Roads of Yangon Roy Publishing House
စာအုပ်​ကောင်း​တွေရဲ့ အမှတ်တံဆိပ်

“ပထဝီမြေလွှာ၏ အကျဉ်းစံများ “ရေးသားပြုစုသူ - လှစိုးဝေတန်ဖိုး - ၃၅၀ ဘတ်ဖြန့်ချိသည့်စာပေ - ရန်ကုန်လမ်းမများ ———————————————...
17/11/2025

“ပထဝီမြေလွှာ၏ အကျဉ်းစံများ “
ရေးသားပြုစုသူ - လှစိုးဝေ
တန်ဖိုး - ၃၅၀ ဘတ်
ဖြန့်ချိသည့်စာပေ - ရန်ကုန်လမ်းမများ
—————————————————-

TIM MARSHALL ရေးသည့် "Prisoners of Geography" စာအုပ် ဖြစ်သည်။ ထိုစာအုပ်ကို "ပထဝီမြေလွှာ ၏ အကျဉ်းစံများ" ဟု အမည်ပေးကာ ဘာသာ ပြန်ဆိုခဲ့သည်။

စာရေးသူ Marshall သည် BBC သတင်းထောက်ဟောင်းဖြစ်သည့်အတိုင်း၊ နိုင်ငံရေးဆိုင်ရာ ရှုပ်ထွေးသည့် အကြောင်းအရာများကိုပင် သာမန်စာဖတ်သူများ နားလည်လွယ်အောင် ရှင်းလင်းပြတ်သားသော အရေး အသား ဖြင့် တင်ပြနိုင်ခဲ့သည်။ ယနေ့ ကမ္ဘာ့သတင်းများတွင် ပါဝင်နေသော ယူကရိန်း၊ တရုတ်-အမေရိကန် ဆက်ဆံရေး၊ အာတိတ်ဒေသ ဆိုင်ရာ အငြင်းပွားမှုများ၏ နောက်ကွယ်ရှိ အကြောင်းရင်းများကို ရှင်းပြထားသည်။

ပထဝီ မြေလွှာသည် တကယ်တမ်းတွင် အကျဉ်း‌ ထောင် တမျိုးပင် ဖြစ်သည်၊ နိုင်ငံများအားလည်း ၎င်းတို့ မည်မျှ အတ်ိုင်းအတာ အထိသာ လုပ်နိုင် ကိုင်နိုင်စွမ်း ရှိသည်ကို ပြဋ္ဌာန်း ပေးလာခဲ့သည်။ ကမ္ဘာ ခေါင်း‌ ဆောင်များသည် မကြာခဏ ဆိုသလို ထို အကျဉ်း ထောင်ကြီး ထဲမှ ဖေါက်ထွက် နိုင်ရန် ကြိုးပမ်းလာခဲ့ကြရာမှ မလိုလားအပ်‌ သော ပဋိပက္ခ များ ဖြစ်လာရသည်။ တရုတ်သည် ယူနန်မှ နေ၍ အိန္ဒိယ သမုဒ္ဒရာ ကို ထွက်ပေါက်ရရန် မြန်မာ အား နိုင်ထက် စီးနင်း လုပ်လာခြင်းသည်လည်း ထိုသ ဘောပင် ဖြစ်သည်။ စာရေးသူ သည် ရုရှား၊ တရုတ်၊ အမေရိကန် ပြည်‌ ထောင်စု၊ အနောက်ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အိန္ဒိယ နှင့် ပါကစ္စတန်၊ ကိုရီယား နှင့် ဂျပန်၊ လက်တင် အမေရိက၊ အာတိတ် ဒေသ ဟူ၍ အခန်းကြီး ဆယ်ခန်း ပိုင်းခြားပြီး အသေးစိတ်ကို အလွယ်တကူ နားလည် လွယ်အောင် ရှင်းလင်းစွာ ရေးသားထားသည်။

သို့ဖြစ်၍ ကမ္ဘာ့နိုင်ငံရေးကို ယခု မှ စိတ်ဝင်စားလာသူများ၊ အထူးသဖြင့် ကမ္ဘာ့ပဋိပက္ခများသည် အဘယ်ကြောင့် ဖြစ်ပွားရသနည်း၊ နိုင်ငံများသည် အဘယ်ကြောင့် ထိုသို့သော ဆုံးဖြတ်ချက်များ ချမှတ်ရသနည်း စသည်တို့ကို အတွင်းကျကျ သိလိုသူများအတွက် မဖြစ်မနေ ဖတ်သင့်သော လမ်းညွှန်စာအုပ် တစ်အုပ် ဖြစ်နေ၍ စာရေးသူမှ အခက်အခဲ အမျိုးမျိုး ကြားမှ ဘာသာပြန် ဆိုခဲ့သည်။

09/06/2025

မှာယူနိုင်ပါပြီ။

08/06/2025
08/06/2025
ပန်းချီကားတွေပါ ရရှိနိုင်မယ့် အခွင့်အရေး❤️
08/06/2025

ပန်းချီကားတွေပါ ရရှိနိုင်မယ့် အခွင့်အရေး❤️

01/06/2025

"ဒီစာအုပ်လေးနော် မမေ့ကြနဲ့"
-လူရွှင်တော် စိန်သီး

"ခေတ်ရိုင်းကောင်ဆန်ပေမယ့်
ပစ်တိုင်းထောင်မို့ ကကြိုးမပျောက်"

ကိုမင်းကိုနိုင်ရဲ့ "ကော်လာရှည်ရှည် ကေလန်လန်" စာအုပ်ဝယ်ယူလိုပါက အခုပဲ CDMMN page messenger m.me/cdmmn ကို ဆက်သွယ်လိုက်ပါ။


#ကော်လာရှည်ရှည်ကေလန်လန်

"ခေတ်က အရိုင်းကောင်ဆန်ပေမယ့် ပစ်တိုင်းထောင်မို့ ကကြိုးမပျောက်"  #ကော်လာရှည်ရှည်ကေလန်လန်
27/05/2025

"ခေတ်က အရိုင်းကောင်ဆန်ပေမယ့် ပစ်တိုင်းထောင်မို့ ကကြိုးမပျောက်"


#ကော်လာရှည်ရှည်ကေလန်လန်

"ယနေ့စာအုပ် ရပြီ!"ရန်ကုန်လမ်းမများ (Roads of Yangon) ကထုတ်ဝေပြီး CDM Medical Network က စီစဉ်တဲ့ "ကော်လာရှည်ရှည် ကေလန်လန်...
27/05/2025

"ယနေ့စာအုပ် ရပြီ!"

ရန်ကုန်လမ်းမများ (Roads of Yangon) ကထုတ်ဝေပြီး CDM Medical Network က စီစဉ်တဲ့ "ကော်လာရှည်ရှည် ကေလန်လန်" campaign ဒီနေ့ စပါပြီ။

နာမည်မြင်လိုက်တာနဲ့ ဘာပါလိမ့်လို့စိတ်ဝင်စားမိသွားမယ့် ဒီစာအုပ်လေးကတော့ ချစ်ခင်လေးစားရတဲ့ ကိုမင်းကိုနိုင်ရဲ့ လက်ရာ ကဗျာရှည်စာအုပ်ကလေးဖြစ်ပါတယ်။ ဘယ်ရှု့ထောင့်ကပဲကြည့်ကြည့် အပိုင်ဝယ်ဖတ်ပြီးသိမ်းထားချင်စရာကောင်းတာမို့ လိုချင်တယ်ဆိုရင်တော့ CDM Medical Network ရဲ့ page messenger မှာ လာမေးလို့ရပါပြီ။

နွေဦးတော်လှန်ရေးနဲ့ သက်တမ်းတူတဲ့ သည်စာအုပ်လေးအကြောင်းကို ထုတ်ဝေသူ ကိုဝေမှုးသွင်က ပြောပြထားပြီးဖြစ်ပြီး.. စာအုပ်ရောင်းချရာမှ ရရှိသောအမြတ်ငွေ ၁၀၀% ကို တော်လှန်ရေးနှင့်သက်ဆိုင်သောနေရာများကို စီးဆင်းသွားမှာဖြစ်ပါတယ်။

စာအုပ်ရောင်းချမည့်ကာလကတော့ ယနေ့ "မေလ ၂၇ရက်နေ့ ကနေ ဇွန်လ ၂၇ရက်နေ့အထိ" ဖြစ်ပြီး နိုင်ငံပေါင်း ၇ နိုင်ငံကနေဝယ်ယူနိုင်မှာဖြစ်ပါတယ်။
တော်လှန်ရေးမတိုင်မီက ပုံနှိပ်ထားသော "အုပ်ရေ ၁၃၀၀" ကိုသာ ရောင်းချသွားမှာဖြစ်ပြီး ထပ်မံထုတ်ဝေရန်လည်းမရှိသည့်အတွက် Limited edition စာအုပ်များ ဖြစ်လို့နေပါတယ်။
စာအုပ်တန်ဖိုးကတော့ ထိုင်းဘတ် ၉၀၀ + နိုင်ငံအလိုက်ပို့ခ ဖြစ်ပါတယ်။
(နိုင်ငံအလိုက် စာအုပ်ဈေးနှုန်းများကို ပုံတွင်ဖော်ပြထားပါတယ်)

Pre-order စနစ်ဖြစ်တဲ့အတွက် မှာယူထားတဲ့စာအုပ်တွေကို နောက်ဆုံးအရောင်းပိတ်တဲ့ရက်မှ တစ်လအတွင်း ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ (လက်ခံမယ့် လိပ်စာတိတိကျကျပေးဖို့တော့လိုမယ်နော်)
Campaign အပြီးမှာလည်း စာအုပ်ဝယ်ယူထားသူများထဲမှ ၆ ဦးကို နာမည်ကျော်ပန်းချီဆရာ ၂ ဦးရဲ့လက်ရာ ပန်းချီကား(၆)ကား မဲဖောက်ပေးဖို့လည်းရှိလို့ ဘယ်ကားတွေလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်။

"ကော်လာရှည်ရှည် ကေလန်လန်" ကို CDM Medical Network တစ်ခုတည်းမှ Exclusively ရောင်းချပေးသွားမှာဖြစ်ပါတယ်။
တော်လှန်ရေးအောင်မှ အိမ်ပြန်ခွင့်ရမယ့်စာအုပ်လေးမို့ မြန်မာနိုင်ငံတွင်းကိုတော့ မပို့ဆောင်ပေးနိုင်တာ နားလည်ပေးနိုင်မယ်ထင်ပါတယ်။

"ခေတ် အရိုင်းကောင်ဆန်ပေမယ့် ပစ်တိုင်းထောင်မှန်ရင် ကကြိုးမပျောက်"


#ကော်လာရှည်ရှည်ကေလန်လန်

ကျနော်တို့ ရန်ကုန်လမ်းမများက ထုတ်ဝေတဲ့ ဆရာမင်းကိုနိုင်ရဲ့ "ကော်လာရှည်ရှည် ကေလန်လန်" စာအုပ် Campaign ကို များမကြာမီ စတင်တ...
22/05/2025

ကျနော်တို့ ရန်ကုန်လမ်းမများက ထုတ်ဝေတဲ့ ဆရာမင်းကိုနိုင်ရဲ့ "ကော်လာရှည်ရှည် ကေလန်လန်" စာအုပ် Campaign ကို များမကြာမီ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီစာအုပ်တွေဟာ စုစုပေါင်း အုပ်ရေ ၁၃၀၀ သာရှိပြီး၊ တော်လှန်ရေး ကာလအတွင်း လုံးဝထပ်မံ ရိုက်နှိပ်ထုတ်ဝေတော့မှာ မဟုတ်သော Limited Edition ဖြစ်ပါတယ်။ စာအုပ်ရောင်းချရရှိသော အမြတ်ငွေ ၁၀၀% စလုံးကို တော်လှန်ရေးဒေသ ငလျင်ဒဏ်သင့်ပြည်သူ ပြန်လည်ထူထောင်ရေး ၊ တော်လှန်ရေးအဖွဲ့အစည်းများ နှင့် CDM အဖွဲ့အစည်းများ အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ ဒီစာအုပ်များကို CDM Medical Network page တစ်ခုထဲကနေသာ ဝယ်ယူလို့ရမှာ ဖြစ်ပါတယ်။ ကမ်ပိန်းကာလမှာ (၂၇, ၅, ၂၀၂၅) ကနေ (၂၇, ၆, ၂၀၂၅) အထိ အချိန် တစ်လတိတိ ကြာမြင့် ပါလိမ့် မယ်။ အားလုံးကိုကျေးဇူးတင်ရှိပါတယ်...

ที่อยู่

Mr. Saw Kaung Htet, 147/5 Intarakiri Road, Tak
Mae Sot

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00

เบอร์โทรศัพท์

+66826087071

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Roads of Yangonผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Roads of Yangon:

แชร์