Alpha News News For You!
(1)

“အလွန်စည်းကမ်းကြီးစွာနဲ့ အင်ဒိုနီးရှားတွေ ထိန်းသိမ်းပေးထားကြတဲ့ ဗောဓောဗုဒ္ဓဘုရားကြီး”(ရွှေပြည်ကြီးက ‌ဂေါပကတွေ အတုယူသင့်ပ...
26/07/2025

“အလွန်စည်းကမ်းကြီးစွာနဲ့ အင်ဒိုနီးရှားတွေ ထိန်းသိမ်းပေးထားကြတဲ့ ဗောဓောဗုဒ္ဓဘုရားကြီး”
(ရွှေပြည်ကြီးက ‌ဂေါပကတွေ အတုယူသင့်ပါတယ်)

ဒီဘုရားကြီး တက်ရောက်ခွင့် ဝင်ကြေးက ဘဏ္ဍာတော် ဝင်ငွေက တရက်ကို မြန််မာငွေနဲ့ တွက်ပေးရရင် သိန်း (၂၂၅၀) ရှိပါတယ်။
တနာရီလျှင် အများဆုံး လူပေါင်း(၁၅၀)ဦးသာ တက်ရောက်ခွင့်ပြုပါတယ်။
ထိုဘုရားကြီးပေါ် တနာရီတိတိသာ တက်ရောက်ခွင့်ကိုလည်း ဒေါ်လာ(၃၀)ပေးဝယ်ယူရပါတယ်။ ပရီမီယမ် ကဒ်က ဒေါ်လာ(၄၀)ပါ။
ဒေါ်လာ(၃၀)နဲ့ဝင်ခွင့်ဝယ်ထားသော်လည်းပဲ ဘုရားကြီးပေါ် ဂိုက် ဧည့်လမ်းညွန် မပါရင် လုံးဝ(လုံးဝ)ဘယ်သူ့ကိုမှ တက်ခွင့်မပြုပြန်ပါဘူး။
ဂိုက် ဧည့်လမ်းညွန် တစ်ဦးကလည်းပဲ လူ(၁၀)ဦးကိုသာ တာဝန်ယူ ခေါ်ဆောင်ခွင့် ပြုပြန်ပါတယ်။ ထိုထက်ပိုခေါ်ခွင့်မပြုပါ။ ကိုယ်ခေါ်ဆောင်လာတဲ့သူကြောင့် ဘာကိုမှ မထိခိုက်မိအောင် တနိုင်တပိုင် ကျစ်ကျစ်လစ်လစ် တာဝန်ယူနိူင်အောင်သဘောမျိုးနဲ့ပါ။ အကုန်တာဝန်ကြီးပါတယ်။
တစ်နာရီတိတိပြည့်ရင် တယောက်မကျန် (၅)မိနစ်အကျော်မခံဘူး အကုန်ဆင်းရပါတယ်။
အတက်ကိုလည်း QR Scan နဲ့
အဆင်းကိုလည်း QR Scan နဲ့စစ်ပါတယ်။
ဘုရားပေါ်က လူကုန်မှ
နောက်တဖွဲ့ထပ်တင်ပါတယ်။
ကြီးမားသော စည်းကမ်းနဲ့ ထိန်းသိမ်းမှုက တကယ့်ကြီးမားပါတယ်။ ကမ္ဘာကျော် တန်ဖိုးကြီးတဲ့ စိန် ရတနာစစ်စစ်ကိုထိန်းသိမ်းစောင့်ရှောက်ထားတဲ့အတိုင်းပါပဲ။
ဖူးမျှော်လိုသူတွေ စိတ်ဝင်စားသူတွေအတွက် ပြည့်ပြည့်စုံစုံ ကြည့်ရူ့လို့ရအောင် ရိုက်ထားတဲ့ ဗောဓောဗုဒ္ဓဘုရား ပုံတွေ ဝေဝေဆာဆာ မျှဝေပေးလိုက်ရပါတယ်။
Credit
🙏🙏

ခေတ်ပျက်ကြီးမှာ ကူးစက်ရောဂါတစ်ခုလို ပျံ့နှံ့လာတဲ့ ‌ကျောင်းတွင်းစည်းကမ်းပျက်မှုများ...😢😢😔😢ဒီနေ့ Grade 7 အခန်းကသိမ်းလာတာပါ...
26/07/2025

ခေတ်ပျက်ကြီးမှာ ကူးစက်ရောဂါတစ်ခုလို ပျံ့နှံ့လာတဲ့ ‌ကျောင်းတွင်းစည်းကမ်းပျက်မှုများ...😢😢😔😢

ဒီနေ့ Grade 7 အခန်းကသိမ်းလာတာပါ
ဒါနဲ့ ပါဝါဘမ့် နဲ့ချိတ်ပြီး
တက်တူးထိုးရတာတဲ့
ကျောင်းပတ်ဝန်းကျင်အထိ
ကူးစက်လာတဲ့ယဉ်ကျေးမှု့ပါ။
ဒီနှစ်ပိုင်းတွေမှာ
ကျောင်းတိုင်း ကလေးတွေအုပ်စုဖွဲ့ရန်ဖြစ်ကြတယ်
အရွယ်မတိုင်ခင် ရည်းစားထားတယ်
မိန်းကလေးချင်း
ယောက်ျားလေးချင်း ချစ်သူထားတယ်
ဒါတွေအဖြစ်များတာက
11.နှစ်နဲ့ 16 နှစ်လောက်အရွယ်တွေမှာ
အဖြစ်များနေတာကိုတွေ့ရပါတယ်။
အရေးအခင်းကာလအပြီးမှာ
ကျောင်းတိုင်းမှာ
ဆရာလိုအပ်ချက်တွေများတယ်
ကျောင်းသားအများစုဟာလည်း
ကျောင်းနားပြီးမှ
ပြန်တက်ကြတာတွေဖြစ်တဲ့အတွက်
အသက်နဲ့အတန်း မမျှပါဘူး။
ကျောင်းမနားပဲ ပုံမှန်တက်တဲ့ကလေးတွေနဲ့
ကျောင်းနားထားတဲ့ကလေးတွေဟာ
အရွယ်အစားမတူတဲ့အတွက်
အနိုင်ကျင့်တာ ရန်လိုတာတွေ ရှိနေတာပါပဲ။
အပြင်လောကမှာ
တစ်နှစ်ကနေ သုံးနှစ်ထိ နေခဲ့တဲ့ကလေးတွေဟာ
ပြင်ပလောကရဲ့
အတွေ့အကြုံများစွာကို သင်ယူပြီးဖြစ်လို့
ထိန်းကျောင်းရ ခက်ခဲတဲ့ကလေးတွေပါပဲ
ဆရာမတွေ နားမလည်တဲ့
မကြားဖူးတဲ့ စကားလုံးအသစ်အဆန်းတွေ
အတွေ့အကြုံတွေကိုပါ
သင်ယူပြီးဖြစ်နေကြပါတယ်။
ဒီနှစ်ပိုင်းတွေမှာ
နှစ်ချို့ကျောင်းသားတွေများလာတယ်
ပိတ်ကျောင်းတွေများတော့
ဖွင်တဲ့ကျောင်းတွေမှာ
ကျောင်းသားတွေအရမ်းများလာတယ်
တစ်ခန်းကို
ကျောင်းသား 40/50ကနေ 80လောက်အထိ
ရှိနေကြပါတယ်။
ဆရာမတစ်ယောက်က
ကျောင်းသား 50လုံးကို
အချိန်ပြည့်စောင့်ကြည့်ဖို့ဆိုတာ
မဖြစ်နိုင်ပါဘူး။
ကျမကတော့
မိဘတွေကိုအမြဲပြောပါတယ်
ကလေးတွေဟာ
မိဘတွေသိနေတာ မြင်နေတာထက်
ပိုပြီး အတတ်ကောင်းတွေတတ်နေပါတယ်
သားသမီးတွေရဲ့ အခြေအနေမှန်ကိုသိချင်ရင်
ဆရာမတွေနဲ့ဆွေးနွေးပါလို့။
ကျမဆိုလိုချင်တာက
ကျောင်းမှာပဲဖြစ်ဖြစ်
ပြင်ပမှာပဲဖြစ်ဖြစ်
ကလေးတွေရဲ့ အရွယ်နဲ့မမျှ
စည်းကမ်းပျက်မှု့တွေဟာ
ခေတ်ကာလအခြေအနေတစ်ခုအရ
ကူးစက်ရောဂါတစ်ခုလိုဖြစ်နေတာပါ။
ဆရာ/ဆရာမတွေမှာချည်း
တာဝန်ရှိနေတာမဟုတ်ပါဘူး။
မိဘ ဆရာ ရပ်ရွာ အစိုးရအဖွဲ့တွေ
ပူးပေါင်းပြီး ကာကွယ်ထိန်းကျောင်းမှသာလျှင်
စိတ်ဓာတ်ကောင်းတဲ့မျိုးဆက်သစ်တစ်ခုကို
ဖန်တီးနိုင်ပါလိမ့်မယ်။
Crd Thida Maw

ယာဉ်မတော်တဆဖြစ်၍ သေဆုံးသွားပြီးနောက် ကားမောင်းလိုင်စင်၊ ဆိုင်ကယ်မောင်းလိုင်စင်ရှိလျင် မြန်မာ့အာမခံတွင် လျော်ကြေးထုတ်ယူနိ...
25/07/2025

ယာဉ်မတော်တဆဖြစ်၍ သေဆုံးသွားပြီးနောက် ကားမောင်းလိုင်စင်၊ ဆိုင်ကယ်မောင်းလိုင်စင်ရှိလျင် မြန်မာ့အာမခံတွင် လျော်ကြေးထုတ်ယူနိုင်...(မသိကြသေးတဲ့သူ အများကြီးရှိနေလို့ ရှယ်သွားပေးကြပါအုံး)
*********************************************
ယာဉ်မောင်းလိုင်စင်ရှိသော
ယာဉ်မောင်းတစ်ယောက်သည်
ယာဉ်မတော်တဆဖြစ်၍ သေဆုံးသွားလျှင်
ကျန်ရစ်သူမိသားစုဝင်များမှ
မြန်မာ့အာမခံထံတွင် လျော်ကြေးငွေ
(၃၀) သိန်းအထိတောင်းခံပိုင်ခွင့်ရှိသည်။

လိုင်စင်ရှိကား (သို့) ဆိုင်ကယ်တော့ဖြစ်ရမည်
ယာဉ်မောင်းလိုင်စင်ပြုလုပ်ချိန်တွင်
မြန်မာ့အာမခံတွင် အာမခံကြေးသွင်းပြီး
ဖြစ်ပါသည်။

လိုအပ်သော အချက်အလက်များမှာ
(၁) ရဲစခန်း (သို့) ယာဉ်ထိန်းထောက်ခံချက်
(၂) ဆေးရုံမှာ သေဆုံးကြောင်းထောက်ခံစာ
(၃) ကား၊ ဆိုင်ကယ်၏ လိုင်စင်ရှိကြောင်း
အထောက်အထား
(၄) သေဆုံးသူ၏ သက်တမ်းရှိ
ယာဉ်မောင်းလိုင်စင်
(၅) လျော်ကြေးထုတ်ယူမည့်သူ၏ မှတ်ပုံတင်တို့
ဖြစ်ပါသည်။

ယာဉ်မတော်တဆမှုဖြစ်ရာ ဒေသရှိ
မြန်မာ့အာမခံရုံးသို့ သွားရောက်ကာ လိုအပ်သည့် အချက်အလက်များဖြည့်စွပ်ကာ ဖေါင်တင်ရပါမည်
ဆက်လက်ဆောင်ရွက်ရမည်တို့ကို အာမခံရုံးမှ
ပြောပြပေးပါလိမ့်မည်။

စက်တပ်ယာဉ်ထိခိုက်မှုကြောင့်
နစ်နာသူများအတွက် သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးများကိုအကျိုးခံစားခွင့်ရှိသူများအား
မြန်မာ့အာမခံလုပ်ငန်းမှ
နေ့ချင်းပြီး ထုတ်ပေးလျက် ရှိပါသည်။

၁.၄.၂၀၂၂ ရက်နေ့မှစပြီး
ယခင် နစ်နာကြေး ကျပ် ၁၀ သိန်းအစား
စက်တပ်ယာဉ်ထိခိုက်မှုကြောင့်
သေဆုံးလျှင်ကျပ် သိန်း (၃၀)
ဒဏ်ရာရလျှင်အများဆုံး ကျပ် (၂၄)သိန်းထိ
မြန်မာ့အာမခံလုပ်ငန်းတွင် ထုတ်ယူနိုင်ပါသည်။

အသေးစိတ် သိရှိလိုပါက
၀၁၈-၃၈၄၈၇၃ ၀၁၈-၃၈၄၈၇၅ သို့
ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

မြန်မာနိုင်ငံမှာ
သူတစ်ပါးထိခိုက်မှုအာမခံအကြောင်းကို
မသိကြသေးတဲ့သူ အများကြီးရှိနေပါသည်။

သူတစ်ပါးထိခိုက်မှုအာမခံ
ပရီမီယံပေးသွင်းမှု မှတ်တမ်းစာအုပ်ဖြစ်တဲ့
စာအုပ်အစိမ်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာ ယာဉ်လိုင်စင် သက်တမ်းတိုးချိန်မှာ လိုအပ်တဲ့ မော်တော်ယာဉ်ပရီမီယံစာအုပ်ဟုသာ အလွယ်တကူ သိထားကြပါတသည်။

သူတစ်ပါးထိခိုက်မှုအာမခံဆိုတာ
မိမိ၏စက်တပ်ယာဉ်ကြောင့်
သူတစ်ပါးသေဆုံးခဲ့လျှင်၊ ဒဏ်ရာရခဲ့လျှင် နစ်နာကြေးငွေ ပေးချေနိုင်မယ့်
အာမခံအမျိုးအစား ဖြစ်ပါသည်။

၁-၇-၁၉၇၆ ခုနှစ် “သူတစ်ပါးထိခိုက်မှုအာမခံနည်းဥပဒေ”အရ နိုင်ငံတကာနည်းတူ
မထား မနေရ ထားရှိရခြင်း ဖြစ်ပါသည်။

စက်တပ်ယာဉ်ဖြင့် မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်း ဆုံးရှုံးခြင်းခံရတဲ့ နစ်နာသူများအတွက် စက်တပ်ယာဉ်ပိုင်ရှင်မှ ပေးလျော်ရန်တာဝန် ရှိပါသည်။
ထိုပေးလျော်ရန်တာဝန်ကို မြန်မာ့အာမခံလုပ်ငန်းက ပုခုံးလွှဲပြောင်းတာဝန် ယူတဲ့စနစ် ဖြစ်ပါသည်။

နေမျိုးသူရ

ကမ္ဘောဒီးယားနိုင်ငံသား အများအပြား ထိုင်းနိုင်ငံအတွင်းမှ အစုလိုက်အပြုံလိုက် ထွက်ခွါနေတဲ့ ဝမ်းနည်းစရာ မြင်ကွင်း...😔😔😔အာဏာရ...
25/07/2025

ကမ္ဘောဒီးယားနိုင်ငံသား အများအပြား ထိုင်းနိုင်ငံအတွင်းမှ အစုလိုက်အပြုံလိုက် ထွက်ခွါနေတဲ့ ဝမ်းနည်းစရာ မြင်ကွင်း...😔😔😔
အာဏာရူးတွေကြောင့် ဒုက္ခအရင်ရောက်ကြတာကတော့ ပြည်သူတွေပါပဲ...😢😢😢

လေ့လာမှတ်သားမြန်မာစာစုများ...( သိပ်ကို တန်ဖိုးရှိတဲ့ စကားဝှက်လေးပါလား)လ = "လူ" ရယ်လို့ ဖြစ်လာရင် တခြားလူတွေအတွက်စပ = "စံ...
25/07/2025

လေ့လာမှတ်သားမြန်မာစာစုများ...( သိပ်ကို တန်ဖိုးရှိတဲ့ စကားဝှက်လေးပါလား)

လ = "လူ" ရယ်လို့ ဖြစ်လာရင် တခြားလူတွေအတွက်
စပ = "စံပြ" ဖြစ်နေရပါမယ် ။
ခမသ = "ခင်မင်သူ" မိတ်ဆွေတွေကိုလည်း
မအလ = "မအားလို့" ဆိုပြီး အချိန်မပေးဘဲ နေလို့ မရပါဘူး ။
ငလမသ = "ငါလည်း မသိ" ဆိုပြီး ဖြေချင်သလို မဖြေချင်သလို မလုပ်ရပါဘူး။ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ လိုပါတယ် ။
မမစပ = "မြန်မြန်စားပါ" ထမင်းဟင်းဆိုတာ ပူတုန်းမှ စားကောင်းတာ ၊ အဲ့သလို အစားအသောက်ရဲ့ တန်ဖိုးကိုလည်း နားလည်တတ်ရပါမယ် ။
ပြီးတော့ အချိန်ရဲ့တန်ဖိုးကိုလည်း နားလည်ပါ ။ အချိန်ဆိုတာ ...
ဖလမသ = " ဖြုန်းလို့မသင့် " ပါဘူး ။ လူ့ဘဝက တိုတိုလေးပါ ။ ကိုယ်နေထိုင် မွေးဖွား ကြီးပြင်းရာ ကိုယ့်တိုင်းကိုယ့်ပြည် ၊ ကိုယ့်ရပ်ကိုယ့်ရွာ ၊ ...
ကမကလ = "ကိုယ့်မြေကိုယ်လည်း" ချစ်ခင်တန်ဖိုးထားပြီး တိုင်းပြည်အကျိုးကို သယ်ပိုးရပါမယ် ။

သိပ်ကို တန်ဖိုးရှိတဲ့ ဝှက်စာလေးပါ​ဗျာ ။ ❤️

မရယ်ရတဲ့ ဟာသတွေဟာ တကယ်ပဲ ဖြစ်နေကြပြီ...•စျေးတခုထဲမှာ ကမ္ဘောဒီးယားလို့ အထင်နဲ့မြန်မာလူငယ်လေးနှစ်ယောက်(ထိုင်းတွေ) ထိုးကြိတ...
25/07/2025

မရယ်ရတဲ့ ဟာသတွေဟာ တကယ်ပဲ ဖြစ်နေကြပြီ...
•စျေးတခုထဲမှာ ကမ္ဘောဒီးယားလို့ အထင်နဲ့
မြန်မာလူငယ်လေးနှစ်ယောက်
(ထိုင်းတွေ) ထိုးကြိတ်တာ ခံရသတဲ့။
•အပြင်ထွက်မိတဲ့ လူငယ်တယောက်
ဆိုင်ကယ်ကယ်ရီ (ထိုင်း) က
ဘာလူမျိုးလဲမေးပြီး
မြန်မာလို ပြောခိုင်းသတဲ့။
ဘာလို့ အာဏာရူးတွေ အရူးထတိုင်း
သာမာန်ပြည်သူတွေက ခံကြရတာလဲ?
ဘာလို့ သူများ နှစ်နိုင်ငံ စ_စ်ဖြစ်တာကို
ငါတို့တွေပါ အနေခက်ရသလဲ?
အမိမဲ့သားတွေမို့ ရေနည်းငါးတွေလို
ဘ၀တွေ၊
သူများနိုင်ငံမှာ ခိုကပ်နေရ
မြင်မြင်လေရာ ကြောက်နေရတဲ့
အဖြစ်တွေ 😞
Thorn Nay Soe

လတ်တလော ထိုင်းနဲ့ကမ်ဘောဒီးယား ချနေကြတဲ့ နောက်ကွယ်ကအကြောင်းရင်း တစ်ခု....(အနာဟောင်းကိုဆွပြီးအမျိုးသားရေးတင်ချာလောင်းလိုက်...
25/07/2025

လတ်တလော ထိုင်းနဲ့ကမ်ဘောဒီးယား ချနေကြတဲ့ နောက်ကွယ်ကအကြောင်းရင်း တစ်ခု....
(အနာဟောင်းကိုဆွပြီးအမျိုးသားရေးတင်ချာလောင်းလိုက်ရင် ထစပ်မယ့်ပြည်သူတွေက နှစ်ဘက်စလုံးမှာရှိပါတယ်)

🇹🇭 #ထိုင်းနဲ့ကမ်ဘောဒီးယားပြဿနာရဲ့နောက်ကွယ်က အကြောင်းရင်းတစ်ခုက ကာစီနိုပြဿနာပါ။
🇰🇭ကမ်ဘောဒီးယားရဲ့လောင်းကစားဝိုင်းတွေကရတဲ့ အခွန်ဝင်ငွေက ၂၀၂၄ မှာ ဒေါ်လာ (၆၃) သန်းရှိတယ်။
The Cambodian gambling sector provided over US$63.1 million in casino tax revenue to the government in 2024.
ဒါကလောင်းကစားဝိုင်းတွေကရတဲ့အခွန်ငွေကို ကမ်ဘောဒီးယားအစိုးရကရတာ။
တကယ့်အကျိုးအမြတ်အများစုကိုကျတော့ လောင်းကြေးအမြတ်ငွေတွေကိုကျတော့ တရုတ်ပြည်ကနေ လောင်းကစားဝိုင်းလာဖွင့်တဲ့ တရုတ်သူဌေးတွေကရတာတဲ့။
ကမ်ဘောဒီးယားပြည်သူတွေကတော့ ဘီယာလေးချ၊ စားပွဲလေးထိုး၊ တံမြက်စည်းလေးလှည်း၊ အောက်ခြေသိမ်းအလုပ်တွေလုပ်လို့ ဝင်ငွေလေးရတယ်ပေါ့။
အရင်တုန်းက ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ ကမ်ဘောဒီးယားခေါင်းဆောင်ဟွန်ဆန်တို့က သူတော်ချင်းသတင်းလွေ့လွေ့တွေ။
သက်ဆင်ကထိုင်းစစ်တပ်ကအာဏာသိမ်းတာခံရဖူးတော့ အရေးဆိုပြေးစရာရှိအောင် ဘေးအိမ်တွေမှာ ဂယ်ပေါက်တူးထားတာ။
သက်ဆင်ပြည်ပြေးဘဝမှာ ဟွန်ဆန်ကအိမ်ပေါ်တင်ထမင်းကြွေးထားတာပေါ့။ ဟွန်ဆန်ကလည်း အကျိုးလိုလို့ညောင်ရေလောင်းထားတာ၊ အသားစားဖို့အကြံနဲ့ဝက်မွေးထားတာ။
အမှန်အတိုင်းပြောရရင် သက်ဆင်ရောဟွန်ဆန်ရောက သူ့နည်းသူ့ဟန်နဲ့ နိုင်ငံရဲ့အာဏာကိုမောင်ပိုင်စီးချုပ်ကိုင်ဖို့ ကြံနေသူချည်းပဲ။ ဒါ့ကြောင့်လည်း ဖျင်ချင်းတပူးပူးဖြစ်နေခဲ့တာပေါ့။
ဖြစ်ချင်တော့ သက်ဆင်ရဲ့ဖွေထိုင်းပါတီက ဟွန်ဆန်ရဲ့စီးပွားရေးကို တုတ်နဲ့ထိုးတဲ့ပြဿနာတက်လာတယ်။ 😅
၂၀၂၄ စက်တင်ဘာလောက်မှာ ထိုင်းဘဏ္ဍာရေးဝန်ကြီး Julapun Amornvivat က 𝑰𝒏𝒕𝒆𝒈𝒓𝒂𝒕𝒆𝒅 𝑬𝒏𝒕𝒆𝒓𝒕𝒂𝒊𝒏𝒎𝒆𝒏𝒕 𝑩𝒖𝒔𝒊𝒏𝒆𝒔𝒔 𝑨𝒄𝒕 (𝒅𝒓𝒂𝒇𝒕) ဥပဒေကြမ်းကို ကြေညာတယ်။
ကာစီနိုလောင်းကစားဝိုင်းတွေရယ်၊ ထိုင်းရဲ့တိုးရစ်ဇင်လုပ်ငန်းရယ်ကိုတွဲပြီး ဘန်ကောက်၊ ချင်းမိုင်နဲ့ ဖူးခက်မှာ ကာစီနိုစီးပွားရေးလိုင်စင်တွေချပေးဖို့ လျာထားတာ။
ဖွေထိုင်းပါတီကလည်း ထိုင်းပြည်သူလူထုရဲ့ထောက်ခံမှုရအောင်၊ရယ်၊ တိုးရစ်ဇင်လုပ်ငန်းကို မြှင့်တင်ချင်တာရယ်၊ သူ့နိုင်ငံသားတွေရဲ့ငွေတွေ ကမ်ဘောဒီးယားဘက်စီးဆင်းနေတာကို ရပ်တန့်စေချင်တာရယ်၊ #တစ်ချက်ခုတ်သုံးချက်ပြတ်ထလုပ်လိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ကမ်ဘောဒီးယားဘက်မှာ Scam ကျားဖြန့်စန်တာတွေရှိနေပြီး ထိုင်းနိုင်ငံသားတွေရဲ့ငွေတွေ ဒေါ်လာသန်းနဲ့ချီအလိမ်ခံနေရတာတွေရှိပါတယ်။
ကမ်ဘောဒီးယားနိုင်ငံ Sihanoukville မှာ တရုတ်ရဲ့ရာဇဝတ်ဂိုဏ်းတွေကြီးစိုးနေပြီး မြို့တော်ဖနွမ်ပင်က ဟွန်ဆန်ရဲ့ပါတီက နိုင်ငံရေးသမားတွေနဲ့ အချိတ်အဆက်ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လတုန်းက ကမ်ဘောဒီးယားလွှတ်တော်အမတ်နဲ့သူဌေးကြီး Kok An ပိုင်တဲ့အိမ်ကို Scam ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက ဝင်စီးခဲ့တဲ့သတင်းကို ဖတ်ခိုက်ကြရမှာပါ။
အတိုချုံးပြောရရင် ထိုင်းဘက်ကကာစီနိုဥပဒေကြမ်းအသံထွက်လာတော့ ကမ်ဘောဒီးယားရော တရုတ်ပြည်ကရောမကြိုက်ဘူးလို့ ဆိုပါတယ်။
အဓိကကတော့ ဟွန်ဆန်ရဲ့စီးပွားရေးကိုသွားထိတာကိုး။ ကမ်ဘောဒီးယားကာစီနိုတွေက ထိုင်းဘက်ကနေငွေလာဖြုန်းသူတွေကို အဓိကမှီခိုနေရတာကိုး။
ထိုင်းတွေရော၊ ကမ္ဘာလှည့်ခရီးသည်တွေရော နယ်စပ်ဖြတ်ပြီး ကမ်ဘောဒီးယားကိုသွားလည်ကြ၊ သုံးဖြုန်းကြတာ။
၂၀၂၅ ဇန်နဝါရီလမှာ ထိုင်းကက်ဘိနက်က ကာစီနိုဆိုက်ရာဥပဒေကြမ်းကိုအတည်ပြုလိုက်ပြီး ပါလီမန်ကိုတင်လိုက်ပြီဆိုတော့ ဟွန်ဆန်ပိုပူပြီပေါ့။
လောလောဆယ်မှာ နိုင်ငံရေးမတည်ငြိမ်မှု၊ ပြည်သူလူထုရဲ့စိုးရိမ်ပူပန်မှုအပြင် ဝန်ကြီးချုပ်ဟောင်းကိုအနားပေးထားတဲ့အတွက် ဒီဥပဒေကြမ်းကို လွှတ်တော်မှာရုပ်သိမ်းထားပါတယ်။
သို့သော် နယ်စပ်မှာလောင်တဲ့မီးကတော့ မငြိမ်းသွားပဲ ပိုပိုပြီးကြီးထွားလာပြီဖြစ်ပါတယ်။
လောလောဆယ်နယ်စပ်မှာ ထိုင်းအချို့ကကမ်ဘောဒီးယားတွေကို နှင်ထုတ်နေတာကိုကြားသိနေရပါတယ်။
သူတို့လည်းနာမှပေါ့။ အာဆီယံမှာထိုင်းကစီးပွားရေးအင်အားတောင့်ပြီး လူတွင်ကျယ်လုပ်နေရာကနေ လူပါးပုလင်းထိဖြစ်တာကိုး။
ပြောချင်တာက ပြဿနာတစ်ခုဟာထင်သလောက်မရိုးရှင်းပါ။ #အနာဟောင်းကိုဆွပြီးအမျိုးသားရေးတင်ချာလောင်းလိုက်ရင် ထစပ်မယ့်ပြည်သူတွေက နှစ်ဘက်စလုံးမှာရှိပါတယ်။
မီးပွားဆိုတာစခတ်ရတာသာလွယ်တာ လောင်ပြီးရင်ငြိမ်းရခက်ပါတယ်။

လေးစားစွာဖြင့် ကူးယူဖော်ပြပါသည်
ခရက်ဒစ်
ဆရာ Richard Myo Thant

🚨🚨🚨ဘားအံဖက် ခရီးသွားမည့်သူများ သတိ...🚨🚨🚨ယနေ့နံနက် ၆နာရီအချိန် ..သံလွင်မြစ်နဲ့ ဘားအံကမ်းနားပုံပါ၊မြစ်ရေထပ်ပြီး တိုးလာနေပါ...
25/07/2025

🚨🚨🚨ဘားအံဖက် ခရီးသွားမည့်သူများ သတိ...🚨🚨🚨

ယနေ့နံနက် ၆နာရီအချိန် ..
သံလွင်မြစ်နဲ့ ဘားအံကမ်းနားပုံပါ၊
မြစ်ရေထပ်ပြီး တိုးလာနေပါတယ်...

တို့ဆေး ဆိုတာကြီးက အန္တရယ်မများသလို ရေးထားတဲ့ စာတစ်ပုဒ်တွေ့လို့ သတိပေးဦးမယ်...Facts Check about တို့ဆေးလူတစ်ယောက်ကို ခန...
25/07/2025

တို့ဆေး ဆိုတာကြီးက အန္တရယ်မများသလို ရေးထားတဲ့ စာတစ်ပုဒ်တွေ့လို့ သတိပေးဦးမယ်...

Facts Check about တို့ဆေး
လူတစ်ယောက်ကို ခနလေးနဲ့ knock out ချလို့ရတဲ့ဆေးတွေ အများကြီး ရှိတယ်။ ပုံစံ မျိုးစုံပဲ။ ရေနဲ့ ရောတိုက်တာ။ အငွေ့မှုတ်ထုတ်ပြီး ရှူခိုင်းတာ၊ အရေပြားကို gauge သေးတဲ့ Needle နဲ့ ထိုးသွင်းပြီး dissociate ဖြစ်အောင်လုပ်တာ။ ပုံစံမျိူစုံ ရှိတယ်။
အဲဒါအားလုံးကို ရောပြီး တို့ဆေးလို့ လူတွေက ပေါင်းခေါ်နေကြတာ။
ဆယ်လီဆရာဝန်တစ်ယောက်က တို့ဆေးဆိုတာကြီးက သိပ်အဓိပ္ပါယ် မရှိသလို ရေးထားတာ အံ့သြ တယ်။
ဒီလိုဆေးတွေရှိရင် နိုင်ငံခြား မှာရော ဘာလို့မသုံးကြ မကြားကြရတာလဲ လို့ လူတွေကို ပြန်မေးခွန်းထုတ်ထားတာလည်း တွေ့တယ်။
Date r**e drugs တွေအကြောင်း မလေ့လာဖူးဘူးထင်တယ်။
ခွဲစိတ်ခန်းတွေထဲမှာ မသုံးတော့ပေမယ့် အပြင်မှာ သုံးနေသေးတဲ့ ether တို့ Chloroform တို့ဆိုတဲ့ Volatie Anaesthetic Gas တွေအကြောင်း မလေ့လာဖူးဘူးထင်တယ်။
အန္တရယ် များတဲ့ အပြောအဆိုလေးတစ်ခုသွားတွေ့လို့ သတိပေးဦးမယ်။
""အပ်နဲ့ဆိုရင်တောင် သွေးကြောထဲကို တိုက်ရိုက်ပမာဏများများထိုးသွင်းမှ မြန်မြန် အာနိသင်ပြမယ်"
Absolutely Dangerous ပါ။ လူတစ်ယောက်ရဲ့ ဗိုက်ကိုခွဲဖို့ ၊ လူတစ်ယောက်ရဲ့ ရင်ညွန့်ရိုးကို ဖြတ်ဖို့ ၊ လူတစ်ယောက်ရဲ့ ခြေထောက်ကိုဖြတ်ဖို့ ဆေးပမာဏ များများလိုပေမယ့် လူတစ်ယောက်ကို mood changes ဖြစ်ဖို့ dissociate လုပ်ဖို့ 1ml (1CC) ပဲလိုပါတယ်။
လူတစ်ယောက်ကို ပြန်ပေးဆွဲဖို့ ကြိုးစားနေတဲ့ လူတစ်ယောက် က 1ml ပဲရှိတဲ့ဆေးကို ဘယ်လိုပဲ ထိုးထိုး အခွင့်သင့်ရင် ဝင်အောင်ထိုးနိုင်ပါတယ်။ သွေးကြောထဲ ထိုးစရာမလိုပါဘူး။ အသားကိုထိုးလည်း အာနိသင်ရပါတယ်။ အထိုးခံရပြီး မိနစ်ပိုင်းမှာ Dissociate ဖြစ်ပါပြီ။
အထိုးခံလိုက်ရတဲ့သူအတွက် သူ့ control အောက်မရောက်ခင် သုံးမိနစ်လောက် အချိန်ရပါတယ်။ ကြည်ကြည်လင်လင် တော့ မဟုတ်ဘူး။
မူမမှန်တော့ဘူးထင်တာနဲ့ ဖုန်းခလုပ်နှိပ်ဖို့ မကြိုးစားပါနဲ့။ အဲ့ဒါတွေအတွက် အချိန်မရှိပါဘူး။
လူတွေသတိထားမိအောင် စူးစူးဝါးဝါး အော်ပါ။ ဆေးမိပြီ ဒါမှမဟုတ် ဆေးထိုးခံရပြီလို့ စူးစူးဝါးဝါး အော်ပါ။ လူအများကြီး ရှိတဲ့နေရာကို တတ်နိုင်သမျှ သွားပါ။ အဲ့ထက်ပိုပြီး ဘာမှလုပ်လို့မရပါဘူး။
အရင်တုန်းက တခါရေးပေးဖူးပါပြီ။ ဒီထက်ပိုပြီး ထပ်ပြောစရာ မရှိတော့ပါဘူး။
ဆယ်လီတွေက English လိုတွေ Terminology တွေ မြိုင်မြိုင်သုံးပြီး ပြောထားတိုင်း အမှန်လို့ ​မမြင်ကြဖို့နဲ့ မပေါ့ဆဖို့ပါ။
အောက်မှာ comment တချို့ကို ကျနော့် မန့်မှာ ပြန်တင်ပေးထားပါတယ်။ အဲဒါတွေလည်း မဟုတ်ဘူး ဆိုတာကို သိစေချင်ပါတယ်။ ရေးထားတဲ့ ဆယ်လီကို တိုက်ခိုက်လိုစိတ် မရှိပါ။

ပါမောက္ခချုပ်ဆရာတော်ကြီးရုပ်တုတော်ဖန်တီးပူဇော်ထုလုပ်တဲ့ ပန်းပုဆရာ ဦးမျိုးလှိုင် (သာဓု သာဓု သာဓုပါ )🙏🙏🙏Sai Chit Khanတကယ်မ...
25/07/2025

ပါမောက္ခချုပ်ဆရာတော်ကြီးရုပ်တုတော်
ဖန်တီးပူဇော်ထုလုပ်တဲ့ ပန်းပုဆရာ ဦးမျိုးလှိုင်
(သာဓု သာဓု သာဓုပါ )🙏🙏🙏
Sai Chit Khan

တကယ်မြောက်တဲ့ လက်ရာ
တော်လိုက်တာ 🙏

မန္တလေးမြို့ကလည်းတစ်ကယ်ကိုကြောက်စရာကောင်းနေပီခရီးသွားမှာမို့ ကားဂိတ်ကိုအိုးဝေနဲ့သွားလိုက်တာနေ့ခင်းဘက် လူတွေစည်ကားနေတဲ့မီ...
24/07/2025

မန္တလေးမြို့ကလည်းတစ်ကယ်ကိုကြောက်စရာကောင်းနေပီ
ခရီးသွားမှာမို့ ကားဂိတ်ကိုအိုးဝေနဲ့သွားလိုက်တာ
နေ့ခင်းဘက် လူတွေစည်ကားနေတဲ့မီးပွိုင့်မှာတောင်
ကလစ်ဘီးနဲ့ယောင်္ကျားလေး ၂ယောက်က အိုးဝေပေါ်ထိုင်နေတဲ့ ကိုယ့်လက်ထဲကphကို ဆွဲလုပီးမောင်းပြေးတာ
ကိုယ်ကသတိရှိနေလို့ပါမသွားပဲ phကလမ်းမပေါ်ပြုတ်ကျပီး မှန်မကွဲတွေပဲကွဲသွားတာ
အိုးဝေစီးရင် ကိုယ့်စိတ်ထဲမလုံခြုံသလိုခံစားရလို့
အမြဲသုံးနေရတဲ့phကိုပဲလက်ထဲကိုင်ထားတာ
ကျန်တဲ့ပိုက်ဆံအိတ်၊Tablet၊Powerbankကအစ ပေါင်ကြားထဲညှပ်ထိုင်ထားပီး အလယ်တည့်တည့်ကနေပဲစီးတာ(ဘေးကပ်မစီးဘူး)
မန္တလေးမှာအိုးဝေစီးနေရင်း ဆွဲကြိုးဖြတ်ခံရတာ၊Phတွေလုခံရတာ၊ပစ္စည်းတွေလုခံရတဲ့ကိစ္စမျိုးတွေ မကြာခဏဖြစ်နေတာမို့ သတိထားကြပါ
crd - Kaung Satt Wai

“မန္တလေးမြို့ရှိ ဒုန်းဒုန်းလေး ရဲ့ ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခိုက်ခံရ”မဟာအောင်မြေမြို့နယ် ၃၉လမ်း ၊ ၈၅လမ်း နဲ့ ၈၆လမ်...
24/07/2025

“မန္တလေးမြို့ရှိ ဒုန်းဒုန်းလေး ရဲ့ ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခိုက်ခံရ”

မဟာအောင်မြေမြို့နယ် ၃၉လမ်း ၊ ၈၅လမ်း နဲ့ ၈၆လမ်း ကြား ရှ်ိရွှေနန်းသုခရွှေဆိုင် မှာ ညနေ ၄နာရီခန့်ကဓားပြတိုက်မှူဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
ဓားပြတိုက်ချိန်တွင် စျေးထဲမှ စစ်ကောင်စီအဖွဲ့ဝင်များရောက်ရှိလာပြီး ဓားပြလာတိုက်သူများအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ လူနာတင်ကားများရောက်ရှိလာပြီးလမ်းပိတ်ထားကြောင်းသိရှိရသည်။

ที่อยู่

Phra Nakhon

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Alpha Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Alpha News:

แชร์