PN Publishing House

PN Publishing House စာရေးသူရဲ့ စကားလုံးတွေ စာဖတ်သူတို့ နှလုံးသားထဲ အသက်ဝင်အောင် ဖန်တီးပေးပါရစေ...

 #စာပေလောက၂ မှာ ဆုရဲ့ PN Publishing House ကနေ ဖြန့်ချိပေးနေတဲ့   လက်စွဲ @ U Htut (Winner Pro) #စိတ်၏စေရာ @ မောင်ပြည့် (အ...
06/09/2025

#စာပေလောက၂ မှာ ဆုရဲ့ PN Publishing House ကနေ ဖြန့်ချိပေးနေတဲ့

လက်စွဲ @ U Htut (Winner Pro)
#စိတ်၏စေရာ @ မောင်ပြည့် (အတွေးအမြင်)
#လွမ်းမောမိသောအတိတ်နေ့ရက်များ @ လေပြည် (The Mariner)
#ပဋ္ဌာန်းစေတီတော်တည်နည်း @ အရှင်ရေဝတ

စာအုပ်များကို သွားရောက်ဝယ်ယူလို့ ရပြီဖြစ်ကြောင်းပါရှင်။

လိပ်စာက
စာပေလောက ၂
အမှတ် ၃၅၀၊ ဘားလမ်း (မဟာဗန္ဓုလပန်းခြံလမ်း) အပေါ်လမ်း၊
မြေညီထပ်၊ လူမှုဖူလုံရေးရုံးရှေ့၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

09 5145318 ကိုဆက်ပြီးလည်း မှာလို့ရပါတယ်တဲ့ရှင်

ဘယ်ကပဲဝယ်ဝယ် ဆုကို အားပေးတာမို့ မိမိတို့နီးစပ်ရာနေရာကနေ ဝယ်ယူနိုင်ကြောင်းပါရှင်။

အားပေးသူများကို ကျေးဇူးတင်လျက် ...

#စာအုပ်

စိတ်၏စေရာဆိုတဲ့ စာအုပ်ကောင်းလေးတွေကို အနီးအနားက City Books & Music နဲ့ Safari Book Store မှာ ဝယ်ယူနိုင်တဲ့အပြင် အွန်လိုင...
31/08/2025

စိတ်၏စေရာဆိုတဲ့ စာအုပ်ကောင်းလေးတွေကို အနီးအနားက City Books & Music နဲ့ Safari Book Store မှာ ဝယ်ယူနိုင်တဲ့အပြင် အွန်လိုင်းကနေ တဆင့်လည်း မှာယူနိုင်ပါတယ်။🥰
စာအုပ်မှာယူမယ်ဆိုရင်တော့
- City Books & Music Facebook Messenger ၊
- City Mall Online (https://www.citymall.com.mm/.../en/Categories/Safari/c/TSSF1)
- City Book Club Telegram Channel ( https://t.me/citybookclub ) တို့ကနေ တစ်ဆင့်ဝယ်ယူလို့ရပါတယ်ရှင့်။

https://www.facebook.com/share/p/1Cax46ERGm/

စင်ကာပူကနေ ဖတ်ချင်တဲ့ ချစ်သောတို့အတွက် စင်ကာပူမှာ ဝယ်လို့ရပြီနော်။ အကြိုက်ဖတ်လို့ရပြီလို့။ Onboard မှာ ရောက်နေလို့ ဖတ်ချ...
30/08/2025

စင်ကာပူကနေ ဖတ်ချင်တဲ့ ချစ်သောတို့အတွက် စင်ကာပူမှာ ဝယ်လို့ရပြီနော်။ အကြိုက်ဖတ်လို့ရပြီလို့။ Onboard မှာ ရောက်နေလို့ ဖတ်ချင်သူတွေလည်း ခဏတာ ကမ်းကပ်တုန်းလေး ဝင်ဝယ်လို့ရပါကြောင်းရှင် 🥰🥰🥰

📖 လွမ်းမောမိသော အတိတ်နေ့ရက်များ 📖
PN Publishing House ကနေ တင်ဆက်ပေးလိုက်တာကတော့ ဆရာ လေပြည် (The Mariner) ရေးသားတဲ့ 📖 လွမ်းမောမိသော အတိတ်နေ့ရက်များ 📖 ဆိုတဲ့ စာအုပ်လေးပါပဲ။
ခံစားမှုရသပေးတဲ့ စာအုပ်တစ်အုပ်ဆိုတာထက်ကိုပိုတဲ့ ဒီစာအုပ်လေးထဲမှာ စာရေးဆရာ လေပြည် (The Mariner) က...
✍️Seaman တစ်ယောက်ရဲ့ Life နဲ့ ပျော်စရာ၊ လွမ်းမောစရာ၊ မိသားစုဘဝကို ဘယ်လိုစတေးခဲ့ရသလဲ ....
✍️ရင်းနှီးမြှုပ်နှံထားရတဲ့ ဖြစ်ချင်တာတွေကို ခဏထား ဘဝအရေး ဘယ်လိုတွေးပြီး ဖြတ်သန်းရလဲဆိုတာတွေ...
✍️ပင်လယ်ထဲမှာ သက်စွန့်ဆံဖျားဘယ်လို ရုန်းကန်ရှင်သန်ခဲ့ရသလဲဆိုတာတွေ...
✍️လူမျိုးခြားတွေရဲ့ အလယ်မှာ ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးအောင် ဘယ်လိုကြိုးစားခဲ့ရလဲဆိုတာတွေ ...
✍️အရာရှိဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေ ကြုံရဆုံရမယ့်အခက်အခဲတွေကို ဘယ်လိုစိတ်ထားမျိုးနဲ့ ကျော်ဖြတ်ရမလဲ၊ ကျော်ဖြတ်သင့်သလဲဆိုတာတွေ...
ကို ကလောင်သွားထက်ထက်နဲ့ ဟာသအနှောလေးနဲ့ ရေးသားထားတာမို့ ခံစားမှုရသစုံစုံလင်လင်နဲ့ တစ်ပုဒ် ဘယ်လိုပြီးသွားမှန်းမသိအောင် ဖတ်ရမှာပါ။
စာရေးဆရာဟာ စာချစ်သူတို့ကို ဒီလိုလေး အမှာစကား ပါးထားပါသေးတယ်နော်။..
" အတိတ်ဆိုတာကို ပြန်ပြောင်းသတိရရုံသာ ကျွန်တော်တို့ တတ်နိုင်ကြပါတယ်။
လူတိုင်းကိုယ်စီမှာ အတိတ်အကြောင်းတွေ ရှိကြပါတယ်။
အဲ့သည်အတိတ်တွေမှာပဲ ကျွန်တော်တို့ရဲ့ သမိုင်းကိုရေးခဲ့ကြပါတယ်။ အတိတ်မှာ လောကဓံတွေ ရှိခဲ့ကြမယ်။
အတိတ်မှာ သောကဒဏ်ရာတွေ ရှိခဲ့ကြမယ်။
အတိတ်မှာ ပြောပြချင်တဲ့ အမှတ်တရတွေရှိခဲ့ကြမယ်။
ကျွန်တော်တို့ ပြန်မတွေးချင်တော့မယ့် အကြောင်းတွေ ရှိသလို အခါခါပြန်တွေးမိနေတဲ့ အကြောင်းတွေ ရှိမယ်။
တကယ်တော့ အတိတ်ဆိုတာ ကျွန်တော့်အတွက်တော့ အမှားတွေထဲက သင်ခန်းစာ ယူစရာ အတွေးကမ္ဘာလေး တစ်ခုထက် မပိုခဲ့ပါဘူး။ ကျွန်တော်က သင်္ဘောလိုက်နေသူ တစ်ယောက်ပါ။
သင်္ဘော လိုက်တဲ့ သက်တမ်းက အတော်ကြာခဲ့ပါပြီ။
သင်္ဘောပေါ်မှာ အရာရှိရာထူးနဲ့ တာဝန်ထမ်းဆောင်ဖို့ဆိုတာ အောက်ခြေ ဘဝက အစပြုရပါတယ်။ အ
ဖေက သူဌေးမို့လို့ သားက ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်လာသလိုမျိုး မလွယ်ကူပါဘူး။
ကျွန်တော်တို့ ဘဝတွေဟာ အနိမ့်အမြင့် မညီတဲ့ လှေခါးထစ်တွေကို နင်းဖြတ်ခဲ့ရတာပါ။
ကျနော်တို့က ဘဝစုံခဲ့ပါတယ်။
မနက်မိုးလင်းတာနဲ့ လက်ဖက်ရည်ဆိုင် ထိုင်၊ အိမ်ကထည့်ပေးတဲ့ ထမင်းချိုင့်လေး ယူပြီး ရုံးသွား၊ အဲ့သည်လို ရိုးရှင်းတဲ့ဘဝမျိုးတော့ မဟုတ်ခဲ့ပါ။
အခု စာဖတ်သူဟာ ပင်လယ်ထဲ မရောက်ဖူးသူဆိုရင် စာဖတ်သူအတွေးထဲမှာ တစ်ခါမှ မတွေးဖူးတဲ့ ဘဝမျိုးတွေမှာ သင်္ဘောသားတွေက နေထိုင်ကြရသူတွေပါ။
ကျွန်တော်က သည်ခံစားချက်တွေကို မျှဝေချင်တာပါ။
သည်စာအုပ်ကလေး ထုတ်ဝေမယ်လို့ အစပြုလိုက်တော့ ရင်ထဲကနေ ဘယ်သူတွေကို ဖတ်စေချင်သလဲလို့ တွေးမိတယ်။
သင်္ဘောသားတစ်ယောက်က သည်စာအုပ်ကို ဖတ်မိရင် ကျွန်တော် ဘာကို ဆိုလိုသလဲ ချက်ချင်း သဘောပေါက်မှာပါ။
ကုန်းပေါ်က စာဖတ်ပရိသတ်အနေနဲ့ မကြုံဖူးတဲ့ ပင်လယ်ပြင် အတွေ့အကြုံကို သူတို့ ဘယ်လိုပုံဖော်မလဲ။
ကျွန်တော့်ရဲ့ စာတွေကပြောတဲ့ စကားတွေကို သူတို့ နားလည်ပါ့မလား။
အဲ့ဒါက ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။
ကျွန်တော်က စာဖတ်သူကို ရသပေးချင်သူပါ။
စာဖတ်သူရင်ထဲ ခံစားမှုတစ်စုံတစ်ရာကျန်ခဲ့စေချင်သူပါ။
ကျွန်တော် အတတ်နိုင်ဆုံး စာဖတ်သူ နားလည်ခံစားလို့ ရအောင် ကြိုးစားရေးသားထားပါတယ်။ စာအုပ်ကို ခံစားကြည့်ရင်း ရသ တစ်စုံတစ်ရာ ရင်ထဲကျန်ခဲ့တယ်ဆိုရင် ကျွန်တော့်အနေဖြင့် ရေးသားရကျိုးနပ်ပြီဟု ခံယူမိပါကြောင်း... "
------------
ဒီစာအုပ်လေးကို ဖတ်လိုက်ရတဲ့သူတွေအနေနဲ့ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေတဲ့ သူတစ်ယောက်ရဲ့ ခံစားချက်ကို သေချာပေါက် သိသွားမှာ၊ သေချာပေါက် နားလည်သွားမှာဖြစ်သလို ကိုယ်တိုင်ကလည်း တစ်နယ်တစ်ကျေးရောက်နေရသူဆိုရင်တော့ ဒီစာအုပ်ဟာ ကိုယ်နဲ့ထပ်တူပါလားဆိုတဲ့ စိတ်ခံစားချက်ကို ပေးမှာပါ။
Credit
#လွမ်းမောမိသောအတိတ်နေ့ရက်များ

ထိုင်းနိုင်ငံကို ရောက်နေကြတဲ့သူတွေပဲ ဖြစ်ဖြစ်၊ မြန်မာပြည်ကနေ ထိုင်းကို ပစ္စည်း လှမ်းဝယ်ချင်တာမျိုးပဲဖြစ်ဖြစ် မတတ်မဖြစ် သ...
28/08/2025

ထိုင်းနိုင်ငံကို ရောက်နေကြတဲ့သူတွေပဲ ဖြစ်ဖြစ်၊ မြန်မာပြည်ကနေ ထိုင်းကို ပစ္စည်း လှမ်းဝယ်ချင်တာမျိုးပဲဖြစ်ဖြစ် မတတ်မဖြစ် သိထားရမယ့် ဘာသာစကားတစ်ခုအနေနဲ့ တတ်ကျွမ်းထားချင်ရင်ပဲ ဖြစ်ဖြစ် ဒီစာအုပ်လေး တစ်အုပ်တော့ ဆောင်ထားသင့်တယ်နော်။

စာအုပ်ထဲမှာ CD ခွေလည်း ပါတာမို့ အသံထွက်လည်း နားထောင်ဖို့ အဆင်ပြေပါတယ်။

စာအုပ်အမည် : လက်တွေ့အသုံးချ လုပ်ငန်းခွင် သုံး ထိုင်းစကားပြော

စာရေးသူ ✍️ အေခိုင်မြင့်

စာမျက်နှာ 📄 ၂၄၄ မျက်နှာ

CD 💿 တစ်ချပ်ပါ။

မှာယူလိုပါက

နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာတို့ကို message ပေးပို့ မှာယူနိုင်ပါတယ်ရှင်။

Royal Express ရောက်တဲ့နေရာတိုင်း အိမ်ရောက်ငွေချေ ရပါတယ်ရှင့်။

09456900060

#ထိုင်းစကား #ထိုင်းစကားပြောစာအုပ် #ထိုင်း

ပြည်တွင်း၊ ပြည်ပရှိ Hotel သို့မဟုတ် Restaurant တွေနဲ့ Food and Beverage - အစားအသောက်နှင့် အဖျော်ယမကာ ဝန်ဆောင်မှုလုပ်ငန်း...
27/08/2025

ပြည်တွင်း၊ ပြည်ပရှိ Hotel သို့မဟုတ် Restaurant တွေနဲ့ Food and Beverage - အစားအသောက်နှင့် အဖျော်ယမကာ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်မည့်သူများအနေနဲ့ အခြေခံသတ်မှတ်စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိဖို့ အရေးကြီးပါတယ်။
တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ဘားတွေမှာ လစ်လပ်နေတဲ့ နေရာတွေ၊ ပြည်ပဟိုတယ်တွေ၊ ကမ္ဘာလှည့် ဇိမ်ခံသင်္ဘောကြီးတွေမှာလည်း ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများအတွက် တစ်နေ့ထက်တစ်နေ့ ကျွမ်းကျင်ဝန်ထမ်းများစွာ စောင့်နေကြတာပဲဖြစ်ပါတယ်။
ဒီလိုနေရာတွေကို ဝင်နိုင်ဖို့ဆိုရင်
ကိုယ်က လိုအပ်တဲ့ စံနှုန်းတွေ၊ အရည်အချင်းတွေနဲ့ ကိုက်ညီအောင် ကြိုတင်လေ့လာထားဖို့က အရေးကြီးတယ်မဟုတ်လား။
ဒါကြောင့် လိုအပ်တဲ့ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီနိုင်အောင် အဘက်ဘက်ကနေ လေ့လာထားဖို့ ဒီစာအုပ်လေးက ကကြီးကနေ အ အထိ အသုံးဝင်နေမှာ၊ အနားကနေ ဆရာတစ်ဆူလို ပြောပြပေးနေမှာပါ။

ဒီစာအုပ်ဝယ်သူအများစုက စာအုပ်လေးကို ရေးသားသူအကြောင်းလည်း သိချင်ကြတာမို့ ပြောပြပေးလိုက်ပါတယ်နော်။

ဆရာ U Htut (Winner Pro) က

ပထမဦးစွာ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းကျောင်းကို တိုင်းဒေသကြီး ဟိုတယ်ခရီးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုအဖြစ် TOP PRO နာမည်ဖြင့် ၂၀၁၄ ခုနှစ်မှာ ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ထိုမှတစ်ဆင့် သင်တန်းကျောင်းအပြင် Hotel (pre-opening setup, operation setup, operation management နှင့် operation training) တို့ကို အသစ်ဖွင့်လှစ်လိုသည့်ဟိုတယ်များ၊ စားသောက်ဆိုင်များ - ဖွင့်လှစ်လည်ပတ်လျက်ရှိပြီး operation system သတ်မှတ်ရန် - ချမှတ်ရန် လိုအပ်သော - သင်တန်းပေးရန် လိုအပ်သော ဟိုတယ်များ၊ စားသောက်ဆိုင်များသို့ အရောက်ဝန်ဆောင်မှုပေးခြင်းများကို ၂၀၁၈ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့ပြီး Winner Pro (hospitality management & training service) အမည်ဖြင့် ဆက်လက်တာဝန်ယူဆောင်ရွက်ပေးလျက် ရှိပါသည်။ ထိုသို့ဝန်ဆောင်မှုပေးရာတွင် ရန်ကုန်မြို့တင်မက ဒေသပေါင်းစုံသို့ သွားရောက်ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ သီးခြားဝန်ဆောင်မှုအနေဖြင့် ဟိုတယ်လုပ်ငန်းများတွင်တာဝန်ထမ်းဆောင်ကြမည့် - တာဝန်ထမ်းဆောင်နေသော မိတ်ဆွေတို့၏ လုပ်ငန်းခွင်အခက်အခဲများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရွေးချယ်မှုများအတွက် Entry Level မှ Junior Management Level ထိ Career & Performance of Hotel Operation ဆိုင်ရာ Coaching & Consulting ကို Winner Pro ၏ ဝန်ဆောင်မှုတစ်ခုအဖြစ် online ရော လူတွေ့ပါ ထပ်တိုးဆောင်ရွက်လုပ်ကိုင်ပေးလျက် ရှိပါသည်။ ဟိုတယ် - စားသောက်ဆိုင်နှင့်ပတ်သက်သော ပရိဘောဂများ ထုတ်လုပ် တပ်ဆင်ခြင်း၊ စားဖိုဆောင်သုံး စတီးနှင့်ပတ်သက်သောပစ္စည်းများ ထုတ်လုပ်တပ်ဆင်ခြင်းများကိုပါ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ Pre-opening setup, operation setup နှင့် training ဝန်ဆောင်မှုများပေးခဲ့ပြီးသော မှတ်တမ်းများအချို့….Hotels….
1. Htain Htain Thar Hotel (Magway)
2. Htike Myat San Motel (Pathein)
3. Hotel Naung Yoe (Pathein)
4. Swen Hotel (Pathein)
5. Shekinah Hotel (Pathein)
6. Nobel Chaung Tha Hotel (Chaung Tha)
7. Hotel Shwe Thaung Yan (Shwe Thaung Yan)
8. Golden Beach Hotel (Chaung Tha)
9. Htoo Ka Paw Motel (Belin)
10. Central Hotel (Ngwe Saung)
11. At the Sea Hotel (Ngwe Saung) and more …

Restaurants….
1. G7 restaurant (Pathein)
2. Asahi BBQ (Yangon)
3. Taing Yin Thar restaurant (Yangon)
4. 828 Thai restaurant (Mandalay)
5. Old Money (Yangon)
6. Oshabu “Hot pot”, Cargo “Bar” (Mawlamyaing) and more…

Htut Htut NaingFounder of Winner Pro (hmts)..

ဒီစာအုပ်ထဲမှာ...

အခန်း (၁) Introduction - မိတ်ဆက်ခြင်း

အခန်း (၂) Required qualification
ဝန်ထမ်းနှင့်ယင်း၏ အရည်အချင်း

အခန်း (၃) Hotel organization
ဟိုတယ်ဖွဲ့စည်းပုံနှင့် ဌာနလုပ်ဆောင်ချက်များ

အခန်း (၄) F&B service organization and their outlets F&B ဌာနဖွဲ့စည်းပုံနှင့် ဌာနခွဲများ

အခန်း (၅) Terminology
လုပ်ငန်းခွင်သုံးပစ္စည်းကိရိယာများနှင့် အခေါ်အဝေါ်များ

အခန်း (၆) Personal Grooming & Hygiene
တစ်ကိုယ်ရေသန့်ရှင်း သပ်ရပ်မှုအကြောင်း

အခန်း (၇) Menu Knowledge
အခြေခံ Menu များအကြောင်း

အခန်း (၈) Table Services
အခြေခံတည်ခင်းဝန်ဆောင်မှုများအကြောင်း
အခန်း (၉) Beverage Knowledge -
အဖျော်ယမကာများအကြောင်း

အခန်း (၁၀) Currency & Payment -
ငွေကြေးနှင့် ငွေပေးချေမှုပုံစံ

အခန်း (၁၁) Operation Cycle -
လုပ်ငန်းလည်ပတ်ပုံ

အခန်း (၁၂) Another table services -
အခြားတည်ခင်းဝန်ဆောင်မှုများ

အခန်း (၁၃) Nature of work -
လုပ်ငန်းခွင်သဘာဝများ

အဲဒါတွေ ပါတာမို့ ဒီလောကထဲ ခြေစုံပစ်ဝင်ချင်သူတွေအတွက် ခုပဲ ဝယ်ထားလိုက်ဖို့ အကြံပေးပါရစေ...

စာအုပ်အမည် : I'm waiting staff! Waiter လက်စွဲ
စာရေးဆရာအမည် : U Htut (Winner Pro)
စာမျက်နှာ : 280 pgs
စာအုပ်တန်ဖိုး : 17,000 MMK

မှာယူလိုပါက အိမ်ရောက်ငွေချေ မှာယူနိုင်သလို နိုင်ငံရပ်ခြားမှလည်း မှာယူနိုင်ပါတယ်ရှင်။

်စွဲ (winner pro)

အနာဂတ်မှာ သင်္ဘောလိုက်မယ့် သင်္ဘောသားလောင်းလျာလေးတွေရော၊ သင်္ဘောသားကတော်လောင်းလေးတွေပါမကျန် ဖတ်ကြည့်သင့်တဲ့စာအုပ်လေးပါ။ ...
27/08/2025

အနာဂတ်မှာ သင်္ဘောလိုက်မယ့် သင်္ဘောသားလောင်းလျာလေးတွေရော၊ သင်္ဘောသားကတော်လောင်းလေးတွေပါမကျန် ဖတ်ကြည့်သင့်တဲ့စာအုပ်လေးပါ။ ဒီစာအုပ်လေးထဲမှာ ရသတစ်ခုတည်း ရေးထားတာမဟုတ်ဘဲ သုတရသလေးတွေကို ဆွဲဆောင်မှုရှိရှိနဲ့ ရေးထားတာကို ဖတ်ရမှာပါ။

"သင်္ဘောသားအများစုဟာ သူတို့ရဲ့မိသားစုအမှတ်တရဖြစ်စဉ်တွေမှာ သူတို့မပါဝင်ခဲ့တာ များပါတယ်။

ကလေးကျောင်းအပ်တာ မပါခဲ့သလို ကလေးဆုရတဲ့ပွဲတက်ရောက်ခဲ့နိုင်ခြင်း မရှိပါဘူး။

စာရေးဆရာက မိသားစုကိစ္စလေးနဲ့ စဖွင့်ခဲ့လို့ ကြိုက်နှစ်သက်ခဲ့ပါတယ်။

ဘဝတစ်လျှောက် လွမ်းမောဖွယ်ရာတွေ အများကြီးရှိခဲ့ပါတယ်။

စာအုပ်ထဲမှာ အရာရှိလောင်းလေးဘဝမှ ကပ္ပတိန်ကြီးဘဝသို့ တိုင်အောင် ပင်လယ်ပြင်မှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်၊ စိတ်ရှုပ်စရာ အခက်အခဲတွေ၊ မုန်းတီးစရာအတွေ့အကြုံတွေ၊ ပျော်ရွှင်ခဲ့ရတဲ့အောင်မြင်မှုတွေကို ငို၍ ရယ်၍မရသောမျက်နှာဖြင့် လွမ်းမောဖွယ်ရာတင်ပြရေးသားထားပါတယ်။

စာဖတ်ပရိသတ်ဟာ သင်္ဘောသားဖြစ်မှ မဟုတ်ပါဘူး၊ သင်္ဘောသားရဲ့မိသားစု သမီးရည်းစားသူငယ်ချင်းဖြစ်ခဲ့ရင်တောင်မှ လွမ်းမောခံစားရမယ်ဆိုတာကို ရဲရဲကြီး ပြောရဲပါတယ်။

ဖတ်ကြည့်ပါ။
လေပြည်ရဲ့စာအုပ်စာရွက်တိုင်းဟာ စာဖတ်သူရဲ့ လွမ်းမောဖွယ်ရာနေ့ရက်တွေကို အရောက်ပြန်ပို့ပေးပါလိမ့်မယ်"

လို့ ဆရာဝေလင်းထွဋ်က အမှာစာလေးအနေနဲ့ ရေးပေးထားပါတယ်။

"အတိတ်မှာ လောကဓံတွေ ရှိခဲ့ကြမယ်။

အတိတ်မှာ သောကဒဏ်ရာတွေ ရှိခဲ့ကြမယ်။

အတိတ်မှာ ပြောပြချင်တဲ့ အမှတ်တရတွေရှိခဲ့ကြမယ်။

ကျွန်တော်တို့ ပြန်မတွေးချင်တော့မယ့် အကြောင်းတွေ ရှိသလို အခါခါပြန်တွေးမိနေတဲ့ အကြောင်းတွေ ရှိမယ်။

တကယ်တော့ အတိတ်ဆိုတာ ကျွန်တော့်အတွက်တော့ အမှားတွေထဲက သင်ခန်းစာ ယူစရာ အတွေးကမ္ဘာလေး တစ်ခုထက် မပိုခဲ့ပါဘူး" လို့ ရေးထားတဲ့ စာရေးဆရာလေပြည်ရဲ့ အမှာစာလေးထဲကလို ကိုယ်တွေရဲ့ အတိတ်မှာကြုံခဲ့ရတာတွေက သင်ခန်းစာယူစရာ၊ ပြန်လည်လွမ်းမောစရာလေးတွေနဲ့ ပြည့်နေကြတာပါပဲ။ အဲဒီထဲမှာ ငယ်ရွယ်နုနယ်စဉ်တုန်းအရွယ် မိသားစုနဲ့ ပျော်ရွှင်ရမယ့်အရွယ်တွေကို ပင်လယ်ထဲမှာပဲ ငွေရှာရင်း အချိန်တွေ ကုန်လွန်ဖြတ်သန်းခဲ့ရတာကတော့ Seaman တစ်ယောက်ရဲ့ ပြန်ယူလို့ မရနိုင်တဲ့ အတိတ်တွေပါပဲ။

စာရေးသူ : လေပြည် (The Mariner)
စာအုပ်အမည် : လွမ်းမောမိသောအတိတ်နေ့ရက်များ
စာမျက်နှာအရေအတွက် : 190pgs
စာအုပ်တန်ဖိုး : ၁၀၀၀၀ ကျပ်

ဒီစာအုပ်လေးကို ဖတ်ရှုချင်တယ်ဆိုရင်ဖြင့် Messenger ကနေ
နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်လေးနဲ့အတူ မှာယူလိုတဲ့ အုပ်ရေကို မက်ဆေ့ချ်ပေးပို့ မှာယူနိုင်ကြောင်းပါ။ ဒါ့အပြင် 09 456 9000 60 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။
Royal Express ရောက်တဲ့ မြို့တိုင်းကို အိမ်ရောက်ငွေချေရပါတယ်ရှင်။

#လွမ်းမောမိသောအတိတ်နေ့ရက်များ #စာအုပ်များ

ပဌာန်းစေတီတည်နည်းစာအုပ်လေးကို အောက်ပါ City Mart ဆိုင်ခွဲတွေမှာ ဝယ်လို့ရပါပြီရှင်...Citymart မြေနီကုန်း               မော...
21/08/2025

ပဌာန်းစေတီတည်နည်းစာအုပ်လေးကို အောက်ပါ City Mart ဆိုင်ခွဲတွေမှာ ဝယ်လို့ရပါပြီရှင်...

Citymart မြေနီကုန်း
မော်တင်
စိန်ဂျွန်း
Junction-8
လှည်းတန်း
Junction Square
ရန်ကင်း
ဝေဇယန္တာ
ဧရာဝဏ် (သာကေတ)
ပင်လုံ (စစ်တောင်း)
(သန်လျင်)
(အလုံ)
(ဗဟိုလမ်း)
(လှိုင်ယာယာ) ကျန်စစ်မင်း
Citymart (ဖော့ကန်)
(ရွှေပြည်သာ)
(ဒဂုံဆိပ်ကမ်း)
(တောင်ဒဂုံ)
လမ်း (၅၀)ဗိုလ်တစ်ထောင်
ရေကျော်

Citymart (မန္တလေး) (၁၉)လမ်း

====================

Ocean ဆိုင်ခွဲများ

>>>>>>>>>>>>>>

Ocean (ပင်လုံ)မြောက်ဒဂုံ
(၉)မိုင် မရမ်းကုန်း
(ရွှေဂုံတိုင်)
(တောင်ကြီး)
(ပုသိမ်)
(မန္တလေး)(၇၃)လမ်း
(နေပြည်တော်)

Diamond PLaza (မန္တလေး)

မော်လမြိုင်
လှိုင်သာယာ
ပုဇွန်တောင်

====================

Market Place ဆိုင်များစာရင်း
>>>>>>>>>>>>>>

Safari (GV) ဓမ္မစေတီလမ်း
Safari (65) ကျောင်းကွေ့

စတဲ့ဆိုင်တွေမှာ ဝယ်လို့ရပြီနော်။

၀၉၄၅၆၉၀၀၀၆၀ ကိုဆက်ပြီးတော့လည်း အိမ်တိုင်ရာရောက် မှာယူနိုင်ပါတယ်ရှင်။

အားပေးသူတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်နော်။

#ပဋ္ဌာန်းစေတီတော်တည်နည်း #ပဋ္ဌာန်းစေတီတည်ခြင်းဖြင့်_ရရှိနိုင်သော_အကျိုးတရားများ

ဆုရဲ့သမီးလတ် နိုင်နိုင်းလေးရဲ့ မွေးနေ့အလှူအနေနဲ့ ဆရာတော်အရှင်ရေဝတ ပြုစုတော်မူသော "ပဋ္ဌာန်းစေတီတော်တည်နည်းစာအုပ်" ၅ အုပ်က...
15/08/2025

ဆုရဲ့သမီးလတ် နိုင်နိုင်းလေးရဲ့ မွေးနေ့အလှူအနေနဲ့
ဆရာတော်အရှင်ရေဝတ ပြုစုတော်မူသော "ပဋ္ဌာန်းစေတီတော်တည်နည်းစာအုပ်" ၅ အုပ်ကို တကယ်ပဲ စေတီတော်တည်ဖို့ စိတ်ဆန္ဒရှိသူတွေအတွက် ရည်ရွယ်ပြီး လှူဒါန်းပေးပါမယ်နော်။

အနည်းဆုံး တစ်ဆူတော့ ဖြစ်မြောက်အောင် တည်ချင်ပါတယ်ဆိုတဲ့သူများ အမှန်တကယ် စေတီတော်တည်လိုသူများ Comment စပြီး မန့်လို့ ရပါပြီရှင်။ တခြားသူတွေလည်း ပါဝင်လို့ရအောင် ဒီပို့စ်လေးကို ကျေးဇူးပြုပြီး Share ပေးစေချင်ပါတယ်ရှင်...

ကံထူးရှင်များကို ၁၇ ရက်နေ့ တနင်္ဂနွေနေ့မှာ သမီးလေးက မဲနှိုက်ရွေးချယ်ပေးမှာ ဖြစ်ပါတယ်ရှင်
#စာအုပ်အလှူ #ပဋ္ဌာန်းစေတီတော်တည်နည်း #အရှင်ရေဝတ

📖 လွမ်းမောမိသော အတိတ်နေ့ရက်များ 📖PN Publishing House ကနေ တင်ဆက်ပေးလိုက်တာကတော့ ဆရာ လေပြည် (The Mariner) ရေးသားတဲ့ 📖 လွမ်...
11/08/2025

📖 လွမ်းမောမိသော အတိတ်နေ့ရက်များ 📖
PN Publishing House ကနေ တင်ဆက်ပေးလိုက်တာကတော့ ဆရာ လေပြည် (The Mariner) ရေးသားတဲ့ 📖 လွမ်းမောမိသော အတိတ်နေ့ရက်များ 📖 ဆိုတဲ့ စာအုပ်လေးပါပဲ။
ခံစားမှုရသပေးတဲ့ စာအုပ်တစ်အုပ်ဆိုတာထက်ကိုပိုတဲ့ ဒီစာအုပ်လေးထဲမှာ စာရေးဆရာ လေပြည် (The Mariner) က...
✍️Seaman တစ်ယောက်ရဲ့ Life နဲ့ ပျော်စရာ၊ လွမ်းမောစရာ၊ မိသားစုဘဝကို ဘယ်လိုစတေးခဲ့ရသလဲ ....
✍️ရင်းနှီးမြှုပ်နှံထားရတဲ့ ဖြစ်ချင်တာတွေကို ခဏထား ဘဝအရေး ဘယ်လိုတွေးပြီး ဖြတ်သန်းရလဲဆိုတာတွေ...
✍️ပင်လယ်ထဲမှာ သက်စွန့်ဆံဖျားဘယ်လို ရုန်းကန်ရှင်သန်ခဲ့ရသလဲဆိုတာတွေ...
✍️လူမျိုးခြားတွေရဲ့ အလယ်မှာ ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးအောင် ဘယ်လိုကြိုးစားခဲ့ရလဲဆိုတာတွေ ...
✍️အရာရှိဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေ ကြုံရဆုံရမယ့်အခက်အခဲတွေကို ဘယ်လိုစိတ်ထားမျိုးနဲ့ ကျော်ဖြတ်ရမလဲ၊ ကျော်ဖြတ်သင့်သလဲဆိုတာတွေ...
ကို ကလောင်သွားထက်ထက်နဲ့ ဟာသအနှောလေးနဲ့ ရေးသားထားတာမို့ ခံစားမှုရသစုံစုံလင်လင်နဲ့ တစ်ပုဒ် ဘယ်လိုပြီးသွားမှန်းမသိအောင် ဖတ်ရမှာပါ။
စာရေးဆရာဟာ စာချစ်သူတို့ကို ဒီလိုလေး အမှာစကား ပါးထားပါသေးတယ်နော်။..
" အတိတ်ဆိုတာကို ပြန်ပြောင်းသတိရရုံသာ ကျွန်တော်တို့ တတ်နိုင်ကြပါတယ်။
လူတိုင်းကိုယ်စီမှာ အတိတ်အကြောင်းတွေ ရှိကြပါတယ်။
အဲ့သည်အတိတ်တွေမှာပဲ ကျွန်တော်တို့ရဲ့ သမိုင်းကိုရေးခဲ့ကြပါတယ်။ အတိတ်မှာ လောကဓံတွေ ရှိခဲ့ကြမယ်။
အတိတ်မှာ သောကဒဏ်ရာတွေ ရှိခဲ့ကြမယ်။
အတိတ်မှာ ပြောပြချင်တဲ့ အမှတ်တရတွေရှိခဲ့ကြမယ်။
ကျွန်တော်တို့ ပြန်မတွေးချင်တော့မယ့် အကြောင်းတွေ ရှိသလို အခါခါပြန်တွေးမိနေတဲ့ အကြောင်းတွေ ရှိမယ်။
တကယ်တော့ အတိတ်ဆိုတာ ကျွန်တော့်အတွက်တော့ အမှားတွေထဲက သင်ခန်းစာ ယူစရာ အတွေးကမ္ဘာလေး တစ်ခုထက် မပိုခဲ့ပါဘူး။ ကျွန်တော်က သင်္ဘောလိုက်နေသူ တစ်ယောက်ပါ။
သင်္ဘော လိုက်တဲ့ သက်တမ်းက အတော်ကြာခဲ့ပါပြီ။
သင်္ဘောပေါ်မှာ အရာရှိရာထူးနဲ့ တာဝန်ထမ်းဆောင်ဖို့ဆိုတာ အောက်ခြေ ဘဝက အစပြုရပါတယ်။ အ
ဖေက သူဌေးမို့လို့ သားက ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်လာသလိုမျိုး မလွယ်ကူပါဘူး။
ကျွန်တော်တို့ ဘဝတွေဟာ အနိမ့်အမြင့် မညီတဲ့ လှေခါးထစ်တွေကို နင်းဖြတ်ခဲ့ရတာပါ။
ကျနော်တို့က ဘဝစုံခဲ့ပါတယ်။
မနက်မိုးလင်းတာနဲ့ လက်ဖက်ရည်ဆိုင် ထိုင်၊ အိမ်ကထည့်ပေးတဲ့ ထမင်းချိုင့်လေး ယူပြီး ရုံးသွား၊ အဲ့သည်လို ရိုးရှင်းတဲ့ဘဝမျိုးတော့ မဟုတ်ခဲ့ပါ။
အခု စာဖတ်သူဟာ ပင်လယ်ထဲ မရောက်ဖူးသူဆိုရင် စာဖတ်သူအတွေးထဲမှာ တစ်ခါမှ မတွေးဖူးတဲ့ ဘဝမျိုးတွေမှာ သင်္ဘောသားတွေက နေထိုင်ကြရသူတွေပါ။
ကျွန်တော်က သည်ခံစားချက်တွေကို မျှဝေချင်တာပါ။
သည်စာအုပ်ကလေး ထုတ်ဝေမယ်လို့ အစပြုလိုက်တော့ ရင်ထဲကနေ ဘယ်သူတွေကို ဖတ်စေချင်သလဲလို့ တွေးမိတယ်။
သင်္ဘောသားတစ်ယောက်က သည်စာအုပ်ကို ဖတ်မိရင် ကျွန်တော် ဘာကို ဆိုလိုသလဲ ချက်ချင်း သဘောပေါက်မှာပါ။
ကုန်းပေါ်က စာဖတ်ပရိသတ်အနေနဲ့ မကြုံဖူးတဲ့ ပင်လယ်ပြင် အတွေ့အကြုံကို သူတို့ ဘယ်လိုပုံဖော်မလဲ။
ကျွန်တော့်ရဲ့ စာတွေကပြောတဲ့ စကားတွေကို သူတို့ နားလည်ပါ့မလား။
အဲ့ဒါက ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။
ကျွန်တော်က စာဖတ်သူကို ရသပေးချင်သူပါ။
စာဖတ်သူရင်ထဲ ခံစားမှုတစ်စုံတစ်ရာကျန်ခဲ့စေချင်သူပါ။
ကျွန်တော် အတတ်နိုင်ဆုံး စာဖတ်သူ နားလည်ခံစားလို့ ရအောင် ကြိုးစားရေးသားထားပါတယ်။ စာအုပ်ကို ခံစားကြည့်ရင်း ရသ တစ်စုံတစ်ရာ ရင်ထဲကျန်ခဲ့တယ်ဆိုရင် ကျွန်တော့်အနေဖြင့် ရေးသားရကျိုးနပ်ပြီဟု ခံယူမိပါကြောင်း... "
------------
ဒီစာအုပ်လေးကို ဖတ်လိုက်ရတဲ့သူတွေအနေနဲ့ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေတဲ့ သူတစ်ယောက်ရဲ့ ခံစားချက်ကို သေချာပေါက် သိသွားမှာ၊ သေချာပေါက် နားလည်သွားမှာဖြစ်သလို ကိုယ်တိုင်ကလည်း တစ်နယ်တစ်ကျေးရောက်နေရသူဆိုရင်တော့ ဒီစာအုပ်ဟာ ကိုယ်နဲ့ထပ်တူပါလားဆိုတဲ့ စိတ်ခံစားချက်ကို ပေးမှာပါ။
စာရေးသူ : လေပြည် (The Mariner)
စာအုပ်အမည် : လွမ်းမောမိသောအတိတ်နေ့ရက်များ
စာမျက်နှာအရေအတွက် : 190pgs
စာအုပ်တန်ဖိုး : ၁၀၀၀၀ ကျပ်
မှာချင်တယ်ဆိုရင်
နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်လေးနဲ့အတူ မှာယူလိုတဲ့ အုပ်ရေကို မက်ဆေ့ချ်ပေးပို့ မှာယူနိုင်ကြောင်းပါ။
Royal Express ရောက်တဲ့ မြို့တိုင်းကို အိမ်ရောက်ငွေချေရပါတယ်ရှင်။
#လွမ်းမောမိသောအတိတ်နေ့ရက်များ #စာအုပ်များ

စာဖတ်ပရိသတ်အင်နဲ့ အားနဲ့ ရှိတဲ့ စာရေးဆရာတို့ရဲ့ သုခပဲ ပြောရမလား ☺️စာဖတ်ပရိသတ်ကလည်း စာရေးဆရာ လက်မှတ်လေး တောင်းဆိုသလေ... စ...
09/08/2025

စာဖတ်ပရိသတ်အင်နဲ့ အားနဲ့ ရှိတဲ့ စာရေးဆရာတို့ရဲ့ သုခပဲ ပြောရမလား ☺️

စာဖတ်ပရိသတ်ကလည်း စာရေးဆရာ လက်မှတ်လေး တောင်းဆိုသလေ...

စာအုပ်ထွက်မယ့်ရက်က ဆရာ ပြည်ပသွားမယ့်ရက်နဲ့ လုံးဝ ကွက်တိမတ်စိ …

ဒါကို ဆုတို့ရဲ့ စာရေးဆရာ လေပြည်(The Mariner) တစ်ယောက် စာဖတ်သူတွေကို အလိုလိုက်ချင်ရှာတော့ လက်မှတ်ထိုးမယ့် ရှေ့စာဖောင်ကိုပဲ အရင်ဆုံး ရအောင် ပုံနှိပ်ပေးရချေသည်တမုံ့ 😁😁

ဒီလိုနဲ့ စာအုပ်လေးဟာ ထွက်မယ့်ရက်မှာတော့ လှလှပပ စာရေးဆရာ လက်မှတ်စစ်စစ်လေးနဲ့ ရလာခဲ့လေသည်ပေါ့လေ။

ပုံကတော့ စာအုပ်မထွက်ခင် မချုပ်ရသေးခင်မှာ ကြိုးစားပမ်းစား PN Publishing House မှာ လာပြီး လက်မှတ်ထိုးပေးနေသော စာရေးဆရာကြီးကို အမှတ်တရ မှတ်တမ်းတင်ပေးဖြစ်တာလေးပေါ့ ☺️☺️☺️

#လွမ်းမောမိသောအတိတ်နေ့ရက်များ #လေပြည်(TheMariner)

ဆရာလေပြည်ရဲ့ လွမ်းမောမိသော အတိတ်နေ့ရက်များ စာအုပ်လေး ပို့နေပြီနော်။ အားပေးသူတိုင်းကို အများကြီး အများကြီး ချစ်ခင်စွာ ကျေ...
09/08/2025

ဆရာလေပြည်ရဲ့ လွမ်းမောမိသော အတိတ်နေ့ရက်များ စာအုပ်လေး ပို့နေပြီနော်။

အားပေးသူတိုင်းကို အများကြီး အများကြီး ချစ်ခင်စွာ ကျေးဇူးတင်ပါကြောင်း

#လွမ်းမောမိသောအတိတ်နေ့ရက်များ

Address

Amphoe Bang Bua Thong
Yangon
11130

Website

Alerts

Be the first to know and let us send you an email when PN Publishing House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share