10/08/2025
ဒီနေ့ ကေ့ရဲ့ In-Person အတန်းမှာတော့ Sun Salutations နဲ့ စခဲ့ပြီး တခြား Flow လှုပ်ရှားမှုလေးတွေလည်း ထပ်ထည့်ခဲ့ပါတယ်။ video ထဲက ကေ့ရဲ့ ဒီအတန်းသူကခါးအောက်ပိုင်းပိုင်းမှာတော့ အကြောပျော့ပေမယ့် ကျောဘက်နဲ့ ဇက်ပိုင်းတွေက တင်းမာနေတာကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို မြှောက်တင်ဖို့ နည်းနည်း အခက်အခဲရှိပါတယ်။ တင်ပါးကတော့ ကောင်းကောင်း မြှောက်နိုင်ပေမယ့် တံတောင်ဆစ်တွေကို အတွင်းဘက်ကို သိပ်မယူနိုင်ဘူးပေါ့နော်။
အဲ့ဒါနဲ့ ကေလည်း အတတ်နိုင်ဆုံး ဘေးမှာအားပေးပြီး သူ့ရဲ့ အကောင်းဆုံးအနေအထားကိူ ရအောင် ကူညီပေးခဲ့ပါတယ်။ ကေ့အတန်းမှာ အတန်းသာတစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ ခန္ဓာကိုယ်ရဲ့ တောင်းဆိုမှုတွေပေါ်မူတည်ပြီး သင်ကြားတဲ့ နည်းစနစ်တွေကို အမြဲတမ်း ပြောင်းလဲညှိနှိုင်းပေးပါတယ်။
အားလုံးကို တတ်နိုင်သမျှ ကူညီပေးရတာ ကေ့ဘက်မှာလည်း ပီတိဖြစ်ရသလို အတန်းသားတွေအတွက်လည်း လူတွေ့ In-Person အတန်းတက်ရောက်ခြင်းရဲ့ အနှစ်သာရပါပဲ! တစ်ယောက်ကိုတစ်ယောက် အားပေးကူညီမယ်၊ အတူတူရှိနေမယ်၊ ကေ့အတွက်လည်း ကိုယ့်အတန်းသားရဲ့ စွမ်းဆောင်ရည်ကို ညင်ညင်သာသာ ဖေးဖေမမနဲ့ ဘေးနားကနေ မြှင့်တင်ပေးနိုင်တယ် 💕 ဒါက ကေ သင်ကြားတဲ့ပုံစံပါပဲရှင်။ ဒီအတိုင်းလေး မျှဝေပေးတာပါ။ အတန်းအကြောင်း သိချင်တာရှိရင် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်နော် ✨
From K with Care 💟