09/05/2026
သူဌေးစစ်စစ်တွေမှာ အသဲကွဲတယ် ဆိုတာ မရှိဘူး
လူအတော်များများက မေးကြတယ်။ "ဆရာ... သူဌေးတွေ၊ လုပ်ငန်းရှင်တွေကရော လူသားတွေပဲမလား၊ သူတို့ကရော အချစ်ရေးမှာ အသဲမကွဲဘူးလား" တဲ့။ ကျနော် ပြတ်ပြတ်သားသား ပြန်ပြောပါရစေ။ "အသဲကွဲနေတဲ့ သူဌေးစစ်စစ် ဆိုတာ လောကမှာ မရှိဘူး" ဆိုတာပါပဲ။
လောကမှာ "သူဌေး" လို့ ဆိုလိုက်ရင် ငွေကြေးချမ်းသာရုံသက်သက်ကို မဆိုလိုဘဲ စိတ်ဓာတ် ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ အချိန်ကို တန်ဖိုးထားမှုနှင့် ဆင်ခြင်တုံတရား မြင့်မားမှုတို့ကိုပါ ပေါင်းစပ်ထားသည့် "သူဌေးစစ်စစ်" များကိုသာ ရည်ညွှန်းခြင်းဖြစ်ပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေအတွက် "အသည်းကွဲခြင်း" ကြောင့် ဘဝပျက်သွားသည် (သို့) အချိန်အကြာကြီး နစ်မွန်းနေတယ်ဆိုတဲ့ အချက်ဟာ လက်တွေ့ မကျတဲ့ ကိစ္စရပ်တစ်ခု ဖြစ်နေတတ်ပါတယ်။
သူတို့မှာ နှလုံးသားမရှိလို့ ပြောတာမဟုတ်ပါဘူး၊ သူတို့ရဲ့ Priority (ဦးစားပေးမှု) နဲ့ Mindset (အတွေးအခေါ်) က သာမန်လူတွေနဲ့ ကွာခြားသွားလို့ပါ၊ သူဌေးစစ်စစ်တစ်ယောက်အတွက် "အချိန်" ဟာ ငွေထက်တန်ဖိုးရှိပါတယ်။ တစ်ဖက်လူက ကိုယ့်ကို ကျောခိုင်းသွားတဲ့အခါ အခန်းအောင်းပြီး ငိုနေဖို့၊ ဒါမှမဟုတ် အရက်ဝိုင်းမှာ အချိန်ဖြုန်းဖို့ သူတို့မှာ အချိန်မရှိဘူး။ သူတို့ စဉ်းစားတာက "ငါ့ရဲ့ စက္ကန့် တိုင်းဟာ တန်ဖိုးရှိတယ်။ ဒီခံစားချက်နောက်မှာ ငါ့ဘဝကို ပုံအောလိုက်ရင် ငါ့ရဲ့ ဝန်ထမ်းတွေ၊ ငါ့ရဲ့ Project တွေ ဘာဖြစ်သွားမလဲ" ဆိုတာပါပဲ။ သူတို့ဟာ ဝမ်းနည်းမှုကို အလုပ်ထဲမှာ အားအဖြစ် ပြောင်းလဲပစ်လိုက်ကြတာပါ။
Business သမားတစ်ယောက်ဟာ ရှုံးမည့်နိမိတ်ကို ကြိုမြင်ရင် Cut-loss လုပ်ရဲရပါတယ်၊ အချစ်ရေး မှာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်တန်ဖိုးကို မသိတဲ့သူ၊ ကိုယ့်အနားမှာ မရှိချင်တော့တဲ့သူကို ဆွဲထား ခြင်းဟာ "ရှုံးနေတဲ့ လုပ်ငန်းတစ်ခုထဲကို ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ထည့်နေတာ" နဲ့ အတူတူပဲလို့ သူတို့ ယူဆလေ့ရှိကြတယ်။ ဒါကြောင့် သူတို့ဟာ အသဲကွဲဖို့ထက်၊ အဲဒီ သင်ခန်းစာကို ယူပြီး ပိုတော်တဲ့၊ ပိုကောင်းတဲ့ Version တစ်ခုဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ကြပါတယ်။
သူဌေးတစ်ယောက်ရဲ့ ဦးနှောက်ဟာ အမြဲတမ်း Analysis လုပ်နေတတ်တာမျိုးပါ။ "သူ ငါ့ကို ထားခဲ့တယ်၊ ဒါဟာ ငါ့အတွက် ကောင်းသလား၊ ဆိုးသလား" လို့ တွက်ချက်တယ်။ ရေရှည်မှာ ကိုယ့်အတွက် အဆိပ် အတောက်ဖြစ်စေမယ့် အရာဆိုရင် နှလုံးသားက နာကျင်နေပါစေဦးတော့... ဦးနှောက်က "Go" ဆိုရင် သူတို့ ပြတ်ပြတ်သားသား ရှေ့ဆက်ပါတယ်။ သူတို့မှာ အသဲကွဲဖို့ အချိန်မရှိတာ မဟုတ်ဘူး၊ အသဲကွဲ တာထက် အောင်မြင်မှုက ပိုပြီး Exciting ဖြစ်ဖို့ ကောင်းတယ်ဆိုတာ သူတို့ သိနေတာပါ။
တကယ်တော့ အသဲကွဲတယ်ဆိုတာ အားယားနေတဲ့သူတွေရဲ့ အလုပ်တစ်ခုပါ။ ကိုယ့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်၊ တာဝန်ယူရမယ့် လူတွေရှိတယ်၊ အကောင်အထည်ဖော်ရမယ့် အိပ်မက်တွေ ရှိတယ်ဆိုရင် အချစ်ရေးကိစ္စကြောင့် ဘဝကြီးတစ်ခုလုံး ရပ်တန့်သွားမှာ မဟုတ်ပါဘူး။
တကယ်ပဲ "သူဌေးစစ်စစ်" စိတ်ဓာတ်ရှိတယ်ဆိုရင်... တစ်စုံတစ်ယောက်က ခင်ဗျားကို ထားခဲ့တဲ့အခါ ခင်ဗျားမှာ ကျန်ခဲ့မှာက "မျက်ရည်" မဟုတ်ဘဲ "ပိုပြီးကြီးမားတဲ့ အောင်မြင်မှု" ပဲ ဖြစ်ရပါလိမ့်မယ်။
အချိန်မဖြုန်းနေမယ့်အစား ကိုယ့်ရဲ့ Value ကို မြှင့်တင်ပါ၊ ခင်ဗျား တန်ဖိုးတက်လာတဲ့နေ့မှာ ခင်ဗျားကို ထားခဲ့တဲ့သူကသာ နောင်တရနေပါလိမ့်မယ်။
#ဇူဘိုင်