Ayeyarwady Sown Ye

Ayeyarwady Sown Ye ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Ayeyarwady Sown Ye, ครีเอเตอร์ดิจิทัล, Mae Sot.

23/04/2024

သံတွဲမြို့နယ်၊ စရုတ်ရွာဟောင်းတွင် AA နှင့် စစ်တပ်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၃၀ ကျော်သေဆုံး

ရန်ကုန်၊ ဧပြီ ၂၃

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ စရုတ်ရွာဟောင်းတွင် ရခိုင့်တပ်တော် -AA နှင့် အကြမ်းဖက် စစ်တပ် တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်သား ၃၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၂ ရက် နံနက် ၆ နာရီခန့်က သံတွဲမြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ စရုတ်ရွာဟောင်းတွင် ရခိုင့်တပ်တော် - AA နှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ရာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ရေတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် မွန်းတည့် ၁၂ နာရီ ခန့်၌ သံတွဲမြို့နယ်၊ ရွှေလှံတံတားအကျော် ဒေါ်မြရွာဟောင်းကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနေ့က တိုက်ပွဲမှာ စစ်သား ၃၀ ကျော်သေတယ်၊ သံတွဲနဲ့ရွှေလှေကြား သံတွဲကနေ ၁၀ မိုင်ခန့် အကွာ ကွေ့ချောင်းတဖက်ကမ်း စရုတ်ဆိုတဲ့ရွာဟောင်းမှာဖြစ်တာ။ လက်နက်ကြီးသံနဲ့ အတွဲ လိုက် ပစ်တဲ့အသံတွေ ၅ မိုင်ဝန်းကျင်က အတိုင်းသားကြားနေရတယ်။ နေ့လည် ၁၂ နာရီလောက်မှာ ရွှေလှေတံတားအကျော်မှာရှိတဲ့ ဒေါ်မြရွာဟောင်းဘက်မှာ ဂျက်တိုက်လယာဉ်နဲ့ လာပြီး ဗုံးကျဲခဲ့ တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်မှ စစ်သားများသည် ငပလီ အခြေစိုက် ခမရ ၅၆၆ တပ်ရင်းမှ အကြမ်းဖက် စစ်သားများဖြစ်ပြီး ယနေ့ ဧပြီလ ၂၃ ရက် နံနက်ပိုင်းကလည်း တပ်မ ၅၅ မှ အကြမ်းဖက်စစ်သား ၆၀ ခန့်အင်အားဖြည့် တင်းထားကြောင်း သိရသည်။

ယနေ့ ဧပြီလ ၂၃ ရက် နံနက် ၁၀ နာရီကျော်ကလည်း ငပလီဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ် က လေယာဉ် ၂ စီးဖြင့် လာရောက် ဗုံးကျဲမှုရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်သံများလည်းကြား နေရ ကြောင်း၊ ယင်းတိုက်ပွဲကြောင့် ဒေသနေပြည်သူများမှာ စစ်ဘေးလွတ်ရာ ရွှေလှေကျေးရွာဘုန်းကြီး ကျောင်းအတွင်း၌ ခိုလှုံ နေကြကြောင်း သိရသည်။

23/04/2024

ဒု စစ်ခေါင်းဆောင် စိုးဝင်း နေကောင်းကျန်းမာသည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက နှစ်ကြိမ်ပြောသော်လည်း စစ်ကောင်.....

23/04/2024

ရေတာရှည်တွင် စစ်ကြောင်းက ကလေးတဦးအပါ ၈ ဦးကို ပစ်သတ်

ဧရာဝတီ၊ ဧပြီ ၂၃ ၊ ၂၀၂၄

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက်ရှိ ရွာသစ်ကျေးရွာနှင့် ပိတောက်ကုန်းကျေးရွာများကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ) လက်အောက်ခံ စစ်တပ်က ဝင်ရောက်၍ သံဃာတပါးနှင့် ကလေးတဦးအပါအဝင် အရပ်သားပြည်သူ ၈ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရွာသစ်ကျေးရွာမှ ဒေသခံ ၄ ဦး၊ ပိတောက်ကုန်းကျေးရွာမှ သံဃာတပါးနှင့် ဒေသခံ ၃ ဦးတို့ဖြစ်ပြီး ဖမ်းဆီးခံထားရသည့် ဒေသခံများလည်းရှိကြောင်း သိရသည်။

ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲဖြစ်လို့ သတ်ဖြတ်တာမျိုး မဟုတ်ဘူးဗျ၊ စစ်ကြောင်းရှေ့မှာ ချေမှုန်းရေးပါတော့ မြင်မြင်ရာမှန်သမျှ ပစ်ပြီး ဝင်လာကြတာ၊ အဲဒီအချိန်မှာ ချေမှုန်းရေးနဲ့ တိုက်ရိုက်တွေ့တဲ့သူမှန်သမျှ ပစ်သတ်တာ”ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၃ ရက်မှစ၍ ခင်တန်း၊ ကိုးတန်း၊ ဆွာရွာမ၊ ထန်းပင်ကုန်း၊ ပိတောက်ကုန်းစသည့် ဆွာမြို့အရှေ့ဘက်ရှိ ကျေးရွာများတွင် ထိတွေ့တိုက်ပွဲနှင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီက ပြန်လည်ဆုတ်ခွာသွားခြင်းမရှိဘဲ ကျေးရွာများအတွင်း အထိုင်ချတပ်စွဲပြီး ဒေသခံများအား ဖမ်းဆီး သတ်ဖြတ်နေခြင်းဟု သိရသည်။

၎င်းက ဆက်လက်၍ “စစ်ကြောင်းစဝင်တုန်းကတော့ အင်အား ၂၀၀ လောက် ပါတာ၊ တိုက်ပွဲတွေ ဖြစ်နေတော့ အင်အားတွေ ထပ်ဖြည့်ပြီး ရှေ့ဆက်တိုးနေတာမျိုးပေါ့၊ လက်ရှိမှာတော့ ပိတောက်ကုန်းနဲ့ ရေတာရှည်လေးရွာတွေဘက်မှာ အင်အား ၄၀၀ လောက်နဲ့ ဖြန့်ထားတယ်လို့ သိရတယ်၊ ပြီးတော့ ပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့လည်း ပစ်နေတာတွေ ရှိတယ်”ဟုပြောသည်။

ဧပြီ ၁၇ ရက်တွင် ဆွာမြို့အရှေ့ဘက်ခြမ်းသို့ ဝင်ရောက်လာသော စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ဆွာရွာမအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ၄ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရခဲ့ကာ စစ်ကောင်စီဘက်မှ ၃၀ ကျော်သေဆုံး၍ ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း၊ ပိတောက်ကုန်းတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသလို စစ်တပ်အနေဖြင့် အရပ်သားများကို သတ်ဖြတ်လေ့မရှိဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုလေ့ရှိသည်။





စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR

23/04/2024
22/04/2024

လုံခြုံရေးကိစ္စ ဆွေးနွေးရန် စစ်ကောင်စီအဖွဲ့ဝင်များ ရုရှားသွား

ဧရာဝတီ၊ ဧပြီ ၂၂၊ ၂၀၂၄

လုံခြုံရေးကိစ္စများ ဆွေးနွေးရန် စစ်ကောင်စီ၏ ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ယမန်နေ့တွင် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီအာဘော် မီဒီယာများ၌ ဖော်ပြသည်။

၁၂ ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးကို ဧပြီ ၂၃ ရက်မှ ၂၆အထိ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည်ဖြစ်ပြီး ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr. Nikolai Patrushev ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄)၊ ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီး မိုးအောင်က ဦးဆောင်ကြောင်း ရေးသားထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာနေခြင်းဖြစ်သည်။

မတ်လ ၂၁ရက်တွင်လည်း ရုရှား-မြန်မာ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ ဥပဒေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို နေပြည်တော်ရှိ ဂျက်စမင်ဟိုတယ်၌ ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် မတ်လ ၂၇ ရက်( တပ်မတော်နေ့)ကလည်း စစ်ခေါင်းဆောင်သည် မကြာသေးမီက ပြဋ္ဌာန်းထားသော သီရိသီဟကျော်နှင့် သီရိသူရကျော်ဘွဲ့တံဆိပ်များကို စစ်ဘက်ဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်ခဲ့သော ရုရှားစစ်တပ်ဘက်မှ လူပုဂ္ဂိုလ် ၂၇ ဦးကို ပထမဆုံးအကြိမ် ချီးမြှင့်ခဲ့သေးသည်။

ဓာတ်ပုံ - Global New Light of Myanmar




စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR

Are world leaders turning a blind eye?Photo-crd
22/04/2024

Are world leaders turning a blind eye?
Photo-crd

22/04/2024

လက်ဖက်ခြောက်ကျကျ
လေးသောက်ဖို့စောင့်နေတာ
ကိုကွာ တောက်😡

22/04/2024
22/04/2024

မြဝတီ စစ်ဘေးရှောင်တွေကို မဲဆောက်ရုံးက ထမင်းဘူး (၂,၀၀၀) နေ့စဉ် လှူပေးနေသလို တစ်ချို့ အလှူရှင်တွေလဲ နီးစပ်ရာ လိုက်ကူနေကြတယ်ကြားတော့ မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်နော်🙏

ที่อยู่

Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ayeyarwady Sown Yeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์