
26/09/2024
“ #ဝါး “
ဝါးဟာ ကြီးထွားမြန်တဲ့အပင်မျိုးထဲ ပါတယ်။
မှတ်တမ်းအရ ၂၄ နာရီအတွင်း ၄၇.၆ လက္မအထိ
ကြီးထွားတယ်။ရေမြေဩဇာကောင်းရင် အချို့ဝါးမျိုးတွေဟာ တနေ့ကို တမီတာကျော်အထိ ကြီးထွားကြတယ်။အပင်ပေါက်ဟာ တနှစ်အတွင်း အရွယ်ရောက်တဲ့အထိ မြင့်တက်ကြတယ်။
👉ဝါးရုံတရုံဟာ အခြားမည်သည့်အပင်ထက်မဆို
အောက်ဆီဂျင် ၃၅% ပိုထုတ်ပေးတယ်။
👉ဝါးဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ကိုလည်း စုတ်ယူတယ်။
👉ဝါးပင် တဟက်တာဟာ တနှစ်ကို
ကာဗွန်ဒိုင်အောက်ဆိုဒ် ၁၇ တန် စုတ်ယူနိုင်တယ်။
ကာဗွန်စုတ်အားကောင်းလေ အပင်ကြီးထွားလေပဲ။
ဝါးပင်ကြီးထွားဖို့ မြေဩဇာ မလိုဘူး။
ကြွေကျလာတဲ့ဝါးရွက်တွေ ဆွေးမြေ့ပြီး
အာဟာရပြန်ဖြစ်တယ်။
ဝါးပင်ဟာ ရေအများကြီးမလိုအပ်ဘူး။
ကန္တာရထဲမှာပင် ဝါးပင်ကြီးထွားနိုင်တယ်။
ဝါးကို သစ်အစားထိုးအဖြစ် သုံးနိုင်တယ်။
ဝါးတပင် ခုတ်နိုင်တဲ့အရွယ်ရောက်ဖို့
၃ နှစ်မှ ၅ နှစ်အတွင်းပဲ လိုအပ်တယ်။
သစ်တပင် ခုတ်နိုင်တဲ့အရွယ်ရောက်ဖို့
အနှစ် ၂၀ မှ ၃၀ မျှလိုအပ်တယ်။
ဝါးဟာ နွှဲ့တယ် လို့ထင်ရပေမဲ့ အင်မတန်သန်မာ ခိုင်ခန့်တယ်။ငြမ်းအဖြစ်သုံးနိုင်သလို
တံတားနဲ့ အိမ်များလည်း ဆောက်လုပ်နိုင်တယ်။
ဝါးအမြစ်များဟာ ကွန်ယက်လိုချိတ်ဆက်နေလို့
တနည်းအားဖြင့် မြေဆီလွှာတိုက်စားမှုကို
ကာကွယ်ရာရောက်တယ်။
ဝါးပင် ဝါးရိပ်ဟာ ပတ်ဝန်းကျင်ကို အေးမြစေတယ်။နွေရာသီမှာ ဝါးရိပ်ဟာ ပတ်ဝန်းကျင်အပူချိန်ထက် ၈ ဒီဂရီလောက် ပိုနည်းတယ်။
အချို့ဝါးမျိုးနွယ်တို့ရဲ့အမြစ်ဟာ
ပတ်ဝန်းကျင်ကို ထိုးဖေါက်ပြန့်ပွါးလို့
လျင်လျင်မြန်မြန် ဝါးတောကြီးဖြစ်သွားစေတယ်။
#ဝါး
#ဝါးအကြောင်း