12/02/2026
၂၀၂၄ ဇန်နဝါရီလတုန်းက အစ္စရေးတပ်တွေ ဂါဇာမြောက်ပိုင်းကိုဝင်တိုက်တယ်။
အရပ်သားမိသားစုတွေ ကြားညပ်ကုန်တာပေါ့။
လခြမ်းနီအဖွဲ့က ဘေးကင်းရာကိုပို့ဆောင်ပေးကြပါတယ်။
ထူးခြားတာက ကယ်တင်ရေးအတွက် တဖက်တလမ်းက တာဝန်ယူနေတာ ပါလက်စတိုင်းဆက်သွယ်ရေး။
ဘယ်သူမဆို အခက်အခဲရှိရင် သူတို့ဆီဖုန်းဆက်ကြတယ်။
သူတို့က လခြမ်းနီအဖွဲ့ဆီအကြောင်းကြားပေးတယ်။
တရက်ထူးထူးခြားခြား ခြောက်နှစ်သမီးလေးဖုနိးဆက်လာတယ်။
အစ္စရေးနဲ့ပါလက်စတိုင်းတပ်ဖွဲ့တွေပစ်ခတ်နေတဲ့ကြားထဲ သူရောက်နေလို့၊လာကယ်ပေးပါတဲ့။
ဖုန်းနားထောင်တာက အိုမာ။
ပြီးတော့လုပ်ဖော်ကိုင်ဖက်တွေရော၊သူ့အထက်လူကြီးတွေပါ ခြောက်နှစ်သမီးလေးနဲ့ ပြောကြတယ်။
ကလေးကလန့်နေတော့ သူ့နာမယ်ကိုတောင် မှန်အောင်မပြောနိုင်။
ဟာနွတ် တဲ့။သူ့သူငယ်ချင်းက ဆာရာတဲ့။သေနပ်မှန်ပြီး သေနေပြီ။သူ့ဘေးနားမှာ။
အမေရော အဖေရော မောင်လေးရော ဘယ်သူမှမပါဘူး.တဲ့။
သူငယ်ချင်းမိသားစုနဲ့လိုက်လာတာ တဲ့။
အိုမာတို့အဖွဲ့က လခြမ်းနီကိုရအောင်ဆက်တယ်။
ခက်တာက တိုက်ပွဲနေရာဆီ.သွားမရတာ။
ရအောင်သွားပြန်တော့ လမ်းတွေက ပိတ်နေတာ။
တကဲ့အဖြစ်အပျက်ပါ။
ဟာနွတ်ဆိုတဲ့ ခြောက်နှစ်သမီးလေးရဲ့ အသံက မူရင်းအသံ။အစစ်။
ဒါကိုအခြေခံပြီးရုပ်ရှင်ပြန်ရိုက်ထားတာ။
Docudrama အမျိုးအစားပေါ့။
(ဆရာကြီး ဦးဝင်းဖေက မြန်မာ့ရုပ်ရှင်တွေ နိုင်ငံတကာဝင်ချင်ရင် Docudrama လိုင်းကနေဝင်သင့်တယ်လို့ ၂၀၀၃ ခုနှစ်က ပြောဖူးတယ်)
ဒီပါလက်စတိုင်းရုပ်ရှင်ကတော့ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာဆုရပြီးပြီ။
လာမဲ့အော်စကာမှာ အကောင်းဆုံးဇာတ်ကားဆု ဆန်ကာတင်.ဝင်နေပြီ။
အိုလီဗာစတုန်းကပြောဖူးတယ်
(ရုပ်ရှင်သမားဆိုတာ သမိုင်းပညာရှင်မဟုတ်ဖူး။တကယ်ဖြစ်ပျက်တာကိုတော့ ဇာတ်လမ်းလုပ်ပြီး ပရိသတ်ကို ပြန်ပြောပြနိုင်ရမယ်)တဲ့။