H & H VLOGS Travel vlog , personal vlog and local knowledge sharing

29/10/2025

အေပိုင်ဆုံတိလေ့ ကောင်းမရှိကတ်ဗျာရွာတိမှာလေ့
ချိုက်စရာဓလေ့ချေ💚 မြင်ရစွာ အချေခါဘဝကိုတောင်သတိရလားဗျာ😍

25/10/2025

ရခိုင်ပြည်ရှိအထင်ကရ ခြေတော်ရာများ🙏

#ခြေတော်ရာ
#ခြေရာတော်
# internet(photo)
# #ကိုးကား ဆရာအောင်ကြည်မိုး(စစ်တွေ)

အားမငယ်ပါနဲ့ သူငယ်ချင်းကြိုးစားနေတဲ့ လူငယ်တိုင်းမှာ အကြွေးကိုယ်စီနဲ့ပါပဲ💪
25/10/2025

အားမငယ်ပါနဲ့ သူငယ်ချင်း
ကြိုးစားနေတဲ့ လူငယ်တိုင်းမှာ အကြွေးကိုယ်စီနဲ့ပါပဲ
💪

24/10/2025

အားကေ ဇာလုပ်လေလတ်
အားကေ သိုင်းလေ့ကျင့်ပါရေ😁

23/10/2025

ရခိုင်ထီးနန်းသက်တမ်း နှစ် ၁၀၀၀ ကျော်ရှည်ဖို့အတွက် မိမိအသ၊က်ကို စတေးခသူ အာဇာနည်သျှင်မြဝါ🙏

#သျှင်မြဝါ
#ရခိုင်ရာဇဝင်

ငွေ့ရည်ဖွဲ့ခြင်းနည်းပညာစော် အေက စခစော်ဒေ😁
21/10/2025

ငွေ့ရည်ဖွဲ့ခြင်းနည်းပညာစော် အေက စခစော်ဒေ😁

“ မက္ကလာယေ ရိုင်ရိုင်၊ကြိမ်သားတုတ်ကို နှာခေါင်းကိုင်ကယိုင်ကပါး၊ နှင်းမြိုင်မြိုင်ကေ တောင်ကျိုင်ကြားမှာ၊ကျွဲကျောင်းလားရေ....
20/10/2025

“ မက္ကလာယေ ရိုင်ရိုင်၊
ကြိမ်သားတုတ်ကို နှာခေါင်းကိုင်
ကယိုင်ကပါး၊ နှင်းမြိုင်မြိုင်ကေ တောင်ကျိုင်ကြားမှာ၊
ကျွဲကျောင်းလားရေ....ဟူး...ရေ..ရေ...ဟူး...”
အမည်မသိရှေးစာဆို- (သတ္တမတန်း မြန်မာစာသင်ရိုးထဲမှ ရခိုင်တေးကဗျာ) ။

ရှေးရခိုင်ဘိုးဘေးဘီဘင်တို့သည် ဝါးထည်နှင့်ကြိမ်ထည် ရက်လုပ်ခြင်းအတတ်ပညာရပ်ကို မိရိုးဖလာလက်ဆင့်ကမ်း တတ်မြောက်လာကြသူများပင်ဖြစ်သည်။ တောင်သူများက လယ်ယာလုပ်ငန်းတွင်လိုအပ်သော ခမောက်၊ မက္ကလာ၊ တောင်း၊ ပလုံး စသည်တို့ကို ကိုယ်တိုင်ရက်လုပ်အသုံးပြု တတ်ကြသကဲ့သို့ ရေလုပ်သားတို့သည်လည်း ရေလုပ်ငန်း တွင်လိုအပ်သောပစ္စည်းများကို ကိုယ်တိုင်ရက်လုပ်အသုံး ပြုကြရသည်။ ကျေးလက်ဒေသမှ ရခိုင်အမျိုးသမီးများဆို လျှင်လည်း ငါးဖမ်းရာတွင် အသုံးပြုသောပစ္စည်း၊ ပလုံး၊ တောင်းအမျိုးမျိုး စသည်များကို ရက်လုပ်တတ်ထားကြ ရသည်။ ရိုးရာရက်ကန်းရက်လုပ်ငန်းကို တတ်ထားကြရ သလို ယောက်ျားသားများ လယ်ယာလုပ်ငန်းခွင်၌အသုံးပြုနိုင်ရန် မရှိမဖြစ်ပစ္စည်း မက္ကလာ၊ တောင်း၊ ပလုံးများရက် လုပ်နည်းကိုလည်း တတ်မြောက်အောင်သင်ကြားထားကြရ သည်။ မိဘဘိုးဘွားများကလည်း အမျိုးသမီးငယ်များအား ရိုးရာအသုံးအဆောင်ပစ္စည်း ဝါးကြိမ်ရက်လုပ်ခြင်းပညာရပ်များကို လက်ဆင့်ကမ်း အမွေပေးထားကြသည်။

ရခိုင်ကျေးလက်ဒေသ၌နေထိုင်ကြသူ တောင်သူအများစုက ယနေ့အချိန်အထိ၊ ကျွဲတို့နှင့် လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေကြဆဲဖြစ်၍ လယ်ယာလုပ်ငန်းပစ္စည်း ထွန်တုံး၊ အပ်ထည် စသည်များကို သစ်သားများဖြင့် ပြုလုပ်ကြရ သည်။ မိုးရာသီ၌ တောင်သူများလယ်ယာလုပ်ငန်းခွင်ဝင် ရောက်ချိန် ဦးခေါင်း၌ဆောင်းရန် မက္ကလာသည်ကား မရှိမဖြစ် လိုအပ်သောပစ္စည်းဖြစ်သည်။ မက္ကလာသည် ဆောင်း ရာသီ၌ စပါးရိတ်သိမ်းချိန်၊ တလင်းသိမ်းချိန်များ၌လည်းတောင်သူများ၏ ဦးခေါင်းထက်၌ အမြဲရှိနေသော ရိုးရာအသုံးဆောင်ပစ္စည်းတစ်ခုဖြစ်သည်။ နောက်တစ်ခုက မက္ကလာသည် ကျေးလက်နေပြည်သူများအား မိုးဒဏ်၊ နေလောင်ဒဏ်ကိုလည်း အကာအကွယ်ပေးနိုင်၍ ဖြစ်ပါ၏။

ရခိုင်လူမျိုးတို့၏ ရိုးရာအသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်သည့် “မက္ကလာ ” အား အထက်မြန်မာပြည်၌ “ခမောက်” ဟု ခေါ်ဆိုကြသည်။ မက္ကလာဆိုသည်မှာ တောင်သူများ၊ တံငါသည်များ၏ ရိုးရာအသုံးအဆောင်ပစ္စည်း ခေါင်းဆောင်း ဖြစ်သည်။ ဦးခေါင်းလုံရုံပြုလုပ်ထားသည့် ဝိုင်းဝိုင်းပြန့်ပြန့် ခေါင်းဆောင်းတစ်မျိုးဖြစ်၏။

မက္ကလာအား ဝါး၊ ကြိမ် စသည်များဖြင့် ပြုလုပ်ကြ ရသည်။ မက္ကလာတစ်ခု ပြုလုပ်ရန်အတွက် နှီးကွက်အကြမ်းထည် မက္ကလာ နှစ်ခုလိုအပ်ပြီး ထိုနှစ်ခုကြားထဲတွင် ဖြန့်ထားပြီးသော စလူရွက်များကို လိုအပ်သလို ကြားညှပ်ကာ မိုးရမည်ဖြစ်သည်။ ထို့နောက် လူကြီးလက်ညှိုးလုံး ခန့်ရှိသော ကြိမ်လုံးကလေးနှစ်လုံးကို လေးပေအရှည်ခန့် ဖြတ်၍ စက်ဝိုင်းလေးနှစ်ခု ပြုလုပ်ထားရမည်။

ထိုစက်ဝိုင်းလေးနှစ်ခုကို “ကွပ်လုံး” ဟု ခေါ်၏။ ကွပ်လုံး များရရှိပြီးပါက စလူရွက်များ လိုအပ်မည်ဖြစ်သည်။ စလူဖူး မှခွာယူ၍ရရှိလာသော စလူရွက်အစိမ်းများကို ပြန့်ပြူးသွား စေရန် သုံးလက်မခန့် ခေါက်ကလေးများချိုးကာ ဖြန့်ရ မည်ဖြစ်သည်။ ထို့နောက် ခေါက်ချိုးများကိုပြန်ကာ တစ်ရွက်ချင်းစီထပ်၍ အပေါ်မှ လေးလံသောအရာဝတ္ထု တစ်ခုခုနှင့် ဖိအုပ်ထားရမည်ဖြစ်၏။ စလူဖူးက စလူရွက်ကို ခွာယူချိန်မှ စတင်ကာ မက္ကလာတွင်အသုံးပြုနိုင်သောအဆင့် အထိ ၄ ရက်မှ ၅ ရက်အထိကြာနိုင်သည်။ ထိုသို့ ပစ္စည်းများ စုံစုံလင်လင်ရရှိပြီးပါက မက္ကလာကို စတင်ရက်လုပ်နိုင်ပြီ ဖြစ်သည်။

မက္ကလာ တစ်ခုပြုလုပ်ရန်အတွက် ဝါးမွှေးဝါး (ရခိုင် အခေါ်-နှီးဝါး)၊ ကြိမ်နှင့် စလူရွက်မှာ အဓိကပစ္စည်းများ ဖြစ်၏။ ပထဦးဆုံးနှီးဝါးကို အရှည်နှစ်ပေခန့်မျှဖြတ်တောက် ကာ ထက်ခြမ်းခွဲ၍ နှီးဖြာရမည်ဖြစ်သည်။ နှီးတိုလျှင် မက္ကလာအရွယ်သေးငယ်၍ နှီးရှည်လျှင် မက္ကလာ အရွယ်ကြီး ရရှိမည်ဖြစ်သည်။ ပထမဦးဆုံး ဝါးနှီးလေးပင်ကို အလယ် တည့်တည့်မှ စကြာပုံစံယှက်၍ မက္ကလာ၏ဦးခေါင်းပိုင်း “ခေါင်”ကို စတင်ရက်လုပ်ရသည်။ ထို့နောက်ရစ်နှီးများဖြင့် တစ်ပတ်ချင်းလိုသလို အကွက်ဖော်ကာ ရက်လုပ်ရမည်ဖြစ် ၏။ ခေါင်မှ စတင်ရက်လုပ်လာပြီးနောက် ရစ်နှီးသုံးပင်မြောက် (သို့မဟုတ်) မိမိလိုအပ်သောနေရာအရောက်တွင် “ဖား” ဟုခေါ်သောအကွက်ကလေးများကို တွဲပေးရသည်။

“ဖား” ဆိုသည်မှာ မိမိရက်လုပ်နေသော မက္ကလာအကွက် ကလေးများကိုလိုအပ်သလို အကျဉ်းအကျယ် ပြုလုပ်နိုင်အောင် စီစဉ်ထားသော အကွက်ကလေးများဖြစ်၏။ တဖြည်းဖြည်း ရက်လုပ်သွားရင်း အနားသတ်အပိုင်းသို့ရောက်သောအခါ ကြိမ်လုံးနှင့်ပြုလုပ်ထားသော စက်ဝိုင်း (ကွပ်လုံး)နှင့် တွဲချိတ်ပေးရသည်။ ထိုသို့ဖြင့် နှီးကွက်အကြမ်းထည် မက္ကလာတစ်ခုကို ရရှိမည်ဖြစ်ပါ၏။ အချုပ်အားဖြင့် ရခိုင်လူမျိုးတို့၏ ရိုးရာခေါင်းဆောင်း မက္ကလာအား အရွယ်အစားနှင့်ပုံသဏ္ဌာန်ကို ခွဲခြားကာ အခေါ်အဝေါ်ကွဲပြားကြသည်။ လူတစ်ကိုယ်စာမျှသာ ဆောင်းနိုင်သော သာမန်အရွယ်အစားကို ရခိုင်ဒေသ၌ “မက္ကလာ” ဟုခေါ်ပြီး ဈေးသည်မများ၏ ဈေးခံတောင်းကြီး များပေါ်တွင်ဖုံးအုပ်နိုင်သည်အထိ အရွယ်အစားကြီးမားသော မက္ကလာကို “ဗျန့်စင်” ဟု ခေါ်သည်။ ဦးခေါင်းတစ်လုံး ဆံ့ရုံမျှ ကတော့ပုံသဏ္ဌာန် ပြုလုပ်ထားသောအရာကို “ခမောက်” ဟုခေါ်ဆိုကြသည်။

Crd-အောင်ကြည်မိုး(စစ်တွေ)

18/10/2025

ရခိုင်ပြည်ပိုင်နတ် (သို့မဟုတ်) မယူသျှင်မ

#မယူသျှင်မ
#မယူကမ်း

13/10/2025

ကမ္ဘာ့ရီကြောင်းကုန်သွယ်မှု အတွက်အလွန်အရေးပါရေ ပနားမားတူး​မြောင်းကြီး.......

13/10/2025

အိမ်ကြီးရခိုင်လို့ ဇာကြောင့်ခေါ်ခကတ်စော်လေ?

#အိမ်ကြီးရခိုင်
-အောင်​ကြည်မိုး (စစ်တွေ)

12/10/2025

အစ္စ လာမ် မစ် ဘာသာရေး_အစွန်းရောက် ဘင်လာဒင် နှင့် လူထောင်ပေါင်းများစွာ ​အသ၊က် သီဆုံးစီခရေ 9/11 တိုက် ခိုက် မှု

10/10/2025

မဟာမုနိဘုရား ဘေးကလယ်ကွင်းမှာ တံတိုင်းအဟောင်းအပျက်တိကို လားဖြစ်တိုင်း ငေးကြည့်ဖြစ်တေ ဓညဝတီမြို့ဟောင်း💛

ที่อยู่

Phra Nakhon

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ H & H VLOGSผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์