21/08/2026
📊 𝐐𝐮𝐚𝐥𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐃𝐚𝐭𝐚 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 : 𝐀𝐩𝐩𝐫𝐨𝐚𝐜𝐡𝐞𝐬 𝐚𝐧𝐝 𝐒𝐭𝐞𝐩𝐬 (အရည်အသွေးအခြေပြု အချက်အလက် ဆန်းစစ်လေ့လာခြင်း - ချဉ်းကပ်ပုံများနှင့် အဆင့်များ)
==============================
👉 𝐐𝐮𝐚𝐥𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐃𝐚𝐭𝐚 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 (𝐐𝐃𝐀) ဆိုသည်မှာ လူများ၏ အတွေ့အကြုံ၊ အယူအဆ၊ တွန်းအားများနှင့် လူမှုရေးဆိုင်ရာ နောက်ခံအခြေအနေများကို နားလည်နိုင်ရန် အင်တာဗျူးအဖြေများ၊ လေ့လာတွေ့ရှိချက်များ၊ ကွင်းဆင်းမှတ်တမ်းများနှင့် စာရွက်စာတမ်းများကဲ့သို့ ကိန်းဂဏန်းမဟုတ်သော အချက်အလက်များကို လေ့လာဆန်းစစ်သည့် လုပ်ငန်းစဉ် ဖြစ်ပါတယ်။
👉 𝐐𝐮𝐚𝐧𝐭𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 (ဂဏန်းအခြေပြု ဆန်းစစ်မှု) က စာရင်းအင်းနှင့် ကိန်းဂဏန်း ဆက်စပ်မှုများကို အဓိကထားသော်လည်း 𝐐𝐮𝐚𝐥𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 ကတော့ လူတွေ၏ တုံ့ပြန်မှုများ၏ နောက်ကွယ်ရှိ "အဓိပ္ပာယ်" ကို နားလည်ရန် ကြိုးစားခြင်း ဖြစ်ပါတယ်။
ပင်မ ရည်ရွယ်ချက်မှာ အင်တာဗျူး မှတ်တမ်းများကို အကျဉ်းချုပ်ရန် သက်သက်မဟုတ်ဘဲ သုတေသန မေးခွန်းများကို အဖြေပေးနိုင်မည့် ပုံစံများ (𝐏𝐚𝐭𝐭𝐞𝐫𝐧𝐬) နှင့် အတွေးအခေါ်များကို ဖော်ထုတ်ရန် ဖြစ်ပါတယ်။
📌 𝐀𝐩𝐩𝐫𝐨𝐚𝐜𝐡𝐞𝐬 𝐭𝐨 𝐐𝐮𝐚𝐥𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐃𝐚𝐭𝐚 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 (ဆန်းစစ်လေ့လာမှု ချဉ်းကပ်ပုံများ)
အသုံးများသော ချဉ်းကပ်ပုံ (၂) မျိုး ရှိပါတယ် - 𝐃𝐞𝐝𝐮𝐜𝐭𝐢𝐯𝐞 နှင့် 𝐈𝐧𝐝𝐮𝐜𝐭𝐢𝐯𝐞 တို့ ဖြစ်ပါတယ်။
𝟏. 𝐃𝐞𝐝𝐮𝐜𝐭𝐢𝐯𝐞 𝐚𝐩𝐩𝐫𝐨𝐚𝐜𝐡 (အယူအဆအခြေပြု ချဉ်းကပ်ပုံ) 𝐌&𝐄 လုပ်သူက 𝐌&𝐄 မေးခွန်းများ၊ ယခင်လေ့လာမှုများ သို့မဟုတ် မူလရှိပြီးသား 𝐅𝐫𝐚𝐦𝐞𝐰𝐨𝐫𝐤 များပေါ် အခြေခံ၍ ခေါင်းစဉ်/အမျိုးအစား (𝐂𝐚𝐭𝐞𝐠𝐨𝐫𝐢𝐞𝐬) များကို ကြိုတင်သတ်မှတ်ထားပြီး ရရှိလာသော အချက်အလက်များကို ထိုအုပ်စုများထဲသို့ အလိုက်သင့် စုစည်းသည့် နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းက အချိန်ကန့်သတ်ချက် ရှိသည့်အခါ သို့မဟုတ် သုတေသနကြီးတစ်ခု၏ အစိတ်အပိုင်းတစ်ခုအဖြစ် လုပ်ဆောင်သည့်အခါမျိုးတွင် အသုံးဝင်ပါတယ်။
• ဥပမာ - အလုပ်လုပ်နေသော အမျိုးသမီးများ၏ အလုပ်နှင့် မိသားစုကြား စိန်ခေါ်မှုများကို လေ့လာလိုသည်ဆိုပါစို့။ 𝐃𝐚𝐭𝐚 မဆန်းစစ်မီ 𝐌&𝐄𝐞𝐫က အချိန်စီမံခန့်ခွဲမှု၊ ကလေးထိန်းသိမ်းမှု၊ အိမ်မှုကိစ္စ တာဝန်များ စသည်ဖြင့် ခေါင်းစဉ်များကို ကြိုတင်သတ်မှတ်ထားပြီး ဖြေဆိုသူများ၏ တုံ့ပြန်ချက်များကို ထိုခေါင်းစဉ်များအောက်တွင် စုစည်းလိုက်ခြင်း ဖြစ်ပါတယ်။
𝟐. 𝐈𝐧𝐝𝐮𝐜𝐭𝐢𝐯𝐞 𝐚𝐩𝐩𝐫𝐨𝐚𝐜𝐡 (အချက်အလက်အခြေပြု ချဉ်းကပ်ပုံ) ခေါင်းစဉ်များနှင့် သီးခြား 𝐓𝐡𝐞𝐦𝐞 များကို ကြိုတင်မသတ်မှတ်ဘဲ အချက်အလက်များမှ သဘာဝအတိုင်း ထွက်ပေါ်လာအောင် လုပ်ဆောင်သည့် နည်းလမ်းဖြစ်ပါတယ်။ 𝐌&𝐄𝐞𝐫က 𝐃𝐚𝐭𝐚 များကို သေချာဖတ်ရှုပြီး ဖြေဆိုသူများ၏ တုံ့ပြန်ချက်များတွင် ထပ်ခါထပ်ခါ ပါဝင်နေသော အတွေးအခေါ်များကို ဖော်ထုတ်ပါတယ်။
• ဥပမာ - အင်တာဗျူး မှတ်တမ်းများကို ဖတ်ရှုစဉ် မူလကြိုတင်သတ်မှတ်ထားသော ခေါင်းစဉ်များတွင် မပါရှိသော်လည်း ဖြေဆိုသူ အများအပြားက "ကိုယ်ပိုင်အချိန် မရှိခြင်း" အကြောင်းကို ထပ်ခါထပ်ခါ ပြောဆိုနေသည်ကို တွေ့ရှိရနိုင်သည်။ ထိုအခါ 𝐌&𝐄𝐞𝐫က "ကိုယ်ပိုင်အချိန် မရှိခြင်း" ကို ခေါင်းစဉ်/𝐓𝐡𝐞𝐦𝐞 အသစ်တစ်ခုအဖြစ် သတ်မှတ်ဖန်တီးနိုင်ပါတယ်။
📌 𝐌𝐞𝐭𝐡𝐨𝐝𝐬 𝐨𝐟 𝐐𝐮𝐚𝐥𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐃𝐚𝐭𝐚 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬
(ဆန်းစစ်လေ့လာမှု နည်းလမ်းများ)
𝐌&𝐄𝐞𝐫များက မိမိတို့၏ သုတေသန ရည်ရွယ်ချက်များနှင့် မေးခွန်းများပေါ် မူတည်၍ အောက်ပါ နည်းလမ်းများကို ရွေးချယ် အသုံးပြုကြပါတယ်။
👉 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 (အကြောင်းအရာ ဆန်းစစ်မှု):
ထပ်ခါထပ်ခါ ပါဝင်နေသော အတွေးအခေါ်များကို ဖော်ထုတ်ပြီး အဓိပ္ပာယ်ရှိသော ခေါင်းစဉ်များအဖြစ် စုစည်းပေးသည့် နည်းလမ်းဖြစ်ပါတယ်။
(ဥပမာ - အလုပ်လုပ်နေသော အမျိုးသမီး အများအပြားက ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းနှင့် ကလေးထိန်းခြင်းတို့ကို ပြောဆိုပါက ထိုအဖြေများကို "အိမ်မှုကိစ္စ တာဝန်များ" ဆိုသည့် ခေါင်းစဉ်အောက်တွင် စုစည်းနိုင်ပါသည်။)
👉 𝐍𝐚𝐫𝐫𝐚𝐭𝐢𝐯𝐞 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 (ဖြစ်စဉ်ပြောပြချက် ဆန်းစစ်မှု):
လူများက မိမိတို့၏ အတွေ့အကြုံများကို ပြန်လည်ပြောပြသည့် ဇာတ်ကြောင်း/ဖြစ်စဉ်များအပေါ် အဓိကထား လေ့လာခြင်းဖြစ်ပါတယ်။
(ဥပမာ - အလုပ်လုပ်နေသော အမျိုးသမီးတစ်ဦးက မနက်စာ ပြင်ဆင်ချိန်မှစ၍ ညဘက် အိမ်မှုကိစ္စများ ပြီးစီးချိန်အထိ သူမ၏ နေ့စဉ် လုပ်ငန်းစဉ်ကို မည်သို့ ဖော်ပြသည်ကို လေ့လာခြင်း ဖြစ်ပါတယ်။ အဓိက ဦးတည်ချက်မှာ သူမ၏ အတွေ့အကြုံတစ်ခုလုံးကို အလုံးစုံ နားလည်နိုင်ရန် ဖြစ်ပါတယ်။)
👉 𝐃𝐢𝐬𝐜𝐨𝐮𝐫𝐬𝐞 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 (ဘာသာစကားအသုံးအနှုန်း ဆန်းစစ်မှု):
လူမှုရေးဆိုင်ရာ နောက်ခံအခြေအနေများအတွင်း ဘာသာစကားကို မည်သို့အသုံးပြုထားကြောင်း၊ လူတို့၏ စကားလုံးများသည် လူမှုတန်ဖိုးများ၊ မည်သူမည်ဝါဖြစ်ကြောင်း (𝐈𝐝𝐞𝐧𝐭𝐢𝐭𝐲)၊ ဆက်ဆံရေးများနှင့် ပါဝါ (𝐏𝐨𝐰𝐞𝐫) တို့ကို မည်သို့ ရောင်ပြန်ဟပ်နေကြောင်း လေ့လာသည့် နည်းလမ်းဖြစ်ပါတယ်။
(ဥပမာ - အမျိုးသမီးများက အိမ်မှုကိစ္စကို "ငါတို့ တာဝန်" ဟု မပြောဘဲ "ငါ့ တာဝန်" ဟု ထပ်မံသုံးစွဲနေပါက၊ ယင်းသည် မိသားစုအတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍအပေါ် မျှော်လင့်ထားသည့် စေခိုင်းချက်များကို မည်သို့ ဖော်ပြနေသလဲဆိုသည်ကို လေ့လာနိုင်ပါသည်။)
👉 𝐓𝐡𝐞𝐦𝐚𝐭𝐢𝐜 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 (အဓိကအကြောင်းအရာ ဆန်းစစ်မှု):
အရေးပါပြီး ထပ်ခါထပ်ခါ ပါဝင်နေသော မူလအကြောင်းအရာ (𝐓𝐡𝐞𝐦𝐞) များကို ဖော်ထုတ်ခြင်း ဖြစ်ပါတယ်။ 𝐌&𝐄𝐞𝐫က အရေးပါသော ပြောဆိုချက်များကို 𝐂𝐨𝐝𝐞 များ သတ်မှတ်ပြီး ပတ်သက်ရာ 𝐂𝐨𝐝𝐞 များကို ကျယ်ပြန့်သော 𝐓𝐡𝐞𝐦𝐞 များအဖြစ် ပေါင်းစပ်လိုက်ပါတယ်။
(ဥပမာ - "အနားယူချိန် မရှိခြင်း"၊ "အလုပ်ဆင်းပြီး အိမ်တွင် ချက်ပြုတ်ရခြင်း" နှင့် "ကလေးထိန်း တာဝန်များ" ဆိုသည်များကို စုစည်းကာ နောက်ဆုံးတွင် "အလုပ်နှင့် မိသားစုကြား မျှတမှု" (𝐖𝐨𝐫𝐤-𝐟𝐚𝐦𝐢𝐥𝐲 𝐛𝐚𝐥𝐚𝐧𝐜𝐞) ဆိုသည့် ကျယ်ပြန့်သော 𝐓𝐡𝐞𝐦𝐞 အဖြစ် ဖန်တီးနိုင်ပါသည်။)
👉 𝐆𝐫𝐨𝐮𝐧𝐝𝐞𝐝 𝐓𝐡𝐞𝐨𝐫𝐲 (အချက်အလက်အခြေပြု သီအိုရီဖော်ထုတ်မှု):
အကြောင်းအရာတစ်ခုနှင့် ပတ်သက်၍ မူလအသိပညာ နည်းပါးနေချိန်တွင် အလွန်အသုံးဝင်သည့် နည်းလမ်းဖြစ်ပါတယ်။ 𝐌&𝐄𝐞𝐫က ရရှိလာသော 𝐃𝐚𝐭𝐚 များမှ တိုက်ရိုက် သဘောတရားများနှင့် ရှင်းလင်းချက်များကို ဖော်ထုတ်ပြီး ထိုတွေ့ရှိချက်များမှတစ်ဆင့် နားလည်မှု သို့မဟုတ် သီအိုရီတစ်ခုကို တဖြည်းဖြည်း မူတည်တည်ဆောက်ယူခြင်း ဖြစ်ပါတယ်။
𝐐𝐮𝐚𝐥𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐃𝐚𝐭𝐚 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 လုပ်တဲ့အခါ သိထားသင့်တဲ့ အဓိကအဆင့်များ
အဆင့် (၁) - 𝐏𝐫𝐞𝐩𝐚𝐫𝐞 𝐚𝐧𝐝 𝐨𝐫𝐠𝐚𝐧𝐢𝐳𝐞 𝐭𝐡𝐞 𝐝𝐚𝐭𝐚 (𝐃𝐚𝐭𝐚များကို ပြင်ဆင်ခြင်းနှင့် စနစ်တကျစီစဉ်ခြင်း) ပထမဆုံးအဆင့်အနေနဲ့ ကောက်ယူရရှိလာတဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ ပြင်ဆင်ရပါမယ်။ အင်တာဗျူးတွေကို စာသားအဖြစ်ပြောင်းတာ၊ မှတ်စုတွေကို စီစဉ်တာ၊ 𝐃𝐚𝐭𝐚တွေကို စစ်ဆေးတာတွေအပြင် ပါဝင်ဖြေဆိုသူတွေရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံစေဖို့ ကုဒ်နံပါတ်တွေ သတ်မှတ်ပေးရပါမယ်။ ဖိုင်တွဲတွေ၊ စာရင်းဇယားတွေ (သို့) 𝐍𝐕𝐢𝐯𝐨, 𝐀𝐓𝐋𝐀𝐒.𝐭𝐢, 𝐌𝐢𝐜𝐫𝐨𝐬𝐨𝐟𝐭 𝐄𝐱𝐜𝐞𝐥 စတဲ့ ဆော့ဖ်ဝဲလ်တွေကို အသုံးပြုပြီး စနစ်တကျ စီစဉ်နိုင်ပါတယ်။
👉 💡 ဥပမာ - လူ (၁၅) ယောက်ကို အင်တာဗျူးထားတယ်ဆိုရင် ဖြေဆိုသူတွေရဲ့ နာမည်အရင်းအစား 𝐏𝐚𝐫𝐭𝐢𝐜𝐢𝐩𝐚𝐧𝐭 𝟎𝟏, 𝐏𝐚𝐫𝐭𝐢𝐜𝐢𝐩𝐚𝐧𝐭 𝟎𝟐 စသဖြင့် နာမည်ပေးသိမ်းဆည်းခြင်းက လျှို့ဝှက်ချက်တွေကို ကာကွယ်ပေးနိုင်သလို 𝐃𝐚𝐭𝐚တွေကို စီမံခန့်ခွဲရလွယ်ကူစေပါတယ်။
အဆင့် (၂) - 𝐑𝐞𝐯𝐢𝐞𝐰 𝐚𝐧𝐝 𝐟𝐚𝐦𝐢𝐥𝐢𝐚𝐫𝐢𝐳𝐞 𝐲𝐨𝐮𝐫𝐬𝐞𝐥𝐟 𝐰𝐢𝐭𝐡 𝐭𝐡𝐞 𝐝𝐚𝐭𝐚 (𝐃𝐚𝐭𝐚များကို လေ့လာသုံးသပ်ခြင်းနှင့် ရင်းနှီးကျွမ်းဝင်စေခြင်း)
𝐌&𝐄 သမားဟာ အင်တာဗျူးစာသားတွေနဲ့ လေ့လာတွေ့ရှိချက် မှတ်စုတွေကို အထပ်ထပ်အခါခါ ဖတ်ရှုရပါမယ်။ 𝐃𝐚𝐭𝐚တွေနဲ့ ရင်းနှီးကျွမ်းဝင်လာတဲ့အခါ ထပ်ခါထပ်ခါပါဝင်နေတဲ့ အိုင်ဒီယာတွေ၊ စိတ်ဝင်စားစရာ အဆိုအမိန့်တွေ၊ မမျှော်လင့်ထားတဲ့ တွေ့ရှိချက်တွေနဲ့ ဆက်စပ်မှုတွေကို သတိထားမိလာပါလိမ့်မယ်။
👉 💡 ဥပမာ - အိမ်မှုကိစ္စ တာဝန်တွေအကြောင်း အင်တာဗျူးတွေကို ဖတ်တဲ့အခါ၊ မူလရည်ရွယ်ချက်က "အိမ်မှုကိစ္စလုပ်ငန်းဆောင်တာများ" အကြောင်း ဖြစ်နေပေမယ့် အမျိုးသမီးအများစုက "ပင်ပန်းနွမ်းနယ်မှု" ကို ထည့်သွင်းပြောဆိုနေကြတာကို 𝐌&𝐄 သမားက သတိထားမိနိုင်ပါတယ်။ ဒါက နောက်ပိုင်းခွဲခြမ်းစိတ်ဖြာမှုမှာ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
အဆင့် (၃) - 𝐃𝐞𝐯𝐞𝐥𝐨𝐩 𝐢𝐧𝐢𝐭𝐢𝐚𝐥 𝐜𝐨𝐝𝐞𝐬 𝐟𝐫𝐨𝐦 𝐭𝐡𝐞 𝐝𝐚𝐭𝐚 (𝐃𝐚𝐭𝐚များမှ ကနဦး ကုဒ်များ (𝐂𝐨𝐝𝐞𝐬) သတ်မှတ်ခြင်း)
𝐂𝐨𝐝𝐢𝐧𝐠 ဆိုတာ 𝐃𝐚𝐭𝐚ရဲ့ အဓိပ္ပာယ်ရှိတဲ့ အစိတ်အပိုင်းတွေကို အမည်တိုလေးတွေ (𝐋𝐚𝐛𝐞𝐥𝐬) တပ်ပေးတာဖြစ်ပါတယ်။ ကုဒ်တစ်ခုဟာ သုတေသနနဲ့ သက်ဆိုင်တဲ့ အိုင်ဒီယာ၊ အပြုအမူ၊ ခံစားချက် (သို့) ပြဿနာတစ်ခုခုကို ကိုယ်စားပြုနိုင်ပါတယ်။ ကုဒ်တွေကို 𝐃𝐚𝐭𝐚ကနေ တိုက်ရိုက်ယူနိုင်သလို (𝐨𝐩𝐞𝐧 𝐜𝐨𝐝𝐢𝐧𝐠)၊ ရှိပြီးသား 𝐝𝐞𝐝𝐮𝐜𝐭𝐢𝐯𝐞 𝐜𝐨𝐝𝐢𝐧𝐠 - သီအိုရီတွေကနေယူတာ ဒါမှမဟုတ် နှစ်မျိုးလုံးပေါင်းသုံးတာ (𝐡𝐲𝐛𝐫𝐢𝐝 𝐜𝐨𝐝𝐢𝐧𝐠) မျိုး လုပ်နိုင်ပါတယ်။ အရေးကြီးတဲ့ စာကြောင်းတွေကို မှတ်သားပြီး အမည်တိုလေးတွေတပ်ကာ၊ သတ်မှတ်ထားတဲ့ ကုဒ်တွေကို တစ်သမတ်တည်းဖြစ်စေဖို့ ကုဒ်စာရင်း (𝐌𝐚𝐬𝐭𝐞𝐫 𝐥𝐢𝐬𝐭 𝐨𝐟 𝐜𝐨𝐝𝐞𝐬) တစ်ခုကို စနစ်တကျ မှတ်သားထားရပါမယ်။
👉 💡 ဥပမာ - ဖြေဆိုသူတစ်ဦးက "အလုပ်ကပြန်ရောက်တာနဲ့ ညစာချက်ရတော့ နားချိန်တောင် သိပ်မရဘူး" လို့ပြောတဲ့အခါ 𝐌&𝐄 သမားက ဒါကို "အချိန်မလောက်ငှမှု (𝐭𝐢𝐦𝐞 𝐩𝐫𝐞𝐬𝐬𝐮𝐫𝐞)"၊ "အိမ်မှုကိစ္စ ဝန်ထုပ်ဝန်ပိုး (𝐡𝐨𝐮𝐬𝐞𝐡𝐨𝐥𝐝 𝐰𝐨𝐫𝐤𝐥𝐨𝐚𝐝)" (သို့) "အနားမရမှု (𝐥𝐚𝐜𝐤 𝐨𝐟 𝐫𝐞𝐬𝐭)" စသဖြင့် ကုဒ်သတ်မှတ်နိုင်ပါတယ်။
အဆင့် (၄) - 𝐆𝐫𝐨𝐮𝐩 𝐜𝐨𝐝𝐞𝐬 -ကုဒ်များကို အုပ်စုဖွဲ့ခြင်း
ကနဦး ကုဒ်တွေရပြီဆိုရင် 𝐌&𝐄 သမားက ဆင်တူတဲ့ ကုဒ်တွေကို ပိုကျယ်ပြန့်တဲ့ အမျိုးအစား (𝐜𝐚𝐭𝐞𝐠𝐨𝐫𝐢𝐞𝐬) တွေအနေနဲ့ အုပ်စုဖွဲ့ရပါမယ်။ ဆင်တူတာတွေကို ပေါင်းနိုင်သလို၊ ကျယ်ပြန့်လွန်းတဲ့ အမျိုးအစားတွေကို အသေးစိတ်ပြန်ခွဲတာ၊ မသက်ဆိုင်တဲ့ ကုဒ်တွေကို ဖယ်ရှားတာတွေ လုပ်နိုင်ပါတယ်။ ဒီလုပ်ငန်းစဉ်တစ်လျှောက်မှာ အုပ်စုဖွဲ့ထားတာတွေက တကယ့်𝐃𝐚𝐭𝐚တွေနဲ့ ကိုက်ညီမှုရှိမရှိ သေချာစေဖို့ မူလအင်တာဗျူးစာသားတွေကို အကြိမ်ကြိမ် ပြန်လည်စစ်ဆေးရပါမယ်။
အဆင့် (၅) - 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐞 𝐜𝐚𝐭𝐞𝐠𝐨𝐫𝐢𝐞𝐬 𝐢𝐧𝐭𝐨 𝐭𝐡𝐞𝐦𝐞𝐬 - အမျိုးအစားများ (𝐂𝐚𝐭𝐞𝐠𝐨𝐫𝐢𝐞𝐬) ကို အဓိကခေါင်းစဉ်များ (𝐓𝐡𝐞𝐦𝐞𝐬) အဖြစ် စနစ်တကျစီစဉ်ခြင်း
ဒီအဆင့်မှာတော့ အုပ်စုဖွဲ့ထားတဲ့ 𝐂𝐚𝐭𝐞𝐠𝐨𝐫𝐢𝐞𝐬 တွေကို သုတေသနမေးခွန်းနဲ့ ချိတ်ဆက်ပြီး ပိုမိုကြီးမားတဲ့ 𝐓𝐡𝐞𝐦𝐞𝐬 တွေအဖြစ် ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။)
အဆင့် (၆) - 𝐖𝐫𝐢𝐭𝐞 𝐮𝐩 𝐚𝐧𝐝 𝐩𝐫𝐞𝐬𝐞𝐧𝐭 𝐟𝐢𝐧𝐝𝐢𝐧𝐠𝐬 - တွေ့ရှိချက်များကို ရေးသားခြင်းနှင့် တင်ပြခြင်း ဒီအဆင့်မှာတော့ 𝐌&𝐄 သမားဟာ နောက်ဆုံးရရှိလာတဲ့ 𝐓𝐡𝐞𝐦𝐞 (အဓိကခေါင်းစဉ်) တစ်ခုချင်းစီကို တိကျတဲ့အမည်ပေးပြီး၊ အနှစ်ချုပ်ရေးသားရပါတယ်။ ပြီးရင်တော့ ခိုင်လုံတဲ့ အထောက်အထားတွေ၊ အကြံပြုချက်တွေနဲ့အတူ တွေ့ရှိချက်တွေကို တင်ပြရပါတယ်။ တင်ပြတဲ့အခါ ကိုယ်ပြောချင်တဲ့ အချက်တွေကို ပိုမိုပီပြင်ထင်ရှားစေဖို့ ဖြေဆိုသူတွေရဲ့ စကားပြောမှတ်တမ်း (𝐭𝐫𝐚𝐧𝐬𝐜𝐫𝐢𝐩𝐭𝐬) ထဲက စကားစုတွေကို တိုက်ရိုက်ကောက်နုတ်ချက် (𝐃𝐢𝐫𝐞𝐜𝐭 𝐪𝐮𝐨𝐭𝐞𝐬) အနေနဲ့ ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။
👉 💡 ဥပမာ - မိသားစုဝင်တွေဆီက အကူအညီပိုရတဲ့ အမျိုးသမီးတွေဟာ အချိန်မလောက်ငှမှု (𝐭𝐢𝐦𝐞 𝐩𝐫𝐞𝐬𝐬𝐮𝐫𝐞) ကို ခံစားရမှုနည်းပါးပြီး၊ အိမ်မှုကိစ္စ အများစုကို တစ်ယောက်တည်း လုပ်ကိုင်နေရသူတွေကတော့ ပိုပြီး ပင်ပန်းနွမ်းနယ်ရတယ်ဆိုတာကို သုတေသီအနေနဲ့ တွေ့ရှိနိုင်ပါတယ်။ ဒီလို ဆက်စပ်မှုတွေက သုတေသီကို ပိုမိုလေးနက်တဲ့ ရှင်းလင်းချက်တွေ ဖော်ထုတ်နိုင်စေပြီး သုတေသနမေးခွန်းတွေကို ပိုမိုအဓိပ္ပာယ်ရှိရှိ ဖြေဆိုနိုင်ဖို့ ကူညီပေးပါတယ်။
⚖️ အကဲဖြတ်စံနှုန်းများ (𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 𝐂𝐫𝐢𝐭𝐞𝐫𝐢𝐚)
𝐐𝐮𝐚𝐥𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐌&𝐄 (အရည်အသွေးဆိုင်ရာ သုတေသန) တွေကို အများအားဖြင့် 𝐋𝐢𝐧𝐜𝐨𝐥𝐧 နဲ့ 𝐆𝐮𝐛𝐚 (𝟏𝟗𝟖𝟓) တို့ အဆိုပြုခဲ့တဲ့ အောက်ပါ စံနှုန်း (၄) ချက်နဲ့ အကဲဖြတ်လေ့ရှိပါတယ်။
၁။ 𝐂𝐫𝐞𝐝𝐢𝐛𝐢𝐥𝐢𝐭𝐲 (ယုံကြည်စိတ်ချရမှု) - သုတေသနတွေ့ရှိချက်တွေက ပါဝင်ဖြေဆိုသူတွေရဲ့ တကယ့်အတွေ့အကြုံတွေ၊ အမြင်တွေကို ဘယ်လောက်အတိုင်းအတာအထိ တိတိကျကျ ကိုယ်စားပြုဖော်ပြနိုင်သလဲ ဆိုတာကို ဆိုလိုပါတယ်။
၂။ 𝐓𝐫𝐚𝐧𝐬𝐟𝐞𝐫𝐚𝐛𝐢𝐥𝐢𝐭𝐲 (လွှဲပြောင်းအသုံးပြုနိုင်မှု) - တွေ့ရှိချက်တွေကို တခြားဆင်တူတဲ့ အခြေအနေတွေ (သို့) အုပ်စုတွေမှာ အသုံးပြုနိုင်ခြင်း ရှိ/မရှိ (သို့) ဆီလျော်မှု ရှိ/မရှိ ဆိုတာကို ဆိုလိုပါတယ်။
၃။ 𝐃𝐞𝐩𝐞𝐧𝐝𝐚𝐛𝐢𝐥𝐢𝐭𝐲 (အားထားရမှု) - သုတေသနလုပ်ငန်းစဉ် တစ်လျှောက်လုံး တစ်သမတ်တည်းဖြစ်မှု (𝐂𝐨𝐧𝐬𝐢𝐬𝐭𝐞𝐧𝐜𝐲) ရှိခြင်းနဲ့ အလားတူ အခြေအနေမျိုးမှာ ပြန်လုပ်ပါက အလားတူ တွေ့ရှိချက်မျိုး ရနိုင်/မရနိုင် ဆိုတာကို ရည်ညွှန်းပါတယ်။
၄။ 𝐂𝐨𝐧𝐟𝐢𝐫𝐦𝐚𝐛𝐢𝐥𝐢𝐭𝐲 (အတည်ပြုနိုင်မှု) - တွေ့ရှိချက်တွေဟာ သုတေသီရဲ့ ကိုယ်ပိုင်အမြင်တွေ၊ ဘက်လိုက်မှုတွေအပေါ် အခြေခံထားတာမဟုတ်ဘဲ ပါဝင်ဖြေဆိုသူတွေရဲ့ အဖြေတွေ၊ အထောက်အထားတွေအပေါ်မှာသာ အခြေခံထားကြောင်း သေချာစေခြင်း ဖြစ်ပါတယ်။
👉 ဒီစံနှုန်းတွေဟာ 𝐐𝐮𝐚𝐧𝐭𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐌&𝐄 (အရေအတွက်ဆိုင်ရာ သုတေသန) မှာသုံးတဲ့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥 𝐕𝐚𝐥𝐢𝐝𝐢𝐭𝐲, 𝐄𝐱𝐭𝐞𝐫𝐧𝐚𝐥 𝐕𝐚𝐥𝐢𝐝𝐢𝐭𝐲, 𝐑𝐞𝐥𝐢𝐚𝐛𝐢𝐥𝐢𝐭𝐲 နဲ့ 𝐎𝐛𝐣𝐞𝐜𝐭𝐢𝐯𝐢𝐭𝐲 ဂုဏ်သတ္တိတွေနဲ့ သွားပြီး ကိုက်ညီမှုရှိပါတယ်။ ဒီအချက်တွေ အားလုံးပေါင်းစပ်လိုက်တဲ့အခါ 𝐐𝐮𝐚𝐥𝐢𝐭𝐚𝐭𝐢𝐯𝐞 တွေ့ရှိချက်တွေဟာ ယုံကြည်ကိုးစားထိုက်ခြင်း၊ တစ်သမတ်တည်းရှိခြင်းနဲ့ အထောက်အထားခိုင်လုံခြင်း ရှိစေဖို့ များစွာအထောက်အကူပြုပါတယ်။
👉 အချုပ်ပြုရရင်တော့
𝐐𝐮𝐚𝐥𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐝𝐚𝐭𝐚 𝐚𝐧𝐚𝐥𝐲𝐬𝐢𝐬 (အရည်အသွေးဆိုင်ရာ အချက်အလက်ခွဲခြမ်းစိတ်ဖြာခြင်း) ဟာ ပါဝင်ဖြေဆိုသူတွေရဲ့ အတွေ့အကြုံတွေကို စနစ်တကျစီစဉ်ခြင်း၊ ကုဒ်သတ်မှတ်ခြင်း (𝐜𝐨𝐝𝐢𝐧𝐠)၊ ဖော်ပြခြင်းနဲ့ အဓိပ္ပာယ်ကောက်ယူခြင်းတွေ ပြုလုပ်ရတဲ့ စနစ်ကျပေမယ့် ပျော့ပြောင်းမှုရှိတဲ့ (𝐟𝐥𝐞𝐱𝐢𝐛𝐥𝐞) လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။
👉အဓိကခေါင်းစဉ် (𝐓𝐡𝐞𝐦𝐞𝐬) တွေကို ဂရုတစိုက်ဖော်ထုတ်ခြင်း၊ ရရှိလာတဲ့အဖြေတွေကို နှိုင်းယှဉ်ခြင်းနဲ့ အိုင်ဒီယာတွေကြားက ဆက်စပ်မှုတွေကို လေ့လာဆန်းစစ်ခြင်းအားဖြင့် သုတေသီတွေအနေနဲ့ ရိုးရိုးရှင်းရှင်း ဖော်ပြရုံတင်မဟုတ်ဘဲ ပိုမိုအဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ရှိချက်တွေကိုပါ ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
👉💡 အရေးအကြီးဆုံးအချက်ကတော့ - 𝐈𝐧𝐭𝐞𝐫𝐩𝐫𝐞𝐭𝐚𝐭𝐢𝐨𝐧𝐬 (ကောက်ချက်ချမှု) တွေဟာ 𝐌&𝐄 သမားရဲ့ ကိုယ်ပိုင် ယူဆချက်တွေ (𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐚𝐬𝐬𝐮𝐦𝐩𝐭𝐢𝐨𝐧𝐬) အပေါ်မှာပဲ မှီခိုနေတာမျိုးမဟုတ်ဘဲ၊ တကယ့် အင်တာဗျူး စကားပြောမှတ်တမ်း (𝐚𝐜𝐭𝐮𝐚𝐥 𝐭𝐫𝐚𝐧𝐬𝐜𝐫𝐢𝐩𝐭𝐬) တွေနဲ့ အမြဲတမ်း အနီးကပ် ချိတ်ဆက်နေရမှာ ဖြစ်ပါတယ်။
𝐐𝐮𝐚𝐥𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐌&𝐄 တွေလုပ်တဲ့အခါ ဒီအချက်လေးတွေကို သတိပြုပြီး ပိုမိုကောင်းမွန်တဲ့ သုတေသနရလဒ်တွေ ရရှိနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
ဒီ 𝐩𝐨𝐬𝐭 ကနေ ဗဟုသုတတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။