
11/06/2025
🟢 Digital Marketing စလုပ်ချင်သူအတွက် အကြံဉာဏ် ၃ ချက် 🟢
၁။ ဘာရောင်းချချင်လဲ ပထမဆုံးသိရပါမယ်။
• သင့်ရောင်းချချင်တဲ့ ပစ္စည်း/ဝန်ဆောင်မှုက ဘယ်သူအတွက်လဲ?
• သူတို့ ဘာလိုအပ်လဲ? ဘယ်မှာများဝယ်တတ်လဲ?
➡️ ဒါတွေ သိရင် Target ပိုရှင်းပါတယ်။
၂။ Content အရည်အသွေးရဲ့ အောင်မြင်မှုနောက်ကွယ်
• ပုံ၊ Video၊ စာသားတွေကို သာမန်မဟုတ်ဘဲ စိတ်ဝင်စားစေဖို့ ပြုလုပ်ပါ။
• လူတွေ Like, Comment, Save လုပ်ချင်အောင် ရေးပါ။
➡️ အသံကောင်း၊ ပုံလှ၊ Caption ထိထိရောက်ရောက်လုပ်နိုင်ရင် စိတ်ဝင်စားမှုများပြီးလူပိုသိစေပါတယ်။
၃။ တင်တာနဲ့မလုံလောက်ပါဘူး စမ်းသပ်ပြီး တိုးတက်အောင်ပါလုပ်ပါ။
• တင်ပြီးရင် View, Comment, Click တွေကြည့်ပါ။
• ဘာက အလုပ်ဖြစ်လဲ၊ ဘာက မဖြစ်ဘူးလဲ သိပြီး ပြင်ဆင်ပါ။
➡️ စဉ်ဆက်မပြတ် လုပ်ဆောင်မှုက တကယ်တိုးတက်မှု ကိုမြန်စေမှာဖြစ်ပါတယ်။