ထိုင်း-မြန်မာလေယျာဉ်လက်မှတ်၊ကားလက်မှတ်နှင့်ပြည်တွင်းကားလက်မှတ်ဝန်ဆောင်မှု

ထိုင်း-မြန်မာလေယျာဉ်လက်မှတ်၊ကားလက်မှတ်နှင့်ပြည်တွင်းကားလက်မှတ်ဝန်ဆောင်မှု အထွေထွေအကျိုးဆောင် ဝန်ဆောင်မှု

စင်္ကာပူလေကြောင်းလိုင်းက ဘိုးအင်း 777 လေယာဉ်တစီး မြန်မာပြည် လေပိုင်နက် ဘင်္ဂလားပင်လယ်အော် ပေါ် ဖြတ်ပြန်နေတုန်း လေမငြိမ် ...
22/05/2024

စင်္ကာပူလေကြောင်းလိုင်းက ဘိုးအင်း 777 လေယာဉ်တစီး မြန်မာပြည် လေပိုင်နက် ဘင်္ဂလားပင်လယ်အော် ပေါ် ဖြတ်ပြန်နေတုန်း လေမငြိမ် လေဝဲကယက်ထဲရောက်ပြီး ပေ သုံးသောင်းခုနှစ်ထောင်ကနေ ပေလေးရာလောက်အပေါ်တက်လိုက်၊ ပေ ၇၀ လောက်အောက်ပြုတ်ကျလိုက်နဲ့ ၅ မိနစ်အလူးအလဲခံလိုက်ရတယ်။ နောက်ဆုံး ပေ သုံးသောင်းတထောင်အထိ ဆင်းသွားတာတွေ့ရတယ်။ ဇီးဖြူသီး စကောထဲ ထည့်လှိမ့်လိုက်သလို အတော်ခံလိုက်ရတယ်။ အဲ့ဒီလိုမဖြစ်ခင် ရာသီဥတုက ကောင်းနေလို့ လေယာဉ်မယ်တွေက ခရီးသည်တွေကို နံနက်စာကျွေးနေတဲ့အချိန် ဖြစ်သွားတာတဲ့။

အကျိုးကတော့ ၇၃ နှစ်အရွယ် ဗြိတိသျှ နိုင်ငံသားတယောက် သေတယ်။ နှလုံးရောဂါနဲ့လား လန့်ပြီးသေသလားမသိ။လူ ၇၀ ထိခိုက်တယ်၊ ခရီးသည် ၁၈ ယောက်ဆေးရုံရောက်တယ်။ လူ ခုနှစ်ယောက် ကတော့ အတော်ဆိုးတယ်တဲ့။ လေယာဉ်မယ်တွေတောင် သွေးသံတရဲရဲ ဖူးယောင်ပြီး လေယာဉ်အတွင်းပိုင်းကတော့ လေဆင်နှာမောင်းအတိုက်ခံထားရသလို ပန်းကန်တွေကွဲ၊ ခွက်တွေကွဲ၊ အောက်စီဂျင်ခွက်တွေပြုတ်ကျ နဲ့ အတွင်းပိုင်းတခုလုံး ကျိုးပဲ့ပြီး ရစရာမရှိဘူး။ ခါးပတ်ပတ်မထားတဲ့သူတွေ လေယာဉ်အောက်ပြုတ်ကျချိန် ခေါင်းပေါ်ကလက်ဆွဲအိပ်တွေထည့်တဲ့အံဆွဲတွေကို ခေါင်းနဲ့ပြေးဆောင့်တာ၊ မျက်နှာကျက်တွေတောင် အက်ကွဲကုန်တယ်။ လူတော့ ဘယ်လောက်ခံရမလဲမသိ။ အခန့်မသင့် ဇက်ကျိုးနိုင်တယ်။

ကမ္ဘာ့ရာသီပြောင်းလဲလာတာတော့ မြန်မာတွေကိုအထူးပြောစရာမလို၊ ဒီနှစ် ပူလိုက်တာ ကြွက်ကြွက်ဆူလို့။ ရာသီသိပ်ပူတော့ အောက်က လေပူတွေက အပေါ်တက်၊ အပေါ်ကလေအေးနဲ့တွေ့၊ လေဝဲတွေထတယ်။ အဲ့လို လေဝဲတွေဟာ အလျားလိုက် ရှိနေတတ်တယ်။ တော်နေဒိုး လေဝဲကြီးတွေ အလျားလိုက် လွင့်နေသလိုပေါ့။ လေကမငြိမ်တော့ လေယာဉ်တွေက တလှုပ်လှုပ် နဲ့ ပြုတ်ပြုတ်ကျ၊ ဒီရက်ပိုင်း ဘင်္ဂလားပင်လယ်အော်ပေါ်မှာ မုန်တိုင်းငယ်တလုံး ပေါ်လာဖို့ တာစူနေတယ် ဖတ်ရတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလာတာနဲ့အညီ၊ လေယာဉ်တွေပျံသန်းနေတဲ့ ပေ ၁၈၀၀၀ ကနေ ၃၇၀၀၀ ကြား လေထုဟာ ဟိုးအယင်ကထက် ပိုပြီး မတည်မငြိမ် ဖြစ်လာတယ်။ လေယာဉ်တွေဟာ turbulence ခေါ်တဲ့ လေပူလေအေးဆုံတဲ့ လေဝဲတွေ ကို ကြံ့ကြံ့ခံနိုင်အောင်တည်ဆောက်ထားပါတယ်၊ ဒါပေမယ့် မတော်တဆ လေဝဲနဲ့ကြုံရင် အတွင်းထဲက လူတွေကတော့ လေဝဲနဲ့ကြုံချိန် သူတို့ ထိုင်နေ၊ ထနေသလားအပေါ် မူတည်ပြီး လွင့်စင် ထိခိုက်ခံရနိုင်ပါတယ်။

ကမ္ဘာ့ရာသီပြောင်းလာတာနဲ့အမျှ ဒီလို လေယာဉ်ခါယမ်း ပြုတ်ကျတွေအဖြစ်များလာပါတယ်။လေယာဉ်တွေကိုပိုပြီး ကြံ့ကြံ့ခံနိုင်အောင် တည်ဆောက်လာရတယ်။

24/03/2024

လေယာဥ်လက်မှတ်စျေးသက်သာအောင်ဖြတ်နည်း

လေယာဥ်လက်မှတ်ကို စျေးသက်သာဖို့ အချက် (၅) ချက်ပေါ်မူတည်ပြီးဖြတ်ပါ

(1) လေကြောင်းလိုင်းတွေမှာ Low Cost Airlines နဲ့ Sevice Airlines ဆိုပြီး ၂ မျိုးရှိကြပါတယ် Low Cost Airlines တွေက လေယာဥ်ပေါ်မှာ ဘာမှမကျွေးဘူး စားချင်ဝယ်စားရတယ် ( ဥပမာ - Air Asia / Nok Air ........)
Service Airlines တွေကတော့လေယာဥ်ပေါ်မှာ အစားအသောက်တွေကျွေးပါတယ် (ဥပမာ - MNA / MAI / Emirate / Qatar.......)
Low Cost လေကြောင်းလိုင်း တွေက Service လေကြောင်းလိုင်းတွေထက် ၃ ပုံပုံ ၁ ပုံ ဒါမှ မဟုတ် ထက်ဝက် နီးပါးစျေးသက်သာကြပါတယ် အဲ့တော့စျေးသက်သာချင်ရင် Low Cost လေကြောင်းလိုင်းတွေကိုရွေးစီးပါ

(2) လေယာဥ်လက်မှတ်ကို ကြိုဖြတ်ပါ သွားမည့်ရက်ရဲ့ ၁ ရက် ၂ရက်လောက်အလိုမှဖြတ်ရင် စျေးအမြင့်ဆုံးဖြစ်ပါလိမ့်မယ် တခါတလေ လက်မှတ်တောင်ရမှာမဟုတ်ပါဘူးဗျ ၂ပတ်ကျော် ၃ ပတ်ကျော် လောက် ကြိုဖြတ်မယ်ဆို စျေးသက်သာပါတယ် အဲ့တော့ စျေးသက်သာချင်ရင် ကြိုဖြတ်ပါ

(3) ခရီးသွားရာသီ ရှောင်သွားပါ / ခရီးသွားများတဲ့ရက် ရှောင်ပါ ခရီးသွားများတဲ့ ရက်တွေဆို စျေးကြီးတက်ပါတယ် အဲ့တော့ ခရီးသွားနည်းတဲ့လ ခရီးသွားနည်းတဲ့ ရက်တွေကို ရွေးသွားပါ

(4) စီးလို့ရမည့် class ရွေးချယ်ဝယ်ပါ
လေယာဥ်မှာ Economy class / Bussiness class / First class ဆိုပြီးရှိပါတယ် Economy က ရိုးရိုးတန်းဖြစ်တဲ့အတွက် စျေးအသက်သာဆုံးဖြစ်ပါတယ် အဲ့တော့စျေးသက်သာချင်ရင် Economy class ကပဲစီးပါ

(5) လေယာဥ်ပေါ်မှာ မူတည်ပြီး စျေးကွာတက်ပါတယ် ပြည်တွင်းခရီးစဥ်ဆိုသိသာပါတယ်
ATR လေယာဥ်အသေးနဲ့ဆို လေယာဥ်လက်မှတ် စျေးအနည်းငယ်သက်သာတက်ပါတယ်
Boeing / Airbus / E-jet လေယာဥ်အကြီးတွေဆို စျေးအနည်းငယ် မြင့်တက်ပါတယ် အဲ့တော့ စျေးသက်သာချင်ရင် လေယာဥ်အသေးစီးပါ

ပျော်ရွှင်စွာ ခရီးတွေသွားနိုင်ကြပါ

19/02/2024

ထိုင်းနိုင်ငံမှာ အခြေချနေထိုင်ဖို့
စျေးသင့်တင့်ပြီး နေထိုင်ခွင့်ရက်ရှည်ရရှိတဲ့ ဗီဇာတွေအကြောင်း သိကောင်းစရာ

(၁) (သို့) ပန်းရောင်ကဒ်

ထိုင်းနိုင်ငံမှာ အခြေချနေထိုင်ခွင့်ရရှိသည့် ဗီဇာတွေထဲမှာ စျေးအသက်သာဆုံး ဗီဇာတစ်ခုဖြစ်ပါတယ်။ Passport ရှိပါက ကုန်ကျစရိတ် ၂၀၀၀၀ ဘတ် ဝန်းကျင်သာရှိပါမယ်။

ပွဲစားတွေနဲ့ ချိတ်ပြီး လုပ်ရမယ့် ပန်းရောင်ကဒ် လုပ်ငန်းစဉ် အသေးစိတ် ဆိုရင်

စရံငွေသွင်း လိုအပ်သည့်အချက်အလက်ပေးပြီး ၂ပတ် အတွင်း အမည်စာရင်းပြန်ကျပါမယ်။ ပြီးရင် ဆေးစစ်၊အာမခံဝယ်ပြီး work permit ဆက်လျှောက် ရမှာဖြစ်ပါတယ်။ Immigrationရုံးဖွင့်တာနဲ့ လက်ဗွေနှိပ်ရပါမယ်။

လက်ဗွေနှိပ်ပြီးရလာသည့် စာရွက်တို့နှင့်အတူ Passport (သို့) CI စာအုပ်ထဲသို့ နေထိုင်ခွင့်ဗီဇာ တနှစ် ထည့်ပေးရပါမယ်။ ဗီဇာ+ဝေါ့လ်ပါမစ် (၂)ခုလုံးစုံပါက သက်တမ်းကုန်သည်အထိ တရားဝင်နေလို့ရပါပြီ။

ပန်းရောင်ကဒ်တစ်ခုတည်းရှိရုံဖြင့်လည်း နယ်ကျော်သွားလာခွင့်မရှိပါ။ ဗီဇာထည့်ပြီးသား Passport (သို့) CI + work permit ရှိမှသာ တစ်နိုင်ငံလုံး နယ်ကျော်သွားလာခွင့်ရှိမှာဖြစ်ပါတယ်။

(၂)

ကိုယ်တက်မယ့်ကျောင်းပေါ်မူတည်ပြီး တစ်နှစ်စာ 40,000baht ကနေ 50,000 baht ဝန်းကျင်ကုန်ကျနိုင်ပါတယ်။ဗီဇာလျှောက်ရန် TR visa( tourist visa) အနည်းဆုံး ၄၅ရက် လက်ကျန်ရှိရန်လိုအပ်ပါသည်။ (၃) လတစ်ခါ immigration သို့ဗီဇာတုံးသွားထုရန်လိုအပ်ပါသည်။

(၃)

University ပေါ်မူတည်ပြီး ခန့်မှန်းကုန်ကျငွေ တစ်နှစ်ကို 45,000 baht ကနေ 70,000 baht အထိရှိနိုင်ပါတယ်။ ဗီဇာလျှောက်ရန် TR visa( tourist visa) အနည်းဆုံး ၄၅ရက် လက်ကျန်ရှိရန်လိုအပ်ပါတယ်။ immigration ကိုတစ်ရက်လိုက်သွားပေးရပြီး တစ်နှစ်စာလုံးအတွက် ဗီဇာတုံးရရှိမှာဖြစ်ပါတယ်။

ယခုဖော်ပြထားတဲ့ #ဗီဇာ (၃)မျိုးဟာ စျေးသင့်တင့်ပြီး နေ ထိုင်ခွင့် ရက်ရှည်ရရှိတာမို့ ကိုယ်နဲ့သင့်တော်ရာ ရွေးချယ်ပြီးနေထိုင်နိုင်ပါတယ်။

ဘယ်ဗီဇာပဲ လုပ် လုပ် ယုံကြည်စိတ်ချရတဲ့ အေးဂျင့်ကိုသေချာရွေးပါ၊ မေးမြန်းပါ။ စုံစမ်းပါ။ ကိုယ်နဲ့ အဆင်ပြေတဲ့ အကျိုးဆောင်ကို လုပ်ကြပါနော်

15/02/2024

ထိုင်းကို လေယာဥ်နဲ့လာချင်သူများ အဆုံးထိဖတ်😊😊😊

✅ TR Visa ( Tourist Visa ) ဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ Thai သံရုံးမှာ လျောက်ပြီး လာရတဲ့ Visa ...

- မိမိ Passport ထဲမှာ Sticker လေး ကပ်ပေးလိုက်တယ်။
-ထိုင်းနိုင်ငံ အဝင်မှာ ရက် 60 ရတယ် ..
- ပြီးရင် နောက်ထပ် ရက် 30 ထပ်တိုးလို့ရသေးတယ် ...
- ပြီးရင် e Extension နောက်ထပ် 5 ခါ ( 5 months ) ထပ်တိုးလို့ရသေးတယ် ...
- ပြီးရင် ထပ်တိုးလို့မရတော့ဘူး ... နိုင်ငံ ပြင်ပ ( ထိုင်းနိုင်ငံ၏အပြင် ) ထွက်ပြီး နောက်ထပ် တစ်ခါ ထပလျှောက်လာလို့ရသေးတယ် ..
- ပြီးရင် ရက် 60 နှင့် ပြန်ဝင်လာ ..
- အစ အဆုံး ပြန် ဖတ်

** လူတစ်ယောက်ဟာ TR Visa ကို တစ်နှစ်မှာ 2 ခါ လျောက်ခွင့်ရှိတယ် ...

✅ 14 Days Arrival Visa ဆိုတာ visa သွားလျောက်စရာမလို ...
- အိတ်ထဲ အဝတ်အစားကောက်ထည့်
- လေယဉ်လက်မှတ်ဝယ်
- လေဆိပ်ကိုသွား
- လေယဉ်ပေါ်တက်
- ထိုင်းနိုင်ငံရောက်
- 14 Days Free ရ ..

- အဲဒီ 14 Days Visa ဟာလည်း TR Visa လိုဘဲ e Extension 5 ခါအထိ တိုးလို့ရသေးတယ် ...
- 5 ခါ ပြည့်သွားရင် နိုင်ငံပြင်ပ ပြန်ထွက် TR Visa လျှောက်ပြီးပြန်ဝင်လာ
- e Extension 5 ခါ ဆက်တိုး ...

ဒါတွေဟာ Education Visa တို့ဘာတို့ မပြောင်းဘဲ Tourist Visa ချည်းနှင့်ဘဲ လှည့်ပတ်နေထိုင်လိုသူများ အတွက် ...

✅ Education Visa ပြောင်းမယ်ဆို ကြိုက်တဲ့ visa နှင့်ဝင်လာ ...
- TR နှင့်ဝင်လာရင် တခါတည်း တန်းပြောင်းလို့ရတယ်
- 14 Days Visa နှင့် ဝင်လာရင် e Extension တစ်လ တိုး ( လက်ကျန်ရက်တွေကို မဖြတ်ဘူး .. ထပ်ပေါင်းထည့်ပေးတယ် )
- ပြီးရင် ED Visa တန်းပြောင်း ...

သတိထားရမှာက

*** မြန်မာလေဆိပ်မှာ

- showmoney 25,000 THB ပြရတယ်
- အပြန်လေယဉ်လက်မှတ်ပြရတယ်
- Hotel Booking ပြရတယ်

**** ထိုင်းလေဆိပ်မှာလည်း အတူတူဘဲ ...

ထိုအချက်အလက်များ။မပြချင်လျှင်
VIP Pass ဆိုတာလုပ် (5,500 THB )

ဒါဘဲ ...

ထိုင်းနိုင်ငံကိုလာရင် ဘာတွေလိုမလဲဆိုတော့

မိမိကိုယ်မိမိအားကိုးရန်၊ရင်ဆိုင်ရဲသောသတ္တိရှိရန် နှင့် ပိုက်ဆံ လုံလောက်စွာ လိုမယ် ..

လွယ်ပါတယ် ... ပိုက်ဆံရှိရင် ပြဿနာရဲ့ 99.99 % ဟာ well solved !

သတ္တိတော့ရှိ ..

ဘာလို့လဲဆိုတော့ .. ဘယ်သူလာလာ ရေသစ်မြေသစ်မှာ ပထမဆုံးကြုံရမှာကပြဿနာတွေချည်းဘဲ ...

ခံနိုင်ရည်မွေးထား ..

ရန်ကုန် မှ ဘန်ကောက်ကိုတက်တဲ့ခါ  ရန်ကုန်လေဆိပ်ရောက်ရင် ဘယ်ကောင်တာ မှာ check in ဝင်ရမလဲ မသိရင် ဒီအချိန်ဇရာ တွေကို ကြည့်ပါ....
15/02/2024

ရန်ကုန် မှ ဘန်ကောက်ကိုတက်တဲ့ခါ ရန်ကုန်လေဆိပ်ရောက်ရင် ဘယ်ကောင်တာ မှာ check in ဝင်ရမလဲ မသိရင်

ဒီအချိန်ဇရာ တွေကို ကြည့်ပါ..ကိုယ့်ရဲ့ အဲလိုင်းကAirasia

17:40 flight နဲ့ဆိုရင် ကောင်တာ E..1/3မှာ check in

ဝင်ရပါ့မယ် ကိုယ်ရဲ့ အဲလိုင်းကို ကြည့်ပါ check in ဝင်မယ်

ဖောင်စာရွက်တွေဖြည့်မယ် အပေါ်ထပ်ကိုတက်ပြီးမှ

immigration ဖြတ် ပြီးမှ လေယာဥ်စီးရမဲ့ ဂိတ်မှာ

ထိုင်စောင့်ယုံပါပဲ...

အများကြီးမပြောတော့ဘူး ရန်ကုန်လေဆိပ်မှာကြေငြာထားတာလေးပြန်တင်ပေးပြီး လေယာဥ်လက်မှတ်တွေ ကျွန်တော့်ဆီမှာ ဝယ်လို့ရနေတုန်းပါ......
15/02/2024

အများကြီးမပြောတော့ဘူး ရန်ကုန်လေဆိပ်မှာကြေငြာထားတာလေးပြန်တင်ပေးပြီး လေယာဥ်လက်မှတ်တွေ ကျွန်တော့်ဆီမှာ ဝယ်လို့ရနေတုန်းပါ....လေဆိပ်အကြိုအပို့လဲ လုပ်ပေးနေဆဲပါပဲလို့😊😊😊 Tickets. တွေဝယ်မှာလား....
#မေးပေးဦး

13/02/2024

ထိုင်းကိုလာတာ လွယ်ပါတယ်

မလွယ်တာက

ဘာလုပ်စားမလဲက ပိုအရေးကြီးပါတယ်

ရှိစုမဲ့ရောင်းချပြီး လာရမယ်ဆို

မလာသေးပါနဲ့

မြန်မာမှာ ဘယ်လောက်တော်တော်

ထိုင်းစကားတတ်ဖို့က ပိုအရေးကြီးပါတယ်

ထိုင်းရောက်မှ အလုပ်ရှာမယ့်လူတွေဆို

ထိုင်းစကားကိုရေလည်အောင်

ပြောတတ်အောင် အရင်သင်ကြပါ

အနည်းဆုံး remote job

ဘာညာ ချိတ်ပြီးမှ လာကြပါ

12/02/2024

ထိုင်းမှ နေပြီး မြန်မာပြည်ရှိဖုန်းဘေလ်ဝယ်ရန်အခက်အခဲဖြစ်နေသော မိသားစုဝင်များထံ ဖုန်းဘေလ်ဖြည့်ပေးချင်ပါသလား.....CB ကနေဆက်သွယ်လိုက်ပါနော် ...မြန်ဆန်သောဝန်ဆောင်မှုများဖြင့်👇👇👇👇

ထိုင်းမှမြန်မာပြည်သို့ဖုန်းဘေဈေးနှုန်းများပါ ခင်ဗျာ့

1000ကျပ်=15ဘတ်

2000ကျပ်=30ဘတ်

3000 ကျပ်=45ဘတ်

5000ကျပ်=75ဘတ်

7000ကျပ်=100ဘတ်

10000ကျပ်=140ဘတ်ပါ
Wave pay Wave moneyများလိုသလောက်လွဲနိုင်ပါတယ် ခင်ဗျာ့😊😊😊

12/02/2024

ရန်ကုန်လေဆိပ်ကနေ ပြည်ပ ကိုထွက်ခွာလို့မရဘူးဆိုတာ သတင်းအမှားပါနော်
ပုံမှန်အတိုင်း ထွက်ခွာလို့ရပါတယ်
Dosmetic Flight တွေသာ လက်မှတ်ဝယ်မယ်ဆို
ရပ်ကျေး ထောက်ခံစာလိုတာပါ..

11/02/2024

Attention please ‼️📣

ဘယ် Visa နဲ့သွားတာပဲဖြစ်ဖြစ် လေယာဉ်လက်မှတ်ကို အသွားတစ်ကြောင်းစာတည်းအတွက် ဝယ်သွားလို့မရတော့ပါဘူးနော် အသွားရောအပြန်ရော နှစ်ကြောင်းစာ ဝယ်ယူသွားပြီးမှ check-in ဝင်လို့ရတော့မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို အသိပေးလိုက်ရပါတယ်ခင်ဗျာ့.....

ကျပ်ပေး ဘတ်ယူ၊ ဘတ်ပေး ကျပ်ယူ Acc to Acc ဝန်ဆောင်မှုများကိုလည်း တိကျ၊မှန်ကန်၊လျှင်မြန်စွာဖြင့်ဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ...
15/01/2024

ကျပ်ပေး ဘတ်ယူ၊ ဘတ်ပေး ကျပ်ယူ Acc to Acc ဝန်ဆောင်မှုများကိုလည်း တိကျ၊မှန်ကန်၊လျှင်မြန်စွာဖြင့်ဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ့😊😊😊
ယုံကြည်စိတ်ချစွာဖြင့် ထိုင်း↔မြန်မာငွေလွှဲဝန်ဆောင်မှုကို အားပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ့😘😘😘

ที่อยู่

Nakhon Pathom

เบอร์โทรศัพท์

+66617819359

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ထိုင်း-မြန်မာလေယျာဉ်လက်မှတ်၊ကားလက်မှတ်နှင့်ပြည်တွင်းကားလက်မှတ်ဝန်ဆောင်မှုผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ထိုင်း-မြန်မာလေယျာဉ်လက်မှတ်၊ကားလက်မှတ်နှင့်ပြည်တွင်းကားလက်မှတ်ဝန်ဆောင်မှု:

แชร์