Lin Min Taw တစ်ခါတလေ
လူတွေရဲ့ အဝေး
ထွက်ခွာပြေးချင်ပေမယ့်
အမှန်တော့ ဖြစ်နိုင်ပါ့မလား..?

"ငါ"ဆိုတာ
လူသားတွေထဲက လူတစ်ယောက်
ဘယ် ထွက်ပေါက်ရှိနိုင်ပါ့မလဲ။

"ဘဝဟာ နေတတ်ရင် ကျေနပ်စရာ"တဲ့..
လူတွေအကြောင်း ပိုသိလာလေလေ
ပိုပြီး နေတတ်လာလေပါပဲ။

13/06/2026
12/06/2026

“ပြုံးပြရုံနဲ့တင်ခွင့်လွတ်တတ်နေပြီး”

သူ့အတွက် ကိုယ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။အဲဒါကတော့ သူ့ကို နောက်ထပ် မနှောက်ယှက်တော့ဖို့ပဲ။တကယ်တော့လေ... သူ့ဆီကို ဖုန်း...
11/06/2026

သူ့အတွက် ကိုယ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။
အဲဒါကတော့ သူ့ကို နောက်ထပ် မနှောက်ယှက်တော့ဖို့ပဲ။
တကယ်တော့လေ... သူ့ဆီကို ဖုန်းဆက်ချင်တဲ့စိတ်၊
စာပို့ချင်တဲ့စိတ်တွေကို ထိန်းချုပ်ရတာက
ကိုယ့်ဘဝမှာ အခက်ခဲဆုံး အလုပ်တစ်ခုပဲ။
အရင်တစ်ချိန်က....သူ့အသံလေး ကြားလိုက်ရရင်၊
သူ့ဆီက စာတိုလေးတစ်စောင် ရလိုက်ရင်ပဲ
ကိုယ့်တစ်နေ့တာက ပြီးပြည့်စုံသွားခဲ့တာ။
ဒါပေမဲ့ အခုတော့ ကိုယ် နားလည်သွားပြီ။
ကိုယ့်ရဲ့ အဲဒီ 'လွမ်းဆွတ်မှု' တွေက
သူ့အတွက်တော့ 'အနှောက်အယှက်' တွေ ဖြစ်နေခဲ့တာပဲ။
အခုတော့......
သူ့မှာလည်း သူ့ဘဝနဲ့သူ၊ သူကမ္ဘာနဲ့သူ ရှိနေပြီပဲလေ။
ကိုယ်က အတင်းအကျပ် ဝင်တိုးနေလို့လည်း
ဘာမှ ထူးမလာတော့ဘူး။
ကိုယ်ရှိနေခြင်းက သူ့ကို စိတ်အနှောင့်အယှက်
ဖြစ်စေတယ်ဆိုရင်... အဝေးဆုံးကို ဆုတ်ခွာပေးဖို့
အဆင်သင့်ပါပဲ.....။
လူတွေက ပြောကြတယ်... 'မရှိမဖြစ်' ဆိုတာ မရှိဘူးတဲ့။ အချိန်တန်ရင် အားလုံးက နေသားကျသွားမှာပါတဲ့။
ကိုယ်လည်း အဲဒီစကားကို ယုံကြည့်ဖို့ ကြိုးစားနေပါတယ်။
ဒါပေမယ့်....
သူမရှိတဲ့ ဒီရက်စွဲတွေမှာ မနေတတ် မထိုင်တတ်
ဖြစ်နေတာတော့ အမှန်ပဲ။
အရာရာတိုင်းက ဟာလာဟင်းလင်းနဲ့...။
ဒါပေမဲ့... မနေတတ်ဘူးဆိုပြီး သူ့ဆီ ပြန်သွားဖို့
ကိုယ့်မှာ အခွင့်အရေး မရှိတော့ဘူး။
ဒါကြောင့် မနေတတ်လည်း နေတတ်အောင်
ကိုယ် ကြိုးစားရမယ်။
သူ့ကို သတိရရုံကလွဲလို့ ဘာမှ မလုပ်တော့ပါဘူး။
သူ့ဘဝထဲကိုလည်း အရိပ်တစ်ခုလိုတောင်
ဖြတ်မလာတော့ဘူးလို့ ကတိပေးပါတယ်။
တကယ်ဆို....သူ ပျော်နေဖို့ပဲ အရေးကြီးပါတယ်။
ကိုယ့်အတွက်ကတော့...
သူပေးခဲ့တဲ့ အမှတ်တရလေးတွေကိုပဲ ဖက်တွယ်ပြီး
မနေတတ်တဲ့ကြားကနေပဲ ရှင်သန်ကြည့်ပါ့မယ်။
နှုတ်ဆက်ခဲ့ပါတယ်......
(နင့်ဘဝထဲက ငါဆိုတဲ့ အနှောက်အယှက်

09/06/2026

ပြိုလဲလို့မရတဲ့အခြေအနေမှာအဆင်ပြေသွားမှာပါဆိုတဲ့စကားနဲ့

ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ ရှိတာပေါ့။ ရှိပေမယ့်လည်း ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ။မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ ခံစာ...
08/06/2026

ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့။ ရှိပေမယ့်လည်း ဒီဒေါသကို
ထုတ်မပြနိုင်တာက ပညာပဲ။

မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့။ ခံစားရပေမယ့်လည်း
မျက်နှာမှာ မ ပေါ်လွင်အောင်
ထိန်းချုပ်နိုင်တာက ပညာပဲ။

ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်
ပါ့မလဲ ဝမ်းနည်းတတ်တာပေါ့။ ဝမ်းနည်း
ပေမယ့်လည်း လူတကာကို လှပ်ပြပြီး
ပြောပြမနေတော့တာက ပညာပဲ။

လူပဲ ခံစားချက်ကတော့ အသက်ရှင်
နေသ၍ ရှိနေဦးမှာပဲ။ ဘယ်လို ပညာသား
ပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ
ကွာသွားကြတယ်။

ဖော်ပြလို့ မထူးဘူးဆိုရင် ဒီလိုပဲ
အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ။

ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ
ဒေါသကြီးတယ်ဆိုတဲ့နာမည်ရသွားမယ်။
ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့
သိကြမှာ မဟုတ်ဘူး။

ခံစားချက်တိုင်း ထုတ်ပြနေရင်
ကိုယ့်အားနည်းချက် လူသိတာပဲ
အဖတ်တင်တယ်။ ကိုယ်ခံစားရတာ
သူတို့က ပြေလည်အောင် လုပ်ပေးနိုင်တာမှ
မဟုတ်တာ။

ဝမ်းနည်းတိုင်း ငိုပြနေရင် ကိုယ်အား
ပျော့တာပဲ လူသိတယ်။ ဖေးမကူညီမှာထက်
ဝေဖန်တဲ့လူတွေက ခပ်များများဆို တော့
နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ။

လူဖြစ်လာပေမယ့်လည်း ဒီလူတွေနဲ့
နေဖို့ဆိုတာ တော်တော်လေး အထာကျပြီး
ရင့်ကျက်နိုင်မှ တော်ကာကျတယ်။

ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ဆိုတာ
ကလည်း တော်တော်လေးကို ခက်တာ။

တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ
တကယ့်ပညာပါဘဲ လောကအလယ်ရင့်
ကျက်ဖို့ သင်ယူကြရပေဦးမည်။

ဒီကြားထဲတော့ အတတ်နိုင်ဆုံး
တိတ်ဆိတ်နေပေးလိုက်ပါမယ်။


#ပေါင်းသင်းဆက်ဆံခြင်းအနုပညာ

08/06/2026

ထားခဲ့လိုက်ပါတော့

08/06/2026

“အရမ်းမှန်ပါတယ်”


07/06/2026

ဘဝဆိုတာ အလွန်တိုတောင်လွန်းလို့..”
အလွန်အမင်းစိတ်ပူပန်နေ့ဖို့မလိုပါဘူး.

07/06/2026

လောကမှာဘယ်သောအခါမှရိုးမသွားတဲ့အရာတစ်ခုရှိတယ်””ဘာလဲသိလာ…”

လောကနီတိ၁၀၅မှ၁၁၆ရန်ခိုက်တွေ့ကြုံငြင်းခုံတတ်သော အလေ့ရှိသောငြူစူစောင်းမြောင်းပြောဆိုလေရှိသောများစွာလည်းချက်စားတတ်သောလင်ဦး...
02/04/2026

လောကနီတိ
၁၀၅မှ၁၁၆

ရန်ခိုက်တွေ့ကြုံငြင်းခုံတတ်သော အလေ့ရှိသော

ငြူစူစောင်းမြောင်းပြောဆိုလေရှိသောများစွာလည်းချက်စားတတ်သော

လင်ဦးစားလေ့ရှိသော သူတစ်ပါး၏အိမ်သို့သွားတတ်နေတတ်လေ့ရှိသော

မိန်းမကိုသားတစ်ရာပင် မြင်ငြားသော်လည်း ယောက်ျားသည်စွန့်ပြစ်ရာ၏

အကြင်မိန်းမသည် စားသောအခါတို့၌လည်းကောင်း

ဝတ်ဆင်သောအခါတို့၌လည်းကောင်း

အမိကဲ့သို့နှစ်သက်ဖွယ်ပြုပြင်ပေးတတ်၏

လျှို့ဝှက်အပ်သောအမှုလုပ်သောအခါ၌

နှမကဲ့သို့လွန်စွာရှက်တတ်၏ အမှုလုပ်သောအခါတို့၌လည်းကောင်း

လင်၏အပါးသို့သွားသောအခါတို့၌လည်းကောင်း

ကျွန် မကဲ့သို့ရိုသေတတ်၏ ဘေးရှိသောအခါတို့၌ တိုင်ပင်ဖက်ရ၏

အိပ်သောအခါတို့၌မွေ့လျော်စေတတ်၏

အရောင်အဆင်းကိုပြုပြင်ခြင်းတို့၌ တင့်တယ်စွာပြုတတ်၏

အမျက်ထွက်သောအခါတို့၌သည်းခံတတ်၏

ထိုမိန်းမကို မြတ်၏ဟူ၍ ပညာရှိတို့သည် ဆိုကုန်၏

ထိုမိန်းမသည်သေသည်၏အခြားမဲ့၌လည်းနတ်ပြည်ဖြစ်ရာ၏။

အကြင်မိန်းမသည် ရွှေသောအသားအရေလည်းရှိ၏

သမင်မျက်စိကဲ့သို့ညိုသောမျက်စိလည်းရှိ၏

ခါးစည်းတင်ကျယ်ငယ်သောဝမ်းလည်းရှိ၏

ဆင်နှာမောင်းကဲ့သို့သွယ်သောပေါင်တံရှိ၏

ရှည်လျားကောင်းမွန်သောဆံပင်လည်းရှိ၏

ညီညွတ်သော သွားလည်းရှိ နက်သောချက်လည်းရှိ၏

ကောင်းသောကိုယ့်ကျင့်တရားလည်းရှိ၏

ထိုသို့သော မိန်းမငယ်ကို ယုတ်သောအမျိုးတို့၌ဖြစ်သော်လည်း

ထိုမိန်းမပျိုကိုထိမ်းမြားဆက်ဆံရာ၏

ကာလတို့တွင်တန်ဆောင်မုန်းလ သရဒဥတုသည်မြတ်၏

မယားတို့တွင် အဆင်းလှသောမိန်းမသည်မြတ်၏

သားတို့တွင်သားကြီးသည်မြတ်၏

အရပ်မျက်နှာတို့တွင် မြောက်အရပ်သည်မြတ်၏

အကြင်မိန်းမသည် ဖြစ်တိုင်းဖြစ်တိုင်း အဖန်တလဲလဲ ယောက်ျားအဖြစ်ကို

အလိုရှိငြားအံ့ ထို့မိန်းမသည် သိကြားမင်း၏မယားသည်သိကြားမင်းကို

အရိုအသေလုပ်ကျွေးသကဲ့သို့ လင်ကိုအရိုအသေလုပ်ကျွေးရာ၏

အကြင်ယောက်ျားသည် ဖြစ်တိုင်းဖြစ်တိုင်း အဖန်တလဲလဲ

ယောကျာ်း၏အဖြစ်ကိုအလိုရှိငြာအံ့ ထို့ယောက်ျားသည်

သူတစ်ပါး၏မယားကို ခြေဆေးပြီးသောယောက်ျားသည်

ညွန်ကို ကြဥ်သကဲ့သို့ ရှောင်ကြဥ်ရာ၏

အရွယ်လွန်ပြီးသောယောက်ျားသည် တည်းသီမျှငယ်သောသားမြတ်ရှိသော

မိန်းမပျိုကိုယူဆောင်သိမ်းဆည်း၏

ထိုမိန်းမပျိုအားမိမိအလိုရှိရာမပါသည်ဖြစ်၍

စောင်းမြောင်းငြူစူတတ်၏ လင်အိုတစ်ယောက်၌

မွေ့လျောလတ်တံ့ဟုမယုံကြည် ထို့ကြောင့်

ထိုငယ်သောမယားကိုသိမ်းဆည်းခြင်းသည်

ပျက်စီးသည်၏ အကြောင်းတည်း။

မင်းကား တစ်ယံသာအိပ်ရာ၏ ပညာရှိကား နှစ်ယံသာလျှင်အိပ်ရာ၏

အိမ်ရာထောင်သောလူအပေါင်းတို့ကား သုံးယံသာလျှင်အိပ်ရာ၏

ဖုန်းတောင်း ယာစကာ ကားလေးယံလုံးသာလျှင်အိပ်ရာ၏

အကြင်အရပ်၌ဥစ္စာရှိသောသူလည်းကောင်း

အကြားအမြင်များသောပညာရှိလည်းကောင်း

မင်းလည်းကောင်း မြစ်လည်းကောင်း ထို့မြို့ ဆေးသမားလည်းကောင်း

ဤငါးပါးတို့သည် မရှိကုန် ထိုအရပ်၌တနေ့တရက်မျှမနေရာ

အကြင်အရပ်၌မြတ်နိုးခြင်းလည်းမရှိပေ ချစ်ခြင်းလည်းမရှိ

အဆွေခင်ပွန်းလည်းမရှိ တစုံတယောက်မျှအတတ်ပညာသင်စိမ့်သော

သူလည်းမရှိ ထိုအရပ်၌တစ်နေ့တစ်ရက်မျှမနေရာ

လောက၌ သားမရှိသောအိမ်သည် ဆိတ်ငြိမ်၏

မင်းမရှိသောတိုင်းပြည်သည်ဆိတ်ငြိမ်၏

အတတ်မရှိသောခံတွင်းသည်ဆိတ်ငြိမ်၏

ဆင်းရဲခြင်းကား အလုံးစုံဆိတ်ငြိမ်၏

ဥစ္စာကိုအလိုရှိငြားအံ့ ကုန်သွယ်ရာ၏

အတတ်ကိုအလိုရှိကိုမူကား အကြားအမြင်ရှိသောပုဂ္ဂိုလ်ကိုဆည်းကပ်ရာ၏

သားကိုအလိုရှိမူကား မိန်းမငယ်ကိုပေါင်းဖော်ရာ၏

မင်းအမတ်ဖြစ်ခြင်းကိုအလိုရှိမူကား မင်းလိုသို့လိုက်ရာ၏

လက်တွေ့ဘဝမှာအသုံးချနိုင်ကြပါစေ

ที่อยู่

Phra Khanong
กรุงเทพมหานคร10400

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Lin Min Tawผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์