03/09/2026
ဗန်နဲ့ ပွဲဖြစ်ရင် အရှေ့တောင်အာရှသား အချင်းချင်း ထိုးရမှာဆိုတော့ လက်မှတ်ရောင်းရမှာလို့ပြောလာတဲ့ အင်ဒိုဖိုက်တာ
*******
ဗန်နဲ့ အင်ဒိုနီးရှားဖိုက်တာ ဘယ်လာဟာဆန်တို့ရဲ့ ပွဲဟာ တနေ့နေ့မှာ ဖြစ်လာနိုင်တယ်လို့ အင်တာဗျူးသူကမေးတယ်
ဟာဆန်က
အနာဂတ်မှာ ဖြစ်လာနိုင်တာပေါ့
အရမ်းကောင်းတဲ့ပွဲဖြစ်မှာပါ
အရှေ့တောင်အာရှသားအချင်းချင်းထိုးရမှာဆိုတော့ ပွဲလည်း ရောင်းရမှာပါ
အင်တာဗျူးသူက ဗန်နဲ့ ဟာဆန်ကို ရုပ်ချင်းဆင်လို့ လူတွေ မှားကြမယ်လို့ပြောတော့ ဟာဆန်က ဗန်နဲ့သူဟာ ရုပ်ချင်းလုံးဝ မတူဘူးလို့ ပြန်ဖြေတယ်
သူ့ထက်စာရင် ဗန်နဲ့ မာရီယိုဘူတစ်စတာ ကတောင် တူသေးတယ်တဲ့
အနာဂတ်မှာ ဗန်နဲ့ ဖြစ်လာမယ့်ပွဲအတွက် အင်တာဗျူးသူက မေးလို့ ဟာဆန်က အဲ့လိုဖြေခဲ့တာပါ
သူကိုယ်တိုင်က UFC မှာ top 15 ရဲ့ ပြင်ပဖိုက်တာတွေနဲ့ပဲ တွေ့ချင်သေးပြီး ၂ နှစ်လောက်ကြာမှ ထိပ်တန်းဖိုက်တာတွေနဲ့ ထိုးချင်တယ်လို့ ပြောခဲ့ပါသေးတယ်
ညီကိုတို့ရဲ့ အမြင်တွေကိုလည်း ပြောခဲ့ပေးပါဦး
#ဂျော့ရှူဝါဗန်