K.T.G Helping Hands Myanmar organization for Migration

K.T.G Helping Hands Myanmar organization for Migration Helping Hands

18/03/2024

စစ်မှုထမ်းရန် စာရင်းကောက်သူများအား အရေးယူမည်ဟု မှော်ဘီပကဖ သတိပေး

သတိုး/People's Spring

ရန်ကုန်မြို့ မှော်ဘီမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေအတွက် လူငယ်များအားစာရင်း‌ကောက်၍ စစ်ကောင်စီထံပို့ပေးသည့် အုပ်ချုပ်ရေးမှူးအပါအဝင် အဖွဲ့ဝင်များကို အရေးယူဆောင်ရွက်မည်ဟု မှော်ဘီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

"စစ်မှုထမ်းဥပဒေကြောင့် ပူဆွေးနေတဲ့ မိဘတွေရဲ့ ခံစားချက်တွေ၊ စစ်မှုမထမ်းချင်တဲ့ ညီလေးတွေကို အတင်းအကျပ်မလုပ်ဖို့ ရည်ရွယ်တာရယ်၊ အုပ်ကြီးတွေနဲ့ သူရဲ့နောက်လိုက်တွေက ဒီကိစ္စကို ခုတုံးလုပ်ပြီး ဇောင်းထနေတာရယ်‌"ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျသို့ အထက်ပါကိစ္စအတွက် လုပ်ဆောင်နေသူများ၏ အမည်၊ ဓာတ်ပုံ၊ တာဝန်ထမ်းဆောင်သည့်ရာထူး၊ ရပ်ကွက်၊ ကျေးရွာ အမည်များနှင့်အတူ ပေးပို့တိုင်ကြားနိုင်သည်ဟု ၎င်းက ဆိုသည်။

"တစ်မြို့လုံးအခြေအနေတော့ မသိသေးဘူးဗျ။တော်တော်များများ ရပ်ကွက်ကျေးရွာတွေမှာတော့ စာရင်းကောက်တယ်။ ပြီးတော့ ဖောင် ဖြည့်ခိုင်းတယ်။ဖောင်ဖြည့်ဖို့ အုပ်ချုပ်ရေးမှူးရုံးကိုခေါ်တာရှိသလို ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေဆီမှာသွားဖြည့်ရတာတွေရှိတယ်။ဓာတ်ပုံလေးပုံပါယူသွားရတယ်။ အသက် ၂၄ကနေ ၃၀အထိလို့ပြောတယ်"ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

စစ်မှုထမ်းရန်အတွက် လူငယ်များအား ဆေးစစ်၍ အောင်မြင်သူများကို မဲနှိုက်ရွေးချယ်မည်ဟု ကြားထားပြီး အရွေးခံရသူများ၏ မိဘများက ၎င်းတို့ထံ ရင်ဖွင့်ပြောကြားမှုများရှိသည်ဟုလည်း ဆိုသည်။

"လာပြီးရင်ဖွင့်တဲ့စကားတွေကတော့ အတူတူပါပဲ။ စစ်မှူတော့ မထမ်းခိုင်းစေချင်ဘူး။ ဘယ်လိုလုပ်ရမလဲ။ ဘယ်ကိုပို့ရမလဲ။ PDF ထဲပို့ရမလား။ အချင်းချင်း ပြန်ပစ်တာတော့ မလိုချင်ဘူး။ အဲဒီလိုပြောတာတွေများတယ်"ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

"မှော်ဘီမြို့နယ် သိုက်ကုန်း နှောကုန်းရွာတွေမှာ အုပ်စုတစ်စုကို လေးယောက်မဟုတ်တော့ဘူး။ အသက် ၂၄ကနေ ၃၄ထိ လူငယ်အကုန်စစ်မှုထမ်းရမယ်။ ထွက်ပြေးရင်၊ စစ်မှုမထမ်းရင်၊ အိမ်ရှိလူကုန်ဖမ်းမယ်။ အိမ်မီးရှို့ပစ်မယ်ဆိုပြီး အုပ်ကြီးနဲ့စခတွေက ခြိမ်းခြောက်ပြီး လက်မှတ်ထိုးခိုင်းနေတယ်"ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ သတင်းပေးသည်။

အုပ်ချုပ်ရေးအဖွဲ့ဝင်များက ၎င်းတို့နှင့်ဆွေမျိုးတော်စပ်သူများကို စာရင်း၌ မထည့်ဘဲ ယင်းစာရင်း၌ မပါလိုပါက အုပ်ချုပ်ရေးမှူးမှတစ်ဆင့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးကို သိန်းဆယ်ဂဏန်းပေးရမည်ဟု ၎င်းက ဆိုသည်။

"လူစုံရင် ဒလန်တွေက ရှင်းပြတယ်တဲ့။ စစ်မှုထမ်းရဝာာ မကြောက်နဲ့တဲ့။ စစ်ထဲဝင်တိုင်း စစ်တိုက်ရတာ မဟုတ်ဘူး။ မင်းတို့ စစ်ထဲဝင်လဲ စစ်တပ်က လစာပေးမှာ၊မင်းတို့ကို ရှေ့တန်းလဲမထွက်ခိုင်းဘူး။ မင်းတို့ကို သင်တန်းတက်ပြီးတာနဲ့ ကိုယ့်မြို့မှာရှိတဲ့ တပ်တွေမှာ ပြန်ပြီးတော့ ထားမှာ၊ဟိုအရင် ပြည်သူ့စစ်တွေလိုပေါ့။ ဘာညာဘာညာ အဲ့လိုပြောပြီးစည်းရုံးတယ် တဲ့။မင်းတို့ရပ်ကွက်အတွက်လဲ လုံခြုံတာပေါ့ဆိုပြီး စည်းရုံးတယ်"ဟု မှော်ဘီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရှုံးနေသည့်စစ် ကောင်စီက လူငယ်များစစ်မှုမထမ်းမနေရ ဥပဒေကို ဖေဖော်ဝါရီအတွင်းက အတည်ပြုကြောင်း ထုတ်ပြန်ခဲ့ပြီး ဧပြီလကုန်ပိုင်းတွင် သင်တန်းပေးမည်ဟု ထုတ်ပြန်ထားသည်။

วันนี้ผมได้เจอหลายสิ่งหลายอย่างในนี้เป็นครั่งแรกที่เจอคนที่ตอแหละเก่งเมื่อคนบ้างคนที่ชอบแกล้งคนอื่นไปเที่ยว คิดว่าตัวเอง...
05/03/2024

วันนี้ผมได้เจอหลายสิ่งหลายอย่างในนี้เป็นครั่งแรกที่เจอคนที่ตอแหละเก่งเมื่อคนบ้างคนที่ชอบแกล้งคนอื่นไปเที่ยว คิดว่าตัวเองเก่งมากเหรอ รู้ไหมว่าพม่าพะเมอที่คุณเคยเจอไม่เหมือนผมน่ะครับ แล้วผมก็ไม่ได้โง้เหมือนอย่างที่คุณคิด แต่ผมงงว่าทำไมคุณไม่รักษาคำพูดแล้วก็เป็นผู้ใหญ่ที่พูดจาไม่ดีอยากจะเป็นใหญ่แต่คำพูดใช้ไม่ได้ คุณคิดว่าคุณใหญ่มาจากไหน แต่ผมคิดว่าคุณไม่ใช่เทวดาที่จะสั่งกับผมอะไรก็ได้แล้วผมไม่ใช่ลูกน้องของคุณด้วย ลองดูว่าใครเก่งกว่ากัน *ผมฝากเตือนด้วยว่า ใช้มรญาตินี้ดีกว่าที่ใช้อำนาจน่ะครับ* อย่าทำเหมือนนักเลง
ขอบคุณน่ะครับที่ช่วยกันติดตามเฟสบุ๊กของผมทุกวินาที

โกตายี

สวัสดีครับ ...🙏ผมกลับมาแล้วน่ะครับ ใครอยากจะเจอผมก็มาหาได้น่ะครับ ยินดีตอนรับเสมอครับ การทำงานเกียวกับพี่น้องรายงานเมียน...
22/02/2024

สวัสดีครับ ...🙏
ผมกลับมาแล้วน่ะครับ ใครอยากจะเจอผมก็มาหาได้น่ะครับ ยินดีตอนรับเสมอครับ การทำงานเกียวกับพี่น้องรายงานเมียนมาร์ทุกทุกเรื่องพร้อมที่จะช่วยเหลือตามกฎหมายเพื่อความยุติธรรม

*สิงโต ก็คือ สิงโต
สตรูก็คือสตรู ถ้าพวกคุณอยากเป็นสตรูกับสิงโตก็ยินดีครับ*😎😂
[ โกตายี ]

မင်္ဂလာညချမ်းလေးပါခင်ဗျား၊...🙏
ကျွန်တော်ရုံးပြန်ရောက်ပါပြီးခင်ဗျား၊
ကျွန်တော့်ကိုတွေ့ချင်သူများ အလုပ်သမားအရေးတစ်စုံတစ်ရာအကူအညီလိုအပ်ပါက
သက်ဆိုင်ရာနိုင်ငံရဲ့တည်ဆဲဥပဒေနှင့်အညီ ကူညီပေးရန်အဆင်သင့်ရှိပါကြောင်း အသိပေးအပ်ပါသည်ခင်ဗျား၊😂
ထိုင်းနိုင်ငံအတွင်းတရားဝင်အထောက်အထားတစ်စုံတစ်ခုလိုအပ်ပါက ကျွန်တော်ကိုသားကြီးကိုသတိရလိုက်ပါ။

နောက်ဆုံးတော့လဲအမှန်တရားကိုအမှားနဲ့ဖုံးလို့မရသလိုမင်းသားကမင်းသားပါပဲ...ဟားဟား😁😁😁
မှတ်ချက်။
သောက်မြင်ကပ်နေတဲ့သူတွေကို
စိတ်ငြိမ်ဆေးတိုက်လိုက်တာပါ။
KoTharGyi

အတင်းစစ်မှုထမ်းခိုင်းလို့ အိပ်မက်ပြိုကွဲရသူ လူငယ်တချို့အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမ...
17/02/2024

အတင်းစစ်မှုထမ်းခိုင်းလို့ အိပ်မက်ပြိုကွဲရသူ လူငယ်တချို့

အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့်ဥပဒေကြောင့် လူငယ်တွေကြား စိုးရိမ်ပူပန်မှုတွေနဲ့ ဘဝအိပ်မက်တွေပါ ရိုက်ချိုးခံလိုက်ရတယ်လို့ လူငယ်တချို့က ပြောပါတယ်။ လူငယ်အများအပြား ပြည်ပနိုင်ငံတွေကို ထွက်ဖို့ ပြင်ဆင်လာကြသလို၊ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်း လိုသူတွေလည်း များလာတဲ့အကြောင်း AFP သတင်းဆောင်းပါးကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြထားပါတယ်။

အသက် ၁၈ နှစ်ကစပြီး အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတွေ မဖြစ်မနေ စစ်မှုထမ်းရမယ့် “ပြည်သူ့စစ်မှုထမ်းဥပဒေ” ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင် အသက်ဝင်တဲ့အကြောင်း မြန်မာစစ်ကောင်စီက ကြေညာလိုက်တာကြောင့် လူငယ်တွေကြားမှာ စိုးရိမ်ပူပန်မှုတွေနဲ့ မရေရာမှုတွေ ပိုပြီး ဖြစ်လာခဲ့ပါတယ်။ အာဏာသိမ်းမှုကြောင့် နဂိုကတည်းက လမ်းပျောက်နေရတဲ့ လူငယ်တွေရဲ့ ဘဝတွေကို ထပ်ပြီး ရိုက်ချိုးလိုက်သလို ခံစားရတယ်လို့ အသက် ၂၀ ရွယ် ကျောင်းသူတဦးဖြစ်တဲ မဝါဝါက ပြောပါတယ်။

“သူတို့ရဲ့ အဓိက Target က လူငယ်တွေ ဖြစ်တယ်။ လူငယ်တွေကို ဒီလို target ထားလိုက်တဲ့အချိန်မှာ ပထမကတည်းက အနာဂတ်ပျောက်၊ အကုန်လုံး လမ်းပျောက်နေတဲ့ အချိန်မှာ သူတို့က ဒီလို လုပ်လိုက်တဲ့အတွက် အကုန်လုံး ရုတ်ရုတ်သည်းသည်း ဖြစ်ပြီး နာလည်း နာကျည်းတယ်။ ဝမ်းလည်း ဝမ်းနည်းတယ်။ ကြောက်စိတ်က ပိုလည်း ကြီးလားတယ်။ အနာဂတ်က အစကတည်းက ရေစုံမျောနေတဲ့အချိန်မှာ အခု စစ်တပ်ရဲ့ ဒီလိုမျိုး ထုတ်ပြန်ချက်က စစ်တပ်ရဲ့ အမှားဆုံး လုပ်ရပ်တခုလည်း ဖြစ်မယ်။ ပြီးတော့ သူတို့ရဲ့ (လူငယ်တွေရဲ့) အကြီးမားဆုံး အိပ်မက်ကို ရိုက်ချိုးလိုက်တဲ့ အရာတခုလို့လည်း မြင်ပါတယ်။”

မကြာသေးခင် လပိုင်းတွေအတွင်း မြန်မာစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ PDF ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ အကျအဆုံးများပြီး စစ်စခန်းတွေ ဆက်တိုက် လက်လွတ် ဆုံးရှုံးခဲ့ရတာကြောင့် တပ်ဖွဲ့အင်အား ထပ်မံ ဖြည့်ဆည်းဖို့အတွက် အပြင်းအထန် လုပ်ဆောင်နေတာလို့ ဝေဖန်ကြတာတွေ ရှိသလို၊ စစ်ကောင်စီ အတင်းအကျပ် အသက်သွင်းလာတဲ့ စစ်မှုထမ်း ဥပဒေဟာ လူငယ်တွေကို စစ်မြေပြင်မှာ လူသားဒိုင်းအဖြစ် အသုံးချဖို့ ပြင်ဆင်တဲ့ လုပ်ရပ်ဆိုပြီး ရှုတ်ချသူတွေလည်း ရှိပါတယ်။ နယ်မြို့တချို့မှာ လူငယ် လူရွယ်တွေကို စစ်တပ်က အတင်းအကျပ် ခေါ်ဆောင်သွားတယ်ဆိုတဲ့ သီးခြား အတည်မပြုနိုင်သေးတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ဒီဥပဒေဟာ နိုင်ငံသားတိုင်း နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ဖို့အတွက် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ လူငယ်တွေ ကတော့ စစ်ကောင်စီ တပ်ဖွဲ့ထဲမှာ အတင်းအကျပ် စစ်မှုထမ်းခံရမှာကို စိုးရိမ်ကြောက်ရွံ့ နေကြတယ်လို့ မဝါဝါက ပြောပါတယ်။

“စ ထွက်လာတုန်းကဆိုရင် လုံးဝ တုန်လှုပ်သွားတယ်။ သွေးပျက်ပြီးတော့။ ဒါ တကယ်ရော ဟုတ်ရဲ့လား။ ကောလာဟလ ဖြစ်မှာစိုးလို့ လိုက်ပြီးတော့တောင် မေးပြီး တော်တော် သွေးပျက်သွားတဲ့ အနေအထားမှာရှိတယ်။ အကုန်လုံးလည်း ကြောက်ရွံ့သွားကြတယ်။ ညီမ အပါအဝင် အကုန်လုံး လူငယ် အတော်များများ ကတော့ အားလုံး ကြောက်ရွံ့သွားကြတဲ့ အနေအထားမှာ ရှိတယ်။”

ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းငယ်တခု စပြီး မိသားစုကို ကူညီထောက်ပံ့ဖို့ ကြိုးစားနေတဲ့ လူငယ် ကိုဇော်မျိုးကလည်း စစ်မှုထမ်းဥပဒေကြောင့် သူ့စိတ်ကူးတွေ အကောင်အထည် ဖော်ဖို့ ခက်သွားသလို၊ ဘာဆက်လုပ်ရမလဲ ဆိုတာတောင် မသိတော့ဘူးလို့ ပြောပါတယ်။

“အမေလည်း ရှိတယ်။ မိသားစု ညီအကိုမောင်နှမတွေလည်း ရှိသေးတယ်ဆိုတော့ သူတို့ကို ပြန်ထောက်ပံ့ဖို့အတွက် ကျနော်က သားအကြီးဆုံးဖြစ်တော့ ကိုယ်ပိုင် စီးပွားရေးလုပ်ဖို့ စဥ်းစားထားတယ်။ ဒါပေမဲ့ အခုလိုဖြစ်တဲ့အချိန်မှာ၊ အရင်ကတည်းက စီးပွားရေးက ပျက်နေရတဲ့အချိန်မှာ ဒီလိုသာဖြစ်မယ်ဆိုရင် အကုန်လုံးက တော်တော် တိုင်ပတ်သွားမယ်ဗျာ။ အစကတည်းက စစ်အာဏာသိမ်းမှုကိုတောင်မှ ကျနော်က ဆန့်ကျင်ခဲ့တာဆိုတော့ စစ်မှုထမ်းဖို့တော့ စိတ်ထဲမှာ မရှိပါဘူး။ ဒါပေမဲ့ ကျနော် ဘယ်ကိုသွားရမလဲ။ ဘာလုပ်ရမလဲ ဆိုတာတော့ ခုချိန်ထိ ဝေဝါးဆဲဖြစ်တယ်။”

ခုချိန်မှာ လူငယ်တွေ အများအပြားကတော့ ပြည်ပနိုင်ငံ ထွက်ဖို့၊ ဒါမှမဟုတ်ရင်လည်း PDF ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထဲ ဝင်ဖို့ ပြောဆိုနေကြတယ်လို့လည်း ကိုဇော်မျိုးက ပြောပါတယ်။

“အသက် ၁၉၊ ၂၀ လောက်တွေကတော့ သူတို့ လက်နက်ကိုင်တွေထဲကို သွားဖို့ အားသန်ကြတယ်။ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နေတဲ့ လူတွေက ဒါကို အားသန်ကြတယ်။ ဒါပေမဲ့ မိဘကို အမှီပြုပြီးတော့ နေရတဲ့ လူတွေကတော့ နယ်စပ်တွေ သွားကြမယ်။ တခြား နိုင်ငံတွေ သွားကြမယ် ဆိုတာမျိုး အားသန်ကြတယ်။ ကျနော်လည်း အဲ့လိုမျိုး ဖြစ်နိုင်ရင်တော့ တနေရာရာကို ထွက်သွားချင်တယ်။ ဒီမြို့မှာတော့ ဆက်မနေချင်တော့ဘူး။”

စစ်မှုမထမ်းလိုတဲ့ လူငယ်တွေကတော့ ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာဖို့ ပြင်လာကြပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်၊ သောကြာနေ့က ထိုင်းနိုင်ငံ သွားနိုင်ဖို့ ထိုင်းသံရုံးမှာ ဗီဇာလျှောက်သူတွေ သိသိသာသာ များနေပြီး လာရောက် တန်းစီသူ ထောင်ဂဏန်း ရှိတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင် အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာထားတဲ့ စစ်မှုထမ်းဥပဒေမှာတော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေ၊ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အရွယ် အမျိုးသမီးတွေအပြင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက် ကျွမ်းကျင်သူတွေဆိုရင်တော့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ အမျိုးသား၊ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အမျိုးသမီးတွေ စစ်မှုထမ်းရမယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

စစ်မှုထမ်းရမယ့် အသက်အရွယ်ရောက်တဲ့ နိုင်ငံသားတိုင်းကို ၂၄ လထက် မပိုတဲ့ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေ ဆိုရင်တော့ (၃၆) လထက် မပိုတဲ့ ကာလအပိုင်းအခြားမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်တယ်လို့ ဥပဒေမှာ ပါရှိပါတယ်။ အရေးပေါ် အခြေအနေ ဖြစ်ရင်တော့ စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြင့် သတ်မှတ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Credit Photo သတင်းမီဒီယာ
KoTharGyi

ယာယီအလုပ်သမားလက်မှတ်အသစ်လုံးဝလုံးဝမဖွင့်သေးပါ အဟောင်းတောင်ပိတ်တာမှမကြာသေးဘူးလူတိုင်းတောင်လက်ဗွေမနှိပ်ရသေးတာရှိသေးတယ် ထို...
16/02/2024

ယာယီအလုပ်သမားလက်မှတ်အသစ်လုံးဝလုံးဝမဖွင့်သေးပါ အဟောင်းတောင်ပိတ်တာမှမကြာသေးဘူးလူတိုင်းတောင်လက်ဗွေမနှိပ်ရသေးတာရှိသေးတယ် ထိုင်းနိုင်ငံမဲဆောက်ဘယ်မြို့ထဲမှာ ဘယ်မအေလိုးလဲ ဘတ်အသစ်တင်လို့ရတယ်ဆိုပြီး ပိုက်ဆံတွေကြိုတောင်းနေတာလူလိမ်တွေကသရုပ်ဆောင်ကောင်းတယ်နော်သတိထားကြ သိပ် မအ ကြနဲ့အလိမ်ခံရမှ အစုလိုက်အပြုံလိုက် ကိုသားကြီးရုံးကိုသွားတိုင်တာမျိုးမဖြစ်စေနဲ့ ထိုင်းမှာတရားဝင်အထောက်အထားလုပ်ရင်သေချာစုံစမ်းကြပါ နောက်တစ်ခုက Ci စာအုပ်လုပ်မဲ့ သူတွေ ပွဲစားတွေခွေးသားတွေကိုသေချာကြည့် ပိုက်ဆံတွေမတရားပေးပြီးမှ ဟိုဟာမရ ဒီဟာမရဆိုပြီး ကိုသားကြီးရုံးလာတိုင်တာမျိုးမဖြစ်စေနဲ့.....ခေါင်းသုံးကြ ဒါပဲ .....
လူလိမ်ပေါတဲ့ခေတ်မှာအထူးသတိထားကြ။

ကျွန်တော်ခရီးကပြန်လာရင် live လွင့်ပြီးဘတ်အသစ်အကြောင်းတင်ပြမယ် ဘတ်လုပ်တယ်ဆိုတာ
အလိမ်မခံရအောင် လမ်းဘေးသူတောင်းစားနဲ့လုပ်တာနဲ့ တရားဝင်ကုမဏီနဲ့လုပ်တာဘယ်ဟာကပိုသေချာသလဲဆိုတာ ထမင်းစားတဲ့သူတိုင်းသိတယ် ရွာကနေအတိုးတွေနဲ့ချေးလာပြီး ဘတ်ဆိုတဲ့ (အလုပ်သမားလက်မှတ်)ကို (၇)လ (၈) လ လာထိုင်စောင့်နေကြတာရူးနေကြလို့လား..ပြီးရင်ပွဲစားတွေ ခွေးသားတွေကဘယ်ပြေးလို့ပြေးမှန်းမသိဖြစ်ကြတယ်
ရှင်းရှင်းပဲပြောမယ် လူလိမ်မခံရအောင်ခေါင်းသုံးပါ

#ယာယီအလုပ်သမားလက်မှတ်လုပ်ရင်ကိုသားကြီးကိုသတိရလိုက်ပါ ဒါပဲ
KoTharGyi

မင်္ဂလာနံနက်ခင်းလေးပါ၊🙏Bangkok to Malaysia 🇲🇾 ❤️ မှတ်ချက်။ စာမပြန်နိုင်တာကိုစိတ်မဆိုးကြပါနဲ့😊ကျွန်တော်ကိုအလုပ်ကိစ္စအကူအည...
15/02/2024

မင်္ဂလာနံနက်ခင်းလေးပါ၊🙏
Bangkok to Malaysia 🇲🇾 ❤️

မှတ်ချက်။
စာမပြန်နိုင်တာကိုစိတ်မဆိုးကြပါနဲ့😊
ကျွန်တော်ကိုအလုပ်ကိစ္စအကူအညီတောင်းသူတွေ
ထိုင်းကိုလာဖို့အကူအညီတောင်းသူတွေ
အခြားသောလုပ်ငန်းကိစ္စအကူအညီတောင်းသူတွေအားလုံးကိုခရီးကပြန်လာမှပြန်လည်ဖြေကြားပါမည်။
KoTharGyi

31/12/2023

မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ

မင်္ဂလာညချမ်းလေးပါ။ 🤍🙏🤍
05/12/2023

မင်္ဂလာညချမ်းလေးပါ။ 🤍🙏🤍

 #မင်္ဂလာရှိသောညချမ်းလေးပါ ကျေးဇူးတင်ရှိပါကြောင်း....😘ဆရာရဲ့မွေးနေ့ကို တလေးတစား သတိတရအမှတ်တရလက်ဆောင်ကြိုပို့ပေးလာသော ချစ...
06/11/2023

#မင်္ဂလာရှိသောညချမ်းလေးပါ

ကျေးဇူးတင်ရှိပါကြောင်း....😘
ဆရာရဲ့မွေးနေ့ကို တလေးတစား သတိတရ
အမှတ်တရလက်ဆောင်ကြိုပို့ပေးလာသော ချစ်တပည့်ကြီး
ကိုခန့်ကိုအထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

#မှတ်ချက်။
ဘဝမှာကိုယ့်ကို နောက်ကျောကိုဓါးနဲ့ထိုးပြီး
ကျေးဇူးကန်းတဲ့သူတွေရှိသလို...

ကိုယ့်ကိုအခုလိုတကူးတက တန်ဖိုးထား သတိတရ
ချစ်နေသူတွေရှိနေလို့အထူးဝမ်းသာဂုဏ်ယူမိပါတယ်
ငါ့တပည့် ကိုခန့်
လိုရာဆန္ဒပြည်စုံပါစေကြောင်း....မင်းရဲ့ချစ်ဆရာ
KoTharGyi

ที่อยู่

Mae Sot

เบอร์โทรศัพท์

+66895315162

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ K.T.G Helping Hands Myanmar organization for Migrationผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง K.T.G Helping Hands Myanmar organization for Migration:

แชร์

ประเภท