Thanlwin Myanmar Broadcasting

Thanlwin Myanmar Broadcasting Thanlwin Myanmar Broadcasting သည် သတင်း၊ ရုပ်သံ၊ ဖျော်ဖြေရေးမီဒီယာတစ်ခုဖြစ် သည်။

ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းမျ...
22/08/2025

ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၂

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ် ကြောင်းကို တိုက်ခိုက်ချေမှုန်းရန် ဆွဲလွဲကျင်း -ကျင်ဒွေးလမ်းပိုင်းနှင့် ဆော -ကန်ပကလက်လမ်းပိုင်း များကို ယာယီပိတ်လိုက်ကြောင်း CDF Kanpetlet က ထုတ်ပြန်သည်။

မကွေးတိုင်း၊ လောင်းရှည် ကပစ ၂၅ မှ အကြမ်းဖက်စစ်သား အင်အား ၈၀၀ ဝန်းကျင်၊ ဆိပ်ဖြူ ဖက်မှ တက်လာသည့် စစ်သား အင်အား ၄၀၀ ဝန်းကျင်၊ ပေါက်မြို့နယ်သို့ ရောက်ရှိနေသော ပခုက္ကူ၊ တပ်မ ၁၀၁ မှ တက်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ယာဉ်တန်းနှင့် စစ်သားများသည် ချင်း ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ချင်းညီနောင်သိမ်းပိုက် ထိန်းချုပ်ထားသည့် မင်း တပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်များသို့ မကွေးတိုင်း၊ ယောဒေသမှ တဆင့် အင် အား အလုံးအရင်းဖြင့် အချိန်မရွေး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရန် ဦးတည်ချဉ်းကပ်လာ လျက် ရှိကြောင်း သိရသည်။

ထို့ကြောင့် ဩဂုတ်လ ၂၀ ရက်နေ့မှစ၍ ကန်ပက်လက်မြို့နယ်အတွင်းရှိ ဆွဲလွဲ ကျင်း-ကျင်ဒွေးလမ်း ပိုင်းနှင့် ဆော-ကန်ပက်လက် လမ်းပိုင်းများအပြင် မကွေးတိုင်းမှ ကန်ပက်လက်မြို့နယ်အတွင်းသို့ ဝင်ရောက်နိုင် သည့်လမ်းပိုင်း များအား CDF-Kanpetlet တပ်ဖွဲ့မှ နောက်ထပ် ထုတ်ပြန်ချက် တစ်စုံ တရာပြန်လည် ထုတ်ပြန်ခြင်းမရှိသရွေ့ ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့အပြင် ကန်ပက်လက်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့်လည် အကြမ်းဖက် စစ်ကောင်စီ တပ်မှ အချိန်မရွေး ထိုးစစ်ဆင်လာနိုင်သောကြောင့် စစ်ရေးသတိရှိရှိ ကြိုတင်ပြင်ဆင်ထားကြရန်နှင့် အချိန်မရွေး နေရာ မရွေး တိုက်ခိုက်လာနိုင်သည့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ ကာကွယ်နိုင် ရန် လေကြောင်း ဒဏ်ခံ နိုင်သည့် ဗုံးခိုကျင်း၊ ကတုတ်ကျင်းများတူး၍ သတိရှိရှိ နေထိုင်ပေးကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၂၆၇ မြို့နယ် တွင် ရွေးကောက်ပွဲ ကျင်းပ မည်ဟု ထုတ်ပြန်ခဲ့ကြောင်း၊ ထို့နောက် ဩဂုတ်လ ၁၆ ရက်နေ့တွင် အာဏာသိမ်း စစ်ဗိုလ်ချုပ်များ ဖြင့် ဖွဲ့စည်းထားသော အကြမ်းဖက်စစ်ကော်မရှင်ကအမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချင်း ညီနောင် (CB) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသော မြို့ နယ် ၆၃ မြို့နယ်ပါ ရွေးကောက်ပွဲပြုလုပ်မည်ဟု ထပ်မံထုတ်ပြန်ကြေညာထားခဲ့ကြောင်း သိရသည်။


#သံလွင်မြန်မာ



ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ...
21/08/2025

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၁

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၀ ရက် နံနက် ၉ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် တစ်ကြိမ်၊ ညနေ ၅ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ် မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာ အနီးသို့ ဝင်ရောက် လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ခမရ ၅၈၈၊ ခလရ ၁၀၆ ၊ အမတ ၃၁၇ တပ် ရင်း ၃ ရင်း ပေါင်း စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးကြောင်း သိရသည်။

ယင်းတိုက်ပွဲ ၂ ကြိမ်အတွင်း ပထမ အကြိမ်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦး သေ ဆုံးခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်တိုက်ပွဲတွင် ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲတွင် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့ဝင် KNLA တပ်ရင်း ၂၇ တပ်ခွဲ ၁ မှ ရဲဘော်တစ်ဦး ဖက်ဒရယ်ဒီမိုကရေစီ စနစ် အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) နှင့် KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)တို့ ပူး‌ ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


#သံလွင်မြန်မာ



21/08/2025

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၁

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နှင့်ကနီမြို့နယ်ကြားတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်း လာသော စစ်သင်္ဘော အုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောကို ထိမှန်ခဲ့ကြောင်း မဟူရာကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဩဂုတ်လ ၁၉ ရက်နေ့က နံနက်ပိုင်းက ကလးဝမြို့နယ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာ သော စစ်သင်္ဘောအုပ်စုကို မင်းကင်းမြို့နယ် နှင့် ကနီမြို့နယ်ကြားအရောက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ၁၀၇ မမ ရှေ့တိုက်ဒုံး ၂ လုံးအပါအဝင် ရော့ကတ်များဖြင့်ပါ ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

“လက်ရှိက မုံရွာကိုမြို့ကို ရောက်သွားပါပြီ။ ကလေးဝကနေ မနက်ပိုင်းဆင်းလာခဲ့တာပါ။ စခတွေ သေဆုံးထိခိုက်မှုကတော့ မသိရသေးပါဘူး။ သင်္ဘောကတော့ မီးခိုးလုံးထွက်သွားတာတွေ့ရပါတယ်။ ၁၇ စီးမြောက် သင်္ဘောကို ၁၀၇ မမ ၂ လုံး၊ ရော့ကတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” ဟု မဟူရာ ကျားပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှဦးဆောင်၍ တပ်ခွဲ 2 – Mahauurar Dragon တပ်ဖွဲ့၊ ကနီမြို့နယ် မဟူရာကျား ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် မုံရွာခရိုင်အမှတ် ၁၈ တပ်ရင်း - Justice Brothers Force အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


#သံလွင်မြန်မာ



21/08/2025

သပိတ်ကျင်းမြို့နယ်၊ အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု သင်တန်းနည်းပြအရာရှိ ၃ ဦးအပါအဝင် ၂၁ ဦးသေဆုံးပြီး အဆောင် ၄ ခု မီး လောင် (ရုပ်သံ)

သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၁

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အခြေစိုက် အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေး သင်တန်းကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်တန်းနည်းပြအရာရှိ ၃ ဦးအပါအဝင် ၂၁ ဦးသေ ဆုံးပြီး အဆောင် ၄ ခု မီး လောင်ခဲ့ကြောင်း Brave Warriors for Myanmar - BWM က ထုတ်ပြန် သည်။

ယမန်နေ့ ဩဂုတ်လ ၂၀ ရက် မွန်းတည့် ၁၂ နာရီအချိန်က သပိတ်ကျင်းမြို့နယ်ရှိ ၇ မိုင်ရှိ အကြမ်း ဖက် စစ်ကောင်စီ၏ လက်အောက်ခံ အမှတ် ၁၃ တပ်မတော်လေ့ကျင့်‌ရေး သင်တန်းကျောင်းကို ရှော့တိုက် ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၉ လုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ အထက်တန်းသင်တန်းပြ အရာရှိ ၃ ဦးနှင့် အခြားအဆင့် တိုက်ခိုက်ရေး စစ်သည် ၁၈ ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားစာရင်းကို စုံမမ်း၍ မရရှိကြောင်း နှင့် သင်တန်း အဆောင် ၄ ခု မီးလောင်ကာ သင်ကြားရေးပစ္စည်းအများအပြားပြာကျခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar – BWM အဖွဲ့၏ ဦးဆောင်မှုဖြင့် Shadow (အညာ)၊ No more Dictatorship (NMD-PDF) နှင့် Infinity (အညာ) အဖွဲ့တို့ ပူးပေါင်းကာ BMW ၏ မစ်ရှင် ၄၃ အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း မန္တလေးတိုင်း လက်နက် ကြီးတပ်ဖွဲ့နှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များက အားဖြည့်ကူညီပေးခဲ့ကြောင်း သိရသည်။

ယင်းသင်တန်းကျောင်းသည် မန္တလေးတိုင်းစစ်ဌာနချုပ်နယ်မြေ အတွင်းရှိ စစ်သည်များက တပ်စိတ် ၊ တပ်စု၊ တပ်ခွဲများ ကို ဦးဆောင်၍ တိုက်ပွဲဝင်နိုင်စေရန် သင်ကြားပေးနေသော အရေးပါသည့် တိုက် ခိုက်ရေးသင်တန်းကျောင်းဖြစ်ရုံသာမက သပိတ်ကျဉ်းနှင့် မိုးကုတ်ကို ထိုးစစ်ဆင်နေသော စစ်ကောင် စီ တပ်သားများ၏ တပ်အထိုင်စခန်းလည်းဖြစ်သောကြောင့် တိုက်ခိုက်ရခြင်းဖြစ်သလို တော်လှန်ရေး တပ်ဖွဲ့များကို အားဖြည့်ကူညီသည့် မစ်ရှင်လည်း ဖြစ်ကြောင်းအသိပေးထားသည်။

တော်လှန်ရေးစစ်မျက်နှာပိုမိုပြင်းထန်လာချိန်တွင် BWM နှင့်မဟာမိတ်အဖွဲ့များသည် မြန်မာနိုင်ငံ၏ အာဏာကို အကြမ်းဖက်နည်းဖြင့် ရယူထားသော တရားမဝင်အဖွဲ့အစည်းဖြစ်သည့် စစ်ကောင်စီက ဦးစီးကျင်းပမည့် တရားမဝင် ရွေးကောက်ပွဲအား ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း ဆက်လက် အသိပေးထားသည်။

နွေဦးတော်လှန်ရေးအမြန်ဆုံးအောင်မြင်ရန် ပြည်သူလူထုသည်လည်း တရားမဝင်ရွေးကောက်ပွဲအား အနုနည်းဖြင့် အဘက်ဘက်မှ ဆန့်ကျင်ကြရန်နှင့် BWM အဖွဲ့အနေဖြင့်လည်း တော်လှန်ရေး အမြန် ဆုံးအောင်မြင်ရန် နည်းလမ်းများကို ရှာဖွေပြီး မဟာမိတ်အဖွဲ့တို့နှင့်အတူ ဆက်လက်ကြိုးစားသွား မည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။


#သံလွင်မြန်မာ



21/08/2025

အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၁

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း BDL PDF တပ်ဖွဲ့က ထုတ်ပြန်သည်။

ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော အင်အား ၈၄ ဦးပါ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက အသင့်စောင့် ကြိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ တပ်ခွဲမှူးဟု ယူဆရသူ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း -၁၆(ဘီလူးစစ်ကြောင်း)နှင့်အတူ မုံရွာခရိုင် ပကဖ အထူး တိုက်ခိုက်ရေးအဖွဲ့ Danger Force ၊တိုက်နယ် ပကဖ အင်အားစုများနှင့် local တပ်ပေါင်းစုများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


#သံလွင်မြန်မာ



ထားဝယ်မြို့မှ မေတ္တာမြို့သို့ ထွက်လာသော စစ်သောစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ကျော် သေဆုံးပြီး ထောက်ပို့ကား ၈ စီးပ...
21/08/2025

ထားဝယ်မြို့မှ မေတ္တာမြို့သို့ ထွက်လာသော စစ်သောစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ကျော် သေဆုံးပြီး ထောက်ပို့ကား ၈ စီးပျက်စီး

သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ မေတ္တာမြို့သို့ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၁၈ ရက်နေ့က ထားဝယ်မြို့မှ မေတ္တာမြို့သို့ စစ်ကြောင်းထိုးလာသော စစ်ကား ၁၀ စီးနှင့် စစ်သား အင်အား ၁၅ဝ ပါ စစ်ကောင်စီစစ်ကြောင်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက ထားဝယ်မြို့နယ်၊သင်္ကန်းတုန်းကျေးရွာနှင့် ဝကုန်းကျေးရွာအကြား၌ ၂ နေရာခွဲပြီး ၂ ရက်ဆက် တိုက် ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးကျော်သေဆုံးပြီး ထောက်ပို့ကား ၈ စီပျက်စီးကာ စစ်ကား ၂ စီးပေါ်ထံမှ လက်နက်ခဲယမ်းနှင့်ရိက္ခာများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဉ် ၃ စီးဖြင့် ၇ ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားလွှတ်မြောက်‌ရေးတပ်မတော် (KNLA) တပ်မဟာ-၄ တပ်ရင်း ၁၂ ၊ တပ်ရင်း ၁၀ နှင့် တော်လှန်ရေး ပူပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက် ပေးလှူခဲ့ရကြောင်း သိရသည်။

ဓါတ်ပုံ - သိမ်းဆည်းရမိသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဉ်တန်းမှ ပစ္စည်း များ။


#သံလွင်မြန်မာ



21/08/2025

ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို စစ်သား၊ PNO ပြည်သူ့ စစ် များက ကားများဖြင့် ခိုးယူသယ်ဆောင်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို စစ်သား၊ PNO ပြည်သူ့စစ်များက ကားများဖြင့် သယ်ယူကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

ဩဂုတ်လ ၉ ရက်နေ့မှစ၍ ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာသစ်၊ နောင်ထော်ကုလားလမ်း၊ နောင် ထော် ကယန်းပိုင်း ၊ နောင်ဗို၊ တပူးထိုကျေးရွာများကို စစ်သား ၊ PNO ပြည်သူ့စစ်များက ဝင်ရောက် ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားဖြင့် ခိုးယူသယ်ဆောင်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း၊ ထိုသို့ မီးရှို့မှုကြောင့် နေအိမ် အလုံး ၁၀၀ ကျော်မီးလောင် ဆုံးရှုံးထားကြောင်း သိရ သည်။

“နေ့စဉ်နေ့တိုင်းတော့ တစ်အိမ်ပြီး တစ်အိမ် မီးရှို့သွားတဲ့ဟာပေါ့။ ပြီးတော့ တပူးထိုးကျေးရွာ ဆိုတာ ကလည်း အရင်တုန်းကလည်း ရှို့ပြီးပြီ။ သုံးလေးကြိမ်မကရှို့ပြီးသား။ လက်ရှိအချိန်လည်း တချို့နေ အိမ် တွေကိုလိုက်လံရှို့နေတဲ့အနေအထား မျိုးဖြစ်ပါတယ်။ ဒီ တပူးထိုး၊ နောင်ထော်၊ နောင်ထောင် ကျေးရွာအားလုံးစုပေါင်းရင်တော့ မီးရှို့ခံရတဲ့ နေအိမ်က စာရင်းအတိအကျ ပြုစုလို့မရသေးဘူးဆို ပေမယ့် နေအိမ်အလုံး ၁၀၀ ကို‌ တော်တော်ကျော် လာပြီလို့ ပြောလို့ရပါတယ်။ မီးရှို့ခံရတဲ့နေအိမ် တွေက အိမ်ကြီး၊ အိမ်ကောင်းတွေပါတယ်။ သာမန်နေအိမ်တွေပါတယ်။ အဓိက ကတော့ ပြည်သူလူ ထု တွေရဲ့ ပစ္စည်းတွေကို ပြည်သူ့စစ်တွေကယူတယ်။ ကားတွေနဲ့အခေါက်အခါ သယ်တယ်။ ပြီးတော့ မှ အိမ်ကို မီးရှို့တယ်ဆိုတဲ့ ပုံစံမျိုးကိုတွေ့နေရတာဖြစ်ပါတယ်။” ဟု PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ခွန်းရိန်းယံက ပြောကြားသည်။

ဆီဆိုင်မြို့နယ် နောင်ထော်ရွာသစ်နှင့်တပူးထို ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီနှင့် လက် အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNO ပြည်သူ့စစ်များက မီးရှို့နေသည့် မှတ်တမ်းအား PNLA ကင်းထောက်ဒရုန်းအဖွဲ့က ဩဂုတ်လ ၁၈ နေ့တွင် ရယူနိုင်ခဲ့ကြောင်း၊ ယင်းကျေးရွာများမှာ အကြိမ်ကြိမ်မီးရှို့ခံရသည့်ကျေးရွာများဖြစ်ပြီး ကျေးရွာနေပြည်သူများကိုလည်း ကျေးရွာအတွင်းမှ မောင်းထုတ်ခံရကြောင်း သိရသည်။

“အဲဒီရွာတွေဆိုရင် ပြည်သူတွေက အခုထိအိမ်ပြန်လို့မရသေးဘူး။ သူတို့မောင်းထုတ်ထားတယ်။ ပြည်သူတွေကို မောင်းထုတ်ပြီးတော့မှ ပြည်သူပိုင်ပစ္စည်းတွေကို လိုက်လံသိမ်းယူတယ်၊ အိမ်တွေကို မီးရှို့တယ်။ ကျနော်တို့လည်းမှတ်တမ်းတွေထပ်ရရှိဖို့ ကြိုးစားနေပါတယ်။ တိုက်ပွဲဆိုတာကတော့ အဲဒီကျေးရွာတွေထဲမှာ ဖြစ်ပွားတာမရှိပါဘူး။ ကျေးရွာနဲ့အဝေးတောတောင် ထဲမှာတော့ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့တော့ နေ့တိုင်းရှိကြပါတယ်။ ကျေးရွာထဲမှာတော့ တိုက်ပွဲ ဖြစ်ပွားတာမရှိပါဘူး။ အစကတည်းက တိုက်ပွဲဖြစ်ပွားတာမရှိပဲနဲ့ မီးရှို့တာဖြစ်ပါတယ်။” ဟု PNLA သတင်းနှင့်ပြန်ကြားရေး ဌာန တာဝန်ရှိသူ ခွန်းရိန်းယံက ပြောဆိုသည်။

PNO ပြည်သူ့စစ်အဖွဲ့သည် ယခင်က ပြည်သူလူထုမှပေါက်ဖွားလာသည့် တော်လှန်ရေးအဖွဲ့အစည်း ဖြစ်သော်လည်း ယခုအခါ ခေါင်းဆောင်ဖြစ်သူခရိုနီနေဝင်းထွန်းနှင့်အကြမ်းဖက်စစ်ခေါင်းဆောင် မင်း အောင်လှိုင်၏ အကျိုးစီးပွားကို ကာကွယ်ပေးနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ပြည်သူလူထုကို သစ္စာဖောက်ကာ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း PNLA သတင်းနှင့် ပြန် ကြား‌ရေးဌာနထံမှ သိရသည်။


#သံလွင်မြန်မာ



ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာ...
21/08/2025

ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်း ထိုးပြီး ပြည်သူ ၅ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သဖြင့် ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၁၆ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က ကန့်ဘလူမြို့နယ်၊ ငါတို့ရွာ ပျူအထိုင်စခန်းမှ ထွက် လာသော အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် နံနက် ၁၁ နာရီအချိန်တွင်ထိန် တောကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ၎င်းတို့နှင့် ထိပ်တိုက်တိုးသည့် ရွာသစ်ရွာမှ ဇော်ဦး၊ ရီး‌ဒွေး ရွာမှ ဖိုးတရုတ် နှင့် ထိန်တောရွာမှ အမျိုးသား၂ ဦး တို့ကို ရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ထိန်တောရွာနေ အသက် ၈၀ ကျော်အရွယ် လေဖြတ်နေသော အဖွားအိုတစ်ဦးကိုလည်း အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည့်အပြင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ ညနေ ၆ နာရီ ၂၅ မိနစ်မှစ၍ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ တစ်ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် ထိန်တောရွာတညအိပ်ခဲ့သော စစ်ကောင်စီ တပ် နှင့် ပျူစောထီး စစ်ကြောင်းသည် ကိုင်းရိုးရွာဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး ကန့်ဘလူမြို့ နယ် အခြေစိုက် သံချပ်ကာတပ်ရင်း ၆၀၀၆ မှ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကိုင်းရိုး ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ကိုင်းရိုးကျေးရွာအတွင်း ဝင်ရောက်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ မွန်းလွဲ ၂ နာရီ တွင် ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးကာ အင်္ဂါထောင့်ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ညနေပိုင်းတွင် အင်္ဂါထောင့်ကျေးရွာနှင့် သရက်တော ကျေးရွာတို့၌ တပ်ဖြန့်တပ်စွဲကာ ပြည်သူ့နေအိမ်များကို ဖောက်ထွင်းခိုးယူပြီး နေအိမ်များကိုလည်း ၂ ရက် ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အ‌င်္ဂါထောင့်ရွာနှင့် သရက်တာရွာတို့၌ နှစ်ညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီတပ်နှင့် ပျူစစ်ကြောင်း သည် ဩဂုတ်လ ၁၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကျေးပင်အက်ရွာသို့ ထပ်မံ၍ ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး နံနက် ၇ နာရီ ၅၀ မိနစ်နှင့် ည‌နေ ၆ နာရီ ၃၀ မိနစ်တွင် ကျေးပင်အက်ရွာရှိ ပြည်သူ ပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ယင်းကျေးရွာ၌ပင် တစ်ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။

ထို့နောက် ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် ကျေးပင်အက်ဆည်ဘောင်အနီးရှိ ဈေးဆိုင် ခန်းများကို မီးရှို့ဖျက်ဆီးခဲ့ကာ ကျေးပင်အက်ရွာထဲသို့ ပြန်ဝင်သွားကြောင်း၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကျေးပင်အက်ရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဝါသဝခေါင်းဆောင်သော ပျူစစ်ကြောင်းနှင့် အကြမ်းဖက်စစ်သားများသည် စစ်ကြောင်းထိုးလာသည့် ကာလတလျောက်လုံး တောလမ်းများအတိုင်းစစ်ကြောင်းထိုးရဲခြင်း လုံးဝမရှိဘဲ ပြည်သူများ နေထိုင် သည့် ကျေးရွာများကိုသာ အဓိကပစ်မှတ်ထား၍ စစ်ကြောင်းထိုးကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို မွှေ နှောက်ခိုးယူခြင်း၊ ရွာထဲတွင် ဖမ်းမိသည့် ပြည်သူများအား အကြမ်းဖက်ဟုအမည် တပ်ကာ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အမျိုးသမီးများ ဖမ်းဆီးမိပါက သက်ကြီးရွယ်အိုများပင် မရှောင် အဓမ္မ ပြု ကျင့်၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေး ထားသည်။

အကြမ်းဖက်စစ်ကောင်စီစစ်သား၊ ပျူများသည် ၎င်းတို့ သတ်ဖြတ်ခဲ့သော ပြည်သူများ၏ ရုပ် အ လောင်းများကို ပြည်သူ့နေအိမ်များပေါ်တင်၍ မီးရှို့ကာ အလောင်းဖျောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်း ၅ ရက်တာကာလအတွင်း ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက် နယ်နှင့် ဇီးကုန်းတိုက်နယ်အတွင်းရှိ ရွာမရွာသစ်၊ အင်းလယ်ကြီး၊ ဉာဏ်အင်း၊ ထိန်တော၊ ကိုင်းရိုး၊ အင်္ဂါထောင့်၊ သရက်တာနှင့် ကျေးပင်အက်ရွာတို့မှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေး တိမ်း ရှောင်နေကြရကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ယခုချိန်ထိ ကျေးပင်အက်ရွာထဲ၌ တပ်စွဲနေလျက်ရှိပြီး ပြည်သူ့နေအိမ်မည်မျှ မီးလောင်ဆုံးရှုံးခဲ့သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးလို ထွက်ပြေးတိမ်းရှောင် နေရသော ပြည်သူများမှာလည်း ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရ သည်။


#သံလွင်မြန်မာ



ထားဝယ်မြို့နယ်တွင် စစ်ယာဉ်ပါစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး ယာဉ်တန်း တစ်ခုလုံးပျက်စီးသံလွင်မြန်မာသတင်...
21/08/2025

ထားဝယ်မြို့နယ်တွင် စစ်ယာဉ်ပါစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး ယာဉ်တန်း တစ်ခုလုံးပျက်စီး

သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်ယာဉ်ပါ စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၁၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ယာဉ်တန်းတစ်ခုလုံးဖျက်ဆီးနိုင်ခဲ့ကြောင်း ဒူရက စစ် ကြောင်းက ထုတ်ပြန်သည်။

ဩဂုတ်လ ၁၈ ရက်မွန်းတည့် ၁၂ နာရီခန့်က ထားဝယ်မြို့ဘက်မှ မေတ္တာမြို့ဘက်သို့ တက်လာသော ယာဉ် ၁၀ စီးနှင့် စစ်သား အင်အား ၁၅ဝ ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာနှင့် ဝကုန်းကျေးရွာ အကြား ဘဲ့မဲ့တပ်တောင်အနီး အ ရောက်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ် ကောင်စီတပ်သားများကို ကိုင်ဆောင်အသုံးပြုသော MA -1 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ဘောက် ၂ ဘောက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၁၉ ရက် နံနက် ၁၀ နာရီခန့်တွင် ယင်းအကြမ်းဖက်စစ်ယာဉ်တန်းနှင့် စစ် ကြောင်းကို သင်္ကန်းတုန်းရွာအတွင်း ထပ်မံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၇ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးကာ ၃ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရဿည်။

ထို့အပြင် စစ်ကောင်စီ၏ ကား ၁၀ စီးစလုံးကို ဖျက်ဆီးနိုင်ခဲ့ပြီး ကား ၃ စီးပေါ်မှ MA-1 အမျိုးအစား သေနတ် ၄ လက်၊ G-3 အမျိုးအစား သေနတ် ၁ လက်နှင့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်ရရှိခဲ့ ကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက် ပေးလှူခဲ့ရကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုများကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ် ကြောင်း ၊ ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) ၊ က္လားသစ္ဆတ်(ကျားသစ်နက်)၊ ဘီလုံး ပျောက်ကျားတပ်ဖွဲ့၊ သံမဏိပေါက်ကြား (နဘယံ) ၊ ဒေါနတပ်ခွဲ (၇) ၊ ထားဝယ်ခရိုင်အမှတ် ၂ တပ် ရင်း (T5) ၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF)နှင့် အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့-EDF တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးအရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သော ကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိပြု သွားလာနေထိုင်ကြရန်နှင့် စစ်ကောင်စီ တပ်မှ အချိန်မရွေး လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ရှိလာနိုင်သောကြောင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကျင့်ကြံ ကြပါရန် တိုက် တွန်းထားသည်။

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သော စစ်ကောင်စီတပ်မှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန် ဆုံး ပူးပေါင်းပေးကြပါရန် ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားသည်။


#သံလွင်မြန်မာ



MNDAA ၊TNLA နှင့် SSPP/SSA တပ်ဖွဲ့များကို လက်နက်ခဲယမ်းငွေကြေးထောက်ပံ့ပေးတော့မည် မဟုတ်ဟု UWSA တပ်ဖွဲ့က ခေါ်ယူပြောဆိုသံလွင...
21/08/2025

MNDAA ၊TNLA နှင့် SSPP/SSA တပ်ဖွဲ့များကို လက်နက်ခဲယမ်းငွေကြေးထောက်ပံ့ပေးတော့မည် မဟုတ်ဟု UWSA တပ်ဖွဲ့က ခေါ်ယူပြောဆို

သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် MNDAA ၊ TNLA နှင့် SSPP/SSA တပ်ဖွဲ့များကို လက်နက်ခဲယမ်း ငွေကြေးထောက်ပံ့တော့မည် မဟုတ်ဟု UWSA “ဝ” တပ်ဖွဲ့က ခေါ်ယူပြောဆိုထားကြောင်း “ဝ” TV သတင်းက ကြေညာသည်။

ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ”ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့၌ "ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် - UWSA မှ တအာင်းတပ် - TNLA ၊ ကိုးကန့်တပ် - MNDAA နှင့် ရှမ်းတပ် - SSPP အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့၏ ထိပ်တန်းခေါင်း ဆောင်များကို ခေါ်ယူကာ ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီအလွန်အရေးကြီးတဲ့ အစည်းအဝေးကို တက်ရောက်ခဲ့ကြတဲ့ ညီအကို အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ပါတယ်။ သိသာထင်ရှားတဲ့ "ဝ" ပြည်နယ်ရဲ့ ဆုံးဖြတ်ချက်ကို အသိပေးဖို့ ဆောင်ရွက် ပေးခြင်းဖြစ်ပါတယ်။ ဒီအရေးကြီးဆုံးဖြတ်ချက်ကို တရားဝင် မကြေညာမီ "ဝ" ပြည်နယ်ဘက်မှ ညီ အကို မောင်နှမတွေကိုယ်စား "ဝ" ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး ရပ်တည်ချက်နဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အလွန်ဆိုးရွားတဲ့ အခြေအနေတွေကို အသိပေးလိုပါတယ်။” “ဝ” ပြည်နယ်အနေနဲ့ မည်သည့် လက် နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ သို့မဟုတ် မည်သည့် အဖွဲ့အစည်းကို မည်သည့် အကြောင်းပြချက်၊ အချိန်မရွေး၊ မည်သည့် နေရာ ၌ဖြစ်စေ ငွေကြေး အကူအညီ ပေးမည် မဟုတ်ပေ။ ဤဆုံးဖြတ်ချက်ကိုလည်း အများပြည်သူသို့ တရားဝင် ကြေညာမည်ဖြစ်ပြီး အဖွဲ့အစည်းများအနေဖြင့် လက်နက်နှင့် စက်ကိရိယာများ၊ ငွေကြေး အကူအညီများ သို့မဟုတ် အခြားထိုကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် "ဝ" ပြည်နယ်ကို ထပ်မံနှောက်ယှက်ခြင်းမှ ရှောင်ကြဉ်ဖို့ အဖွဲ့အစည်းတွေအား တိုက်တွန်းအပ်ပါတယ်""ဝ"ပြည်နယ် ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင် အစိုးရဒုတိယ ဥက္ကဌ, ပြည်ပဆက်ဆံရေးဝန်ကြီး Zhao Guoan က ပြောကြားသည်။

ယင်းအစည်းအဝေးတွင် "ဝ"ပြည်နယ် ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင် အစိုးရဒုတိယ ဥက္ကဌ ပြည်ပ ဆက်ဆံရေးဝန်ကြီး Zhao Guoan က ဆွေးနွေးပွဲ တက်ရောက်လာကြတဲ့ ကိုးကန့် တပ်၊ တအာင်း တပ်နှင့် ရှမ်းတပ်မတော်တို့ကို လက်ရှိစစ်ပွဲနှင့် မငြိမ်မသက်မှု ကိစ္စရပ်ကို ဦးစွာ အသိပေးပြီး "ဝ" ပြည်နယ်ဘက်မှ နောက်ဆုံး အဆုံးအဖြတ်ကို အစီရင်ခံခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

မြန်မာအမျိုးသား ဒီမိုကရေတစ် မဟာမိတ် တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည် လွတ် မြောက်ရေးတပ်ဦး/တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့မှ ကိုယ်စားလှယ်များအနေ ဖြင့်လည်း "ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် - UWSA ၏ တရားဝင် စစ်ရေးဆုံးဖြတ်ချက် ကို သဘောပေါက်နားလည်သည်ဟု ဖော်ပြခဲ့ကြောင်း “ဝ” TV က ရေးသားထားကြောင်း သိရသည်။

Photo - WSTV


#သံလွင်မြန်မာ



သပိတ်ကျင်းမြို့နယ်၊ အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်သံလွင်မြန်မာသတ...
20/08/2025

သပိတ်ကျင်းမြို့နယ်၊ အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၀

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အခြေစိုက် အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေး သင်တန်းကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၉ လုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar - BWM က ထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၂၀ ရက် မွန်းတည့် ၁၂ နာရီအချိန်က သပိတ်ကျင်းမြို့နယ်ရှိ ၇ မိုင်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ အမှတ် ၁၃ တပ်မတော်လေ့ကျင့်‌ရေး သင်တန်းကျောင်းကို ရှော့တိုက် ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၉ လုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီး ထိခိုက်သေဆုံးပျက်စီးမှုကို စုံ စမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ပစ်မှတ်ကို ထိရောက်စွာပစ်ခတ်နိုင်ခဲ့ပါတယ်။ ၁၀ လုံးပစ်တာ ၉ လုံးအောင်မြင်ပါတယ်” ဟု BWM အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar – BWM အဖွဲ့၏ ဦးဆောင်မှုဖြင့် Shadow (အညာ)၊ No more Dictatorship (NMD-PDF) နှင့် Infinity (အညာ) အဖွဲ့တို့ ပူးပေါင်းကာ BMW ၏ မစ်ရှင် ၄၃ အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း မန္တလေးတိုင်း လက်နက် ကြီးတပ်ဖွဲ့နှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များက အားဖြည့်ကူညီပေးခဲ့ကြောင်း သိရသည်။

ယင်းသင်တန်းကျောင်းသည် မန္တလေးတိုင်းစစ်ဌာနချုပ်နယ်မြေ အတွင်းရှိ စစ်သည်များက တပ်စိတ် ၊ တပ်စု၊ တပ်ခွဲများ ကို ဦးဆောင်၍ တိုက်ပွဲဝင်နိုင်စေရန် သင်ကြားပေးနေသော အရေးပါသည့် တိုက် ခိုက်ရေးသင်တန်းကျောင်းဖြစ်ရုံသာမက သပိတ်ကျဉ်းနှင့် မိုးကုတ်ကို ထိုးစစ်ဆင်နေသော စစ်ကောင် စီ တပ်သားများ၏ တပ်အထိုင်စခန်းလည်းဖြစ်သောကြောင့် တိုက်ခိုက်ရခြင်းဖြစ်သလို တော်လှန်ရေး တပ်ဖွဲ့များကို အားဖြည့်ကူညီသည့် မစ်ရှင်လည်း ဖြစ်ကြောင်းအသိပေးထားသည်။

တော်လှန်ရေးစစ်မျက်နှာပိုမိုပြင်းထန်လာချိန်တွင် BWM နှင့်မဟာမိတ်အဖွဲ့များသည် မြန်မာနိုင်ငံ၏ အာဏာကို အကြမ်းဖက်နည်းဖြင့် ရယူထားသော တရားမဝင်အဖွဲ့အစည်းဖြစ်သည့် စစ်ကောင်စီက ဦးစီးကျင်းပမည့် တရားမဝင် ရွေးကောက်ပွဲအား ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း ဆက်လက် အသိပေးထားသည်။

နွေဦးတော်လှန်ရေးအမြန်ဆုံးအောင်မြင်ရန် ပြည်သူလူထုသည်လည်း တရားမဝင်ရွေးကောက်ပွဲအား အနုနည်းဖြင့် အဘက်ဘက်မှ ဆန့်ကျင်ကြရန်နှင့် BWM အဖွဲ့အနေဖြင့်လည်း တော်လှန်ရေး အမြန် ဆုံးအောင်မြင်ရန် နည်းလမ်းများကို ရှာဖွေပြီး မဟာမိတ်အဖွဲ့တို့နှင့်အတူ ဆက်လက်ကြိုးစားသွား မည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။


#သံလွင်မြန်မာ



ဒီးမော့ဆိုမြို့အတွင်းဝင်ရောက်ပြီးနောက် စစ်ကောင်စီတပ်က ဖရူဆိုမြို့နယ်ဘက်ကို ဆက်လက် စစ်ကြောင်းထိုးရန် ဦးတည်နေသံလွင်မြန်မာသ...
20/08/2025

ဒီးမော့ဆိုမြို့အတွင်းဝင်ရောက်ပြီးနောက် စစ်ကောင်စီတပ်က ဖရူဆိုမြို့နယ်ဘက်ကို ဆက်လက် စစ်ကြောင်းထိုးရန် ဦးတည်နေ

သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၀

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့အတွင်းဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်က ဖရူဆိုမြို့နယ်ဘက် သို့ ဆက်လက်စစ်ကြောင်းထိုးရန် ဦးတည်နေကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်ထံက သိရသည်။

ဩဂုတ်လ ၄ ရက်နေ့မှစ၍ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက် ကြီး၊ ဒရုန်းတို့ဖြင့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ၊ ရပ်ကွက်များအတွင်းသို့ အလွန်အကျွံ ပစ် ခတ်တိုက်ခိုက်ပြီး မြေပြင်မှလည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ ယမန် နေ့ ဩဂုတ်လ ၁၉ ရက်နေ့က ဒီးမော့ဆိုမြို့တွင်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကရင် နီတော်လှန်ရေးတပ်ဖွဲ့များနှင့်အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

“ဒီးမော့ဆို လမ်းခွအထိရောက်နေပြီ။ သူတို့နေရာဟောင်းလို့ ပြောလို့ရတာပေါ့။ သူတို့က လမ်းခွ အထိ ရောက်နေပြီဆိုတော့ ဖရူဆိုဘက်ကို ဦးတည်နေတယ်။ ဖရူဆိုဘက်ကို ဆက်ထိုးဖို့များမယ် ထင်တယ်။ ဒီးမော့ဆိုမြို့နယ်ရဲ့ ၆၀ ရာခိုင်နှုန်းလောက် သူတို့ဆီပါသွားတာ၊ ကျနော်တို့ဘက်က ၄၀ ရာခိုင်နှုန်းလောက်ပဲ ထိန်းချုပ်နိုင်တဲ့သဘောပေါ့။ စစ်ကြောင်းတွေကတော့ ဆက်တိုးနေတုန်းပဲ၊ တိုက်ပွဲလည်း ဆက်ပြင်းထန်နေတယ်။ ဒီးမော့ဆိုမြို့ထဲမှာလည်း တိုက်ပွဲဖြစ်နေတယ်၊ နောက်ပြီး တော့ ဖရူဆိုဘက်လည်း စစ်ကြောင်းက ဦးတည်နေတယ်။ ကိုယ့်ဘက်ကလည်း ပေးဆပ်ရတာရှိတာ ပေါ့။” ဟု ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မြေပြင်၊ ဝေဟင်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင် ရောက်မှုကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ပြည်သူထောင်ချီကာ စစ်ဘေးရှောင်နေရကြောင်း နှင့် စစ်ဘေးရှောင်စခန်းများကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိ ခိုက်သေဆုံးသူများလည်းရှိကြောင်း သိရသည်။

Photo = 1111 စစ်ဆင်ရေးအတွင်း လက်နက်ချအလင်းဝင်ခဲ့သော စစ်သားများနှင့် KNDF တပ်ဖွဲ့ဝင် များ


#သံလွင်မြန်မာ



ที่อยู่

Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Thanlwin Myanmar Broadcastingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์