပြတိုက်ခံရ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၌ ဇွန်လ ၈ ရက် ညနေပိုင်းက ရွှေဆိုင်ပိုင်ရှင် ဇနီးမောင်နှံ ၂ ဦး ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်းများအရ ဆိုင်ပိတ်ပြီး နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အဖြူရောင်ကားတစ်စီးက ဝင်တိုက်ခဲ့ပြီး ဆိုင်ကယ်လဲကျသွားချိန်တွင် လက်နက်ကိုင်အမျိုးသားများက သေနတ်ဖြင့် ချိန်ရွယ်ကာ ရွှေနှင့် ငွေသားထည့်ထားသည့် အိတ်ကို လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် အဖြူရောင်ကားကို နောက်ပိုင်းတွင် မူဆယ်စက်မှုဇုန်အနီး၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရပြီး လုယူခံရသည့် ပစ္စည်းတန်ဖိုးကို စုံစမ်းနေဆဲဖြစ်သည်။
📌 သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
🚨 สองสามีภรรยาเจ้าของร้านทองในเมืองมูเซอ ถูกปล้นกลางทาง
เมื่อวันที่ 8 มิถุนายน ช่วงเย็น เจ้าของร้านทองสองสามีภรรยาในเมืองมูเซอ ถูกกลุ่มคนร้ายใช้อาวุธปล้นขณะขี่รถจักรยานยนต์กลับบ้าน โดยมีรถยนต์สีขาวขับชนก่อน จากนั้นคนร้ายใช้อาวุธปืนข่มขู่และชิงเอาถุงที่มีทองและเงินสดหลบหนีไป
ภายหลังพบรถยนต์คันที่ใช้ก่อเหตุถูกทิ้งไว้ใกล้เขตนิคมอุตสาหกรรมเมืองมูเซอ ขณะนี้เจ้าหน้าที่กำลังสอบสวนเพิ่มเติม
🚨 Gold Shop Owner Couple Robbed in Muse
On June 8 in the evening, a gold shop owner couple in Muse, northern Shan State, was reportedly robbed at gunpoint while returning home on a motorcycle.
According to reports, a white car first rammed their motorcycle, causing them to fall. Armed men then threatened them with guns and stole a bag containing gold and cash before fleeing the scene.
The white vehicle used in the incident was later found near the Muse industrial zone. Authorities are currently investigating the case.
🚨