Our Love Story Bangkok ပစည်းအမျိုးမျိုးမှာချင်သူများ မှာယူနိုင်ပါတယ်ရှင့်🤍

😔🌻ဒီနေ့(22.02.2026) လူနာတွေအများကြီးထဲက လူနာတယောက်အတွက် ကိုယ်ကဘာသာသွားပြန်ပေးရတယ်ပေါ့... ဆရာဝန်ကလူနာကို ရောဂါအကြောင်းမေး...
22/02/2026

😔🌻ဒီနေ့(22.02.2026) လူနာတွေအများကြီးထဲက လူနာတယောက်အတွက် ကိုယ်ကဘာသာသွားပြန်ပေးရတယ်ပေါ့... ဆရာဝန်ကလူနာကို ရောဂါအကြောင်းမေးစရာရှိတာတွေမေးပေါ့ ရောဂါအကြောင်းမေးပြီးသွားတဲ့အချိန်မှာစတာပေါ့ 🥺🥺 ဆရာဝန်ကမေးတယ် ကင်ဆာဆရာဝန်နဲ့စကားပြောပြီးပြီလားတဲ့ ဆရာဝန်ကဘာပြောထားလဲတဲ့ရောဂါနဲ့ပတ်သက်ပြီး...
😔 အကိုကလည်း ဆေး3ကြိမ်သွင်းရမယ်ပြောတယ်ပေါ့ လက်ရှိတော့နှစ်ကြိမ်သွင်းပြီးပါပြီတဲ့ နောက်တကြိမ်သွင်းဖို့ရှိပါသေးတယ်တဲ့😔😔 အဲ့ချိန်မှာဆရာဝန်ကမေးတယ် တကယ်လို့ကုသနေရင်းနဲ့မှ သတိလစ်သွားခဲ့ရင် ဆရာဝန်ဘာကူညီပေးရမလဲ ဆရာဝန်ကိုဘာလုပ်ပေးစေချင်လဲပေါ့ (CPR)စေချင်လားလို့မေးတဲ့သဘောပါရှင့်....
😔 လူနာကလည်း သူ့ဆွေမျိုးနဲ့တိုင်ပင်ချင်ပါသေးတယ်တဲ့...
😔😔 ရင်ထဲမှာအာ့လိုလူနာတွေနဲ့တွေ့ရင် ဆို့နစ်နစ်နဲ့ သနားမိပါတယ်😔😔
(အသည်းကင်ဆာ နောက်ဆုံးအဆင့်တဲ့🫀)


Doctor 👨🏻‍⚕️= လူနာကိုပြောလိုက်နော် ထုံဆေးထိုးပြီးခွဲမယ်💉Me.     👩🏻‍🔬 =အကိုရေ ထုံဆေးထိုးမယ်နော် နဲနဲတော့နာမယ်နော် ဆေးထိုး...
16/01/2026

Doctor 👨🏻‍⚕️= လူနာကိုပြောလိုက်နော် ထုံဆေးထိုးပြီးခွဲမယ်💉

Me. 👩🏻‍🔬 =အကိုရေ ထုံဆေးထိုးမယ်နော် နဲနဲတော့နာမယ်နော် ဆေးထိုးတဲ့ အခါကျရင် 🥺

Pt. 👦=အမ ကျွန်တော်ကြောက်တယ် 😰

Me 👩🏻‍🔬=မကြောက်နဲ့အကို ဆေးထိုးပြီးရင် မနာတော့ဘူး 😥

Doctor👨🏻‍⚕️= ထုံဆေးထိုး💉(ကျမတို့ဆေးရုံကဆရာဝန်ကထုံဆေးထိုးကိုမြန်မာလိုပြောတက်တယ်ရှင့်😁 ကျန်တာသာသူမပြောတက်တာ😁)

Me. 👩🏻‍🔬=အကို ထုံဆေးထိုးပြီနော် နဲနဲနာမယ်🫩

Pt. 👦=😫😫😫😫အာသံပြဲကြီးနဲ့🥴🥴🥴

**သူနဲ့စတွေ့တဲ့နေ့ စစဆုံးတွေတဲ့နေ့ပေါ့စစဆုံးတွေတဲ့နေ့ပေါ့နော်😅 ****အုန်းယိုင်က BigC ထဲ့ကကော်ဖီဆိုင်တခုမှာပေါ့... စတွေ့ထဲ...
14/01/2026

**သူနဲ့စတွေ့တဲ့နေ့ စစဆုံးတွေတဲ့နေ့ပေါ့စစဆုံးတွေတဲ့နေ့ပေါ့နော်😅 **
**အုန်းယိုင်က BigC ထဲ့ကကော်ဖီဆိုင်တခုမှာပေါ့... စတွေ့ထဲကသူကကိုယ့်ရဲ့အပြုံးလှလှလေးမှာမျောသွားတယ်ဆိုပါတော့😅😅😅..
ပထမဆုံးစတွေ့တဲ့နေ့မှာသူကမေးတယ် ဒီမြို့နယ်ကိုသူတခါမှမရောက်ဖူးဘူးတဲ့..မင်းပဲငါ့ကိုဒိတ်လုပ်ဖို့ခေါ်သွားပေးပါတဲ့ ..
ကဲ....ဇာတ်လမ်းကအဲ့မှာစတာပေါ့🤣🤣 ကျမဆိုသည်မှာ အလုပ်နဲ့အခန်းပဲသိတာ ဘယ်မှမသွားဖူးဘူးနေလာတာသာ ဒီနားမှာ1နှစ်ကျော်တာ...
**နောက်ကျမက bar တွေ အရက်(alcohol)တွေလည်းမသောက်တက်ဘူး ကော်ဖီလည်းမကြိုက်ဘူးပေါ့.. အာ့နဲ့ကျမသူကို ပထမဆုံးနေ့မှာ (ဝက်လိုက်ခိင်-วัดไร่ขิง)ဘုန်းကြီးကျောင်းကိုအလည်ပို့ခဲ့သည်ပေါ့နော်...
နှစ်ယောက်အတူတူ ဘုရားဝတ်ပြု ငါးစာကျွေး သက်န်းကပ်ရင်းပေါ့...
ကျမအထင်သူကနိုင်းငံခြားသားဆိုတော့ ဘုရားကျောင်းတွေလိုက်‌ပို့တော့ သူ..မကြိုက်လောက်ဖူးထင်တာပေါ့နော် သူနောက်ထပ်ငါ့ဆီလာမှာမဟုတ်တော့ဘူးထင်ထားတာ😞😞
**အာ့နဲ့ညနေစောင်းသွားတော့သူလည်းသူ့နေတဲ့ဘန်ကောက်မြို့ထဲပြန်ပေါ့ ကိုယ်လည်းကိုယ်နေတဲ့အခန်းပြန်ပေါ့ ကိုယ်နေတဲ့အခန်းက BigC အနောက်မှာပဲလေ😁 စိတ်ထင်တော့ ပထမဆုံး date တဲ့နေ့မှာပဲ ဘုန်းကြီးကျောင်းခေါ်ပြီး တရားချပေးလိုက်တော့ သူလန့်ပြီးမဆက်သွယ်လာလောက်တော့ဘူးထင်ထားတာ😅😅
**ည7နာရီလောက်ကျတော့ line ကနေစာဝင်လာတယ် ဒီနေ့သူအရမ်းပျော်တယ်တဲ့ အရမ်းလည်း suprise ဖြစ်တယ်တဲ့ သူတွေ့ဖူးတဲ့တခြားမိန်းကလေးတွေနဲ့မတူဘူးတဲ့..တခြားကောင်မလေးတွေဆိုပထမdateမှာbarတွေကလပ်တွေမှာ ဒွန့်ကြတာလေ😅😅ကျမအလှည့်မှဘုန်းကြီးကျောင်း‌ရောက်သွားတာ🤣🤣 သူအရမ်းအံ့ဩသွားတယ်ပေါ့😁😁
****စာရှည်သွားပြီထင်တယ် နောက်နေ့ဆက်တင်မယ်နော်ရှင့်😘😘😘
**အဆုံးထိဖတ်ပေးတဲ့တယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်🙏🏻🤍**





Good night ပါရှင့် ကောင်းသောညလေးဖြစ်ပါရှင့် 😴😴😴ราตรีสวัสดิ์นะคะทุกคน ฝันดีนะค่ะ😴😴😴Good night sweet dreams kha everyone 😴...
13/01/2026

Good night ပါရှင့် ကောင်းသောညလေးဖြစ်ပါရှင့် 😴😴😴
ราตรีสวัสดิ์นะคะทุกคน ฝันดีนะค่ะ😴😴😴
Good night sweet dreams kha everyone 😴😴😴



Hello,သူငယ်ချင်းအားလုံးမဂ်လာပါရှင့်🙏🏻ကျမဒီpageလေးမှာ ကျမရဲ့နေ့စဉ်ဖြစ်ပျက်တာလေးတွေနဲ့ ကျမရဲ့အချစ်ဇာတ်လမ်းလေးတွေကို တင်ပြရ...
13/01/2026

Hello,သူငယ်ချင်းအားလုံးမဂ်လာပါရှင့်🙏🏻
ကျမဒီpageလေးမှာ ကျမရဲ့နေ့စဉ်ဖြစ်ပျက်တာလေးတွေနဲ့ ကျမရဲ့အချစ်ဇာတ်လမ်းလေးတွေကို တင်ပြရေးသားပေးသွားပါမယ်ရှင့် အားလုံးအားပေးကြပါအူးနော်ရှင့်🙏🏻🤍
#ခွဲစိတ်ခန်းဝင်ရင်းချလပ်ခဲ့တဲ့ပုံ

ที่อยู่

Nakhon Pathom

เบอร์โทรศัพท์

+66629014918

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Our Love Storyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์