
14/03/2025
ယူနိုက်တတ်အသင်းဟာ ယမန်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ယူရိုပါလိဂ်ပွဲစဉ်မှာ စပိန်ကလပ်ရီးရဲယ်ဆိုစီဒက်အသင်းကို၄-၁ဂိုးနဲ့အနိုင်ရရှိခဲ့ကာနှစ်ကျော့ပေါင်း၅-၂ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးကွာတားဖိုင်နယ်အဆင့်ကိုတတ်ရောက်သွားခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာယူနိုက်တတ်ကစားသမားအများစုခြေစွမ်းပြကစားနူိင်ခဲ့ကျပြီးအသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်ကတစ်ဦးထဲသုံးဂိုးသွင်းပေးခဲ့ပြီးဟက်ထရစ်ရရှိခဲ့ပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့နည်းပြအမ်မိုရင်ကအသင်းကွင်းလယ်မှာခြေစွမ်းပြနေတဲ့ကက်စီမီရိုနဲ့ပါတ်သတ်ပြီးမီဒီယာတွေရဲ့ရှေ့မှာဘဲသူ့ရဲ့ကစားကွက်အပြောင်းအလဲနဲ့ပါတ်သတ်ပြီးဝန်ခံသွားခဲ့ပါတယ်။
နည်းပြအမ်မိုရင်က ကာစီမီရိုလို ကစားသမားတွေကို အသုံးပြုဖိုအတွက် ကျွန်တော် လေ့လာဆန်းစစ်ခဲ့ပါတယ်။ ရွေးချယ်စရာတွေ သိပ်မရှိတဲ့အခါ သူတိုအတွက် အကောင်းဆုံးဖြစ်မယ့် နေရာတွေမှာ ထားဖို ကြိုးစားပြီး အဲဒါဟာလည်း ကျွန်တော်တိုကို အများကြီး အထောက်အကူဖြစ်စေပါတယ်။ အသင်းအတွက် အကောင်းဆုံးဖြေရှင်းနည်းတွေကို ရှာဖွေဖို ကြိုးစားနေတာပါလိုဆိုသွားခဲ့တာပါ။