Phar Si Than In addition to interesting news from Karen State, we are presenting interesting news from around the world

ချေးငွေပြန်မပေးနိုင်လို့ မိသားစုဝင် ၃ ဦးကိုဓား နဲ့ ထိုးတဲ့တရားခံဖမ်းမိBy - ထက်မြတ်Date - July 16 , 2025ကရင်ပြည်နယ် ၊ ဘား...
16/07/2025

ချေးငွေပြန်မပေးနိုင်လို့ မိသားစုဝင် ၃ ဦးကိုဓား နဲ့ ထိုးတဲ့တရားခံဖမ်းမိ

By - ထက်မြတ်
Date - July 16 , 2025

ကရင်ပြည်နယ် ၊ ဘားအံမြို့ အမှတ် (၉) ရပ်ကွက် ၊ ရေကျော် အောင်မင်္ဂလာလမ်းရှိ မိသားစုဝင် ၃ ဦးကိုဓား နဲ့ ထိုးခဲ့တဲ့တရားခံကို
ဖမ်းမိထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ် ။

ဇူလိုင်လ ၁၃ ရက် မနက် ၃ နာရီခွဲဝန်းကျင်လောက်မှာ ချေးထားတဲ့ငွေကြေးမပေးနိုင်လို့ အဆိုပါအမျိုးသားဟာ အိမ်ရှင်တွေ အိပ်ပျော်နေချိန် အိမ်ပေါ်တက်ကာ အိမ်ပိုင်ရှင်အမျိုးသမီးကတွေ့ရှိသွားတဲ့အတွက်မိသားစုဝင် ၃ ဦးစလုံးကို ဓား နဲ့ ထိုးခဲ့ရာ အမျိုးသား နဲ့ သမီးဖြစ်သူသေဆုံးပြီး ၊ အမျိုးသမီးဖြစ်သူအရေးပေါ် ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ် ။

" သေဆုံးသူမိသားစုဆီကပိုက်ဆံချေးထားတာ ၊ အကြွေးရှင်ကပြန်တောင်းလို့ စကားအနည်းများတယ်လို့သိရတယ် ၊ ညပိုင်းကျ အဲ့လို၀င်လုပ်တာပါ ၊ ငွေပမာဏ ကသိန်း၅၀ထဲပါ" လို့ ဘားအံမြို့ခံတစ်ဦးက ပြောပါတယ် ။

ပစ်မှူကျူးလွန်သူဟာ အဆိုပါအရာတွေပြုလုပ်ပြီးနောက် နေအိမ်တို့ပြန်ကာ အဝတ်အစားများပြန်လှဲပြီးခနအကြာ ကူညီကယ်ဆယ်ရေးကားများရောက်လာချိန်မှာလည်း ၎င်းသတ်ထားတဲ့ ရုပ်အလောင်းတွေကို သွားရောက်ကူသယ်ပေးတာမျိုးပြုလုပ်ပေးခဲ့သေးတယ်လို့ အထက်ပါမြို့ခံက ဆက်ပြောပါတယ်။

" ဓားနဲ့ထိုးပြီးအိမ်ပြန်ပြီးတော့အဝတ်အစားလဲပြီး ကယ်ဆယ်ရေးတွေလာတော့ ခလေး နဲ့ အဖေရဲ့အလောင်းကိုသူဝိုင်းသယ်ပေးလိုက်သေးတယ် သူ့စိတ်ထဲမှာအကုန်လုံးသေပြီးလို့ သူထင်နေတယ် ဒါပေမဲ့အမျိုးသမီးကမသေဘူး မသေတော့သူပြောပြတယ် သူတို့ပကိုလုပ်တာဒီလူဆိုပြီး ရဲတွေကသွားတော့ ဖမ်းတယ် သူကငြင်းသေးတယ် ဆေးရုံထိခေါ်သွားတယ် အဲဒီအစ်မကိုပြတော့ သူလို့အဲဒီအစ်မကပြောတယ် သူကငြင်းသေးတယ် စခန်းကတော့ သူ့ကိုထိန်းသိမ်းထားတယ်" လို့ ဆိုပါတယ်။

အဆိုပါပစ်မှုကျူးလွန်သူအမျိုးသားဟာ ကရင်အပစ်ရပ် ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့သိရှိရပြီး ၎င်းမှာ ကိုယ်ဝန် လွယ်ထားရတဲ့အမျိုးသမီးရှိတယ်လို့ သိရပါတယ် ။

"ကျန်ရစ်သူမိသားစုတွေက အမှုမှန်ကို တရားမျှတမူမရမှာကိုစိတ်ပူနေကျပါတယ် ၊တရားခံဘက်ကလဲသူ့မိသားစု၀င်တွေအမှုလိုက်ပေးနေတယ်လို့ကြားတယ် သူ့အမျိုးသမီးကလဲ ကိုယ်၀န်နဲ့
တရားခံကသူ့က်ိုယ်သူငြိမ်းချမ်းရေးအဖွဲ့၀င်လို့လဲပြောထားပါတယ်" လို့ ဘားအံမြို့ခံတစ်ဦးက ပြောပါတယ် ။

ဓားထိုးခံရပြီး မသေဆံုးပဲကျန်ရှိနေခဲ့တဲ့ အမျိုးသမီးကတော့ ဘားအံဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ဆက်လက်ကုသနေဆဲဖြစ်တယ်လို့ သိရပါတယ် ။

နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကြောင်းထပ်မံတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၄ဦး အရှင်ဖမ်းမိ−By−နော်အယ်နီးDa...
16/07/2025

နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကြောင်းထပ်မံတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၄ဦး အရှင်ဖမ်းမိ


By−နော်အယ်နီး
Date- July 16, 2025

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်−ထိုင်းနယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့ လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေဘက်က ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ KNU ဆီကနေသိရပါတယ်။

ဇူလိုင်လ ၁၄ရက်နေ့၊ ညနေ ၆နာရီလောက်မှာ နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကြောင်းကို မိကျောင်းလှောင်နဲ့ နတ်အိမ်တောင် ကြားမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော့ KNLA နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ KNU မြိတ်−ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဆိုပါတယ်။

အဲ့ဒီနောက် ဇူလိုင်လ ၁၅ရက်နေ့၊ နေ့လည်မှာလည်း နောက်ထပ်တစ်ကြိမ် ထပ်မံ ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

နှစ်ရက်တာပစ်ခတ်မှုတွင်း စစ်ကောင်စီတပ်သား ၄ဦးကို လက်နက်ခဲယမ်းတွေနဲ့တကွ အရှင်ဖမ်းဆီးရမိပြီး ၄ဦးထဲက ၁ဦးကတော့ ထိခိုက်ဒဏ်ရာရရှိနေခဲ့တာဖြစ်တယ်လို့ ပဒိုစောအယ်နားက ဆက်ပြောပါတယ်။

“ တိုက်ပွဲက ၂ရက်ဖြစ်တယ်။ သူတို့က ဒဏ်ရာရတဲ့ စစ်သားတွေဆို ဒီတိုင်းထားခဲ့တယ်။ ကျနော်တို့ဘက်ကတော့ လူသာချင်းစာနာတဲ့အနေနဲ့ ခေါ်သွားပြီး ဆေးကုပေးထားတယ်” လို့သူက အခုလိုပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေကိုတော့ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးကာ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထားရှိထားတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၁ရက်နေ့နဲ့ ၁၂ရက်နေ့တွေမှာလည်း အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး အပါအဝင် ၄ဦးသေဆုံးခဲ့ပြီး ၂ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

နတ်အိမ်တောင်နယ်စပ်စခန်းကို စစ်ကောင်စီက စစ်ကြောင်းနှစ်ကြောင်းနဲ့ လာတာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းကတော့ ဆုတ်ခွာသွားပေမယ့် ပြန်လည်စစ်ကြောင်းထိုးဖို့ ရှိနိုင်တယ်လို့ ဆိုပါတယ်။

နတ်အိမ်တောင်ဘက်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်သားတွေဟာ ခလရ ၂၈၂၊ ၂၇၃၊ ၄၀၈၊ ၄၀၉၊ ၄၁၀ တပ်ရင်းတွေက ဖြစ်ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုလို အင်အားလာဖြည့်တာဟာ ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်တွေဘက်က နတ်အိမ်တောင် နယ်စပ်စခန်းတခုသာ ကျန်ရှိပြီး တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ခံရမှာကို စိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့ ပဒိုစောအယ်နားက သုံးသပ်ပြောဆိုထားပါတယ်။

ပုံ− သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ

ကျုံဒိုးမှစစ်ကောင်စီတပ် DKBA /BGF တပ်နှင့် ပူးပေါင်းပြီး KNLA မဟာမိတ်တပ်များကို ဖောက်ထွက်ရန် တိုက်ခိုက်သော်လည်း ထိခိုက်မ...
11/07/2025

ကျုံဒိုးမှစစ်ကောင်စီတပ် DKBA /BGF တပ်နှင့် ပူးပေါင်းပြီး KNLA မဟာမိတ်တပ်များကို ဖောက်ထွက်ရန် တိုက်ခိုက်သော်လည်း ထိခိုက်မှုရှိသည့်အတွက်တပ်ပြန်ဆုတ်ရ


By − People's Radio Myanmar
Date - July 10, 2025

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ်နှင့် ပူးပေါင်းထားသည့် DKBA /BGF ဗိုလ်ဘိတပ်ဖွဲ့များနှင့် ကျုံဒိုး/ကော့ကရိတ်လမ်းပိုင်းအား ပြန်လည်ထိန်းချုပ်ရန် ဇူလိုင်လ၁၀ရက်နေ့က စစ်ကြောင်း ၃နေရာဖြင့် တိုက်ခိုက် စစ်ဆင်သော်လည်း KNLAမဟာမိတ်ပူးပေါင်းတပ်များ ဖြတ်
တောက်တိုက်ခိုက်သည့်အတွက် အုန်းတစ်ပင်ရွာတိုက်ပွဲအတွင်း အထိအခိုက်များပြီး တပ်လန်ကြကာ ခမရ၅၄၅တပ်ဘက်သို့ ပြန်ဆုတ်ခွာသွားကြောင်း သိရှိရပါသည်။

" မနေ့က တစ်နေ့ကုန် တိုက်ပွဲ ဖြစ်တယ်၊ အုန်းတစ်ပင်တော်တော်ကြမ်းတယ်၊နွားခြံကုန်း၊ အင်းကြီးဘက် စကစစစ်ကြောင်းက ဗိုလ်ဘိ DKBA /BGF လည်စီးတွေနဲ့ ပေါင်းပြီးစစ်ကြောင်းတက်တာ ၊ထိခိုက်များတော့ညနေဘက် ၅၄၅ဘက်ပြန်ဆုတ်ဝင်သွားတယ်" ဟု KNLA မဟာမိတ်တပ်‌‌ဖွဲ့သတင်း အရင်းအမြစ်ကပြောပါသည်။

စစ်ကောင်စီတပ်က ဇူလိုင်လ၆ရက်ကဗျူဟာမှူးအသစ် ကျုံဒိုးစစ်တပ်ဗျူဟာသို့ရောက်ရှိလာပြီးနောက် ကော့ကရိတ်လမ်းပိုင်းအားစစ်ဆင် တိုက်ခိုက်ရန် DKBA ဗိုလ်ဘိတပ်များနှင့် တိုက်ကင်းထွက်ရှေ့ထွက်တိုက်ခိုက်သော်လည်းအထိအခိုက် အကျအဆုံးများနေကြောင်း သိရှိရပါသည်။

" DKBA ဗိုလ်ဘိအဖွဲ့ကို ရှေ့ထွက်လမ်းပြဖောက်တိုက်ခိုင်းတာ၊ မိုင်းတွေထိဝာာ၊ရှော့တိုက်တွေထိတာများတယ်၊ ညနေပိုင်းကြတော့ခံမနိုင်တော့ဘူး၊ မိုးကလည်းရွာနေတာဆိုတော့ရေကလည်း တိုးလားတယ် အိမ်တွေလမ်းတွေရေးမြုတ်တော့မယ်ဆိုတော့ပိတ်မိရင်စစ်ကြောင်းလိုက်ပြုမယ်လေ၊အဲ့တော့ပြန်ဆုတ်ကုန်တယ်၊ ဘယ်အချိန်ပြန်ဖိ့မလဲမသိဘူး"ဟုစစ်ရေးအခြေအနေကို သိသူကပြောပါသည်။

ထိုသို့စစ်ကောင်စီက မိုးရာသီအတွင်း ကော့ကရိတ်၊ ကျုံဒိုးလမ်းပိုင်းကို မရအရတိုက်ခိုက် ေဖာက်ထွက် ထိန်းချုပ်ရန် အောက်ခြေတပ်များအပေါ် မိုးထဲ
ရေထဲစစ်ကြောင်းထိုးတိုက်ခိုက်ခိုင်းနေသည့်အတွက် စစ်သားသစ်စုဆောင်းခံရပြီး စစ်ကူထွက်တိုက်နေရသည့် စစ်ကောင်စီတပ်သားများ ထွက်ပြေးမှုများဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

ဝေါလေစစ်ကောင်စီဗျူဟာကုန်းလက်နက်ကြီးပစ်ခတ်မှုကြောင့် ဝေါလေကျေးရွာသား ၃ဦးထိခိုက်ဒဏ်ရာရရပြီး ဒေသခံရာချီ ထိုင်းနိုင်ငံဘက် စစ...
04/07/2025

ဝေါလေစစ်ကောင်စီဗျူဟာကုန်းလက်နက်ကြီးပစ်ခတ်မှုကြောင့် ဝေါလေကျေးရွာသား ၃ဦးထိခိုက်ဒဏ်ရာရရပြီး ဒေသခံရာချီ ထိုင်းနိုင်ငံဘက် စစ်ဘေးရှောင်နေရ

ဇူလိုင် ၄ရက်၊ မဲဆောက်

ကရင်ပြည်နယ် ထိုင်း − မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်ရှိ ဝေါလေမြိုင်မြို့သစ် ဝေါလေ စစ်ကောင်စီ ဗျူဟာစစ်စခန်းကုန်းကို ဇူလိုင်လ ၄ ရက်မှာ KNLAမဟာမိတ်တပ်များတိုက်ခိုက်မှုရှိနေသည့်အတွက် စစ်ကောင်စီတပ်က လက်နက်းကြီးပစ်ခတ်တိုက်ခိုက်မှု့ကြောင့် ဝေါလေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲ ပြီး အရပ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိပြီး အရပ်သားရာချီနေရပ်စွန့် ခွာထိုင်းနိုင်ငံဝေါလေရွာကြီးဘက်ထွက်ပြေးတိမ်ရှောင်နေကြရကြာင်း သိရှိရပါသည်။

" မနက်၁၀နာရီခွဲလောက် ဗျူဟာက လက်နက်ကြီးပစ်ထည့်တာ ရပ်ကွက်သားတွေ ၃ယောက်ထိကုန်တယ်၊ ဖုဖရ ဆေးရုံပို့တယ်ထိုင်းဘက်က ဝေါလေရွာကြီးဘက်က ဘုန်းကြီး ကျောင်း ကို ထိုင်းစစ်ကားတွေလာကြိုပေးနေတယ်၊ရပ်ကွက်သားတွေသုံးလေးရာ တော့ ရှိတော့မယ်၊ထိုင်းဘက်ပြောင်းနေကြတာ" ဟု ထိုင်းစစ်တပ်နှင့်စကားပြန်ပြောဆိုသူ ဝေါလေရပ်ကွက်သားကပြောပါသည်။

အဆိုပါ ဝေါလေမြိုင်မြို့သစ်နေရာရှိ စစ်ကောင်စီတပ် ဝေါလေ စစ်ဗျူဟာ၊ ဥကရိထစစ်စခန်း၊ ထီးသဲဘလယ်စခန်းတို့အား ဇူလိုင်လ ၃ရက်မှစပြီး KNLA မဟာမိတ်ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် ၂ဘက် တိုက်ပွဲ ပြင်းထန်နေပြီး ထိုင်းနိုငိငံ နယ်ခြားစစ်တပ်မှ စစ်ရေး အသင့်အနေအထားဖြင့် စောင့်ကြပ်နေသလို၊ ဝေါလေဒေသခံများအား စစ်ဘေးရှောင်ယာယီ နေရာထိုင်ခင်းများ စီစဉ်နေရာချထားပေးနေကြောင်း သိရှိရပါသည်။

Photo - วันนี้ที่แม่สอด อ.แม่สอด

ပယီသုးမီၤစိရိၤပၢၤဃၥ်၂၈နံၣ် ထံကပျၢၤသုးကလၢၤ တၢ်ပၢၤဆၢသုးပၥ်ဖိၣ်တဖၣ်က့ၤထီၣ်န့ၣ်ဝဲ လါယူၤ ၂၅သီ၊၂၀၂၅နံၣ်ခ့ၣ်အဲၣ်ယူၤ -ကညီဒီကလုၥ်...
25/06/2025

ပယီသုးမီၤစိရိၤပၢၤဃၥ်၂၈နံၣ် ထံကပျၢၤသုးကလၢၤ တၢ်ပၢၤဆၢသုးပၥ်ဖိၣ်တဖၣ်က့ၤထီၣ်န့ၣ်ဝဲ

လါယူၤ ၂၅သီ၊၂၀၂၅နံၣ်

ခ့ၣ်အဲၣ်ယူၤ -ကညီဒီကလုၥ်စၢဖှိၣ်ကရၢ ကီၢ်သူလ့ၤပၢၤဟီၣ်ကဝီၤ ဒူပျၥ်ယၥ်ကီၢ်ရ့ၣ် ကီးတရံးကီၢ်ဆၣ် ပယီၤသုးထံကပျၢၤ သုးကလၢၤတၢ်ပၢၤဆၢသုးပၥ်ဖှိၣ်တဖၣ်ထီၣ်မၤန့ၣ်က့ၤဝဲန့ၣ် ခ့ၣ်အဲၣ်ယူၤ လီၢ်ခၢၣ်သးထုးထီၣ်တၢ်ကစီၣ်န့ၣ်လီၤ

ပယီၤသုးဆီလီၤအိၣ်ဆိးလီၢ် ထံကပျၢၤသုးကလၢၤအံၤ ကညီဒီကလုၥ်တၢ်ထူၣ်ဖျဲးသုးမုၢ်ဒိၣ် KNLA ကညီဒီကလုၥ်ဂၢၤသးကရၢ KNDO တီခိၣ်ရိၤမဲဒီး ကမျၢၢ်ဒီသဒၢသုး PDF တဖၣ်ပၥ်ဖှိၣ်ဒုးဝဲလီၤ

ထံကပျၢၤသုးကလၢၤအံၤ စးထီၣ်လၢ ၁၉၉၅ နံၣ် လါမ့ၤန့ၣ် ပှၤသုးဃီၢ်ပၥ်အီၤလၢ ခ့အဲၣ်ယူၤလီၢ်ခၢၣ်သးသီနၥ်က့ တချူးထီၣ်ဘး၂နံၣ် စးထီၣ်လၢ ၁၉၉၇ လါဖ့ၤဘြူၤအါရံၤ ပယီၤသုးဒုးန့ၣ်ကဒါဝဲန့ၣ် လီၤ

ပယီၤသုးဖိတဖၣ်ပၢၤဃၥ်ဝဲ ၂၈နံၣ် ထံကပျၢၤသုးကလၢၤအံၤ ဖဲလါယူၤ ၂၂သီအနံၤ KNLAသုးပၥ်ဖှိၣ်တဖၣ်ဒုးန့ၣ်ကဒါက့ၤဝဲလီၤ

ဖလူဖးဒိၣ်သဝီပူၤ ပှၤဖှီၣ်န့ၣ်ဝဲ ကသံၣ်မူၤဘှီးဘ့ၣ်ဘၣ် ခံကလးဘျဲၣ်ဒီး ကိၣ်က့ဘိၣ်ခံဘိၣ်လါယူၤ ၁၉သီ၊၂၀၂၅နံၣ်ဖ့ၣ်အဲၣ်ယူၤ ကညီဒီကလု...
19/06/2025

ဖလူဖးဒိၣ်သဝီပူၤ ပှၤဖှီၣ်န့ၣ်ဝဲ ကသံၣ်မူၤဘှီးဘ့ၣ်ဘၣ် ခံကလးဘျဲၣ်ဒီး ကိၣ်က့ဘိၣ်ခံဘိၣ်

လါယူၤ ၁၉သီ၊၂၀၂၅နံၣ်

ဖ့ၣ်အဲၣ်ယူၤ ကညီဒီကလုၥ်စၢဖှိၣ်ကရၢ ကီးတရံးဝ့ၢ်မုၢ်ထီၣ် ဖလူဖးဒိၣ်သဝီပူၤ ဖှီၣ်န့ၣ်ဝဲ ကသံၣ်မူၤဘှီး ၂၄၉၂၀ ဘ့ၣ်ဘၣ်ဒီး ကိၣ်က့ခံဘိၣ် န့ၣ်ခ့ၣ်အဲၣ်ယူၤ ဒူပျၥ်ယၥ် ကီၢ်ရ့ၣ်ထုးထီၣ်တၢ်ကစီၣ်လီၤ

လါယူၤ ၁၄သီ မုၢ်ထူၣ် ၂နၣ်ရံၣ်ဘျဲၣ်ဆၢကတီၢ် ဖလူဖးဒိၣ်သဝီပူၤ နၣ်ဟူဘၣ်ဃးဒီးပှၤပှ့ၤဆါကသံၣ်မူၤဘှီးအဃိ နုၥ်လီၤဃုဆၢကတီၢ် ဖှီၣ်န့ၣ်ဝဲဖဲ ကဝီၤဒ့ ၄ နီၢ်မုးကါဟံၣ်ပူၤန့ၣ်စံးဝဲလီၤ

ဖဲအဝဲအိၣ် ဖှီၣ်န့ၣ်ဝဲကသံၣ်မူၤဘှီးကိၣ်က့ဒီး လီတဲစိၤတဖျၢၣ် power bank တဖျၢၣ် ပသံးထူ တဘိန့ၣ်လံၥ်ပူၤပၥ်ဖျါထီၣ်ဝဲလီၤ

ပှၤလၢဘၣ်တၢ်ဖှီၣ်န့ၣ်ဒီးကသံၣ်မူၤဘှီးနီၢ်မုးကါအံၤ ကညီဒီကလုၥ်စၢဖှိၣ်ကရၢ ကညီဒီကလုၥ်ပၢၤကီၢ်သုး ကီၢ်သူလ့ၤတၢ်ဘျၢအသိး ကဟံန့ၣ်ဝဲအရ့ဒ်တၢ်ဘျၢအသိးန့ၣ်စံးဝဲလီၤ

တကီၢ်ခါခဲအံၤ ကသံၣ်မူၤဘှီးဒီးတၢ်တၤကျိၤတၤစ့တၢ်လိၥ်ကွဲတဖၣ်အဃိ ပှၤသးစၢ်တဖၣ်တကးဒံးဘၣ်ပှၤခဲလၢၥ် မုၢ်ခွါ ဟးဂီၤအါထီၣ်လီၤ

တၢ်လၢကဲထီၣ်သးတဖၣ်အဖီခိၣ် ဒ်သိးကမၤကတၢၤကွံၥ်ကသံၣ်မူၤဘှီးဒီး တၢ်တၤကျိၤတၤစ့တၢ်လိၥ်ကွဲတဖၣ်အဂီၤ ထံဖိကီၢ်ဖိတဖၣ်ကဘၣ်မၤသကိးတၢ်လၢတၢ်သ့ၣ်ညါနၢ်ပၢၢ်ထံရူၤကီၢ်သဲးတၢ်ထံၣ်တဖၣ်ဒီးကဘၣ်ဆီတလဲသကိးန့ၣ် ဟ့ၣ်ဂံၢ်ဟ့ၣ်ဘါဝဲလီၤ

မုံရွာအခြေစိုက် နမခထဲကို ရှော့တိုက်ဒုံးသုံးလုံးပစ်သွင်းနိုင်ခဲ့By KhinDate - June 15, 2025စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခ...
15/06/2025

မုံရွာအခြေစိုက် နမခထဲကို ရှော့တိုက်ဒုံးသုံးလုံး
ပစ်သွင်းနိုင်ခဲ့

By Khin
Date - June 15, 2025

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာချုပ် (နမခ)ထဲကိုရှော့တိုက်ဒုံးသုံးလုံး အောင်မြင်စွာ ပစ်သွင်းနိုင်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM)ကပြောပါတယ်။

ဇွန်လ ၁၄ ရက်၊ ည ၁၀နာရီ ၁၀မိနစ် ခန့်တွင် နမခ အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး သုံးလုံးပစ်ခတ်ခဲ့ရာ သုံးလုံးစလုံး နမခ ထဲသို့ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

“စားပွဲသောက်ပွဲလုပ်နေတဲ့ဆီတော့တစ်လုံးကျတယ်လို့ကနဦးစုံစမ်းသိရှိရပါတယ် ကျန်တဲ့ကျတဲ့နေရာတွေတော့စုံစမ်းနေဆဲပါ” လို့ Brave Warriors For Myanmar (BWM)အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက People’s Radio Myanmarကိုပြောပါတယ်။

ရှော့တိုက်ဒုံးပစ်ခတ်ပြီးနောက် နမခထဲမှ တန်ပြန်ပစ်ခတ်မှုတွေရှိခဲ့သော်လည်း တော်လှန်ရေး ရဲဘော်တွေအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါ နိုင်ခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar -BWMအဖွဲ့ရဲ့ ဦးဆောင်စီမံမှုဖြင့် Shadow (မုံရွာ) အဖွဲ့၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း နဲ့ Justice Brothers Force အဖွဲ့တို့ပူးပေါင်း ဆင်နွှဲခဲ့တာဖြစ်ပြီး စစ်သားတွေရဲ့ထိခိုက်မှုအခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဟာစစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာရှိတဲ့ စစ်တပ်ရဲ့ လက်ရုံးတပ်ဖွဲ့တွေကို အဓိကအမိန့်ပေးကွပ်ကဲနေတဲ့စစ်ဌာနချုပ်ဖြစ်ပါတယ်။

11/06/2025

ပေါင်းတည်မှာ စစ်တပ်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၁ ဦးသေဆုံး၊လက်နက်ခဲယမ်းတွေသိမ်းဆည်းရ
_

By - စောကျော်ငြိမ်း
Date - 11 June 2025

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ရွာမှထွက်တဲ့ စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းကို ဇွန်လ ၃ ရက်နေ့ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးခဲ့တယ်လို့ PPDF-၃၆၀၁ တပ်ရင်းရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ညောင်နီပင်အုပ်စု ညောင်နီပင်ရွာနဲ့ မအူကွင်းရွာကြားမှာ စစ်ကြောင်းရောက်နေချိန် မနက် ၉ နာရီခန့်က မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ကြားဖြတ်တိုက် ခိုက်ခဲ့တာဖြစ်ပြီး စစ်သားတွေသေဆုံးသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

" တိုက်ပွဲတွင်းမှာ မျက်မြင်သေတာ ၈ ယောက်ပါ။ အလောင်းတွေကိုလာကောက်သွားတယ်။ဒဏ်ရာရသူ ၁၁ ယောက်ရှိတယ် " လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းတာဝန်ခံရဲဘော် Shadow ကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်မှလည်း လက်နက်ကြီးလက်နက်ငယ်ဖြင့် ပြန်လည်တိုက်ခိုက်မှု့ကြောင့်ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်၊ MA1 သေနတ် ၂ လက်၊ MA3 သေနတ် ၆ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ MA1 ကျည်ဘောက် ၃ ဘောက်၊ MA3 ကျည်ဘောက် ၅ ဘောက် ၊ G3 ကျည်ဘောက် ၂ ဘောက်၊ 5.56 ကျည်ဆံ ၅၆ တောင့်၊ 7.62 ကျည်ဆံ ၁၆ တောင့်၊ Icom ၁ လုံး၊ WY စိတ်ကြွဆေး ၁၅၀ ပြားနှဲ့အတူ အခြားစစ်အသုံးဆောင်ပစ္စည်းအမျိုးမျိုးတို့ကိုလည်း သိမ်းဆည်းရခဲ့တယ်လို့

အဲ့ဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ် ဆင်ရေးနယ်မြေ ဗျူဟာ ၂၁ လက် အောက်ခံ ၃၆၀၁ တပ်ရင်း၊၃၆၀၂ တပ်ရင်း တပ် ရင်းရုံး၊တပ်ခွဲ ၃ တပ်ခွဲ ၄ ၊ပြည်ခရိုင်- ပကဖ၊ရွှေတောင်-ပကဖ၊ပေါက်ခေါင်း-ပကဖ၊၃၈၀၁ တပ်ရင်း တပ်ခွဲ ၃ နတ်စစ်သည်အဖွဲ့၊တပ်ခွဲ ၆ ဧရာညီနောင်အဖွဲ့တို့ပူး ပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

" စစ်တပ်ဘက်က အကျအရှုံးများလောက်တယ်။ဂျက်ဖိုက်တာရော ပါရာမိုတာနဲ့ပါဗုံးတွေလာကြဲ သေးတယ်။ပြည်သူတွေထိခိုက်တာ မကြားမိပါဘူး" လို့ ပေါင်းတည်ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်မှလည်း နေ့လည် ၃ နာရီခန့်က တောင်ငူလေတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့်ဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ပြီး ညနေ ၅ နာရီမှာ ပြည်မြို့ဘက်မှ စက်တပ်လေထီး ၂ စီးဖြင့် ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေအထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ပေါင်းခေါင်းမြို့နယ်အတွင်းရှိ သိုက်ချောင်းရွာ၊ကွမ်းအုံစုရွာ၊ အိုင်စောက်ရွာ၊ မြေနီကုန်း၊ သဖန်းကိုင်းရွာ၊ ဒလမဲရွာ၊ မရိုးကျွန်းရွာ၊ ပြန်ချီတက်ရွာတွေကို လှည့်လည်မီးရှို့ပြီး ပေါင်းတည်မြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးပျက်ကျခဲ့By - ထက်မြတ်Date - June 10 , 2025 စစ်ကိုင်းတိ...
10/06/2025

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးပျက်ကျခဲ့

By - ထက်မြတ်
Date - June 10 , 2025

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း
စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာတစ်စီးပျက်ကျခဲ့တယ်လို့ ဆိုပါတယ် ။

အဆိုပါ ဂျက်ဖိုက်တာဟာ ဇွန်လ ၁၀ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီကျော်လောက် မှာပျက်ကျခဲ့တာဖြစ်ပြီး ၎င်းလေယာဉ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ကပစ်ချခဲ့တာလို့ လူမှုယွန်ယက်စာမျက်နှာတွေမှာ ရေးသားဖော်ပြထားပါတယ် ။

ပျက်ကျသွားတဲ့ လေယာဉ်အမျိုးအစား နဲ့ လေယာဉ်မှူးသေဆုံးမှုရှိမရှိကြိ စုံစမ်းနေဆဲဖြစ်တယ်လို့ PLA ကထုတ်ပြန်ရေးသားထားပါတယ် ။

အဆိုပါ ကန့်ဒေါင့်ရဲစခန်းကို ဇွန်လ ၂ ရက်နေ့ကတည်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA မှ ဦးဆောင်ပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွဲနေတာပဲဖြစ်ပါတယ် ။

ပယီၤသုးကျိၤတဖၣ်လဲၤဒွဲၣ်အူအီၣ်ဝဲကြုၢ်တု အိတပ့ၤကၠိတကးဒံးဘၣ်ခးလီၤမ့ၣ်ပိၢ်ဒီးဒြိအဃိကမျၢၢ်ဘၣ်ဒိ ၄ဂၤကီးတရံးကီၢ်ရ့ၣ် ကြုၢ်တုဟီၣ...
10/06/2025

ပယီၤသုးကျိၤတဖၣ်လဲၤဒွဲၣ်အူအီၣ်ဝဲကြုၢ်တု အိတပ့ၤကၠိတကးဒံးဘၣ်ခးလီၤမ့ၣ်ပိၢ်ဒီးဒြိအဃိကမျၢၢ်ဘၣ်ဒိ ၄ဂၤ

ကီးတရံးကီၢ်ရ့ၣ် ကြုၢ်တုဟီၣ်ကဝီၤပူၤ အိတပ့ၤသဝီ ပယီၤသုးကျိၤနုၥ်လီၤဖဲ လါယူၤ ၇သီဆၢကတီၢ် တၢ်ဒုးကဲထီၣ်ဒီး KNLAသုးပၥ်ဖှိၣ်တဖၣ်ဝံၤ ဒွဲၣ်အူအီၣ်ဝဲသဝီတီၤဖုၣ်ကၠိတကးဒံးဘၣ် ခးလီၤမ့ၣ်ပိၢ်ဒီးကဘီယူၤအဃိသဝီဖိဘၣ်ဒိ ၄ဂၤန့ၣ်သ့ၣ်ညါဘၣ်န့ၣ်လီၤ

“ကြုၢ်တုပယီၤသုးကျိၤဟဲနုၥ်လီၤဖဲ အိတပ့ၤသဝီအခါ တၢ်ဒုးကဲထီၣ်ဒီးကညီကရူၢ်လီၤ ဘၣ်ဒိဆါအဃိဒွဲၣ်အူအီၣ်ကၠိဒီးဟံၣ်ခံဖျၢၣ်လီၤ လဲၤဆူတၢ်မဲၥ်ညါတန့ၣ်အဃိကဘီယူၤဟဲခးလီၤတၢ်ဒၢးသဝီဖိဘၣ်ဒိ ၄ဂၤ တဂၤတၢ်ဘၣ်ယိၤအိၣ် ပယီၤသုးကျဲးစၢးလၢကထီၣ်န့ၣ်က့ၤကီးတရံးကျဲနၥ်က့လဲၤတန့ၣ်ဘၣ်”န့ၣ်တၢ်ကစီၣ်သန့ PMRစံးဝဲလီၤ

စးထီၣ်လၢလါယူၤ ၆သီ ကြုၢ်တုခမရ ၅၄၅/၅၄၆သုး ဒြိသုး၊ကျိဖးဒိၣ်သုးကျိၤ၃ကျိၤ ဂံၢ်ဘါ ၅၀၀ဃၣ်ဃၣ် ထီၣ်တၢ်ဒုးဒ်သိးကန့ၣ်က့ၤကီးတရံးကျဲတကပၤအဃိ အိတပ့ၤ၊ကီးကမၣ်၊၇တၢၣ်၊၉တၢၣ်သဝီတကပၤတၢ်ဒုးကဲထီၣ်ဒီး KNLAသုးပၥ်ဖှိၣ်တဖၣ် တုၤလၢလါယူၤ ၃သီန့ၣ်လီၤ

တၢ်ဒုးကဲထီၣ်အတီၢ်ပူၤ ပယီၤသုးတကပၤပှၤဘၣ်ဒိသံအိၣ်ဒီး KNLAသုးပၥ်ဖှိၣ်တကပၤဘၣ်ဒိ ၄ဂၤန့ၣ်ကြုၢ်တုဟီၣ်ကဝီၤ KNLAသုးပၥ်ဖှိၣ်တၢ်ကစီၣ်ဂံၢ်ခီၣ်ထံးစံးဝဲလီၤ

တကးဒံးဘၣ်ပယီၤသုးတဖၣ်ဟဲထီၣ်ဒီးသုးမၤစၢၤသုးကျိၤ ရဲၤကျဲၤတၢ်ထီၣ်ဒုးသုးဝဲၢ်လီၢ်ခိၣ်သ့ၣ် စကခ ၁၂ လဲၤခးဝဲအသိး ၆ဖျၢၣ်ရိးကဲးမ့းစဲတဖၣ် ခးလီၤမ့ၣ်ပိၢ်ဒီးဒြိန့ၣ်သ့ၣ်ညါဘၣ်န့ၣ်လီၤ

တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၂ဦးသေဆုံး−By−နော်အယ်နီးDat...
09/06/2025

တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၂ဦးသေဆုံး

By−နော်အယ်နီး
Date- June 9, 2025

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်မြို့နယ်၊ တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၂ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇွန်လ ၇ရက်နေ့၊ နေ့လည် ၁၁နာရီခွဲလောက်မှာ တောင်ပျောက်တိုက်နယ်ရှိ ကျောက်အိုင်နဲ့ မယ်ကဲကျေးရွာနှစ်ရွာကို စစ်ကောင်စီရဲ့ တိုက်လေယာဉ်နဲ့ ဗုံးသီး ၄လုံး ကြဲချတိုက်ခိုက်သွားခဲ့တာဖြစ်တယ်လို့ သရက်ချောင်းဒေသခံတစ်ဦးက ဆိုပါတယ်။

“ မယ်ကဲကိုနှစ်လုံး၊ ကျောက်အိုင်ကိုနှစ်လုံးကြဲသွားတာ။ တိုက်ပွဲဖြစ်နေတာလည်း မဟုတ်ဘူး။ စစ်တပ်တယ်လီဂရမ်တွေကနေ တင်ထားတာတော့ KNU/PDF အဆောက်အအုံပျက်စီးသွားတယ်ဆိုပြီးတင်ထားတာ” လို့သူက အခုလိုပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်အိုင်ကျေးရွာက အသက် ၅၀ကျော်အရွယ် ဦးသန်းအောင်နဲ့ အသက် ၁၁နှစ်အရွယ် သားဖြစ်သူတို့ ခန္ဓာကိုယ်အနှံ့ဗုံးစထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ဒါ့အပြင် ဦးသန်အောင်ရဲ့ ဇနီးဖြစ်သူအပါအဝင်မိသားစု ၄ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နဲ့ ကားတွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဧပြီလက တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ၄၅ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ FE5 Thanintharyiရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပုံ−ဗုံးကြဲတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးသွားတဲ့နေအိမ်နဲ့ကား

ဃိၣ်သၢဖျၢၣ်ဝ့ၢ်ပူၤ ပှၤပံးကွံၥ်တၢ်နုၥ်လီၤဟးထီၣ်လီၢ်တဖၣ်ဝံၤအလီၢ်ခံ ပှၤလဲၤမၤတၢ်လၢကီၢ်ကၠီၣ်တဲၣ်တဖၣ် ဘၣ်ကီဘၣ်ခဲကီၢ်ကၠီၣ်တဲၣ်-...
07/06/2025

ဃိၣ်သၢဖျၢၣ်ဝ့ၢ်ပူၤ ပှၤပံးကွံၥ်တၢ်နုၥ်လီၤဟးထီၣ်လီၢ်တဖၣ်ဝံၤအလီၢ်ခံ ပှၤလဲၤမၤတၢ်လၢကီၢ်ကၠီၣ်တဲၣ်တဖၣ် ဘၣ်ကီဘၣ်ခဲ

ကီၢ်ကၠီၣ်တဲၣ်-ကီၢ်ပယီၤကီၢ်ဆၢ ယိၤသုးတဖၣ်ပံးကွံၥ်ဝဲအလီၢ်ခံ ပှၤလဲၤမၤတၢ်လၢယိၤကီၢ်တဖၣ်ဘၣ်ကီဘၣ်ခဲန့ၣ် သ့ၣ်ညါဘၣ်လၢဃိၣ်သၢဖျၢၣ် ကမျၢၢ်တဖၣ်အိၣ်န့ၣ်လီၤ

ခီဖျိပံးဝဲဒ်အံၤအဃိ လၢညါပှၤလဲၤမၤတၢ်မၤဒီးသိလ့ၣ်ယီၢ်ဆူယိၤကီၢ်တကပၤတဖၣ် ခီဖျိဟးထီၣ်က့ၤလီၤတန့ၣ်လၢၤအဃိ ဘၣ်လဲၤလၢထံပီၢ်ကျီးတကပၤန့ၣ်စံးဝဲလီၤ

“အခဲပံးဝဲလၢယိၤကီၢ်တကပၤ အဝဲသ့ၣ်ဟံၣ်လီၢ်ခံအိးထီၣ်ဃးဝဲဒီးပှၤမ့ၢ်လဲၤထၢစ့အခဲပံးဝဲဒ်အံၤအဃိ ပှၤမၤတၢ်ဖိတဖၣ်ဘၣ်ကီဘၣ်ခဲ ကျဲလီၢ်ခံ ဖယါကွ့း ယိၤသုးအိၣ်ခိးလီၢ်တဖၣ် ပံးဝဲအဃိ ပှၤလဲၤမၤတၢ်လၢယိၤကီၢ်တဖၣ်ကီခဲသၢၣ် “န့ၣ်ဃိၣ်သၢဖျၢၣ်ကမျၢၢ်တဂၤစံးဝဲလီၤ

ဘၣ်ပံးကျဲဒ်အံၤန့ၣ် စးထီၣ်လၢလါမ့ၤ ၂၇သီအနံၤ ကၣ်ခၠနးပူၣ်ရံၤ ဃိၣ်သၢဖျၢၣ် ကီၢ်ဆၢတၢ်လီၢ်တတီၢ်အပူၤ ဘး ၁၈ ကကွဲၤ လဲၤခီဖျိဝံၤအလီၢ်ခံပှၤပံးကျဲန့ၣ်လီၤ

ပှၤလၢဘၣ်တၢ်ဖှီၣ်အီၤဒီးဘး ၁၈ကကွဲၤတဂၤအံၤအိၣ်ဆိးဖဲဃိၣ်သၢဖျၢၣ်ဝ့ၢ်ဒီး အဝဲပှၤဘၣ်ဃုထၢက့ၤဒီးစ့ ၃ကလီၢ်ဝံၤနၥ်က့တၢ်နုၥ်လီၤဟးထီၣ်လီၢ်တဖၣ်ယိၤသုးပံးကွံၥ်လီၤ

“လၢအပူၤကွံၥ်ဖှီၣ်န့ၣ်ဝဲစ့ ၁၈ကလီၢ် အဝဲန့ၣ်ဃိၣ်သၢဖျၢၣ်ဝ့ၢ်ပူၤ အမိန့ၣ် အကဲပှၤရၤလီၤ beer အတဲပှၤဃုထၢက့ၤဒီးစ့ ၃ကလီၢ် နၥ်က့ပှၤပျၥ်ကွံၥ် အဝဲသ့ၣ်ကးတံၢ်တြဲၤတဖၣ်လီၤ

တၢ်ကဲထီၣ်သးဒ်အံၤဝံၤအလီၢ်ခံ တၢ်သမံသမိးဃံးထီၣ်အဃိ ပှၤလၢလဲၤမၤတၢ်ဖဲကီၢ်ကၠီၣ်တဲၣ်ပူၤတဖၣ်ဘၣ်ကီဘၣ်ခဲန့ၣ်လီၤ

ที่อยู่

Phra Nakhon

เบอร์โทรศัพท์

+66981652450

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Phar Si Thanผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Phar Si Than:

แชร์