17/12/2023
အားလုံးကိုနှုတ်ဆက်ပါတယ်😊
ဒီလမကုန်ခင် နုရွှေအလုပ်နဲ့ ဘန်ကောက်ကိုပြောင်းရတော့မှာပါ၊ မော်လမြိုင်က နုရွှေကိုချစ်ခင်ပေးကြတဲ့ သူတွေအားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။ ချစ်တဲ့မျက်စိနဲ့ကြည့်ပြီး စိတ်ထားကောင်းကောင်းလေးတွေနဲ့ နုရွှေမော်လမြိုင်မှာ Vlogတွေလုပ်ခဲ့တဲ့ တစ်နှစ်ကျော်အချိန်မှာ အားပေးခဲ့ကြသူတွေအားလုံးကို ကျေးဇူးလည်းအများကြီးတင်ပါတယ်။ နုရွှေမော်လမြိုင်မှာရှိနေစဉ်အတွင်း နုရွှေ Vlogတွေကြောင့် အထောက်အပံ့ဖြစ်ခဲ့တဲ့သူတွေရှိခဲ့သလို အကြောင်းအမျိုးမျိုးကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ကြတယ်ဆိုလည်း တောင်းပန်ပါတယ်နော်။ ဒီလကုန်လောက်ထိတော့ နုရွှေ ရိုက်ပေးချင်တဲ့ဆိုင်လေးတွေရှိတာမို့လို့ ဗီဒီယိုလေးတွေတော့ တွေ့နေရဦးမှာပါ။ အဲ့ဒါလေးတွေပြီးရင်တော့ အကယ်၍ဘန်ကောက်မှာ Vlogလေးတွေရိုက်ဖြစ်ရင်တော့ ပြန်တွေ့ကြပါမယ်နော်။ Full Timeအလုပ်ရော ၊ ထိုင်းစာသင်တဲ့အချိန်ပိုင်း အလုပ်တွေနဲ့ရောမို့ vlogလေးတွေပုံမှန်လုပ်ဖြစ်နိုင်ပါ့မလား မသေချာပေမယ့် Daily Vlog ပုံစံမျိုးလေးတွေ YouTube မှာကြိုးစားပြီးတင်ဖို့တော့ ဆန္ဒရှိပါတယ်။အဲ့ဒါကြောင့် အပန်းမကြီးရင် ၊ နုရွှေရဲ့ vlogလေးတွေ ဆက်ကြည့်ချင်သေးတယ်ဆိုရင် Vlog By Nu Nu Shwe ဆိုတဲ့ YouTube channel လေးကို Subscribe လုပ်ထားပေးလို့ရပါတယ်။ https://youtube.com/?si=OP6xojZEqwIWAosU
နောက်ပြီး အားလုံးလက်ထဲမော်လမြိုင်မြို့လေးကို အပ်ခဲ့မယ်နော်၊ဆိုင်တွေစားမကောင်းရင်တော့ အပြုသဘောဆောင်တဲ့ အကြံပေးချက်တွေနဲ့ ဆိုင်ရှင်တွေကိုပြောပေးပြီး ကောင်းရင်တော့ ဆိုင်သစ်လေးတွေလည်း ရေရှည်ရပ်တည်နိုင်အောင် ပန်းသတင်းလေညှင်းဆောင်ပေးကြပါ။ ကျန်းကျန်းမာမာ နေထိုင်စားသောက်ကြပါ။ ပလက်စတစ်တွေလည်း အများကြီးမသုံးကြပါနဲ့ ။တစ်ယောက်ချင်းစီမှာ background storyတွေအသီးသီး ရှိတာမို့ စာနာပေးနိုင်ရင်စာနာပေးလိုက်ပါ၊ ပိုက်ဆံရှိရင်တောင် အခြေခံဘဝလိုအပ်ချက်တွေကို ခက်ခက်ခဲခဲရယူနေရတဲ့တိုင်းပြည်မှာ ဘဝအမောတွေက သူ့အလိုလိုတောင် ရင်နဲ့မဆံ့လို့ ချစ်ချစ်ခင်ခင်ပဲ ဖေးကူကြပါနော်။Vloggerလုပ်တဲ့တောက်လျှောက်လုံး မဲလည်းမဖောက်၊လက်ဆောင်လည်းမပေးတဲ့ အကျင့်မကောင်းဆုံးVloggerကိုပြပါဆို နုရွှေပါပဲ😅 အဲ့ဒါကြောင့် မော်လမြိုင်ကနေမသွားခင် နုရွှေကို ချစ်သူခင်သူတွေအား အမှတ်တရလက်ဆောင်လေး ပြန်ပေးချင်ပါတယ်။Reusable Cupလေးတွေ၁၀လုံး ၁၀ယောက်ကိုပေးပါ့မယ်နော်။မွေးနေ့ကတည်းက ပေးမယ်ဆိုပြီးရည်ရွယ်ပြီး ဝယ်ထားတာ အခုမှပဲ ပေးရတော့တယ်၊ ခွက်ပုံလေးကိုတော့ comment ထဲကြည့်ပေးပါ။လုပ်ပေးရမှာက တခုပါပဲ။ကောမန့်မှာ နုရွှေနဲ့ပတ်သတ်ပြီးတခုခုမန့်ခဲ့ပေးရုံပါပဲ၊အမှတ်တရပဲဖြစ်ဖြစ်၊စိတ်ထဲပြောချင်တာပဲဖြစ်ဖြစ် တခုခုပါ၊ဖတ်ချင်လို့ပါ❤️။ ဒီပိုစ့်ကိုမရှဲလည်း ရပါတယ်။ နုရွှေYouTube channelလေးကို subscribe လုပ်ထားပေးရင်တော့ပိုကျေးဇူးတင်မိမှာပါ♥️
ကောမန့်ထဲမှာလက်ဆောင်မယူချင်ပေမယ့် ကောမန့်မန့်ပေးချင်တဲ့သူတွေလည်းရှိနိုင်တာမို့လို့ လက်ဆောင်ယူမယ်ဆို ❤️❤️❤️ အသည်းလေး၃လုံးပါထည့်မန့်ပေးပါနော်။ Love You Allပါ❤️
တာ့တာနော်🥹