08/12/2024
"အအိုနှေးချင်လျှင်"
လုံးဝမအိုအောင်တော့
လုပ်လို့မရဘူး..
ဒါပေမဲ့
အအိုနှေးအောင်တော့
လုပ်လို့ရတယ် ..
ဘယ်လိုလုပ်မလဲ
အစားလျော့စားရင်
အအိုနှေးမယ်,
နုပျိုမှုကို
ကြာကြာထိန်းနိုင်မယ်..။
မြတ်စွာဘုရားဟောထားတဲ့
ဂါထာလေးတစ်ပုဒ် ရှိတယ်..
"အမြဲသတိရှိပြီးတော့,
သင့်တော်ရုံပဲစားမယ်ဆိုရင်
ဒုက္ခဝေဒနာနည်းမယ်,
အအိုနှေးမယ်,
အသက်ကိုလည်း
စောင့်ရှောက်နိုင်မယ်"...တဲ့
ရလာဘ်ကို
(၃)မျိုးပြောတယ်နော်..
၁- ဒုက္ခဝေဒနာနည်းမယ်,
၂- အအိုနှေးမယ်,
၃- အသက်ကိုလည်း
စောင့်ရှောက်နိုင်မယ်"...တဲ့
ဘယ်လောက်ကောင်းလဲ..။
အမြဲတမ်းလေးလံပြီးတော့
ဝက်ကြီးလိုဖြစ်နေတဲ့
ကောသလမင်းတောင်
ဒီဂါထာလေးကို
ထမင်းစားခါနီးတိုင်း
သူ့ တူတော် သုဒဿန ရွတ်တာကို
နားထောင်ပြီးတော့
အစာလျော့လိုက်တာ
ပေါ့ပါးဖြတ်လတ်သန်မာပြီးတော့
မြင်းကိုတောင် လိုက်ဖမ်းနိုင်တဲ့
အနေအထားရောက်သွားတယ် တဲ့..။
ဝ လို့ စိတ်ပျက်နေတဲ့သူတွေ..
အစာစားခါနီးတိုင်း
ဒီဂါထာလေးကို
ရအောင်လုပ်ပြီး ရွတ်,
ကိုယ်စိတ်ကိုထိန်း,
သင့်တော်တဲ့အစာကို
သင့်တော်သလောက်စား ..
ပြီးရင် မြတ်စွာဘုရားဟောတာ
မှန်ပါ့လား လို့
ထောက်ခံနိုင်အောင်လုပ်ကြည့်..။
အလွန်ကောင်းတယ်
အဲဒီဂါထာလေး..
မနုဇဿ သဒါ သတီမတော
မတ္တံ ဇာနတော လဒ္ဓဘောဇနေ
တနုကဿ ဘဝန်တိ ဝဒေနာ
သဏိကံ ဇီရတိ အာယုပါလယန်တိ။
သဒါ-အခါခပ်သိမ်း၊
သတိမတော-သတိရှိသော၊
လဒ္ဓဘောဇနေ-
ရအပ်သောဘောဇဉ်၌၊
မတ္တံဇာနတော-
အတိုင်းအရှည်ကိုသိသော၊
အဿမနုဇဿ-ထိုသူအား၊
ဝေဒနာ-ဆင်းရဲဝေဒနာတို့သည်၊
တနုကာ-နည်းကုန်သည်၊
ဘဝန္တိ-ဖြစ်ကုန်၏၊
အာယုပါလကံ-အသက်ကို
စောင့်ရှောက်လျှက်၊
သဏိကံ-နှေးနှေး၊
ဇီရတိ-အိုရ၏..တဲ့။
(ဓမ္မပဒ)
(သစ္စာရွှေစည်တရားတော်များ မှ)
credit-