Myanmar Pressphoto Agency

Myanmar Pressphoto Agency MPA started as a photo agency in May 2015. Our vision is to ensure the people recognize the value of the press and enjoy the freedom of expression.
(1)

ခမရ ၅၈၆ မှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို ရေးဘီလူး ဖမ်းမိ1 Dec 2025 By Hsu Yee/MPAမွန်ပြည်နယ် ၊ ရေးမြို့နယ်တ...
01/12/2025

ခမရ ၅၈၆ မှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို ရေးဘီလူး ဖမ်းမိ

1 Dec 2025 By Hsu Yee/MPA

မွန်ပြည်နယ် ၊ ရေးမြို့နယ်တွင် ခမရ ၅၈၆ မှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို ရေးဘီလူးတပ်ရင်းမှ ဖမ်းမိခဲ့ကြောင်း သိရသည်။

ယမန်နေ့( နိုဝင်ဘာ ၃၀ ရက်)တွင် ရေးမြို့နယ်၌ ရေးဘီလူးတပ်ရင်းမှ စစ်မျက်နှာဖွင့်ထားသည့် နယ်နမိတ်အတွင်းသို့ ခမရ ၅၈၆ တွင် တာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်းတပ်သားသစ် ၃ ဦး ထွက်ပြေးတိမ်းရှောင်လာသဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရေးဘီလူးတပ်ရင်းမှ သတင်းထုတ်ပြန်ထားသည်။

"ကျတော်တို့ လက်နက်တော့မရခဲ့ဘူး။ သူတို့က ထွက်ပြေးတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ သူတို့က မနေချင်လို့တော့ အကြောင်းပြချက် ပေးတယ်ပေါ့နော်။ ည ၈ နာရီလောက်မှ ကျတော်တို့ လက်ထဲကို ရောက်တယ်။ ဖုန်းတစ်မျိုးပဲ ပါတယ်။ ကျန်တာတော့ ဘာမှမပါဘူး။သူတို့စပြေးတဲ့အချိန်မှာတော့ ဆက်သွယ်တာ မရှိဘူး။သူတို့ အပြင်မှာ ယောင်လည်လည်ဖြစ်နေတဲ့အချိန်မှာတော့ အဲ့ဒီ့ဒေသခံနဲ့ အနီးနားက သူတို့ရဲ့ လက်လှမ်းမီသလောက် ချိတ်ဆက်မှုနဲ့ ချိတ်ဆက်လာ‌တာတော့ရှိတယ်"ဟု ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့ ထွက်ပြေးလာပုံနှင့် ပတ်သတ်၍ MPA သို့ပြောသည်။

ထွက်ပြေးလာသည့် စစ်မှုတပ်သား ၃ ဦးစလုံးသည် ပေါ်တာဆွဲခံရပြီး စစ်မှုထမ်း အပတ်စဉ် ၁၂ သင်တန်းဆင်းပြီးနောက် ရေးမြို့ အခြေစိုက် ခမရ ၅၈၆ တွင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ ၎င်းတို့ ပေါ်တာဆွဲခံရသည့် မြို့နယ်နှင့်ဖြစ်စဉ်ကိုမူ လုံခြုံရေးအရ ဖြေကြားခြင်း မရှိပေ။

"သူတို့က ပေါ်တာဆွဲခံထိတယ်လို့တော့ ပြောတယ်။ မြို့နယ်ကကျတော့ တူမနေဘူး။ မြို့နယ်ကိုတော့ ကျတော်တို့ မထုတ်ပြန်တော့ဘူးပေါ့နော်။ သူတို့ ၃ ယောက်ကို ခမရ ၅၈၆ က မနေ့က ရှာတာမျိုးတော့ ရှိတယ်။ သူတို့လမ်းကင်းထုတ်ထားတော့ လမ်းကင်း‌ကနေပြီးတော့ သူတို့က ထောက်ထားတာပေါ့နော် သူတို့ထွက်မယ့်လမ်းတွေကို။ ဒါပေမဲ့ ဒီကောင်တွေက ကျတော်တို့ မျက်နှာဖွင့်ထားတဲ့ လမ်းအတိုင်းကို ဝင်လာခဲ့တဲ့ အခါကျတော့ ဝင်လိုက်လို့ မရဲတော့ဘူးလေ ဟိုဘက်ခြမ်းက။ ဒါကြောင့်မို့လို့ ကျတော်တို့ အလွယ်တကူ ထိန်းသိမ်းလို့ရတာ"ဟု ၎င်းကပြောသည်။

ယင်းတပ်သား ၃ ဦးအား ခမရ ၅၈၆ မှ ယနေ့(ဒီဇင်ဘာ တစ်ရက်) နံနက်ပိုင်းအထိ အာရှလမ်းတစ်လျှောက်တွင် ဆက်လက်ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။

ယင်းတပ်သား ၃ ဦးကို သုံ့ပန်းစည်းမျဉ်းနှင့်အညီ ကောင်းမွန်စွာထားရှိထားပြီး ရေးဘီလူးတပ်ရင်းမှ လိုအပ်သည့် စစ်ရေးသတင်းအချက်အလက်များ မေးမြန်းပြီးပါက သက်ဆိုင်ရာသို့ ဆက်လက်လွှဲသွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ရေးဘီလူး

ပုံစာ- ခမရ ၅၈၆ မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်မှုထမ်းတပ်သားသစ် ၃ ဦး

စာတည်း-ML

#ရေးမြို့နယ် #စစ်မှုထမ်းတပ်သားသစ် #ရေးဘီလူး #ဖမ်းမိ

မင်းလက်ပံတိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ် ကုန်ပစ္စည်းပို့ဆောင်မှုနှင့် သွင်းကုန်/ထုတ်ကုန်များကို ၇ ရက် ရပ်ဆိုင်း...
01/12/2025

မင်းလက်ပံတိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ် ကုန်ပစ္စည်းပို့ဆောင်မှုနှင့် သွင်းကုန်/ထုတ်ကုန်များကို ၇ ရက် ရပ်ဆိုင်း

1 Dec 2025 By Moe Nya / MPA

ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပံတွင် တိုက်ပွဲများဖြစ်ပွားပြီး လက်နက်ကြီးကျည်အချို့သည့် ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့နယ်သို့ ကျရောက်ပြီးနောက် ကုန်ပစ္စည်း တင်သွင်းခြင်း၊ တင်ပို့ခြင်းနှင့် လူများ ဖြတ်သန်းသွားလာခွင့်ကို ထိုင်းအစိုးရ၊ မဲဆောက်အုပ်ချုပ်ရေးအဖွဲ့မှ ၇ရက် ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။

ယခုကဲ့သို့ ပြုလုပ်ရန်အတွက် ယမန်နေ့( နိုဝင်ဘာ ၃၀ရက်)က တာ့ခ်ခရိုင်၊ ၀ချိရပရာကန် စခန်းရှိ နရဲဆွပ် တပ်ဖွဲ့က မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ အရေးပေါ်စာတင်ပြီးနောက် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစာ၌ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့နယ်ဘက်တွင် မငြိမ်မသက်မှုများ ဖြစ်ပွားပြီးနောက် ခွင့်ပြုထားသော လမ်းကြောင်းများမှတဆင့် ကုန်ပစ္စည်းတင်သွင်းခြင်း/တင်ပို့ခြင်းနှင့် လူပုဂ္ဂိုလ်များ သွားလာခြင်းကို ရပ်ဆိုင်းရန် ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုထားသည်။

" အမှတ်(၁) တံတားတော့မပိတ်ဘူးကြားတယ်။ ဒါပေမဲ့တခြား ကုန်တင်ပို့တဲ့ဂိတ်တွေကိုပိတ်တာလို့ သိထားတယ်။ တစ်ပတ်တော့ လူအဝင်အထွက်နဲ့ ကုန်ပို့တာတွေ နားထားရမယ့်သဘောပဲ။ " ဟု နယ်စပ်ကုန်သွယ်ရေးလုပ်နေသူတစ်ဦးကဆိုသည်။

မင်းလက်ပံဒေသ၌ စစ်ကော်မရှင်နှင့် KNU တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး လက်နက်ကြီးကျည်များသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်သဖြင့် ဒေသခံပြည်သူများက စိုးရိမ်ပူပန်လျက်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယမန်နေ့နိုဝင်ဘာ ၃၀ရက် ညပိုင်းက မင်းလက်ပံရွာ၌ ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကော်မရှင်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ခြောက်လုံးခန့်မနည်း မဲဆောက်မြို့နယ်၊ မဲ့ကိုကင်းရွာသို့ ကျရောက်ပေါက်ကွဲခံပြီး နေအိမ် နှစ်လုံးနှင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့သည်။

အဆိုပါ အခြေအနေများကြောင့် မဲဆောက်အုပ်ချုပ်ရေးအဖွဲ့က နယ်စပ်အခြေအနေများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို တားဆီးရန် နိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၅ရက်အထိ မဲဆောက်မြို့၊ ပုတ်ဖရမြို့နှင့် အုန်းဖန်မြို့နယ်များအပါအဝင် ဆက်စပ်နယ်မြေများရှိ နယ်စပ်ဖြတ်ကျော် သွားလာမှု၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုနှင့် ခရီးသွားလာမှု အားလုံးကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

" မနေ့က ညနေနဲ့ ညပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာလို့ ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတွေ တိုးချထားတယ်။ ထိုင်းဘက်ကလဲ ပြန်ပစ်တယ်လို့ကြားတယ်။ ထိုင်းစစ်တပ်က အင်အားလဲပိုတိုးထားတယ်။ လက်နက်ကြီးတွေလဲ ထပ်ချထားတယ် " ဟု ပုတ်ဖရတွင် နေထိုင်သည့် ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ဦးက ပြောသည်။

မင်းလက်ပံကျေးရွာသည် BKBA ထိန်းချုပ်ထားသည့်နေရာဖြစ်ပြီး ယင်းနေရာရှိ ကျားဖြန့်များကို KNU က ဝင်ရောက်ရှင်းလင်းပြီးနောက် စစ်တပ်က လက်နက်ကြီးနှင့် အသေခံဒရုန်းများအသုံးပြုကာ KNU ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ မဲ့ကိုကင်းရွာသည် မဲဆောက်ခရိုင် ပုတ်ဖရမြို့နယ်အတွင်း ထိုင်းမြန်မာနယ်စပ်တွင်တည်ရှိပြီး မြန်မာဘက်ခြမ်း မင်းလက်ပံရွာ နှင့် နီးစပ်သည်။

ဓာတ်ပုံ-လူမူကွန်ရက်

စာတည်း-ကိုဆန်း

#မင်းလက်ပံတိုက်ပွဲ #ကုန်ပစ္စည်းပို့ဆောင်မှု #ရပ်ဆိုင်း Nya

အာရှနိုင်ငံများတွင် လေပြင်းမုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၈၀၀ ကျော်အထိ ရှိလာAP/Reuters, 1 December 2025အာရှဒေသတွင်   ဆိုး...
01/12/2025

အာရှနိုင်ငံများတွင် လေပြင်းမုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၈၀၀ ကျော်အထိ ရှိလာ

AP/Reuters, 1 December 2025

အာရှဒေသတွင် ဆိုးရွားသော ရာသီဥတုကြောင့် လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ပြီး ရေကြီးခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းကျရောက်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် ထိခိုက်သူ သန်းနှင့်ချီ၍ ရှိနေသည်။

သီရိလင်္ကာနိုင်ငံတွင် ဒီတ္တဝါ (Ditwah) ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ စုစုပေါင်း ၂၁၂ ဦးအထိ တက်လာခဲ့ပြီး ၂၁၈ ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၃၀ရက်နေ့တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ရာ သေဆုံးသူ စုစုပေါင်း ၆၀၀ ကျော်အထိ တိုးလာခဲ့ကြောင်း တာဝန်ရှိသူများက သက်ဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

ထောင်နှင့်ချီသော နေရာရွှေ့ပြောင်းခံရသူများအတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို ရက်သတ္တပတ်အကုန်အထိ ဆက်လက် လုပ်ဆောင်ခဲ့ရသည်။
အရှေ့တောင်အာရှဒေသသည် မာလက္ကာရေလက်ကြားတွင် အလွန်ဖြစ်ခဲသည့် အပူပိုင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး တစ်ပတ်တာကြာအောင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့ပြီးနောက် ကျယ်ပြန့်သော ပျက်စီးဆုံးရှုံးမှုများကို ရင်ဆိုင်ခဲ့ရသည်။

တရားဝင် စာရင်းဇယားများအရ လူပေါင်း ၄ သန်းကျော် ထိခိုက်ခဲ့ရာတွင် ထိုင်းတောင်ပိုင်းတွင် ၃ သန်းနီးပါးနှင့် အင်ဒိုနီးရှား အနောက်ပိုင်းတွင် ၁ ဒသမ ၁ သန်း ပါဝင်သည်။

အင်ဒိုနီးရှားတွင် ၄၃၅ ဦး၊ ထိုင်းတွင် ၁၇၀ ဦး သေဆုံးခဲ့ပြီး မလေးရှားတွင် သုံးဦး သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ရေလွှမ်းမိုးမှုကြီးများကြောင့် မြေပြိုခြင်း၊ လမ်းများပျက်စီးခြင်း၊ ကျွန်း၏ အချို့နေရာများ ပြတ်တောက်ခြင်းနှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး တာဝန်ရှိသူများနှင့် ကန့်သတ်ထားသော ဒေသခံအဖွဲ့များသည် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စတားလင့်ခ် (Starlink) ဂြိုဟ်တု အင်တာနက်ကို အသုံးပြုခဲ့ရသည်။

အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ (National Disaster Management Agency) ၏ အဆိုအရ အင်ဒိုနီးရှားနိုင်ငံ၏ မြောက်ဆူမတြား၊ အနောက်ဆူမတြားနှင့် အေစီ (Aceh) ပြည်နယ် သုံးခုတွင် နောက်ထပ် လူပေါင်း ၄၀၂ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ခက်ခဲသော ရာသီဥတုအခြေအနေများနှင့် စက်ယန္တရားကြီးများပစ္စည်းများ မရှိခြင်းတို့ကြောင့်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ အခက်အခဲနှင့် ကြုံတွေ့ခဲ့ရသည်။

#အာရှနိုင်ငံများ #လေပြင်းမုန်တိုင်းဒဏ် #သေဆုံးသူ

အလင်းဝင်စစ်မှုထမ်းအများစု စစ်တပ်ကို ပြန်တော်လှန်နေကြဟုဆို1 Dec 2025 By Ko Myo / MPAအလင်းဝင်လာသည့် စစ်မှုထမ်းအများစုသည် တ...
01/12/2025

အလင်းဝင်စစ်မှုထမ်းအများစု စစ်တပ်ကို ပြန်တော်လှန်နေကြဟုဆို

1 Dec 2025 By Ko Myo / MPA

အလင်းဝင်လာသည့် စစ်မှုထမ်းအများစုသည် တော်လှန်ရေးတပ်သားများဖြစ်လာကြောင်း မြန်မာ့ စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI က ဆိုသည်။

နိုဝင်ဘာ၃၀ရက်တွင် MDSI က ထုတ်ပြန်လိုက်သော ‘ပြည်သူ့စစ်မှုထမ်းဥပဒေ ဖော်ဆောင်သက် ရောက်မှု လေ့လာဆန်းစစ်ချက်”အစီရင်ခံစာ၌ အထက်ပါအတိုင်း ဖော်ပြထားသည်။

တောင်ပိုင်းတိုင်းစစ်ဒေသ၊ဗျူဟာ၃၂၊ကျားသစ်နက်စစ်ကြောင်းသို့ ဆက်သွယ်ပူးပေါင်းလာသော အောင်ဇေယျစစ်ကြောင်းမှ စစ်မှုထမ်းတပ်သားများသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များအဖြစ် ပါဝင် နေကြသလို တောင်ပိုင်းစစ်ဒေသ၊ဒေါနစစ်ကြောင်း၊ ဂျော်ကာစစ်ကြောင်း၊ KNLAနှင့် PDF ပူးပေါင်း စစ်ကြောင်းများတွင်လည်း အလင်းဝင်စစ်မှုထမ်းတပ်သားများ ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း ချင်း ပြည်နယ်သို့ ထိုးစစ်ဆင်လာသော စစ်ကြောင်းမှ အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားများသည် လည်း ကလေးခရိုင်ပကဖနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း MDSI က ဖော်ပြသည်။

“၂၀၂၅ခုနှစ် အလင်းဝင်ရီပို့တွေကို ကြည့်လိုက်ရင် ပစ(စစ်မှုထမ်းတပ်သား)တွေရဲ အလင်းဝင်နှုန်းက သန္ဓေစစ်သားတွေထက် တစ်ဝက်ကျော်တောင်မဟုတ်ဘူး။သုံးပုံနှစ်ပုံလောက်ရှိတယ်။ဒါပေမဲ့၊ စစ် တပ်ထဲ မဝင်ချင်ဘဲနဲ့ ဝင်လိုက်ရတဲ့ ပစ အရေအတွက် အခု တစ်သိန်းနားနီးနေတဲ့အချိန်မှာ အလင်း ဝင်လာတဲ့ အရေအတွက်က အလွန်ဆုံးရှိ ၁၀၀၀ကျော်ပါပဲ။သိပ်နည်းနေတယ်။ဘာ့ကြောင့်နည်းနေ တာလဲဆိုတာ တော်လှန်ရေးဘက်က အဖြေရှာကြဖို့ လိုမယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDM အရာ ရှိတစ်ဦးက MPAသို့ပြောသည်။

စစ်မှုထမ်းတပ်သားများ ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲနေခြင်းမှာ စစ်တပ်၏ ဝါဒဖြန့် ခြိမ်းခြောက် မှုများကို ယုံကြည်ကြောက်လန့်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များထံ မည်သို့ ဆက်သွယ်ရမည်ကို မသိရှိ ခြင်း၊ ဆက်သွယ်ရန် မလွယ်ကူခြင်းနှင့် သတင်းအချက်အလက် ရရှိသိရှိမှု နည်းပါးခြင်းက အဓိက အကြောင်းရင်းများဖြစ်ကြောင်းနှင့် စစ်တပ်သည် စစ်မှုထမ်းများ ထွက်ပြေးလွတ်မြောက်မှု လျော့ကျ စေရန် ကောင်းစွာ ထိန်းချုပ်လုပ်ဆောင်လာနိုင်ကြောင်း MDSI က သုံးသပ်သည်။

စစ်မှုထမ်းတပ်သားများသည် ရှေ့တန်းစစ်မြေပြင်မှ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်၍ အစု အဖွဲ့လိုက် အလင်းဝင်မှုများ ရှိနေကြောင်းလည်း MDSI က ဆိုသည်။

စာတည်း-ML
ဓာတ်ပုံ- Ranger Kalay Defend Force
ပုံစာ- ချင်းတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသောတပ်မှ အလင်းဝင်လာသည့် စစ်သားများ။

#အလင်းဝင် #စစ်မှုထမ်း #စစ်တပ် #ပြန်တော်လှန် #စစ်ရေး

30/11/2025

ယူကရိန်းက ရေအောက်ဒရုန်းတွေနဲ့ ရုရှားရေနံတင် အရိပ်သင်္ဘော နှစ်စင်းကို တိုက်ခိုက်

30/11/2025

ပြည်သူတွေကို သတ်တဲ့အပြင် သက်ငယ်မုဒိမ်းပါ ကျူးလွန်ထားတဲ့ ပျူခေါင်းဆောင် ရှင်းလင်းခံရပြီ

30/11/2025

ခင်ဦးမှာ အထိနာလို့ သေခဲ့ရတဲ့ စစ်သားနဲ့ ပျူရုပ်အလောင်းတွေကို တော်လှန်ရေးတပ်တွေက သင်္ဂြိုဟ်ပေး

30/11/2025

ထိုင်းပိုင်နက်ထဲ လက်နက်ကြီးကျည်ကျလို့ ထိုင်းတပ်မတော်က လက်တုံ့ပြန် ပစ်ခတ်

ရွေးကောက်ပွဲ ကန့်ကွက်သူများကို "ခွေးလှေးခုန်လို့ ဖုန်မထ" ဟု မိုးဟိန်း ပုတ်ခတ် 30 Nov 2025 By Garcia Ni / MPAစစ်ကော်မရှင်...
30/11/2025

ရွေးကောက်ပွဲ ကန့်ကွက်သူများကို "ခွေးလှေးခုန်လို့ ဖုန်မထ" ဟု မိုးဟိန်း ပုတ်ခတ်

30 Nov 2025 By Garcia Ni / MPA

စစ်ကော်မရှင်က ကျင်းပရန် ပြင်ဆင်နေသည့် ၂၀၂၅ ရွေးကောက်ပွဲကို ကန့်ကွက်နေခြင်းမှာ "ခွေးလှေးခုန်လို့ ဖုန်မထ" သည့် ကိစ္စများသာဖြစ်ကြောင်း စစ်ကော်မရှင် လော်ဘီ မိုးဟိန်း (သူရိယနေဝန်း) က မြဝတီရုပ်သံမှတဆင့် ပြောဆိုလိုက်ပြီး ရက်ပိုင်းအတွင်းမှာပင် နိုင်ငံတကာအသိုင်းအဝိုင်းက အဆိုပါ ရွေးကောက်ပွဲကို တရားမဝင်ကြောင်း ခပ်စိပ်စိပ် ထုတ်ပြန် ရှုတ်ချလိုက်ကြသည်။

မြဝတီ ရုပ်သံတွင် ထုတ်လွှင့်နေသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ပညာပေးအစီအစဉ်တွင် မိုးဟိန်းက ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရသည် ကမ္ဘာက အသိအမှတ်ပြုသော အစိုးရဖြစ်လာမည်ဟု ယုံကြည်မှုလွန်ကဲစွာ ပြောဆိုခဲ့သည်။ ထို့အပြင် ရွေးကောက်ပွဲကို ဆန့်ကျင်နေသူများ၏ အသံကိုလည်း "ခွေးလှေးခုန်လို့ ဖုန်မထဘူး" ဟု ခိုင်းနှိုင်းကာ လျစ်လျူရှု ပြောဆိုခဲ့သည်။

မိုးဟိန်းက "အသိအမှတ်မပြုဘူးဆိုတာ သူပုန်တွေ သောင်းကြမ်းသူတွေက ပြောနေတာပါ။ ဘယ်လိုလဲဆိုတော့ NUG က အာဏာလိုချင်တာကိုး။ ရွေးကောက်ပွဲအောင်မြင်သွားရင် ပေါ်ပေါက်လာမယ့် အစိုးရက ကမ္ဘာက အသိအမှတ်ပြုတဲ့ အစိုးရဖြစ်လာတော့မယ်။ ကမ္ဘာအသိအမှတ်ပြု လွှတ်တော်ကြီးတွေပါလာတော့မယ်။ လွှတ်တော်မှာ ခေါင်းပေါင်းကြီးတွေနဲ့ အမျိုးသား ဝတ်စုံကြီးတွေနဲ့ တိုင်းရင်းသားဝတ်စုံတွေနဲ့ ပြည်သူလွှတ်တော် ကိုယ်စားလှယ်တွေက စည်စည်ကားကားနဲ့ လွှတ်တော်ကြီး ကျင်းပတော့မယ်"ဟု ပြောဆိုထားသည်။

ထို့အပြင် "အလွန်ခန့်ညားတဲ့ အပြောင်းအလဲကြီးတစ်ခု ပေါ်ပေါက်လာတော့မယ်ဆိုတော့ အဖျက်သမားတွေက သွေးပျက်နေပြီ။ သူတို့က မြို့ကြီးတွေမှာ Five star ဟိုတယ်ကြီးတွေမှာတည်းနေတာ။ ရေနွေးဇလုံနဲ့ ရေချိုးပြီးတော့မှ ဟိုတယ်ကကျွေးတဲ့ ချိစ်တွေ၊ ပေါင်မုန့်တွေ၊ ကြက်ကင်တွေ၊ သိုးသားကင်တွေ စားပြီးတော့မှ အင်တာဗျူးပြီးတော့မှ တိုင်းပြည်ကလူကို တိုက်ကြခိုက်ကြ၊ ရွေးကောက်ပွဲက တရားမဝင်ဘူး။ အော်နေတာ။ သူတို့မျက်နှာတွေကြည့်ပါလား။ အဆီတဝင်းဝင်းနဲ့ တစ်ခါထဲ ပြည့်ဖြိုးပြီးတော့ အကုန်လုံးက ပြည့်ဖြိုးလှပနေတာ"ဟု သူက ဆက်ပြောထားသည်။

သို့သော် မိုးဟိန်း၏ ပြောဆိုချက် အသံမတိတ်မီမှာပင် ဥရောပသမဂ္ဂ (EU) ၏ ဥရောပပါလီမန်က နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်လိုက်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အစီအစဉ်အားလုံးကို "တရားမဝင်ကြောင်း" အတိအလင်း ပယ်ချလိုက်သည်။ စစ်ကော်မရှင် လော်ဘီများက နိုင်ငံတကာ ထောက်ခံမှု ရရှိတော့မည်ဟု ပုံဖော်နေချိန်တွင် ဥရောပပါလီမန်၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်တွင် ၂၀၂၅ ဒီဇင်ဘာနှင့် ၂၀၂၆ ဇန်နဝါရီတွင် ကျင်းပမည့် ရွေးကောက်ပွဲများကို အတိအလင်း ပယ်ချကြောင်း၊ NUG နှင့် CRPH တို့ကိုသာ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် စစ်ကော်မရှင်အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှု အရေးပေါ်ချမှတ်ရန် တောင်းဆိုကြောင်း ပြင်းထန်စွာ ဖော်ပြထားသည်။

"မိုးဟိန်းက ပြည်တွင်းမှာ သတင်းပိတ်ထားတော့ လူထုကို လိမ်လို့ရမယ်ထင်ပြီး ပြောနေတာ။ ဘယ်နိုင်ငံကမှ မငြင်းဘူးဆိုပြီး ပြောတဲ့အချိန်မှာပဲ EU ပါလီမန်က လုံးဝ လက်မခံဘူးဆိုတဲ့ စာထုတ်လိုက်သလို ဖြစ်သွားတယ်။ ခွေးလှေးခုန်တာ မဟုတ်ဘူး၊ နိုင်ငံတကာက စစ်ကော်မရှင်ကို ဝိုင်းပြီး ဖယ်ကြဉ်လိုက်တာပါ။ ဒီလို အချိန်ကိုက်ကြီး ဖြစ်သွားတော့ သူတို့ရဲ့ ဝါဒဖြန့် ယန္တရားကြီး တစ်ခုလုံး အရှက်ကွဲသွားတာပေါ့"ဟု နိုင်ငံရေး သုံးသပ်သူတစ်ဦးက သုံးသပ်သည်။

ဦးမိုးဟိန်းက NUG ခေါင်းဆောင်များကို "ဟိုတယ်တွင် ဇိမ်ခံနေသူများ" ဟု စွပ်စွဲသော်လည်း ဥရောပပါလီမန်၏ အစီရင်ခံစာတွင်မူ စစ်ကော်မရှင်၏ ဖိနှိပ်မှုများကို အသေးစိတ် ဖော်ပြထားသည်။ အထူးသဖြင့် Facebook တွင် မှတ်ချက်ရေးရုံဖြင့် ထောင်ချနိုင်သည့် ဥပဒေများ၊ ရွေးကောက်ပွဲကို ဝေဖန်လျှင် သေဒဏ်အထိ ပေးနိုင်သည့် ခြိမ်းခြောက်မှုများကို နိုင်ငံတကာက မျက်ခြည်မပြတ် စောင့်ကြည့်နေကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ခံ လူငယ်တစ်ဦးကလည်း "သူက ခွေးလှေးခုန်လို့ ဖုန်မထဘူး ပြောတယ်။ အခု နိုင်ငံတကာက ဖုန်ထရုံမကဘူး မုန်တိုင်းပါ ဆင်လိုက်ပြီ။ သူတို့ ရွေးကောက်ပွဲကို ဘယ်သူမှ အသိအမှတ်မပြုဘူးဆိုတာ ဒီ EU ကြေညာချက်က သက်သေပဲ။ သူတို့ လိမ်ပြောနေတာတွေက အခုလို ခဏလေးနဲ့ ပေါ်သွားတာပဲ"ဟု ပြောဆိုသည်။

လက်ရှိအချိန်တွင် စစ်ကော်မရှင်သည် ရုရှားနှင့် တရုတ်တို့၏ ထောက်ခံမှုကိုသာ အားပြုနေရပြီး ဥရောပပါလီမန်ကမူ အဆိုပါ နိုင်ငံများကိုလည်း စစ်အုပ်စုအား ကူညီနေမှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်။

စစ်ကော်မရှင်က စီစဉ်နေသည့် ရွေးကောက်ပွဲကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ ၉ နိုင်ငံမှ ဥပဒေပြုလွှတ်တော်အမတ် ၁၆၃ ဦးတို့ကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ငြင်းပယ်ရန် တိုက်တွန်းသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ထုတ်ပြန်ထားသည်။

စာတည်း-ကိုဆန်း
ဓာတ်ပုံ-လူမှုကွန်ရက်

#ရွေးကောက်ပွဲ #ကန့်ကွက်သူများ #မိုးဟိန်း #ပုတ်ခတ်

30/11/2025

ခုခံချေပခွင့်မရှိဘဲ ထောင်ခုနှစ်နှစ်ချခံလိုက်ရတဲ့ အနုပညာရှင် သုံးယောက်

30/11/2025

အရင်းနှီးကြီးတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက် အမြတ်ကြီးဖို့လိုတယ်လို့ ပြောလာတဲ့ NUG ဝန်ကြီးချုပ်

တရုတ်အကူအညီဖြင့် တောင်းယူရသည့် မြို့များ ကုန်သွားပြီဟု စစ်လော်ဘီများ ဆိုလာ30 Nov 2025 By Moe Nya / MPAစစ်ကော်မရှင်က ပြန်...
30/11/2025

တရုတ်အကူအညီဖြင့် တောင်းယူရသည့် မြို့များ ကုန်သွားပြီဟု စစ်လော်ဘီများ ဆိုလာ

30 Nov 2025 By Moe Nya / MPA

စစ်ကော်မရှင်က ပြန်လည်ရရှိခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့နယ်များသည် ဟိုင်ဂင် သဘောတူညီချက်အပေါ် အခြေခံပြီး တရုတ်ဖိအားပေးညှိနှိုင်းမှုကြောင့် ပြန်လည်ရရှိခဲ့ခြင်ဖြစ်ပြီး ထပ်မံရရှိရန် မြို့များ မရှိတော့ကြောင်း စစ်တပ်လော်ဘီများက တယ်လီဂရမ်ချန်နယ်များ၌ ရေးသားထာသည်။

တရုတ်၏ ထောက်ခံမှုဖြင့် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ (TNLA, MNDAA, AA) စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်မြို့ ၁၆ မြို့ သိမ်းပိုက်ပြီးနောက် ဇန်နဝါရီ ၁၁၊ ၂၀၂၄ တွင် ဟိုင်ဂင်သဘောတူညီချက်ဖြင့် ရပ်ဆိုင်းခဲ့သည်။

သို့သော် ၂၀၂၄ခုနှစ် ဇွန် ၂၄ရက်မှ စတင်ကာ ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ပြီးနောက် မြို့များကို ဆက်လက်သိမ်းပိုက်ခဲ့သည့်အတွက် စစ်ကော်မရှင်ကိုထောက်ခံသူများက ယင်းအဖွဲ့တို့သည် ဟိုင်ဂင်သဘောတူညီချက်ကို စတင်ချိုးဖောက်ခဲ့သည်ဟု ဆိုထားသည်။

"လော်ဘီတွေ အခုလိုထုတ်ပြောလာတာက စဉ်းစားစရာနှစ်ချက်ရှိတယ်။ ပထမအချက်က ရှမ်းမြောက်က မြို့တွေကို တရုတ်ကြီးက ထပ်မတောင်းပေးတော့ဘူးလို့ သဘောရှိတယ်။ နောက်တစ်ချက်ကတော့ တရုတ်အကူအညီမယူတော့ဘဲနဲ့ စစ်ရေးအရှိန်မြှင့်တော့မယ်ဆိုပြီးတော့ နိုင်ငံတကာကို အပြလုပ်တော့မဲသဘောရှိတယ်။ အဓိကကတော့ လာမယ့် စစ်ပွဲတွေမှာ စစ်ရေးအရရော နိုင်ငံရေးအရပါ ပြင်ဆင်ရန် ရည်ရွယ်ပြီး ဝါဒဖြန့်တာပါ" ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

၁၀၂၇ ဒုတိယပိုင်းအတွင်း TNLAက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် နှင့် MNDAAက လားရှိုးမြို့တို့ သိမ်းပိုက်နိုင်ခဲ့သော်လည်း တရုတ်က စစ်တပ်ကို သိသိသာသာ ကူညီခဲ့ခြင်းကြောင့် မိုးမိတ်မှ အပကျန်မြို့များသည် စစ်ကော်မရှင် လက်အောက်သို့ ပြန်လည်ရောက်ရှိခဲ့ရသည်။

ထို့ပြင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း၌ ကြားခံနယ်အဖြစ် ထားသည့် UWSA ထိန်းချုပ်ထားသည့် တန့်ယန်းမြို့နှင့် SSPP ထိန်းချုပ်ထားသည့် မြို့များသည် မည်သို့ ဆက်ဖြစ်မည်ကို မခန့်မှန်းနိုင်ကြောင်း စစ်တပ်လော်ဘီများက ဆိုထားသည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်အကူအညီဖြင့် ညှိနှိုင်းပြီး ပြန်လည်ရရှိသည့် မြို့များ ကုန်ဆုံးသွားပြီဟု ယူဆပြီး၊ ကျန်ရှိသော နယ်မြေများအတွက် စစ်ရေးအရ တိုက်ယူမည်ဟု လော်ဘီများက ကြုံးဝါးထားသည်။

" ရှမ်းမြောက်က ညီနောင်တွေ ဆက်လက်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်တပ်က ထိုးစစ်ကို အရှိန်မြှင့်မယ်နဲ့တူတယ်။ ဒီနှစ်ထဲမှာ ပြန်ပါသွားတဲ့ မြို့တွေက မနည်းဘူး။ စစ်ရေးဗျူဟာကို သေချာမချထားရင်တော့ တအိအိနဲ့ စစ်တပ်က အကုန်ပြန်ယူသွားနိုင်တယ်" ဟု ရှမ်းပြည်နယ်မြောက်ပိုင်း မြို့သိမ်းတိုက်ပွဲများ၌ ပါဝင်ခဲ့သည့် အညာဒေသမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ယင်းအပြင် ရခိုင်နှင့် ကချင်ပြည်နယ်တို့တွင် AA နှင့် KIA က သိမ်းပိုက်ခဲ့သည့် မြို့များသည် ဟိုင်ဂင်စာချုပ်၌ မပါဝင်သည့်အတွက် တိုက်ယူရမည်ဟုလည်း စစ်တပ်လော်ဘီများက ရေးသားထားသည်။

ဆက်လက်ပြီး မူဆယ် ၁၀၅ မိုင်သည်လည်း ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကတည်း ညီနောင်မဟာမိတ်များ သိမ်းပိုက်ခဲ့သည့် နယ်မြေဖြစ်သောကြောင့် တရုတ်က ညှိနှိုင်းပေးမည့် အလားအလာမရှိသည့်အတွက် တိုက်ယူရမည်ဟု ဆိုထားသည်။

တရုတ်အကူအညီဖြင့် ထပ်မံတောင်းယူ၍ ရနိုင်သည့် နေရာများမှာ လားရှိုးမြို့အနီးရှိ နောင်မွန်၊ မယ်ဟန်ကျေးရွာများဖြစ်ပြီး လက်ရှိ ယင်းနေရာများကို MNDAA က ထိန်းချုပ်ထားဆဲဖြစ်သည်။

ထို့ကြောင့် စစ်ကော်မရှင်သည် တရုတ်၏ ကြားဝင်မှုဖြင့် ညှိနှိုင်းတောင်းယူ၍ ရနိုင်သော မြို့နယ်များမှာ ကုန်ဆုံးသလောက် ရှိပြီဖြစ်သည့်အတွက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲပြီးနောက် တက်လာမည့် အမည်ခံအစိုးရသည် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများကို ပိုမိုထိုးစစ်ဆင်လာနိုင်သည့်အတွက် တိုက်ပွဲများ ယခုထက် ပိုမိုပြင်းထန်လာမည်ကို သတိပြုသင့်ကြောင်း စစ်ရေးလေ့လာသူများက ထောက်ပြကြသည်။

စာတည်း-ကိုဆန်း
ဓာတ်ပုံ- AFP
ပုံစာ-MNDAA သိမ်းပိုက်နိုင်ခဲ့သည့် လားရှိုးမြို့

#တရုတ် #အကူအညီ #တောင်းယူ #စစ်လော်ဘီ #စစ်ကော်မရှင် #စစ်ရေး

ที่อยู่

Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Pressphoto Agencyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Myanmar Pressphoto Agency:

แชร์

Our Story

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သတင်းဓါတ်ပုံအေဂျင်စီ သတင်းဌာနအဖြစ် ကနဦးရပ်တည်ကာမြန်မာနိုင်ငံအတွင်းရှိ သတင်းဓါတ်ပုံလောကအတွက် အခွင့်အလမ်း Plattform တစ်ခုဖြစ်ရန်ရည်ရွယ်သည်။ အများပြည်သူထံ မှန်ကန်သည့်သတင်းဓါတ်ပုံများ သိရှိစေရန်ရည်ရွယ်ပြီး လက်ရှိ မြန်မာနိုင်ငံအဝှမ်းရှိ သတင်းဓါတ်ပုံကို စိတ်ပါဝင်စားသည့် လူငယ် (၂ဝ) ကျော်ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိပါသည်။