Life and Thought ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Life and Thought, ครีเอเตอร์ดิจิทัล, Muang Chiang Mai.

03/05/2025

Fixed Mindset ရဲ့ ဆိုးကျိုးတွေ | Life and Thought

#ဘဝနှင့်အတွေးအခေါ်

02/05/2025

Migration ဖြစ်ရတဲ့ အကြောင်းအရင်းတွေ - Why People Migrate | Life and Thought

#ဘဝနှင့်အတွေးအခေါ်

25/04/2025

Meditation နည်းလမ်း (၇) မျိုး

#ဘဝနှင့်အတွေးအခေါ်

"လူ ကြီး လူ ကောင်း"===============မနက်ပိုင်း လူကျတဲ့အချိန်ဖြစ်သည်။လက်ဖက်ရည်ဆိုင်ရဲ့ထောင့်စွန်း ဝိုင်းလေးမှာ ထိုင်ကာလက်ဖက...
22/04/2025

"လူ ကြီး လူ ကောင်း"
===============

မနက်ပိုင်း လူကျတဲ့အချိန်ဖြစ်သည်။
လက်ဖက်ရည်ဆိုင်ရဲ့ထောင့်စွန်း ဝိုင်းလေးမှာ ထိုင်ကာ
လက်ဖက်ရည်တစ်ခွက် မှာလိုက်တယ်။

ခဏကြာတော့ ဆိုင်ဝန်ထမ်း ညီလေးက
မှာထားတဲ့ လက်ဖက်ရည်တစ်ခွက်ကို လာချပေးရင်း
ရုတ်တရက် လက်ချော် လွတ်ကျပြီး
လက်ဖက်ရည်ခွက်က ကွဲသွားတယ်ဗျ။

ဆိုင်ထဲမှာ စားသုံးနေတဲ့ လူတွေအားလုံးရဲ့မျက်လုံးတွေဟာ
ဝန်ထမ်းကောင်လေးဆီ ရောက်လာကြတယ်။

ဝန်ထမ်းကောင်လေးက ကြောက်ကြောက်ရှက်ရှက် မျက်နှာဖြစ်နေတယ်။

ဆိုင်ရှင်ရဲ့သားဖြစ်သူက
ဒီကောင်ကွာ "သေချာမလုပ်ဘူး"ဆိုပြီး
ငေါက်မယ်လုပ်တုန်း။

အဖေဖြစ်သူက သားဖြစ်သူကို ဆက်မပြောဖို့ လက်ကာပြရင်း
"နောက်တစ်ခွက် ယူခဲ့သားရေ"ဆိုပြီး
ဝန်ထမ်းကောင်လေးကို ပြုံးပြီးပြောလိုက်တယ်။

ဝန်ထမ်းကောင်လေးဟာ
နောက်ထပ် လက်ဖက်ရည်တစ်ခွက်ကို
ဂရုတစိုက်ယူလာရင်း လမ်းတစ်ဝက်မှာ
ထပ်ပြီးလွတ်ကျကာ ကွဲပြန်တယ်။

ကောင်လေးက ဒီတခါတော့ အငေါက်ခံရမှာ
သေချာသွားပြီးဆိုတဲ့အတွေးနဲ့
မျက်နှာလေးညှိုးငယ်နေရှာတယ်။

ဆိုင်ရှင်ရဲ့သားက ဝန်ထမ်းကောင်လေးကိုငေါက်ဖို့ ဟန်ပြင်တုန်း.....
အဖေဖြစ်သူက သားဖြစ်သူကို လက်ကာပြပြီး တားပြန်တယ်။

"ကွဲသွားတာ ဘယ်တတ်နိုင်မလဲ သားရယ်
နောက်တစ်ခွက် ထပ်ယူခဲ့ပေါ့" ဆိုပြီး
ဆိုင်ရှင်ဦးလေးက ပြောလိုက်တယ်။

ဒီတစ်ခါတော့ ဆိုင်ထဲက စားသုံးသူတွေဟာ
ဝန်ထမ်းကောင်လေးထက် ဆိုင်ရှင်ဦးလေးကြီးကို
ပိုပြီး စိတ်ဝင်စားနေကြတယ်ဗျ။

ထိုစဥ် ဝန်ထမ်းကောင်လေးက
လက်ဖက်ရည် နောက်တစ်ခွက် ထပ်ချပေးတယ်။

ဒီတစ်ခါတော့ လွတ်မကျတော့ဘူး အေးအေးဆေးဆေးပဲ။
ဒါပေမဲ့ ကောင်လေးမျက်နှာလေးက
သိပ်တော့ မကောင်းရှာဘူး။

ဆိုင်ရှင်ဦးလေးကြီးက
ဝန်ထမ်းကောင်လေး ပုခုံးကို ဖက်ပြီးတော့
စိတ်ထဲသိပ်မထားပါနဲ့ သားရ။

ဒါသင်ခန်းစာပဲကွ။
******************
"လူ့ဘဝမှာလည်း ဒီလိုပဲ
တစ်ခါတလေ မထင်မှတ်ပဲ မှားတတ်ကြတယ်.....
တစ်ခါတလေ မှားမှာကြောက်လို့ ဂရုစိုက်နေရင်း ကြားက
အမှားလုပ်မိသွားတာလည်း ရှိတယ်.....
အရေးကြီးဆုံးက ရည်ရွယ်ချက်ရှိရှိနဲ့
အမှားမလုပ်မိဖို့ပဲ။ '' လို့ပြောပြီး.....

ကောင်လေးကို လုပ်စရာရှိတာ လုပ်ဖို့
စိတ်ထဲဘာမှမထားဖို့ ပြောပြီး
ကောင်လေးကို သွားခိုင်းလိုက်တယ်။

ခဏနေတော့ ဆိုင်ရှင်ဦးလေးကြီးက
သူ့သားကိုခေါ်ပြီး စကားပြောတယ်။
မနက်ကတည်းက ဝန်ထမ်းကောင်လေးဟာ
မနားတမ်း အလုပ်လုပ်နေရတာ
သူလည်း ပင်ပန်းနေရောပေါ့။

ကိုယ့်ဆိုင်ရဲ့ဝန်ထမ်းဟာ
ကိုယ့်မိသားစုပဲ။
တစ်ခုခုဖြစ်ရင် အဖေတို့က
ကိုယ့်ဝန်ထမ်းဘက်က ကာကွယ်ပေးရမယ်။

မနက်ကတည်းက
သူကောင်းကောင်း အလုပ်လုပ်နေတာ
ဒီတစ်ခါပဲ မှားတာပါ။

လူတွေဟာ မွေးရာပါ
အဆိုးမြင်စိတ်ရှိကြတယ် ငါ့သားရ။
လက်ခုပ်တီးဖို့ထက်
လက်ညှိုးထိုးဖို့ ပိုပြီး စိတ်အားထက်သန်ကြတယ်။

လူတွေဟာ
အကောင်းတွေ အများကြီးကြားက
အဆိုးတွေကို ရွေးပြီး မြင်တတ်ကြပေမယ့်
အဆိုးတွေကြားက
အကောင်းတွေကိုတော့
မသိချင်ယောင် ဆောင်နေတတ်ကြတယ်။

အဆိုးတွေ အများကြီးကြားက
အကောင်းကို ရွေးပြီးမြင်တတ်အောင် ကြိုးစားပါ။

ကောင်းမွန်တဲ့ လုပ်ရပ်တွေအတွက်
လက်ခုပ်တီးဖို့ ဝန်မလေးပါနဲ့သားရေ ဆိုပြီး
အဖေဖြစ်သူက သားဖြစ်သူကို ဆုံးမစကား ပြောနေတယ်။

ဒီအဖြစ်အပျက်တွေကို ကြည့်ရင်း
အေးနေတဲ့ ကျနော်ရှေ့က လက်ဖက်ရည်ခွက်ကို
တကျိုက်တည်း အပြီးမော့လိုက်တယ်။
လက်ဖက်ရည်ရဲ့အရသာက
လူကြီးလူကောင်း ဆန်လိုက်တာ။

17/04/2025

ဒိန်းမတ် သို့မဟုက် ကမ္ဘာ့ပျော်ရွှင်မှုထိပ်တန်းရောက်နိုင်ငံ | Life and Thought

#ဘဝနှင့်အတွေးအခေါ်

16/04/2025

ဖင်လန်နိုင်ငံက ဘာကြောင့် ကမ္ဘာနံပတ် (၁) ပျော်ရွှင်မှု အမြင့်ဆုံး နိုင်ငံဖြစ်နေရသလဲ

#ဘဝနှင့်အတွေးအခေါ်

12/04/2025

ပီလီ သို့မဟုက် ကမ္ဘာ့ဖလား သုံးကြိမ်ရရှိခဲ့သူ - Pele | Life and Thought

#ဘဝနှင့်အတွေးအခေါ်

24/03/2025

Monstepquieu သို့မဟုက် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို လမ်းညွှန်ခဲ့သူ | Life and Thought

#ဘဝနှင့်အတွေးအခေါ် #

13/03/2025

၁၈၆၁-၁၈၆၅ အမေရိကန်ပြည်တွင်းစစ် ဘာကြောင့်ဖြစ်ခဲ့ရသလဲ - What Caused the American Civil War (1861–1865)

# #ဘဝနှင့်အတွေးအခေါ်

11/01/2025

ပရောဂျက်စီမံခန့်ခွဲမှု (အပိုင်း-၂) - Project Initiation အဆင့်တွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ | Project Cycle Management

#ဘဝနှင့်အတွေးအခေါ်

10/01/2025

ပရောဂျက်စီမံခန့်ခွဲမှု အခြေခံသဘောတရား (အပိုင်း-၁) - Project Cycle Management | Life and Thought

#ဘဝနှင့်အတွေးအခေါ်

နှစ်သစ်ဆုတောင်း***************အမြင်ကျဉ်းမြောင်းစိတ်ကျဉ်းမြောင်း၍တွင်းအောင်းရသည့်ဘဝမှ လွတ်ပါစေ။   ။စိတ်ဓာတ်သေးနုပ်ဉာဏ်သေး...
01/01/2025

နှစ်သစ်ဆုတောင်း
***************
အမြင်ကျဉ်းမြောင်း
စိတ်ကျဉ်းမြောင်း၍
တွင်းအောင်းရသည့်ဘဝမှ လွတ်ပါစေ။ ။

စိတ်ဓာတ်သေးနုပ်
ဉာဏ်သေးနုပ်၍
ချုပ်ချယ်မှုအမျိုးမျိုးမှ လွတ်ပါစေ။ ။

တို့အချင်းချင်း
ခေါင်းထက်နင်း၍
သိမ်ဖျင်းလုပ်ဇာတ်
စိတ်ယုတ်ပတ်နှင့်
ပုတ်ခတ်ကြသည့်ဘဝမှ လွတ်ပါစေ။ ။

သူက မမှန်
ငါက မှန်ဟု
တယူသန်စွဲ
စိတ်သေးဖွဲနှင့်
ငရဲဘဝမှလည်း လွတ်ပါစေ။ ။

သူ့ဂုဏ်ကိုချ
ကိုယ့်ဂုဏ်ပြကာ
မာန စကား
တဖွားဖွားနှင့်
အမှားကမ္ဘာမှလည်း လွတ်ပါစေ။ ။

မကောင်းမှု ခင်
ကောင်းမှု ကြဉ်သည့်
ဉာဉ်ဆိုးဉာဉ်မိုက်
မီးပုံမြိုက်၍
ငိုရှိုက်ရခြင်းမှလည်း လွတ်ပါစေ။

နှစ်သစ်မြတ်ဆု
ဤကောင်းမှုကြောင့်
သာဓု သာဓု ခေါ်စေသောဝ်။ ။
(တင်မိုး)

ที่อยู่

Muang Chiang Mai

เบอร์โทรศัพท์

+66935029113

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Life and Thoughtผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Life and Thought:

แชร์