
05/02/2024
ဒီးမော့ဆိုရှိ စစ်ရှောင် စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ ၄ဦးသေဆုံး ၁၁ ဦးကျော်ဒဏ်ရာရထား
5 Feb 2023
TazePost
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်ကလေးငယ်များ၏ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချရာ ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိထားကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးများအသုံးပြုကာ ကြဲချခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ ကလေးငယ်များမှာ အသက် ၁၁ နှစ်မှ အသက် ၁၃ နှစ်အကြား ယောင်္ကျားလေးများဖြစ်ကြောင်း သိရှိရသည်။
photo-လူမှု့ကွန်ရက်။