Myanmar Di Ka သတင်း ၊ ဆောင်းပါး ၊ ဗဟုသုတ
အထွေထွေ ။

15/11/2024

တုပ်ချက်ပြင်းမယ့် ရင်းနှီးမြှုပ်နှံမှု 🐝
ဘုံအနာဂတ် အိမ်ပြန်ခရီးမှာ ဝက်ဝံဆိုးတွေကို တဟုန်ထိုး တုပ်အားပြင်းပြင်းနဲ့ တွန်းလှန်ဖို့အတွက် ဘဏ္ဍာစုဆောင်း ရင်းနှီးမည့် ICO Round 2 မှာ နွေဦးပျားများကို ပါဝင်ပျံသန်းဖို့ ဖိတ်ခေါ်ချင်ပါတယ်။
$10 အနည်းဆုံး ရင်းနှီးပြီး နွေဦးဘဏ် ရှယ်ယာဝင်နိုင်ဖို့ SDB အကောင့်တခုရှိရန်သာ လိုအပ်ပါတယ်။
SDB အတွင်း ကြိုက်ရာငွေကြေး ၁၀ မျိုး ဖြင့် ဖြည့်ထားနိုင်ပြီး အပတ်စဉ် သတ်မှတ်ထားတဲ့ exchange rate တန်ဖိုး အတိုင်း Token များကို တိုက်ရိုက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
တုပ်ချက်အားပြင်းဖို့ ICO Round 2 ရင်းနှီးမြှုပ်နှံကြစို့။ 🤩

📲 ICO 2 အတွက် SDB ဖွင့်ရန်
bit.ly/m/SDB4all

🧑‍🚀 SDB ရှယ်ယာရှင်များ စုဝေးရာ
https://t.me/SpringDevBankCommunity

04/11/2024

မြသိန်းတန်ဘုရားပေါ်တပ်လာစွဲသော စကစများအား ဒရုန်းဖြင့် မြင်တွေ့ရစဉ်။

( ရက်လွန်ပြီး ရုပ်သံသာ ဖြစ်ပါ၍ လုံခြုံရေး မထိခိုက်ပါကြောင်း )
မူလတင်ထားသော ရဲဘော်များ၏ ကြိုးစားအားထုတ်နေမှုကို လေးစားပါတယ် ၊ အများပြည်သူအနေဖြင့်လည်း ကြည့်ရှုပြီးနောက် ဆက်လက်ပံ့ပိုးနိုင်စေခြင်း အလို့ငှာ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

The Bridge
41124

04/11/2024

ဗိုလ်ကြီး ၃ ဦး အပါအဝင် စစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးရရှိပြီး စစ်သား အလောင်း ၁၄ လောင်းရရှိသော ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအပြီး ရုပ်/သံ

ရန်ကုန်၊ နိုဝင်ဘာ ၃

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပြီးနောက် ၊ စကသအရာရှိ ဗိုလ်ကြီး ၃ ဦး အပါအဝင် စစ်သုံ့ပန်း ၁၇ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး စကစတပ်ဖွဲ့ဝင် အလောင်း (၁၄) လောင်း ရရှိခဲ့ကြောင်းကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်ထားသည်။

၂၀၂၄ ခု ၊ အောက်တိုဘာ (၂၉) ရက် နေ့တွင် ခေါပုတ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့ အထိ ခေါပုတ်စခန်း မှ စွန့်ခွာသွားသော စကစတပ်ဖွဲ့ဝင်များ ကို လိုက်လံရှင်းလင်းခဲ့ရကြောင်း၊ ထိုသို့ စခန်းစွန့်ခွာ ထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူစကစ အလောင်း ၁၄ လောင်း နှင့် တပ်ခွဲမှူး အဆင့် ဗိုလ်ကြီး ၃ ဦး အပါအဝင် စစ်သုံ့ပန်း (၁၇) ဦးကိုလည်း လက်နက်ခဲယမ်းများ နှင့် အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲတွင် BPLA မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိကြောင်း၊ ထိုသို့ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်မှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ 60mm ၁၁ လက်၊ RPG-7 ၃ လက်၊ 81mm ၁ လက်၊ K-3 ၉ လက်၊ မြေမြှုပ်ဗုံးတစ်လုံး၊ တိုပီတို ၁၉ ထုပ်၊ 16-နင်းမိုင်း ၁၆ လုံး၊ 14-နင်းမိုင်း ၁၀ လုံး၊ တိုက်ဗုံး ၉ လုံး၊ ဆက်သွယ်ရေးစကားပြောစက်ကြီး ၂ လုံး၊ 60mmကျည် ၁၃ တောင့်နှင့် RPG-7 ကျည်ဖူး (၅) တောင့် တို့ကို သိမ်းဆည်းရမိကြောင်းကို KNU တပ်မဟာ(၅) မူတြော် ကလည်း သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ရှုံးကောင်စီ၏ ခေါပုတ်တပ်စခန်းသည် မဟာဗျူဟာအရ အရေးပါသည့် စခန်းတစ်ခုဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် လာရောက်တပ်စွဲထားခြင်းဖြစ်ပြီး ၊ထိုအချိန်မှ စ၍ ဒေသတွင်းရှိ အပြစ်မဲ့ပြည်သူများအား ညှင်းပန်းနှိပ်စက်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်းနှင့် ပေါ်တာဆွဲခိုင်းစေခြင်းများ စဥ်ဆက်မပြတ် ပြုလုပ်နေသည့် တပ်စခန်းတစ်ခုဖြစ်ကြောင်း၊ အဆိုပါ ခေါပုပ်တပ်စခန်း တွင် စကစတပ်မှ ၏ လူအင်အား ၁၀၀ ကျော်ခန့်သာရှိသည်ဟု ဆိုသည်။

CRD - ရုပ်သံကို BPLA မှ ထုတ်ပြန်ထားခြင်းဖြစ်ပါသည်။

31/10/2024

၂၀၂၄ ခု ၊ ဇူလိုင်လ ၆ရက် ၊ စစ်ကိုင်းတိုင်း ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့ ၌ စစ်ရဟတ်ယာဉ်အား တိုက်ခိုက်ခဲ့စဉ်က ရုပ်သံ။

#ပင်လည်ဘူး

ဗမာသူပုန် စာစဉ် ၊ အတွဲ(၁) အမှတ် (၁၂)
31/10/2024

ဗမာသူပုန် စာစဉ် ၊ အတွဲ(၁) အမှတ် (၁၂)

သီတင်းကျွတ်လက်ဆောင်စွယ်တော်ကုန်း (ခ) ခွေးကုန်းလေ့ကေ့ကော်နယ်မြေ ၊ ကရင်ပြည်။ဓာတ်ပုံ - ကော်ဘရာ
17/10/2024

သီတင်းကျွတ်လက်ဆောင်
စွယ်တော်ကုန်း (ခ) ခွေးကုန်း
လေ့ကေ့ကော်နယ်မြေ ၊ ကရင်ပြည်။

ဓာတ်ပုံ - ကော်ဘရာ

မန္တလေးမြို့ ပိတောက်ပွင့်တဲ့ည◾၁။ဆရာကိုနေဝင်းက ၁၉၅၀၊စက်တင် ဘာ ၃၀ မှာမွေးတယ်။ကျနော့်မွေးလက ဆရာကိုနေဝင်းနဲ့တူတော့ ကြံဖန်ပြီ...
01/10/2024

မန္တလေးမြို့ ပိတောက်ပွင့်တဲ့ည

၁။
ဆရာကိုနေဝင်းက ၁၉၅၀၊စက်တင် ဘာ ၃၀ မှာမွေးတယ်။ကျနော့်မွေးလက ဆရာကိုနေဝင်းနဲ့တူတော့ ကြံဖန်ပြီးဂုဏ်စွေနေမိသေးတယ်။ကိုနေဝင်းမွေးနေ့ကိုလည်း ပိုပြီးတခုတ်တရ သတိပြုတတ်စေခဲ့တယ်။

ကိုနေဝင်း လူငယ်ဘဝ၊ ၂၀ နှစ်သားအရွယ်မှာ သီဖွဲ့ခဲ့တဲ့ 'မောင့်လပြည့်ဝန်း'ကို ကျနော့်အဖို့ အင်မတန် နှစ်သက်ဦးညွှတ်တယ်။မောင့်လပြည့်ဝန်းကို ဂန္ထဝင်သီချင်းတပုဒ်အဖြစ်လည်း ကနေ့ထိ ရင်ထဲမှာ ခိုင်ကျည်နေမိခဲ့တယ်။

ကိုနေဝင်းအနုပညာတွေကို ကျနော်က အရူးအမူးရှိခဲ့ပါတယ်။ ကျနော်နှစ်သက်ခဲ့ရတာတွေထဲကမှ ''မန္တ လေးမြို့ပိတောက်ပွင့်တဲ့ည''သီချင်းက ၁၉၈၅ မှာထွက်တဲ့''ယာဉ်အမီရီရီပြုံးပြန်ပါ''အခွေမှာပါတယ်။ရေးတာတော့ ၁၉၈၄မှာလို့မှတ်သားရတယ်။

ဧပြီလရောက်လို့ ပိတောက်ရနံ့တွေ၊သကြန်အရိပ်တွေ သဲလွန်စရပြီဆိုတာနဲ့ အဲ့ဒီသီချင်းလေးက ပါးစပ်ထဲ အလိုလို ညီးမိတတ်ခဲ့တယ်။ဧပြီမဟုတ်ဘဲ အခြားအချိန်တွေမှာလည်း ရင်ထဲယစ်ဝဲနေတတ်ခဲ့တဲ့သီချင်းတပုဒ်ဖြစ်ပါတယ်။

''ယာဥ်အမီ''ထွက်တုန်းက တိတ်ခွေခေတ်ပေါ့လေ။အဲ့ဒီတုန်းက ကျနော်တို့မန္တလေး၊ ၈၃လမ်းပေါ်၊ ရွှေကျီးမြင်ဘုရားအနောက်ပေါက်မှာ''သင်း ပျံ့''အအေးဆိုင်ရှိတယ်။ရေခဲမုန်တို့၊ဒူးမလိုင်တို့ကို''နိုင်လွန်''ကလိုပဲ ရ တတ်တယ်။အအေးအပြင်အခြားတိုလီမိုလီအသုံးအ ဆောင်ပစ္စည်းတွေပါရောင်းတယ်။မုန့်ဖိုးလေးတွေစုထားပြီးဆန်ညိုဆိုတဲ့ ဝပ်မင်း က က်ဆက်လေးကို ၈၀၀ ပေးဝယ်ရတယ်။
ကျနော်က မုန့်ဖိုး၅ကျပ်၁၀ရတာမှာ သီချင်းခွေအသစ်ထွက်ရင်မဝယ်နိုင်ပါဘူး။အဲ့ဒီတုန်းက သီချင်းတခွေကို ၁၀၀ ကျော်လောက်ရှိမယ်ထင်မိတယ်။ခွေနဲ့မပြီးဘဲ သီချင်းစာအုပ်ကလည်းလိုချင်သလို ဝေါရှိလည်းမက်ပါတယ်။ဒါပေမယ့်တိုရေ ရှားရေပါ။ဝယ်နိုင်ခဲ့ပါတယ်။

အဖေ့မိတ်ဆွေ အိမ်လာနေကျ လူတယောက်ရှိတယ်။သူက ညစျေးတန်းမှာသီချင်းခွေရောင်းတယ်ထင်မိတယ်။သူ့ကို ခွေအဟောင်းပေးပြီး ကိုယ်လိုချင်တဲ့ခွေကူးခိုင်းရတယ်။၃၀ လောက်ပဲပေးရတယ်ထင်တာပါပဲ။ကာဗာတွေဘာတွေပါတတ်တယ်။မပါတဲ့အခါကျလည်း လက်ရေးနဲ့ရေးပေးတာဖြစ်တယ်။အိမ်မှာ ရှိတဲ့ခွေအဟောင်းတွေကို ဖျက်ပြီးကူးတယ်။တရားခွေတွေများတယ်ပေါ့။

နှင်းဆီဖြူရဲ့အဝေးကလူတယောက်၊ကစားမလားနားမလား၊အိပ်မက်၊ပြည်မှာဆောင်း၊၊စတဲ့ ခင်ဝမ်းခွေတွေ၊ကိုအံ့ကြီးလက်ရွေးစင်တွေ၊ရာပြည့်ရဲ့ တကောင်တည်း ဒါပေမယ့်၊ သတိမမူဂူမမြင်၊နဒီမင်္ဂလာ၊စိုးစိုးရဲ့ ဖြစ်လိုက်ရုံပဲလေ၊မျိုးအေးရဲ့ ညှို့နှုတ်ခမ်း၊စိုးဇော်ရဲ့ မန္တလေးကမောင့်မြနန္ဒာ၊စိုးနိုင်ရဲ့နမ်းရှိုက်ခွင့် စတာတွေဟာ အဲ့လိုကူးခဲ့ရတာလေးတွေပါ။

''ယာဥ်အမီ''ကိုတော့ လှိုင်းတေးသံ သွင်းမှာဝယ်ဖြစ်တယ်။ဝပ်မင်းက က်ဆက်လေးနဲ့ ဓာတ်ခဲတွေအတော်ကုန်တယ်။မီးပေါက်ပါပေမယ့် သိပ်မသုံးဖြစ်ဘူး။အိပ်ရင်း သီချင်းလေးဖွင့်ပြီး လွမ်းနေတတ်တဲ့အရွယ်လည်းဖြစ်တယ်။

အိပ်ရာထဲ ခေါင်းအုံးဘေးမှာ ဖွင့်တယ်။အမေတို့မသိအောင် ခြင် ထောင်ထဲတင်ဆေးလိပ်တွေလည်းခိုးသောက်နေတာပေါ့။ ခြင်ထောင်တခုလုံးဟာ ဆေးလိပ်နံ့တွေမွှန်ထူနေမှာအသေအချာပေမယ့် ကျနော်က သဘောကျနေခဲ့တယ်။

ကိုနေဝင်းနဲ့ကိုရဲလွင်တို့ အတွဲခွေထွက်ဖူးတယ်။အဲ့ဒီ ''တေမင်း၊ရဲလွန်း''နာမည်နဲ့တုန်းက သီချင်းတွေကိုတော့ တခုတ်တရကူးရတယ်။ခိုင်ထူးမဆိုခင်က သီချင်းတွေလို့ပြောနိုင်မယ်။တဗွေတည်းတို့၊သင်္ခါ ရတို့ဘာတို့ရောပါတယ်ထင်မိတယ်။
သင်္ခါရကိုလည်း အတော်သဘောကျခဲ့တယ်။အနိစ္စ အမြဲမရှိ၊ဒုက္ခဆင်းရဲခြင်း၊အနတ္တစိုးမရ ဘာညာမှာ ဘုရင်မင်းမြတ်ပေးကမ်းစွန့်ကြဲ သေဒဏ် ဒီရက် သတ္တပတ်ပဲ၊ကွဲ လွဲ မြဲ စသဖြင့်ဆိုတာတွေကိုသိပ်သဘောကျခဲ့တယ်။ဆင်ဆာကြောင့် ခိုင်ထူးပြန်ဆိုတော့ စာသားတွေမတူတော့ဘူး။

ကိုနေဝင်းကို စနားထောင်ကာစက စိုးပိုင်လိုလို ငိုသံ၊ရှိုက်သံကြီးနဲ့လို့ထင်ဖူးတယ်။အသေအချာ နား ထောင်မှ မတူဘဲ ဝမ်းထဲရင်ထဲကနေ လှိုက်ပြီးလာတဲ့အသံအဖြစ်ခံစားမိတာဖြစ်တယ်။မွန်းအောင်စပေါ်တုန်းကလည်း ၈/၈၂အင်းလျားမှာ ခိုင်ထူးနဲ့တူသယောင်ထင်ဖူးခဲ့တယ်။

ကိုနေဝင်းကို လူငယ်ဘဝကတည်းကရူးသွပ်ခဲ့တယ်။သူ့သီချင်းတွေကို နှလုံးသားသမ္မာ ကျမ်းစာအဖြစ် စွဲမြဲတယ်။ခံစားတယ်။ကျနော့်ကဗျာ ဆရာဘဝသက်ရောက်မှုတွေထဲမှာ သီချင်းတွေကိုထားခဲ့လို့မရဘူးထင်မိတယ်။ကိုနေဝင်းရဲ့သီချင်းတွေဟာ လည်း ကျနော့်နှလုံးအိမ်ရဲ့ရှေ့တန်းမှာရှိခဲ့ပါတယ်။

၂။
ကျနော်ချစ်တဲ့ကဗျာဆရာပိုင်စိုးဝေက ပိတောက်ပွင့်သစ်မဂ္ဂဇင်းရဲ့'' ပင် လယ်များကိုဖြတ်သန်းခြင်း'' က ဏ္ဍမှာရေးဖူးတယ်။၇၃လောက်မှာ ပန် တျာကျောင်းမှာ ညစောင့်လုပ်တယ်။ပိုင်သနဲ့အီကွေတာအော်သံထုတ်တယ်။ဘလက်ခ်စာအုပ်ပေါ့လေ။ ဝေချစ်ကိုက အဖုံးရေးတယ်ဆိုတဲ့အကြောင်းတွေ။ အဲ့ဒီ ဝေချစ်ကို(ခေါ် )ဆရာသော်ဒီဝေကို ဗဟိုပြုပြီးတော့ သုခမိန်လှိူင်၊ဝင်းမင်းထွေး၊ မောင်ချောနွယ်၊ခင်ဝမ်း ၊ တေးရေး ကိုနေဝင်းတို့နဲ့မိတ်ဆွေဖြစ်တယ်၊ ဆိုတာလေးထည့်ပြောဖူးတယ်။အလုံးအဖန်မပေါ်မီက အ ကြောင်းတွေလည်းဖြစ်တယ်။သိပ်မအောင်မြင်ကြသေးခင်နေ့ရက်များထဲ နေမင်းပိုင်စိုးနဲ့သူ့မိတ်ဆွေများလို့လည်းပြောရမယ်ထင်မိတယ်။

ပြောချင်တာက ကိုနေဝင်းရဲ့''မောင့်လပြည့်ဝန်း''နဲ့ပါပိုင်စိုးဝေက ရင်နှီးခဲ့ရတာကိုပါ။နောက်ပိုင်းမှာကိုနေဝင်းရန်ကုန်ရောက်သွားတယ်။ချစ်၍စွန့်သွားတဲ့မင်းကို၊ စွန့်၍ချစ်သွားမယ်လေ၊မောင်လပြည့်ဝန်းတယောက် ပိုင်စိုးဝေနဲ့တွေ့တယ်။သူ့ဘဝနဲ့သူ၊ကိုယ့်ဘဝနဲ့ကိုယ် ဆိုသောအကြောင်းတွေဟာဖြစ်ခဲ့တယ်။ရှိခဲ့တယ်။
အဲဒီအကြောင်းလေးဖတ်ရတော့ အင်မတန်လွမ်းမောဖို့ဖြစ်ရတယ်။စာစုခေါင်းစဥ်တော့မေ့နေမိပါတယ်။' ''အလုံး အဖန်မပေါ်မီ လွင့်ပြယ်သွားသော ရာဇဝင်ကမ်းပါးပေါ်က ငှက်တေလေများ''စာစု တွေထဲထင်မိတာပါပဲ။

၃။
ကိုနေဝင်းက ရှမ်းပြည်မြောက်ပိုင်းနမ္မတူမှာမွေးတယ်။လားရှိုးမှာကြီး ပြင်းတယ်။မန္တလေးမှာဖြတ်သန်းတယ်။ကိုနေဝင်းက၃၅ အေလမ်းဘက်၊လမ်း၈၀ပေါ်ကဖားသားလဖုန်းလို့ခေါ်တဲ့အမှတ်၁၄ ကျောင်းသားဟောင်းကြီး။နေတော့ မောရဂီဝါ၊၃၃လမ်း၊ ၇၅ လမ်းဘက်မှာဖြစ်တယ်။

ထိုကာလ မဆလ စီမံကိန်းတွေထဲမှာ စာတတ်မြောက်ရေးကိစ္စလည်းပါတယ်။ကိုနေဝင်းရဲ့ချစ်သူမလေးကမြစ်ငယ်ဘက်ဥယျာဥ်လေး ရွာမှာ အသုံးလုံးသင်တန်းပေးတယ်။ရန်ကုန်AGTIက အဲ့ဒီ ချစ်သူမက ဆရာ မအဖြစ်စာသင်လာတဲ့ထဲပါတယ်။

မန္တလေးကနေ စစ်ကိုင်းကားစီးပြီး ချစ်သူဆီသွားတယ်။စစ်ကိုင်းလမ်းသီချင်းလေးဖြစ်လာတယ်။ချစ်သူမနဲ့သူ့သူငယ်ချင်းတွေ မန္တလေးကိုလာတယ်။ကိုနေဝင်း အိမ်နာမည်က ကိုညီလို့ခေါ်ကြတယ်။ချစ်သူကလည်း ကိုညီလို့ပဲခေါ်တာတဲ့။

မန္တလေးကိုလာကြတော့ မြင်းလှည်းငှားတယ်။မန္တလေးတောင်လိုက်ပို့တယ်။''ရင်ပြင်တော်မှာ ပန်းအိုးထဲကို''ပေါ့လေ၊''မှောင်ချိန်မတန်ခင်လင်းတဲ့နေ့တွေ...တောင်ခြေတနေရာဘုရားမြတ်​ရှေ့မှာ၊သူရယ်ကိုယ်ရယ်နှစ်ဥိးသားတောင်းဆုခြွေ၊ကိုယ်စီလက်ထဲ ပန်းမြတ်သစ္စာ သူလေယူငင်ပေါင်း၍ အတူစုစည်း...''။အဲ့ဒီမှာ''သို့တရံတခါဆီ''သီချင်းလေးအတွက် အခြေ ခံအလွမ်းတွေဟာ မန္တလေးတောင်ကနေ ရစ်သိုင်းခဲ့တယ်။

စစ်ကိုင်းလမ်းဘက်က ချစ်သူမလေးရှိတဲ့ ဥယျာဥ်လေးရွာကိုအကြောင်း ပြုပြီး စစ်ကိုင်းလမ်းရဲ့နောက်ဆက် တွဲ သီချင်းလေးလည်းရှိခဲ့တယ်။
(အဆိုတော်ရန်ပိုင်က ကိုနေဝင်းရဲ့တူတော်သလားဘာလားမှတ်သားဖူးပေမယ့် အသေအချာတော့မပြောတတ်ပါဘူး။)
အဆိုတော် 'ရန်ပိုင်(ဆောင်းတွင်းလမ်း)ကအဲ့ဒီ''ဒီတခါနေဝင်တာ စောတယ်''ဆိုတဲ့ သီချင်းလေးကိုဆိုဖူးတယ်။သိပ်သတိမထားမိခဲ့ကြတဲ့သီချင်းလို့ထင်မိတယ်။

" ▪ အဝေးရပ်က တကူးတကရောက်နေတဲ့ချစ်သူဆီ၊ညမကူးခင် တနေ့တာ ကုန်သည်အထိ ၂ယောက်/ဦး ရှေ့ရေးဆွေးနွေးကြမယ်။အသိမကြွယ်တဲ့အရွယ်၊ ကြွယ်သမျှ အသိနဲ့လေ၊ အမှန် မျှော်လင့်သူတွေမို့ မင်းရှိရာကို မဝေးသောအရပ်မှ ပြေးရောက်လာပြီ။

▪ တဖက်နဲ့တဖက် အခက် အခက်တော့ရှိနှင့်ပြီဘဲလေ၊မပြေလည် ပြေလည်အောင် ကြိုးပမ်းရုံပဲ၊ အချစ်ရေးအတွက် ဘဝ၂ခု ရင်းနှီးမယ်၊ထားသစ္စာ တိုင်တည်စဥ် သူ့အရပ် ကိုယ့်ဒေသမဟုတ်တော့လည်း ခွင့်ပြုသည်အထိသာ နေခွင့်ရှိသူပါ/မို့၊

▪ ပြန်ဆုံမယ် မှာကြားရင်းနဲ့ မေ့ထားတဲ့ အပြန်ခရီးကို စိုးရိမ်စိတ်နဲ့သတိရမိတော့လေ၊ ဒီတခါ နေဝင်တာစောတယ်။ဒီတခါ နေဝင်တာစောတယ်၊အောက်မေ့ပြီး ဥယျာဥ်လေးက လှမ်းထွက်ခဲ့တယ်။စစ်ကိုင်း မန္တလေး နောက်ဆုံးကားတော့ မှီကောင်းမယ် ထင်ရဲ့ ့ ့ ့''

၄။
အဲ့ဒီတုန်းက၂၀၁၉ အောက်တိုဘာလကုန်ခါနီး​ဖြစ်တယ်။အတိကျပြောရရင်၂၇ ရက်နေ့ညနေ၊ တောင်သမန်အင်းစောင်းမှာပေါ့။မယ်ဇယ်ပင်တန်းကြီးအောက်မှာပေါ့။အချိန်မရတော့ပြန်ခဲ့ကြရတယ်။

အဲ့ဒီတုန်းက မမေးဖြစ်လိုက်တာတချို့ကို ၂၀၂၁၊အောက်တိုဘာထဲမှာတိုက်တိုက် ဆိုင်ဆိုင် ဆက်မေးမိခဲ့တယ်။ စကားစပ်ရင်းမေးဖြစ်သွားတာဖြစ်တယ်။

''မောင့်လပြည့်ဝန်း''၊''စစ်ကိုင်းလမ်း'' ၊''ဒီတခါနေဝင်တာစောတယ်''၊''အေ ဒီ(ရွှေပြည်)လမ်းသို့နောက်ဆုတ်နောက် ဆုံး''( မူလက ''အေဒီလမ်းသို့နောက် ဆုတ်နောက် ဆုံး''ကို မဆလပါတီဥက္ကဌ ဦးနေဝင်းက အေဒီလမ်းမှာနေတာမို့ ခွင့်မပြုဘူး၊''ရွှေပြည်လမ်းသို့နောက်ဆုတ်နောက်ဆုံး''လို့ပြင်ရတယ်။ရာပြည့် သီဆိုခဲ့တယ်။ဒီသီချင်းက''မောင့်လပြည့်ဝန်း''အပိုင်း ၂လည်းဖြစ်တယ်။)၊ ''သို့တရံတခါဆီ''စတဲ့ သီချင်းတွေထဲက ချစ်သူမ၊ AGTI ကျောင်းသူမလေးကိုပါသတိရမိပြီး''မန္တလေးမြို့ ပိတောက်ပွင့်တဲ့ည''ထဲက ဇာတ်လိုက်အမျိုးသမီးကလည်း မောင့်လပြည့်ဝန်း ပဲလားလို့ စကား စမြည်ပြုဖြစ်တယ်။

တကယ်တော့ ကိုနေဝင်းမှာ နာမည်တူ ချစ်သူနှစ်ယောက်ရှိခဲ့ဖူးသတဲ့။
ရီရီမြင့်တွေချည်းပါပဲ။
တယောက်က ကြည့်မြင်တိုင်၊နတ်စင်လမ်းက'မောင့်လပြည့်ဝန်း'ထဲက ''ရီရီ''။
တယောက်က ''ယာဥ်အမီရီရီပြုံး''နဲ့ 'မိုးရဲရင်ဆောင်းရဲရမယ်''ထဲက ပုသိမ်က ချစ်သူမ ''ရီရီ''။

''ရီရီပြုံးလို့ပြန်ပါအသက်ရေ၊ တာဝန်မဲ့ဒို့အတွက်ငဲ့မနေနဲ့'' ပေါ့။''ရီရီ မင်းအပြုံးတွေထားရစ်ခဲ့ရင် ကန်ရေပြင်အမှောင်ညလရောင်ခြည်၊တနယ်စီဝေးသွားမှ မပြောတတ်အောင် သတိ ရတယ်မေ''ထဲကလွမ်းရတဲ့သူ။

ဒါကတော့ ဥယျာဥ်လေးရွာရောက်၊ကြည့်မြင်တိုင်၊နတ်စင်လမ်းက၊AGTI ချစ်သူမလေး၊မောင့်လပြည့်ဝန်း။စစ်ကိုင်းလမ်းက မောင့်လပြည့်ဝန်းပေါ့လေ။

အဲဒီတနှစ်က မန္တလေးသကြန်အ ကြိုနေ့ကြီးမန္တလေးသကြန်ကျကြမယ်ဆိုပြီး ဥယျာဥ်လေးရွာမှာလုပ် အားပေးရောက်နေတဲ့ချစ်သူမကို ကိုညီက သွားခေါ်တယ်။

ချစ်သူမနဲ့ သူ့ သူငယ်ချင်းမိန်းမတွေတဖွဲ့လုံးကို ကားတစီးနဲ့ သွားခေါ်တာ။လမ်းမှာ မိုးမိတာနဲ့တကားလုံး စိုရွှဲကုန်တယ်။အဲ့တာနဲ့ ကျနော့်အိမ်ခေါ်ချလာပြီး၊ အိမ်မှာရှိတဲ့စောင်ပါမကျန် အကုန်ရေသုတ်ကြ၊ အဝတ်လဲကြရတာပေါ့။မန္တလေးသကြန်အကြို နေ့ကြီး စိုရွှဲပီး သကြန်ကျနေတော့တာပေါ့။

ညဘက်ကျ လမ်း၃၀ AGTI ကျောင်းထဲမှာ တည်းကြတယ်။သူတို့က ရန်ကုန် AGTI တွေလေ။အဲ့ဒီညက AGTI ထဲက ရေစင်ကြီးအောက်မှာ ချစ်သူနဲ့ စကားတွေပြောကြတယ်။တညလုံးခွန်းဆိုပေါ့။ မိုးလင်းတဲ့အထိပဲ။''

''ကိုစံညိမ်းဦး က မန္တ​လေးGTIတက်ဖူးတော့ သိမှာပေါ့၊ အဲ့ဒီရေစင်ကြီးကိုတဲ့။သိပါတယ် ဆရာလို့ ကျနော်ကဖြေရင်း သူ့စကားကိုငေးနေမိပါတယ်။'' 'မန္တ လေးမြို့ပိတောက်ပွင့်တဲ့ည'က မန္တ လေးမြို့မှာ ကျနော်နဲ့ချစ်သူမ ရင်ထဲ ပိတောက်တွေပွင့်တဲ့ညပေါ့ဗျာ'' တဲ့။

ကိုနေဝင်းပြောတော့ကျနော်က ဂျီတီအိုင်ကျောင်း သားဘဝကိုလွမ်းသွားရတယ်။ဘောလုံးကွင်းဘေးက စိန်ပန်းပွင်တွေ၊ကျောင်းပင်မလမ်းပေါ်က ကုက္ကိုလ်ပင်ကြီးတွေကိုပါသတိရနေမိတယ်။ရေစင်ကြီးကိုပြန်မြင်ယောင်သွားမိတယ်။

[[×××လမင်းရဲ့အရိပ် သက်နှင်းသစ္စာ၊ချစ်ခြင်းခွင့်ကြုံ.. တို့နှစ်ဦးကိုယ်မှာ..၊နှစ်ခိုင်ကြာနွယ်.. မေတ္တာချင်းယှဉ်..၊ခက်လက်ချင်းယှက်.. ငုံပွင့်ဖူး၍။
အတူလှမ်းလာစဉ်၊ မြေနီနီလမ်း တံတားထက်..၊အို.. အချစ်ရယ်.. ကြည်နူးစရာပေါ့..၊ဆက်ရမယ့် ခရီးဦးအတွက်..၊အစီအစဉ်တွေ.. ကိုယ်စီကိုယ်ငှ..၊ရေးဆွဲပြီးစ.. မမေ့ဘူး ဒီည..၊မမေ့ဘူး.. နှစ်ဦးတွေ့တဲ့.. ည..။
နှစ်သစ် ရေ.. အေးမြစေသား..၊ချစ်လွန်းသူ.. အ သက်ရဲ့ကိုယ်ပွား..၊သိမ်းထွေးလို့.. ထားမယ်ဒီညမန္တလေးမြို့.. ပိတောက်ပွင့်တဲ့ ည..။
သံယောဇဉ် ညီအတူ ချိုအမျှ..၊တညလုံး.. တို့ စကားခွန်းခြွေရင်း၊အချစ်သီချင်းတို့ မအိပ်စက်တဲ့.. ည၊ တသသနဲ့.. မေ့မရတဲ့ည..၊မန္တလေးမြို့.. ပိတောက်ပွင့်တဲ့ည..။
အချစ်သီချင်းတို့ မအိပ်စက်တဲ့ည..၊မန္တလေးမြို့.. ပိတောက်ပွင့်တဲ့ ည..×××.]]

၅။
နောက်ပိုင်းမှာ မန္တလေးဂျီတီအိုင်ကျောင်းကြီးက အမျိုးသမီးဗဟိုဆေးရုံဖြစ်သွားတယ်။လမ်း၃၀ ဘက်ရောက်လို့ ဖြတ်မိရင် ကျောင်းကိုလွမ်းရတယ်။ဗထူးကွင်းတိုက်ခန်းတွေဘက်က မိုး ကောင်းကင်ဘီအီးဆိုင်လည်းမရှိတော့ပါဘူး။ကိုနေဝင်းပြောတဲ့ ရေစင်ကြီးလည်းရှိသေးလားမပြောတတ်တော့ဘူးပေါ့။

''ကိုနေဝင်း အဲ့ဒီ ရီရီမြင့်နဲ့ ဒီဘက်ကာလကျ ပြန်ဆုံဖြစ်သေးလား''လို့မေးမိသေးတယ်။ တခေါက်တော့ တွေ့တယ်တဲ့။ ရန်ကုန်မြို့ထဲ မီးပွိုင့်မိတုန်းကတဲ့။ ကျနော်ကလည်းကားပေါ်မှာ၊ သူကလည်းကားနဲ့။ဘေးချင်းယှဥ်ရပ်မိရက်သား တူပါတယ်လို့ ကြည့်မိတယ်။ မထင်မှတ်ထားတော့အံ့သြမိသွားတာပေါ့။
သူကလည်း မှတ်မိတယ်တူပါတယ်။(ကျနော်ထင်တာလည်းဖြစ်ရင်ဖြစ်မှာပါ။)ကျနော့်ကို တချက်ပြုံးပြတယ်။ ကျနော်လည်းခေါင်းတချက်ညိတ်ပြီးနှုတ်ဆက်တယ်။တခုခုလှမ်းပြောချင်စိတ်ဖြစ်ပြီးဘာပြောရမယ်မသိဖြစ်နေချိန်မှာ မီးပွိုင့်ကစိမ်းတယ်။ကိုယ့်လမ်းကိုယ်ဆက်သွားခဲ့ကြတယ်တဲ့။

အဲ့တာဘယ်လထဲလဲလို့မေးမလို့ ကျနော်တွေးမိသေးတယ်။ဒါပေမယ့်မမေးဖြစ်ခဲ့ပါဘူး။ဧပြီလထဲများလားလို့တွေးမိလိုက်လို့ဖြစ်ပါတယ်။' 'မန္တ လေးမြို့ပိတောက်ပွင့်တဲ့ည''သီချင်းလေးကို ကျနော်က သတိရနေမိလို့ဖြစ်ပါတယ်။

တကယ်တော့၇၀ ကျော်တန်းအရွယ်တွေပေါ့၊ကျနော်က ကိုနေဝင်းရဲ့ရိုမန်တစ်ဖြစ်တဲ့အသံတွေ၊မျက်ဝန်းတွေကို အောက်မေ့နေမိတယ်။

လူဖြစ်ခြင်းဟာလွမ်းစရာဖြစ်သလို လူ့အဖြစ်ရဲ့ပြီးဆုံးခဲ့သောအကြောင်း တရားများဟာလည်း လွမ်းမောဖွယ်ဖြစ်ပါတယ်။ဒါကိုပဲ ကျနော်က အခုလို မှတ်မိသလိုပြန်ပြောကြည့်မိတာပါ။


စံ ညိမ်း ဦး
၁၃၁၀၂၁

18/08/2024

မိုးတွင်းရေများကာလ တောတွင်းတနေရာ မြင်ကွင်း

17/08/2024

MNDAA မှ ဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးစဉ် လက်စွဲနှုတ်ဆက်နေကြသော စကစ တပ်သားများ အား တွေ့ရစဉ် ။

ထိုင်းဝန်ကြီးချုပ် အား ရာထူးမှ ဖယ်ရှား။ရန်ကုန်၊ ဩဂုတ် ၁၄ ထိုင်းနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထိုင်းဝန်က...
14/08/2024

ထိုင်းဝန်ကြီးချုပ် အား ရာထူးမှ ဖယ်ရှား။

ရန်ကုန်၊ ဩဂုတ် ၁၄

ထိုင်းနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို အခြေခံဥပဒေ ချိုးဖောက်မှုဖြင့် ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သိရှိရသည်။

တရားရုံး အရာရှိတစ်ဦး ကို လာဘ်ပေး လာဘ်ယူမှု ကျူးလွန်ခဲ့ဖူးသော Pichit Chuenban ကို ဝန်ကြီးချုပ်ရုံး ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့မှုဖြင့် ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို အခြေခံဥပဒေချိုးဖောက်သည်ဟု ဆုံးဖြတ်၍ အခြေခံဥပဒေခုံရုံးက ရာထူးမှ ဖယ်ရှားလိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရသည့်အတွက် ၎င်းဖွဲ့စည်းထားသော အစိုးရ အဖွဲ့လည်း ပျက်ပြယ်သွားပြီး ဝန်ကြီးချုပ်အသစ် ကို လွှတ်တော်တွင် ထပ်မံ ရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။

12/08/2024

လူမှုကွန်ယက်တွင် အစုအလိုက်အပြုံလိုက် ရုပ်အလောင်းများဟု အမြန်ရွေ့ရုပ်သံဖြင့် ပြောနေသော နေရာ၏ အဖြစ်မှန်မှာ အဝတ်အထည်များ ပြန်ကြဲနေသော နေရာသာ ဖြစ်ကြောင်း ဒေသခံတို့မှ ပြန်လည်တင်ပြထားကြသော ရုပ်သံ။

12/08/2024

လားရှိုးမြို့ တိုက်ပွဲများငြိမ်သက်ပြီးနောက် မြင်ကွင်းများကို ဒေသခံတို့ ရိုက်ကူးထားသော ရုပ်သံများ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်။

03/08/2024
ရုံးဝန်ထမ်းအမျိုးသမီးကိုလိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခဲ့သူ NUGရဲ့အိန္ဒိယနိုင်ငံကိုယ်စားလှယ်ဆလိုင်းအိုက်ဇက်ခင်ကိုရာထူ...
03/08/2024

ရုံးဝန်ထမ်းအမျိုးသမီးကိုလိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခဲ့သူ NUGရဲ့အိန္ဒိယနိုင်ငံကိုယ်စားလှယ်ဆလိုင်းအိုက်ဇက်ခင်ကိုရာထူးမှထုတ်ပယ်ကြောင်း NUG ကြေညာ

ဩဂုတ်လ ၃ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မှ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ ဗဟိုကော်မတီက စာရွက်စာတမ်းသက်သေ ၊ လူသက်သေ၊ မျက်မြင်သက်သေ၊ ထွက်ဆိုချက်များ အရ တိုင်ကြားခံရသူ ဆလိုင်းအိုက်ဇက်ခင် သည် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်းအား အမှန်တကယ်ကျူးလွန်ခဲ့ကြောင်း သုံးသပ်တွေ့ရှိရကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းအမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့သူ NUGရဲ့အိန္ဒိယနိုင်ငံကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို ၂၀၂၄ခု ဩဂုတ်လ ၁ ရက်နေ့မှ စပြီး လက်ရှိတာဝန််နှင့်ရာထူးမှ ထုတ်ပယ်ပြီဖြစ် ကြောင်း ဒီနေ့ဩဂုတ်လ ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အာဇာနည် ခေါင်းဆောင်ကြီးများ ။( တဦးချင်း၏အကြောင်းများကို တပုံချင်းစီ၌ ဖော်ပြထားပါသည်။ )၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင...
19/07/2024

အာဇာနည် ခေါင်းဆောင်ကြီးများ ။
( တဦးချင်း၏အကြောင်းများကို တပုံချင်းစီ၌ ဖော်ပြထားပါသည်။ )

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး၌ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် မြန်မာ့နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီး (၉) ဦးဖြစ်သည့် -

၁။ ဗိုလ်ချုပ် အောင်ဆန်း
၂။ သခင်မြ
၃။ ဒီးဒုတ်ဦးဘချို
၄။ ဦးရာဇတ်
၅။ မန်းဘခိုင်
၆။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း
၇။ ဦးဘဝင်း
၈။ ဦးအုန်းမောင်
၉။ ရဲဘော် ကိုထွေး ..... တို့ ကျဆုံးခဲ့သည်။

ထိုနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ပြီး ယနေ့ထက်တိုင် အောက်မေ့ သတိရလျက် နှစ်စဉ် အာဇာနည်နေ့ အခမ်းအနား ကျင်းပလျက်ရှိသည်။

အာဇာနည်နေ့ ။အာဇာနည်နေ့သည် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်၏ မေ့မရဖွယ်အထိမ်းအမှတ်နေ့ တစ်ရက်ဖြစ်သည်။ ...
19/07/2024

အာဇာနည်နေ့ ။

အာဇာနည်နေ့သည် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်၏ မေ့မရဖွယ်အထိမ်းအမှတ်နေ့ တစ်ရက်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦး နှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးသွားကြသည်။ထိုနေ့ကို အာဇာနည်နေ့ ဟု သက်မှတ်ကာ နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။

အဖြစ်အပျက်များ။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ မြန်မာစံတော်ချိန် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လယ်ရှိ ဝန်ကြီးများရုံး၌ အစည်းဝေးပွဲကျင်းပနေချိန်ဖြစ်သည်။ အင်္ဂလိပ်ခေတ် မြို့စောင့်တပ်အမှတ် (၁၂) သေနတ်ကိုင်တပ်ရင်း၏ အမှတ်တံဆိပ်ကို တပ်ဆင်ထားသော စစ်ယူနီဖောင်းအပြည့်စုံဝတ်ဆင်ထားသော လူတစ်စုသည် ဝန်ကြီးများရုံးအတွင်း ဝင်ရောက်၍ ဗမာ့လွတ်လပ်ရေး ခေါင်းဆောင်အချို့အား ပစ်ခတ်လုပ်ကြံခဲ့ကြသည်။ ၎င်းနိုင်ငံတော်လုပ်ကြံမှုကြီးအား နယ်ချဲ့လက်ပါးစေ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုမှ ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး ၎င်းအဖွဲ့အား ခေါင်းဆောင် ကြိုးကိုင်ထားသူအဖြစ် ဂဠုန်ဦးစောအား စွပ်စွဲခဲ့ကြသည်။ ထို့နောက်ဦးစောနှင့် အပေါင်းအပါများအား ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီးဘူးတို့ ပါဝင်သော အထူးခုံရုံးမှ အချိန်ယူ စစ်ဆေးပြီး ပြစ်မှုထင်ရှားသဖြင့် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် သေဒဏ်စီရင်ချက် ချမှတ်ခဲ့လေသည်။

တရားခံများက အဆင့်ဆင့်အယူခံ ဝင်ခဲ့သည်။ နောက်ဆုံး အယူခံလွှာကို ၁၉၄၈ ခု၊ ဧပြီလ (၂၇ ) ရက်နေ့တွင် တရားလွှတ်တော်ချုပ်မှ ပယ်ချလိုက်သည်။ ထို့နောက် သမ္မတထံ သနားခံလွှာ တင်သွင်းခဲ့ပြန်ရာ ခင်မောင်ရင်၊ သုခနှင့် မောင်နီတို့အပေါ်တွင် ချမှတ်ထားသော သေဒဏ်အမိန့်ကို ပယ်ဖျက်ပြီး တစ်သက် တစ်ကျွန်း ထောင်ဒဏ်သို့ လွှဲပြောင်းပေးခဲ့သည်။ ကျန်တရားခံများဖြစ်သော ဂဠုန်ဦးစော၊ သက်နှင်း၊ မောင်စိုးနှင့် မှုန်ကြီးတို့အား အင်းစိန်အကျဉ်းထောင် တွင် လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ရန်ကုန်အကျဉ်းထောင် (ယခု ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံနေရာ)တွင်လည်းကောင်း၊ ၁၉၄၈ ခု၊ မေလ (၈) ရက်နေ့ အရုဏ်တက်ချိန် (၅)နာရီခွဲတွင် တစ်ချိန်တည်း ကြိုးဒဏ် စီရင်ခဲ့လေသည်။ တရားလွှတ်တော်ချုပ်နှင့် အထူးခုံရုံးမှ အတိုက်အခံများ၏ အယူခံများအားလုံးသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြခဲ့သည်။ အတိုက်အခံတို့၏ အယူခံအား ဒေါက်တာမောင်မောင်ရေးသားသည့် "နိုင်ငံတော်လုပ်ကြံမှု"တွင် ဖတ်ရှုနိုင်ပြီး "၁၉၄၈ခုနှစ် ဥပဒေမှတ်တမ်းများ"တွင်လည်း အထူးခုံရုံးနှင့် တရားလွှတ်တော်ချုပ်တို့၏ အယူခံကို ဖတ်ရှုနိုင်သည်။

လုပ်ကြံခံခဲ့ရသူများမှာ -

ဦးအောင်ဆန်း (ဝန်ကြီးချုပ်)
ဦးဘချို (ပြန်ကြားရေးဌာနဝန်ကြီး)
မန်းဘခိုင် (အလုပ်သမားရေးရာဌာနဝန်ကြီး)
ဦးဘဝင်း (စီးပွားရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီး)
သခင်မြ (ပြည်ထဲရေးဌာနဝန်ကြီး)
ဦးအဗ္ဗဒူရာဇတ်(ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး)
မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း (နယ်ခြားဒေသများဆိုင်ရာဌာနဝန်ကြီး)
ဦးအုန်းမောင် (သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းဝန်) နှင့်
ရဲဘော် ကိုထွေး (ဦးအဗ္ဗဒူရာဇတ်၏ သက်တော်စောင့်)
တို့ဖြစ်ကြသည်။

ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွဋ်သည် ထိုစဉ်က ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော်လည်း အသက်ရှင် ကျန်ရစ်ခဲ့သည်။ မြန်မာလူမျိုးအများစုမှာ ၎င်းလုပ်ကြံမှုတွင် ဗြိတိသျှတို့သည် တစ်နည်းသို့မဟုတ် အခြားနည်းတစ်ခုခုဖြင့် ပါဝင်ပတ်သက် နေသည်ဟု ယုံကြည်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် ဗြိတိသျှ ဝန်ထမ်းနှစ်ဦး ဖမ်းဆီးစစ်ဆေးခံရပြီး ၎င်းတို့အနက်မှ တစ်ဦးသည် ဦးစော၏ ကိုယ်စားလှယ်အဖြစ် လုပ်ကြံမှုတွင် ထောက်ပံ့မှုနှင့် လုံလောက်သော စစ်သုံးကိရိယာများအား အဖွဲ့အစည်းအသေးအတွက် တပ်ဆင်ပေးမှုတို့ဖြင့် တရားစွဲ ဆိုခြင်းခံရသည်။ ၎င်းစစ်သုံး လက်နက်ကိရိယာများအား ဦးစော၏အိမ်ဘေးရှိ ကန်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ချက်ချင်း ပြန်လည် သိမ်းဆည်း ရရှိခဲ့ကြသည်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့်နေ့ ညနေပိုင်းမှာပင် ထိုလုပ်ကြံမှု၏ တရားခံ များဖြစ်သော ဦးစောနှင့် အပေါင်းအပါများအား ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖွဲ့စည်းပေးထားသော သောင်းကျန်းမှု နှိမ်နင်းရေးတပ် တပ်ရင်းအမှတ် (၁)မှ တပ်ခွဲမှူး ဗိုလ်သိန်းဟန်နှင့် ရဲဘော်များသည် မရမ်းကုန်းမြို့နယ် အေဒီလမ်း (ယခု မေခလမ်း) အမှတ် (၄)ရှိ ဦးစောအိမ်သို့ဝိုင်းပြီး အိမ်တွင်းအိမ်ပြင် ရှာဖွေဖမ်းဆီးကာ စုံထောက် အင်စပတ်တာ မစ္စတာဂျပ် ခေါင်းဆောင်သော ရဲအဖွဲ့လက်သို့ အပ်ခဲ့သည်။

၎င်းနိုင်ငံတော်လုပ်ကြံမှုကြီး ပြီးနောက်၊ များမကြာမီအချိန်တွင် မြန်မာပြည် ဗြိတိသျှဘုရင်ခံချုပ် ဆာ ဟာ့ဘက် ရန့်စ်သည် ဦးနုခေါင်းဆောင်သည့်ကြားဖြတ်အစိုးရအဖွဲ့အား အာဏာလွှဲပြောင်းပေးခဲ့ပြီးချိန်၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ တရားဝင်လွတ်လပ်ရေးနေ့ဖြစ်လာခဲ့သည့်ပြင် ဦးနုသည်လည်း မြန်မာပြည်၏ ပထမဆုံးသော ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ထို့နောက် ဇူလိုင်လ ၁၉ ရက်နေ့အား အာဇာနည်နေ့ဟု အမည်သမုတ်၍ ပြည်သူ့အားလပ်ရက်၊ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့အဖြစ် နှစ်စဉ်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။

ကိုယ်တိုင် ကိုယ်ကျ ပစ်ခတ် လုပ်ကြံ ခဲ့သူများ

၁။ ရန်ကြီးအောင် (ရဲဘော် ကိုထွေး အား ကိုယ်တိုင်ကိုယ်ကျ ပစ်ခတ် သတ်ဖြတ်ခဲ့ သလိုအစည်းအဝေး ခန်းမ အတွင်း ပစ်ခတ်မှုတွင် ပါဝင်သူ)
၂။ သက်နှင်း (ဦးဆောင် ပစ်ခတ်သူ)၊
၃၊ မောင်စိုး (ဦးဆောင် ပစ်ခတ်သူ)၊
၄၊ စိန်ကြီး (ပစ်ခတ်မှုတွင် ပါဝင်သူ)၊
၅၊ သုခ (ကားမောင်းသူ)။

သေဒဏ် အပြစ်ပေးခံရသူများ
(အင်းစိန်ထောင် ကြိုးတိုက်တွင်)

၁၊ သက်နှင်း
၂။ မှုံကြီး ခေါ် မောင်မှုန် (လုပ်ကြံမှု အစီအစဉ် တွင် ပါဝင်ပြီး ဂဠုန်ဦးစော နေအိမ် အဝိုင်းခံရမှု တွင် လက်နက် ကိုင် ဆောင်၍ ပြန်လည် ပစ်ခတ်သူ၊ ယခင် ရန်ကုန်ထောင် ကြိုးတိုက် တွင် - ယနေ့ခေတ် သူနာပြုတတ္ကသိုလ် )
၃။ စိန်ကြီး ခေါ် မောင်စိန် ခေါ် လှအောင်
၄။ ရန်ကြီးအောင် ခေါ် လှထွန်း

သေဒဏ် မှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းသို့ပြောင်းရွှေ့ကျခံရသူများ
၁။ သုခ
၂။ ခင်မောင်ရင်
၃။ မောင်နီ ခေါ် ဘိုနီ ခေါ် ဂနီ

ဈာပန အခမ်းအနား။

ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက်တစ်နေ့ ၁၉၄၇၊ ဇူလိုင် ၂၀ တွင်ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးရှိ ဖိုက်ချ်စကွဲယား (Fytche Square) (ယခု မဟာဗန္ဓုလ) ပန်းခြံ၌ နိုင်ငံတော်ဈာပနဗဟိုကော်မတီဝင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ နှင့် မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ် သည် ကျောင်းသားနှင့်ပြည်သူတစ်သိန်းကျော်ကိုဦးဆောင်ပြီး "လူသတ်ဝါဒရှုတ်ချပွဲ" ကို စတင်ဦးဆောင် ကျင်းပခဲ့သည်။ ထိုနေ့သည် မြန်မာနိုင်ငံ၏ပထမဦးဆုံးအာဇာနည်နေ့ အခမ်းအနားဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ညပိုင်းတွင် သူကိုယ်တိုင်ရေးသားထားသော "အသက်ပေးချီတက်ကြကုန်အံ့" အမည်ရှိကြေညာချက်စာတမ်းကို လူသတ်ဝါဒရှုတ်ချပွဲ အခမ်းအနားတွင် ဖတ်ကြားခဲ့သည်။

အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဈာပန ကျင်းပရေးကော်မတီသည် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ် များကို ပြည်သူပြည်သား အပေါင်းတို့ နောက်ဆုံးဂါရဝ ပြုနိုင်ရေးအတွက် ဇူလိုင်လ ၂၁ ရက်နေ့တွင် ရုပ်ကလာပ်များကို ရန်ကုန်မြို့၊ ဂျူဗလီဟောခန်းမသို့ ယူဆောင် လာခဲ့ကြသည်။ ဂျူဗလီဟော ခန်းမဆောင်ကြီးများ၏ တိုင်လုံးများ၊ အထက်မျက်နှာကြက်နှင့် နံရံများတွင် ရွှေရောင်ယိုးဒယား ပန်းခက်များဖြင့် ဆင်ယင်သည်။ စင်မြင့်၏အထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေပုံ ပန်းချီကား၊ ဖဆပလ၏ အလံတော်အောက်တွင် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားပေါင်းစုံတို့၏ စည်းရုံးမှု ပန်းချီကားကြီးများကို ချိတ်ဆွဲထားသည်။ ထိုပန်းချီကားချပ်ကြီးများ ရှေ့တွင် ဖဆပလ အလံတော်ကြီးနှစ်ခုကို အလျားလိုက်ချထားသည်။ ဂျူဗလီဟော ခန်းမ၏ စင်မြင့်ရှေ့၌ ရှိသော အခန်းများအနက် ရှေ့ဆုံးမှ အခန်းသုံးခန်းတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်များကို ဂါရဝပြုခံရန် စီစဉ်နေရာချထားသည်။ ကျန်သော အခန်းနှစ်ခန်းကို ပရိသတ်များ ဂါရဝပြုခန်းအဖြစ် သတ်မှတ်စီမံထားသည်။

စင်မြင့်၏ ရှေ့ဆုံးအလယ်တည့်တည့်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ကလာပ်ကို ရွှေချထားသော မှန်ခေါင်းဖြင့်၊ ရွှေချထားသော သလွန်ထက်၌ တင်ထားပြီး ထီးဖြူနှစ်လက်မိုး ထားသည်။ နောက်ဖက်ခြေရင်းတွင် အာဇာနည်ခေါင်းဆောင်ကြီး ငါးဦးဖြစ်သော ဦးဘချို၊ ဦးဘဝင်း၊ သခင်မြ၊ မန်းဘခိုင်၊ ဦးရာဇတ် တို့၏ ရုပ်ကလာပ်များကို ပြင်ဆင်ထားရှိ၍ ထီးဖြူတစ်လက်စီ မိုးထားသည်။ စင်မြင့်၏ လက်ယာဘက်တွင် အတွင်းဝန် အိုင်စီအက်စ်ဦးအုန်းမောင်နှင့် သက်တော်စောင့် မောင်ထွေး တို့၏ ရုပ်ကလာပ်ကို ထီးဖြူတစ်လက်စီ မိုးပေးထားသည်။ စင်မြင့် ၏ လက်ဝဲဘက်တွင် မိုင်းပွန်စော်ဘွားကြီး၏ ရုပ်ကလာပ်ကို စော်ဘွားကြီး၏ အဆောင်အယောင်နှင့် အညီ သံလျင်းပေါ်၌ သလွန်တင်၍ ထီးဖြူများ မိုးထားသည်။

ဈာပန ကော်မတီသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်ကို ဂျူဗလီဟောခန်းမကြီးတွင် ၆ လ ထားရှိပြီး ပြည်သူလူထု အပေါင်း၏ ဂါရဝပြု ခံယူရန်စီစဉ်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဧပြီ ၁၁ ရက်နေ့တွင် နိုင်ငံတော် ဈာပန အဖြစ် အာဇာနည်ကုန်းသို့ ပို့ဆောင်ဂူသွင်းခဲ့သည်။

မတူပီမှဆုတ်ခွာသည့် စစ်ကောင်စီတပ်နှင့် မိသားစုဝင် ၆၀၀ခန့်အနက် အချို့မှာလမ်းတွင် သေဆုံး▪️တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ သေ...
19/07/2024

မတူပီမှဆုတ်ခွာသည့် စစ်ကောင်စီတပ်နှင့် မိသားစုဝင် ၆၀၀ခန့်အနက် အချို့မှာလမ်းတွင် သေဆုံး
▪️တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ သေဆုံးခဲ့ရမှု မတူပီဗျူဟာမှူးနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အား ရှုတ်ချကြောင်း အလင်းဝင်သည့်ဗိုလ်မှူးပြော
ဟန်နွေ/People’s Spring
မတူပီမြို့ရှိ စစ်ကောင်စီဗျူဟာနှင့် တပ်ရင်းများကို ချင်းညီနောင်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ခိုက်လာ၍ စခန်းစွန့် ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မိသားစု၊ ဝန်ထမ်းများ၊ ရဲများ၊ ရဲမိသားစုဝင်များ စုစုပေါင်းအင်အား ၆၀၀ခန့်ရှိပြီး လမ်းခရီး၌ အများအပြားသေဆုံးခဲ့ရဟု ချင်းညီနောင်ထံ အလင်းဝင်ခဲ့သည့် ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။
ဗိုလ်မှူး ရဲမင်းထွန်းသည် ထိုသို့ ဆုတ်ခွာခဲ့သည့် စစ်ကြောင်းမှ ခွဲထွက်ပြီး ချင်းညီနောင်ထံ အလင်းဝင်ခဲ့ခြင်းဖြစ်သည်။
မတူပီမြို့သိမ်းတိုက်ပွဲ ဆင်နွှဲလာမှုကြောင့် စစ်ရေး ပြင်းထန်နေသည့် အခြေအနေတွင် ခလရ(၁၄၀)၌ စစ်ကောင်စီအရာရှိများ စုစည်းပြီး ခံစစ်ပြင်ရန် သို့မဟုတ် သွားလာရန် တိုင်ပင်ဆွေးနွေးခဲ့ရာ ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ကြောင်း ရှင်းပြသည်။
" ကျည်ဆံခဲယမ်းကလည်းတကယ်တန်း မလောက်တော့ဘူး။ ဒီအင်အားနဲ့ တကယ်လို့ ၁၄၀ ထဲမှာ အားလုံး ဝိုင်းနေရာယူထားရင်လည်း အပေါ်က Dropဗုံးခဏခဏချတာနဲ့ ကလေးတွေ မိန်းမတွေ ဒဏ်ရာရမယ်။အခုချက်ချင်း ထွက် ရင်ထွက် မထွက်ရင် နောက်နေ့ဆိုတာ မသေချာဘူးဆိုတာ အရာရှိတွေအားလုံးက တိုင်ပင်ကြပါတယ်။ အရာရှိတွေအားလုံး တိုင်ပင်ကြတဲ့အချိန် လမ်းကြောင်းရွေးကြပါတယ်"ဟု ဗိုလ်မှူးရဲမင်းထွန်းက ပြောသည်။
လမ်းအချို့တွင် စစ်ကောင်စီက ခင်းထားသည့် မိုင်းများ ရှိနေသည့်အပြင် တက်လာသည့် အဖွဲ့များရှိနေသည့်အပြင် ကိုယ့်မိုင်းကိုယ်ပြန်ရှာသွားနေရပါက ကလေးများ ထိခိုက်မည်ဆို၍ မြစ်ကိုဖြတ်ကူးမည့် လမ်းတစ်ခုကို ရွေးခဲ့ကြောင်း ပြောပြသည်။
ဇွန်လကုန်ပိုင်း ညသန်းခေါင်တွင် မိသားစုများ ကလေးများ အပါအဝင် အင်အားခန့်မှန်း ၆၀၀ နီးပါး ထွက်ခွာခဲ့ကြောင်း၊ ထိုသို့ ထွက်ခွာစဉ် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ကြောင်း၊ မြစ်ကိုဖြတ်ကူးချိန် ရေတွင်ပါသွားသူများလည်းရှိကြောင်း မြစ်ကူးပြီးချိန်တွင် အင်အား ၄၅၀ကျော် ကျန်ခဲ့ကြောင်း၊ မြစ်တစ်ဖက်ကမ်းတွင် လူနာနှင့် ဒဏ်ရာရရဲဘော်များလည်း ကျန်နေခဲ့ကြောင်း၊ မိသားစုအချို့လည်း ကျန်နေခဲ့ကြောင်း ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။
လမ်း၌ ၅ရက် ၊ ၆ရက် ကြာသည့်အချိန်တွင် ရဲမေနှင့် မိသားစုဝင်များ အစာရေစာ ငတ်ပြတ်ပြီး အချို့ကလေးငယ်နှင့် မိခင်များ သေဆုံးမှုရှိခဲ့ကြောင်း၊ ဆေးဝါး ပြတ်တောက်လာ၍ ဒဏ်ရာရ သူများလည်း သေဆုံးမှုရှိခဲ့ကြောင်း ပြောပြသည်။
“သေဆုံးသွားတဲ့ အဖွဲကတွေကိုလည်း လမ်းမှာပဲ သင်္ဂြိုလ်၊ ဟိုလိုမျိုး မြေမြှုပ်သင်္ဂြိုလ်တဲ့ပုံစံတော့မလုပ်ခဲ့ရဘဲ အဲဒီမှာ ဆက်ထွက်လာပါတယ်” ဟု ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။
ဇူလိုင်လ ၆ရက် နေ့လယ်တွင် ဗိုလ်မှူး ရဲမင်းထွန်းအပါဝင် အရာရှိ ၄ဦး၊ အရပ်သားတစ်ဦးနှင့် စစ်သည် အချို့ စုစုပေါင်း ၁၂ဦးသည် စစ်ကြောင်းမှ ခွဲထွက်လာပြီး အလင်းဝင်ခဲ့ရာ ချင်းညီနောင်အဖွဲ့က လာကြိုကာ ကောင်းကောင်းမွန်မွန်ထားရှိကြောင်း ပြောပြသည်။
" ဆုတ်ခွာရာလမ်းကြောင်းတလျှောက်မှာ ကျနော့်ရဲ့မိသားစုဝင်တွေအနေနဲ့ သေကြေပျက်စီးတာတွေ၊ မသေသင့်ဘဲလမ်းကြောင်းရွေးချယ် တာမှားယွင်းမှုကြောင့် ဗျူဟာမှူးရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် သေကြေပျက်စီးသွားတာတွေကိုမြင်ပြီးတော့ စိတ်မကောင်းဖြစ်မိပါတယ်” ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။
ဗျူဟာမျူး ဗိုလ်မှူးကြီး ဇော်မျိုးထွန်း၏ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် ယခုကဲ့သို့ မသေသင့်ဘဲ သေဆုံးခဲ့ရသူများရှိခဲ့သည်ဟု ပြောသည်။
" မသေသင့်တဲ့ ကလေးသူငယ်တွေနဲ့ မိသားစုဝင် ရဲမေမှီခိုတွေ၊ နောက်ပြီး အရပ်သားဝန်ထမ်းတွေ၊ နောက်ပြီး ရဲမိသားစုဝင်ထမ်းတွေ ကျဆုံးသွားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျဆုံးသွားတဲ့အတွက် ဗျူဟာမှူးကိုလည်းလုံး၀ မကျေနပ်ပါဘူး။ နောက်ပြီးတော့ အထက်ကိုလည်း အထက်ကရှိတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ဘာတို့ကိုလည်း ဒီလောက် အခက်အခဲဖြစ်နေတာကို ကယ်လို့ရတဲ့ အချိန်တုန်းက မကယ်ထုတ်ဘဲနဲ့ ကယ်လို့ မရတော့တဲ့ အချိန်ကျတော့လည်း နောက်ပြီး စားနပ်ရိက္ခာ နောက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်ခြင်းမရှိတာကိုလည်း ကျနော် ရှုံ့ချပါတယ်”ဟု ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။
မသေသင့်ဘဲ အသက်ပေးခဲ့ရသည့် ၎င်း၏ တပည့်နှင့် မိသားစုဝင်များကိုစား ရှုတ်ချကြောင်း ဗိုလ်မှူးရဲမင်းထွန်းက ပြောသည်။
" တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်)ကို ရှုတ်ချကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်” ဟု ဗိုလ်မှူး ရဲမင်းထွန်းက ထပ်လောင်းပြောသည်။
ချင်းညီနောင်နှင့် AAတို့သည် မတူပီမြို့သိမ်း တိုက်ပွဲကို ဇွန်လ ၉ရက်တွင် စတင်ခဲ့ရာ သုံးပတ်အကြာ ဇွန်လ ၂၉ရက်တွင် မတူပီရှိ စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
(ချင်းညီနောင်ထံ အလင်းဝင်ခဲ့သည့် ဗိုလ်မှူးရဲမင်းထွန်း)

မတူပီမှဆုတ်ခွာသည့် စစ်ကောင်စီတပ်နှင့် မိသားစုဝင် ၆၀၀ခန့်အနက် အချို့မှာလမ်းတွင် သေဆုံး

▪️တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ သေဆုံးခဲ့ရမှု မတူပီဗျူဟာမှူးနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အား ရှုတ်ချကြောင်း အလင်းဝင်သည့်ဗိုလ်မှူးပြော

ဟန်နွေ/People’s Spring

မတူပီမြို့ရှိ စစ်ကောင်စီဗျူဟာနှင့် တပ်ရင်းများကို ချင်းညီနောင်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ခိုက်လာ၍ စခန်းစွန့် ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မိသားစု၊ ဝန်ထမ်းများ၊ ရဲများ၊ ရဲမိသားစုဝင်များ စုစုပေါင်းအင်အား ၆၀၀ခန့်ရှိပြီး လမ်းခရီး၌ အများအပြားသေဆုံးခဲ့ရဟု ချင်းညီနောင်ထံ အလင်းဝင်ခဲ့သည့် ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။

ဗိုလ်မှူး ရဲမင်းထွန်းသည် ထိုသို့ ဆုတ်ခွာခဲ့သည့် စစ်ကြောင်းမှ ခွဲထွက်ပြီး ချင်းညီနောင်ထံ အလင်းဝင်ခဲ့ခြင်းဖြစ်သည်။

မတူပီမြို့သိမ်းတိုက်ပွဲ ဆင်နွှဲလာမှုကြောင့် စစ်ရေး ပြင်းထန်နေသည့် အခြေအနေတွင် ခလရ(၁၄၀)၌ စစ်ကောင်စီအရာရှိများ စုစည်းပြီး ခံစစ်ပြင်ရန် သို့မဟုတ် သွားလာရန် တိုင်ပင်ဆွေးနွေးခဲ့ရာ ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ကြောင်း ရှင်းပြသည်။

" ကျည်ဆံခဲယမ်းကလည်းတကယ်တန်း မလောက်တော့ဘူး။ ဒီအင်အားနဲ့ တကယ်လို့ ၁၄၀ ထဲမှာ အားလုံး ဝိုင်းနေရာယူထားရင်လည်း အပေါ်က Dropဗုံးခဏခဏချတာနဲ့ ကလေးတွေ မိန်းမတွေ ဒဏ်ရာရမယ်။အခုချက်ချင်း ထွက် ရင်ထွက် မထွက်ရင် နောက်နေ့ဆိုတာ မသေချာဘူးဆိုတာ အရာရှိတွေအားလုံးက တိုင်ပင်ကြပါတယ်။ အရာရှိတွေအားလုံး တိုင်ပင်ကြတဲ့အချိန် လမ်းကြောင်းရွေးကြပါတယ်"ဟု ဗိုလ်မှူးရဲမင်းထွန်းက ပြောသည်။

လမ်းအချို့တွင် စစ်ကောင်စီက ခင်းထားသည့် မိုင်းများ ရှိနေသည့်အပြင် တက်လာသည့် အဖွဲ့များရှိနေသည့်အပြင် ကိုယ့်မိုင်းကိုယ်ပြန်ရှာသွားနေရပါက ကလေးများ ထိခိုက်မည်ဆို၍ မြစ်ကိုဖြတ်ကူးမည့် လမ်းတစ်ခုကို ရွေးခဲ့ကြောင်း ပြောပြသည်။

ဇွန်လကုန်ပိုင်း ညသန်းခေါင်တွင် မိသားစုများ ကလေးများ အပါအဝင် အင်အားခန့်မှန်း ၆၀၀ နီးပါး ထွက်ခွာခဲ့ကြောင်း၊ ထိုသို့ ထွက်ခွာစဉ် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ကြောင်း၊ မြစ်ကိုဖြတ်ကူးချိန် ရေတွင်ပါသွားသူများလည်းရှိကြောင်း မြစ်ကူးပြီးချိန်တွင် အင်အား ၄၅၀ကျော် ကျန်ခဲ့ကြောင်း၊ မြစ်တစ်ဖက်ကမ်းတွင် လူနာနှင့် ဒဏ်ရာရရဲဘော်များလည်း ကျန်နေခဲ့ကြောင်း၊ မိသားစုအချို့လည်း ကျန်နေခဲ့ကြောင်း ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။

လမ်း၌ ၅ရက် ၊ ၆ရက် ကြာသည့်အချိန်တွင် ရဲမေနှင့် မိသားစုဝင်များ အစာရေစာ ငတ်ပြတ်ပြီး အချို့ကလေးငယ်နှင့် မိခင်များ သေဆုံးမှုရှိခဲ့ကြောင်း၊ ဆေးဝါး ပြတ်တောက်လာ၍ ဒဏ်ရာရ သူများလည်း သေဆုံးမှုရှိခဲ့ကြောင်း ပြောပြသည်။

“သေဆုံးသွားတဲ့ အဖွဲကတွေကိုလည်း လမ်းမှာပဲ သင်္ဂြိုလ်၊ ဟိုလိုမျိုး မြေမြှုပ်သင်္ဂြိုလ်တဲ့ပုံစံတော့မလုပ်ခဲ့ရဘဲ အဲဒီမှာ ဆက်ထွက်လာပါတယ်” ဟု ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။

ဇူလိုင်လ ၆ရက် နေ့လယ်တွင် ဗိုလ်မှူး ရဲမင်းထွန်းအပါဝင် အရာရှိ ၄ဦး၊ အရပ်သားတစ်ဦးနှင့် စစ်သည် အချို့ စုစုပေါင်း ၁၂ဦးသည် စစ်ကြောင်းမှ ခွဲထွက်လာပြီး အလင်းဝင်ခဲ့ရာ ချင်းညီနောင်အဖွဲ့က လာကြိုကာ ကောင်းကောင်းမွန်မွန်ထားရှိကြောင်း ပြောပြသည်။

" ဆုတ်ခွာရာလမ်းကြောင်းတလျှောက်မှာ ကျနော့်ရဲ့မိသားစုဝင်တွေအနေနဲ့ သေကြေပျက်စီးတာတွေ၊ မသေသင့်ဘဲလမ်းကြောင်းရွေးချယ် တာမှားယွင်းမှုကြောင့် ဗျူဟာမှူးရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် သေကြေပျက်စီးသွားတာတွေကိုမြင်ပြီးတော့ စိတ်မကောင်းဖြစ်မိပါတယ်” ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။

ဗျူဟာမျူး ဗိုလ်မှူးကြီး ဇော်မျိုးထွန်း၏ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် ယခုကဲ့သို့ မသေသင့်ဘဲ သေဆုံးခဲ့ရသူများရှိခဲ့သည်ဟု ပြောသည်။

" မသေသင့်တဲ့ ကလေးသူငယ်တွေနဲ့ မိသားစုဝင် ရဲမေမှီခိုတွေ၊ နောက်ပြီး အရပ်သားဝန်ထမ်းတွေ၊ နောက်ပြီး ရဲမိသားစုဝင်ထမ်းတွေ ကျဆုံးသွားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျဆုံးသွားတဲ့အတွက် ဗျူဟာမှူးကိုလည်းလုံး၀ မကျေနပ်ပါဘူး။ နောက်ပြီးတော့ အထက်ကိုလည်း အထက်ကရှိတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ဘာတို့ကိုလည်း ဒီလောက် အခက်အခဲဖြစ်နေတာကို ကယ်လို့ရတဲ့ အချိန်တုန်းက မကယ်ထုတ်ဘဲနဲ့ ကယ်လို့ မရတော့တဲ့ အချိန်ကျတော့လည်း နောက်ပြီး စားနပ်ရိက္ခာ နောက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်ခြင်းမရှိတာကိုလည်း ကျနော် ရှုံ့ချပါတယ်”ဟု ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။

မသေသင့်ဘဲ အသက်ပေးခဲ့ရသည့် ၎င်း၏ တပည့်နှင့် မိသားစုဝင်များကိုစား ရှုတ်ချကြောင်း ဗိုလ်မှူးရဲမင်းထွန်းက ပြောသည်။

" တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်)ကို ရှုတ်ချကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်” ဟု ဗိုလ်မှူး ရဲမင်းထွန်းက ထပ်လောင်းပြောသည်။

ချင်းညီနောင်နှင့် AAတို့သည် မတူပီမြို့သိမ်း တိုက်ပွဲကို ဇွန်လ ၉ရက်တွင် စတင်ခဲ့ရာ သုံးပတ်အကြာ ဇွန်လ ၂၉ရက်တွင် မတူပီရှိ စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

(ချင်းညီနောင်ထံ အလင်းဝင်ခဲ့သည့် ဗိုလ်မှူးရဲမင်းထွန်း)

ที่อยู่

Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Di Kaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์