Burma Podcast Network

Burma Podcast Network Think. Talk. Listen. 1. Burma Podcast Network exists to make a collective social impact through podcasting.

We collaborate with amazing people from different professions for colorful ideas and life stories.
2. Burma Podcast Network is dedicated to promote various podcasts from Myanmar podcasters in one place. Our listeners can easily access their favorite show or episode and contribute their favorite podcasters earn listenership.
3. Burma Podcast Network is founded by two young men who love to think, talk and listen to human’s stories.

23/08/2025

Impressionist ဂီတအကြောင်းကို အရင်အပိုင်းမှာ တင်ဆက်ပြီးပြီဆိုတော့ ခုတစ်ခါတော့ ခေတ်ပြိုင်ဂီတတွေအကြောင်းတွေကို ၁၉ ရာစု နှောင်းပိုင်းကစပြီး ဥရောပတစ်ခွင် ဖြစ်ပျက်ကြုံဆုံနေရတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ တိုးတက်ပြောင်းလဲလာမှု စတဲ့ အကြောင်းတွေနဲ့ မြင်သာအောင် မာကျူရီက တင်ဆက်ထားပါတယ်။ အနုပညာနဲ့ပတ်သက်ပြီး အရင်ဆုံးဖြစ်ပေါ်လာတဲ့ အယူအဆနှစ်ရပ်ဖြစ်တဲ့ Art for People’s Sake နဲ့ Art for Art’s Sake ကနေ Art for No Sake ထိ ဖြစ်လာခဲ့ပုံတွေအကြောင်းကို နားဆင်ရမှာပါ။

မာကျူရီရဲ့ “မော်ဒန်အနုပညာခေတ်သို့ခြေလှမ်းစများ” ကို ဒီနေ့ည မြန်မာစံတော်ချိန် ည ၈ နာရီမှာ Burma Podcast Network ရဲ့ Platform များတွင် နားဆင်နိုင်ပါတယ်။

ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတော်ကြာ သုတေသနပြုတာ၊ အတွေ့အကြုံ ဝေမျှပေးမယ့် မိတ်ဆွေတွေနဲ့ ယုံကြည်မှု တည်ဆောက်တာ၊ တည်းဖြတ်တာ စတာတွေ အားလုံးပြီးမှ မိတ်ဆွေတို့ နားဆင်နိုင်တဲ့ Podcast တစ်ပုဒ်ဖြစ်လာပါတယ်။ Like, Subscribe, Share လုပ်ပေးခြင်းဖြင့် Burma Podcast Network မှ နောက်ထပ်အပိုင်းများ ထုတ်လုပ်နိုင်ဖို့ ကူညီနိုင်ပါတယ်။

22/08/2025

လူတစ်ယောက်က အောင်မြင်ကျော်ကြားမှု၊ လက်နက်၊ ငွေကြေး၊ အာဏာ (၄) ခုလုံးရှိနေပြီဆိုရင် အန္တရာယ်ရှိတယ်။ သူ့ကို ထိန်းကျောင်းဖို့က အတော်ခက်သွားပြီ။

21/08/2025

Impressionist တွေရဲ့ ပြပွဲဟာ Salon တွေမှာ ပြနေကျ ပန်းချီကားတွေရဲ့ သတ်မှတ်ချက်တွေကို အနုပညာသမိုင်းမှာ ပထမဆုံးပုန်ကန်ခဲ့တဲ့ ပြပွဲရယ်လို့ နှောင်းခေတ်လူတွေက သမုတ်ကြပါတယ်။

20/08/2025

90 Minutes with Ye Aung Thu

Portrait of Ye Aung Thu by Nyarna Aung
Design by Burma Podcast Network

19/08/2025

စိတ်ငြိမ်ဖို့အတွက် အသက်ရှူလေ့ကျင့်ခန်းအပြင် ဘာတွေ လုပ်လို့ရလဲ?

မောင်ရင်ရဲ့ အစောပိုင်း ပေါ့ကတ်တွေထဲက "ဒဏ်ကြေအောင်ဂျင်းအုံခြင်း" အပိုင်းကို ဉာဏ်သူပုန်မိတ်ဆွေများ Burma Podcast Network ရ...
16/08/2025

မောင်ရင်ရဲ့ အစောပိုင်း ပေါ့ကတ်တွေထဲက "ဒဏ်ကြေအောင်ဂျင်းအုံခြင်း" အပိုင်းကို ဉာဏ်သူပုန်မိတ်ဆွေများ Burma Podcast Network ရဲ့ Platform တွေမှာ နားဆင်လို့ရပါပြီ။

Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင် ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။

15/08/2025

မြန်မာပြည်မှာ ဘာသာလူမျိုး ခေါင်းစဉ်အောက်က အဆင်ခြင်မဲ့ရာဇဝတ်မှုများ နေ့စဉ်ဖြစ်ပွားနေသည်။ ထိုကိစ္စသည် ခုမှဖြစ်နေခြင်းမဟုတ်။ စစ်အာဏာရှင်များကို သက်ဆိုးရှည်စေသည့်အကြောင်းရင်း တစ်ခုမှာလည်း ဘာသာလူမျိုးရေးအရေကို မသူတော်တို့က တစ်ကျိတ်တည်း တစ်ဉာဏ်တည်းခြုံ‌ကြခြင်းကြောင့်ဖြစ်သည်။

ယခုတင်သောအပိုင်းသည် ဉာဏ်သူပုန်ပေါ့ကတ်၏ "အသစ်တင်အဟောင်းပိုင်း" ဖြစ်ပါသည်။ အဟောင်းဆိုသော်လည်း ယခင်ပလက်ဖောင်းအဟောင်းများတွင် တင်ခဲ့ပြီး ယခုနောက်ပိုင်း အသစ်ဖွင့်လှစ်သော ချန်နယ်များတွင် မတင်ရသေးသည့် "ဖောင်းထုစရာအဖြာဖြာ" ကဏ္ဍမှအပိုင်းတချို့ဖြစ်သည်။ ထိုအပိုင်းများထဲမှ ဘာသာရေးဆိုင်ရာဆွေးနွေးထားသည့် အပိုင်း ၂ ပိုင်းကို "ကိုယ်ကိုးကွယ်တိုင်း အကောင်းဆုံးလား" နှင့် ယခုအပိုင်းအဖြစ် BPN ကတည်းဖြတ်ပြီး ပြန်လည်တင်ဆက်ထားပါသည်။

ဘာသာရေးအကြောင်းများမတင်ဆက်မီ ကြိုတင်ရှင်းလင်းချက်ပေးသည့် Disclaimer သဘောဆန်သော မောင်ရင်၏ အစောပိုင်းဆွေးနွေးချက်များကို "ဒဏ်ကြေအောင်ဂျင်းအုံခြင်း"တွင် နားဆင်နိုင်ကြမည်ဖြစ်ပါသည်။

ဉာဏ်သူပုန်၏ "ဒဏ်ကြေအောင်ဂျင်းအုံခြင်း" အပိုင်းကို Burma Podcast Network ရဲ့ Platform များတွင် လာမည့် စနေနေ့ည မြန်မာစံတော်ချိန် ည ၈ နာရီတွင် နားဆင်နိုင်မှာ ဖြစ်ပါသည်။

Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင် ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။

13/08/2025

ဟောတဲ့တရားတွေကလည်း ကျင့်ရမယ့် အကျင့်ထက် ရမယ့် အကျိုးသွားတွေကိုသာ မားကတ်တင်း သဘောဟောနေကြတာ

10/08/2025

အသားအရောင် ခွဲခြားမှုတွေ လူလူချင်း ခွဲခြားမှုတွေ ဖြစ်မလာခင်ကတည်းက ဂီတဆိုတာ ရှိနေခဲ့မယ်ဆိုတာက အငြင်းပွားလို့မရတဲ့ အချက်တစ်ခုပါပဲ

09/08/2025

ဝိသမလောဘနဲ့ မျက်စိမှားနေကြပြီလား။ တကယ်က ဝိလို့ခေါ်ကြတဲ့ ဆေးခြောက်ကို သမကြတဲ့ လောကအကြောင်းကို တင်ဆက်မယ့်အပိုင်းပါ။ ဒါ့အပြင် တစ်ချိန်ကမြန်မာပြည်မှာ မိတ်ဆွေတို့ ဝယ်ယူစားသုံးခဲ့ကြတဲ့ “သင့်ရဲ့ပုံမှန်မဟုတ်သောချော့ကလက်ကိတ်မုန့်” ဖြစ်လာပုံကိုလည်း အလွမ်းပြေနားဆင်ကြရမှာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာတင်ဆက်တဲ့အကြောင်းအရာတွေက မူးယစ်ထုံထိုင်းစေတဲ့အရာတွေနဲ့ ပတ်သက်ပြီး လူတစ်ဦးချင်းစီတွေရဲ့ တွေ့ကြုံခံစားရပုံတွေနဲ့ ဖြတ်သန်းမှုကို မှတ်တမ်းတင်တဲ့ ပုံစံဖြစ်ပါတယ်။ ဒါ့ကြောင့်နားဆင်ကြသူတွေအနေနဲ့ မိမိတို့ရဲ့ပုဂ္ဂလဆင်ခြင်တုံတရားနဲ့ ယှဉ်ထိုးစဉ်းစား ဆုံးဖြတ်ကြရမှာဖြစ်ကြောင်း အစီစဉ်မှူးရွှန်းနိုင်က ရှင်းလင်းထားပါတယ်။

"ဝိသမလောကသား" ပေါ့ကတ်စ် အပြည့်အစုံကို ဒီနေ့ည မြန်မာစံတော်ချိန် ၈ နာရီမှာ Burma Podcast Network ရဲ့ Platform များမှာ နားဆင်နိုင်ပါပြီ။

ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတော်ကြာ သုတေသနပြုတာ၊ အတွေ့အကြုံ ဝေမျှပေးမယ့် မိတ်ဆွေတွေနဲ့ ယုံကြည်မှု တည်ဆောက်တာ၊ တည်းဖြတ်တာ စတာတွေ အားလုံးပြီးမှ မိတ်ဆွေတို့ နားဆင်နိုင်တဲ့ Podcast တစ်ပုဒ်ဖြစ်လာပါတယ်။ Like, Subscribe, Share လုပ်ပေးခြင်းဖြင့် Burma Podcast Network မှ နောက်ထပ်အပိုင်းများ ထုတ်လုပ်နိုင်ဖို့ ကူညီနိုင်ပါတယ်။

07/08/2025

လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုတွေကို လုပ်ချင်တိုင်းလုပ်ပြီး အပြစ်ပေးမခံရတဲ့သူတွေဟာ လွတ်နေတဲ့ ငရဲခွေးတွေပါပဲ

06/08/2025

Voice Over Talent (Male 25-35yrs) နှင့် Female (25-35yrs) အတွက် Script လာရောက် တောင်းဆိုသူများ အယောက် (၃၀၀) နီးပါး ရှိပြီ ဖြစ်တဲ့အတွက် အဆိုပါ post များအတွက် audition ခေါ်ဆိုမှု application ကို ပိတ်လိုက်ပြီဖြစ်ကြောင်း မိတ်ဆွေများကို အကြောင်းကြားလိုပါတယ်။ နမူနာအသံသွင်းရမည့် ဇာတ်ညွှန်းရရှိပြီးသားမိတ်ဆွေများအနေဖြင့် August လ (၁၅)ရက်နေ့ နောက်ဆုံးထားပြီး အသံဖိုင်များကိုပေးပို့နိုင်ပါတယ်။ ယနေ့ ည​ (၁၂ နာရီ) အထိ script တောင်းဆိုသူများအားလုံးကို အီးမေးလ်ပြန်ပို့ပေးသွားမှာပါ။

အနုပညာကြေးမှာ ပေါ့ကတ်စ် တပိုင်းလျှင် အသံသွင်းခ ၅၀၀ ဘတ် + စတူဒီယိုသို့ သွားလာစရိတ် (မဲဆောက်/ချင်းမိုင် မြို့တွင်း) ဖြစ်ပါတယ်။

သို့သော် VO Talent (Male 10-12 years) အတွက် လျှောက်ထားသူနည်းပါးနေသေးတာကြောင့် အဆိုပါ post ကိုတော့လျှောက်ထားမှု ဖွင့်ထားဆဲဖြစ်ကြောင်း အသိပေးလိုပါတယ်။

လက်ရှိလျှောက်ထားပြီးသူများ/ဆက်သွယ်လာသူများကိုလည်း Burma Podcast Network အနေဖြင့် စာရင်းသွင်းထားမည်ဖြစ်ပြီး နောက်ပိုင်း အသံသွင်း ပရောဂျက်များ/ ထုတ်လုပ်ရေးလုပ်ငန်းများ အတွက် လိုအပ်သည့် အချက်အလက်များနှင့်ကိုက်ညီသော လျှောက်ထားသူများကို ဆက်သွယ်မည်ဖြစ်ကြောင်း အသိပေးလိုပါတယ်။

လေးစားစွာဖြင့်
BPN ဝိုင်းတော်သားများ

ที่อยู่

Muang Chieng Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burma Podcast Networkผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Burma Podcast Network:

แชร์