SHWE HLA သာလီစွပါ 🙏🙏🙏

စာအုပ်စာပီပညာရပ်ထဲမှာ ပျော်မွေးပါ။ ဗဟုသုတမျှဝေသူ

ညီမချေတိုင်း ဖတ်ဖို့===============ဒေမှာ ညီမချေအချစ်ဆိုရေအရာကို မရူးသွပ်မိဖို့ အမှားစကားချေတော့ ပါးလိုက်မိပါရေနော်။လောကမ...
06/07/2025

ညီမချေတိုင်း ဖတ်ဖို့
===============

ဒေမှာ ညီမချေ
အချစ်ဆိုရေအရာကို မရူးသွပ်မိဖို့ အမှားစကားချေတော့ ပါးလိုက်မိပါရေနော်။

လောကမှာ
လူငယ် အရွယ်ဆိုတော့ခါ သစ်ရွက်လှုပ်စွာမြင်တိုင်း ရင်ခုန်တတ်တေအရွယ် ချစ်ကောင်းတုန်းအရွယ် အချစ်ဆိုရေအရာကို ရူးသွပ်လို့ကောင်းတုန်းအရွယ်ပါ။

လူငယ်သဘာဝလို့ ဆိုနိုင်ကေလည်း
အဆိုထဲက အချစ်ရဲ့ရူးသွပ်ခြင်းမှာ မစီးမျောလားဖို့ မနှစ်မြုပ်လားဖို့ လိုအပ်တေ။

အချစ်ဆိုရေအရာကို တစ်ဘဝ ထင်ပြီး
ယေးအချစ်မဟိကေ နိန်ရို့ထိုင်ရို့မကောင်းလောက်အောင်အထိတော့
မရူးသွပ်ဖို့ လိုရေ။

ကိုယ့်ဘဝရဲ့ သမိုင်းစာမျက်နှာကို
ကိုယ်ကိုယ်တိုင် စီကုံးရင်း
ကိုယ့်မှာ မပြည့်စုံခင်မှာ...
အချစ်ရေးဘက်သို့ အားသာလားကေ
ဘဝစာမျက်နှာက ဒုက္ခတိများစွာနန့် ကြုံနိန်ရလိမ်မယ်။

ကိုယ့်ဘဝအောင်မြင်ရေးအတွက် ကြိုးစားနိန်ရေအချိန်မှာ
အချစ်ရေးဘက်ကို အားသာလားကေ
ဘဝအရေး
အောင်မြင်လိုစိတ်တိက ပျောက်ဆုံးလားပြီးကေ
ရောင်ရဲတင်းတိပ် လားတတ်တေ။

ယင်းအတွက်
အချစ်လာ? ချစ်ပါ။....မရူးသွပ်မိဖို့တော့ ဆင်ခြင်ပါညီမချေ။

မိန်းမတိုင်း တာဝန်============လောကကြီးမှာလူသားတစ်ယောက်အနိန်နန့် မွီးဖွားလာသည်နန့်မျှ ကျင့်ဝတ်တရားတိ ကျင့်ကြံဖို့က ဘဝပီးတ...
01/07/2025

မိန်းမတိုင်း တာဝန်
============
လောကကြီးမှာ
လူသားတစ်ယောက်အနိန်နန့် မွီးဖွားလာသည်နန့်မျှ ကျင့်ဝတ်တရားတိ ကျင့်ကြံဖို့က ဘဝပီးတာဝန်တစ်ခုပင်ဖြစ်တေ။

ယင်းအတွက်နန့်
မိန်းမတစ်ယောက်အနိန်နန့် မကျော်သင့်ရေ စည်းမျှဥ်းကို မကျော်မိခြင်းက
မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဖြစ်တေပိုင် ဂုဏ်သိက္ခာဟိခြင်းတစ်ခုလည်းဖြစ်တေ။

မိန်းမတစ်ယောက်က
အရှက်တရားဟိရမယ်
မကျော်သင့်ရေ စည်းမျှဥ်းကို မကျော်မိဖို့
မလုပ်သင့်ရေအရာကို မလုပ်မိဖို့။

မိန်းမတစ်ယောက်က
ကိုယ်ကျင့်သီလကို စောင့်ထိန်းရမယ်
မိန်းမတစ်ယောက်က
ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်ရမယ်။

မိန်းမတစ်ယောက်က
စိတ်ကောင်း/နှလုံးကောင်းနန့် ဘဝကိုဖြတ်သန်းတတ်ရမယ်။

မိန်းမတစ်ယောက်က
ဘဝရဲ့
စစ်မှန်ရေ ရတနာကို ပိုင်ဆိုင်ထားရမယ်။

လောကမှာ
စိတ်ကောင်း နှလုံးကောင်း ကိုယ့်ကျင့်တရားကောင်းရေမိန်းမတစ်ယောက်က
ရောင်ရဲစွာနိန်ထိုင်တတ်တေ/ သူတစ်ပါးရဲ့ပိုင်ဆိုင်မှု / သူတစ်ပါးရဲ့ ဟူသောအရာမှန်သမျှကို
ဇာသောအခါမှ မျက်စောင်းမထိုးတတ်တေပိုင်
ဇာသောအခါမှ ကောက်ကျစ်ဖို့ စိတ်ကူးကို မမွေးမြူတတ်ပါ။

ကိုယ်ကျင့်တရားရှိပြီး
ကိုယ့်ဘဝကို ချစ်တေ မြတ်နိုးရေ တန်ဖိုးထားရေမိန်းမတစ်ယောက်က
ကိုယ့်ဘဝကို တန်ဖိုးကျစီရေ ကိစ္စရပ် လုပ်ရပ်တိနန့် ဝီးဝီးရှောင်နိန်တတ်တေ။

ကိုယ့်ကျင့်တရားကောင်းရေ
ကိုယ့်ဘဝကို တန်ဖိုးထားရေ မိန်းမတစ်ယောက်က
ကိုယ့်ကျင့်တရား ပျက်ပျယ်လာရေခေတ်ရီစီးကြောင်း ဇာလောက်ပင်ရီစီးသန်နိန်ပစ်စီ
ကိုယ့်ရဲ့ ကိုယ့်ကျင့်တရားနန့် ဂုဏ်သိက္ခာကိုတော့ အမြဲတမ်း အသက်ထက်မျှ တန်ဖိုးထားတတ်တေ။

စိတ်ဓာတ်တိ ကိုယ်ကျင့်တရားတိ
ဆုတ်ယုတ်လာရေခေတ်ကြီးမှာ
စစ်မှန်ရေ ရတနာကို ပိုင်ဆိုင်ထားကတ်တေမိန်းမ တစ်ယောက်အနိန်နန့် ဘဝကိုရပ်တည်နိန်ထိုင်ရေမိန်းမက

လောကမှာ
တန်ဖိုးအရှိဆုံး မိန်းမတစ်ယောက်ဖြစ်တေပိုင်
စစ်မှန်သော လူသားတစ်ယောက်ပင် ဖြစ်တေ။

စာရှီးသူ = SHWE HLA

#ဗဟုသုတ

သာမန် မိန်းမချေ===========ဒေမှာ ညီမချေကိုယ့်ကို စိတ်ရင်းနန့် ချစ်ပီးရေသူတိအတွက်ကိုယ်က သဘောကျစရာကောင်းရေသူတစ်ယောက်ရာဖြစ်တ...
28/06/2025

သာမန် မိန်းမချေ
===========

ဒေမှာ ညီမချေ
ကိုယ့်ကို စိတ်ရင်းနန့် ချစ်ပီးရေသူတိအတွက်
ကိုယ်က သဘောကျစရာကောင်းရေသူတစ်ယောက်ရာဖြစ်တေ။

ကိုယ့်ကို မုန်းနိန်ရေသူတိ အတွက်
လိုက်ပြီး ခံစားပီးနိုင်စရာ မလိုပါနော်။
ကိုယ့်ဖြစ်တည်မှုကို ကိုယ်ချစ်ပြီး
ကိုယ့်ရဲ့ အီးချမ်းရေ ရပ်ဝန်းမှာ ရှင်သန်ပါ။

လောကမှာ
ကိုယ်က လွတ်လပ်စွာ ရှင်သန်နိန်ရေ
သာမန် မိန်းမချေတစ်ယောက်ရာ ဖြစ်တေဆိုစွာ
ကိုယ့်ရဲ့ ဦးနှောက်နန့် ရင်ထဲနှလုံးသားထဲမှာ
ကဗ္ဗည်းစာတန်းချေ ထိုးထားလိုက်ပါ။

လောကကြီးက
နိန်တတ်ကေ ကျေနပ်စရာ ကောင်းပါရေညီမချေ
ဘဝဆိုစွာကလေ
နှလုံးသားနန့် ခံစားပြီး ဦးနှောက်နန့်တည်ဆောက်ရရေ စာကြောင်းချေတစ်ခုပါညီမချေ။

စာရှီးသူ= SHWE HLA

#ဗဟုသုတ

 #ကိုယ်ချစ်ရသူကိုလေးစားမှုထားပါ။=============ကိုယ်ချစ်ရသူနန့် ခရီးနှင်ရေအခါ.... တည်ဆောက်တဲ့အခါ တစ်ယောက်အပေါ်တစ်ယောက် လေး...
25/06/2025

#ကိုယ်ချစ်ရသူကို
လေးစားမှုထားပါ။
=============

ကိုယ်ချစ်ရသူနန့် ခရီးနှင်ရေအခါ.... တည်ဆောက်တဲ့အခါ တစ်ယောက်အပေါ်တစ်ယောက် လေးစားတန်ဖိုးထားဖို့ လိုအပ်တေ။

ဘဝမှာ
ကိုယ်ချစ်ရသူကို လေးစားရေဆိုစွာ
(၁) ကိုယ် ချစ်ရသူ ပြောစကားကို နားထောင်ရေအခါ အာရုံစူးစိုက်ထားဖို့။

(၂) ကိုယ် ချစ်ရသူ ဇာပုံ ဇာသဏ္ဍန်နန့် ခံစားနိန်ရရေဆိုရေ ခံစားချက်ကို အလေးထားဖို့။

(၃) ကိုယ် ချစ်ရသူနန့် တိုင်ပင်သင့်ရေအရာကို မတိုင်ပင်ပဲ ဆုံးဖြတ်ချက်မချဖို့။

(၄) ကိုယ်ချစ်ရသူရဲ့ အတွေး မော်အမြင်တိကို တန်ဖိုးထားဖို့။

ကိုယ်ချစ်ရသူနန့် ပတ်သတ်တေ အရာမှန်သမျှ
အလေးထားဖို့ လိုအပ်တေ။

ကိုယ်ချစ်ရသူကို ကိုယ့်ရဲ့လိုအင်ထဲ ပုံသွင်းဖို့မကြိုးစားမိဖို့ လိုအပ်တေ။

ချစ်ရသူကို လေးစားရေ တန်ဖိုးထားရေဆိုစွာ
သူ့ဘဝ သူ့အိမ်မက် သူ့ရေမှန်းချက်တိကို အားပီးတတ်ခြင်း
အားပီးခြင်းရဲ့နောက်မှာ သူ့အားနည်းချက်ကို မဝေဖန်ပဲ နားလည်ပီးတတ်ခြင်းက အဓိကအရင်းအမြစ်ဖြစ်နိန်ဖို့ လိုအပ်တေ။

သူရဲ့လုပ်ရပ်တိမှာ အမြင်မတော် အမှားတိဟိနိန်ခကေ ညင်ညင်သာသာနန့် သဟဇာတဖြစ်ဖြစ် နားလည်အောင် အကြံပီးခြင်း။

အများသူရှေ့မှာ
သူ့လုပ်ရပ် သူပြောဆိုချက်တိ အမြင်မတော်စွာမြင်မိခကေ
အများသူရှေ့မှာ သူ့ရဲ့ဂုဏ်သိက္ခာကို မချိုးနှင်းခြင်း ။

ချစ်ရသူနန့် စိတ်သဘောထား မတိုက်ဆိုင်ရေအခါ ငြင်းခုန် မနိန်ဖို့အပြင် အနိုင်မယူပဲနန့် / အမှန်ကိုရှာဖွေခြင်း။

သူ့ကိုယ်ပိုင် ဘဝလွတ်လပ်ခွင့်ကို
လွတ်လပ်စွာ နိန်ထိုင်ပီးခြင်း လေးစားပီးခြင်း
သူနန့် ပတ်သတ်ကေ စိတ်ရှည်ပီးတတ်ခြင်း
ဒေအချက်တိကို နားလည်သဘောပေါက်ထားမှ
ကိုယ်ချစ်ရသူကို ချစ်ရာရောက်ရေပိုင် လေးစားမှုထားပီးရာလည်း ရောက်ဖို့ပင်ဖြစ်တေ။

နှစ်ဦးသား လျှောက်တေခရီးလမ်းမှာ
ချစ်ခြင်းနန့် လေးစားခြင်းက အတူဒွန်တွဲခင်းပြီး
လျှောက်ပီးရဖို့ ခရီးပင်ဖြစ်တေ။

ချစ်ခြင်း မရှိကေ လေးစားခြင်းဆိုစွာလည်း
ရှိလာဖို့မဟုတ်ရေပိုင်
လေးစားမှု မရှိခြင်းကလည်း ချစ်ခြင်းမရှိလို့ပင်ဖြစ်တေ။

ယင်းကြောင်း
ကိုယ်ချစ်ရသူကို ဘဝနိန်ထိုင်နည်း နည်းလမ်းမှန်မှန်နန့် ချစ်ခင်ပီးပါ လေးစားမှု ထားပီးပါ။

စာရွီးသူ=SHWE HLA

#ဗဟုသုတ

အပျော်အပါး မမက်ကေ့=================လူတစ်ယောက်ကအပျော်ပါး မက်လွန်းရေအခါ သူရဲ့ တန်ဖိုးရှိရေအရာများစွာ ဆုံးရှုံးလိမ့်မယ်။ပြေ...
23/06/2025

အပျော်အပါး မမက်ကေ့
=================

လူတစ်ယောက်က
အပျော်ပါး မက်လွန်းရေအခါ
သူရဲ့ တန်ဖိုးရှိရေအရာများစွာ ဆုံးရှုံးလိမ့်မယ်။

ပြောတတ်ကတ်စွာတိ ကြားမိပါရေ
အလုပ်မှာ လူပင်ပန်းရို့ စိတ်ပင်ပန်းရို့ ကေးစွာရာ ပျော်ပါးစွာရာဆိုပြီး ပြောတတ်ကတ်ပါရေ။

။ မှန်ပါရေ ။

တစ်ခါတစ်လီတော့ခါ တစ်ခုမဖြစ် ကိစ္စမရှိပါ။
ယကေလည်း
(ခဏခဏ) (တနားတနား) ကေးနိန် ပျော်ပါးနိန်ကေတော့ခါ မကောင်းပါ။

ဘဝမှာ
အပျော်အပါး မက်တတ်ရေအခါ
ဒေအချက် များစွာဆုံးရှုံးလားနိုင်ရေ။

(၁) အပျော်အပါး မက်ရေအခါ
ကိုယ့်ဘဝရဲ့ တန်ဖိုးရှိရေ တန်ဖိုးကြီးရေအချိန်တိ အလကားပင်ဖြစ်နိန်လိမ့်မယ်။

(၂ ) အပျော်အပါး မက်ကေ
ကိုယ့်ပင်ပင်ပန်းပန်းရှာထားရေ စုဆောင်ထားရေ
ဖဲသာရေး ကြေးရေးတိ ကုန်ကျမှုတိ များလာလိမ့်မယ်။

(၃) အပျော်အပါး မက်ကေ
ကိုယ့်ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးတိ ထိခိုက်လိမ့်မယ်။

အပျော်အပါး မက်တေဆိုစွာ
ဆယ်ကျော်သက်အရွယ်မှာ ပျော်နိုင် မက်နိုင်ကေလည်း။

အသက်အရွယ် တစ်ခု ရလာရေအခါ
ဘဝအတွက် ကြိုးစားနိန်ရေအချိန်မှာ
ကိုယ့်ဘဝရဲ့ အချိန်ကို တန်ဖိုးရှိရှိအသုံး ချရဖို့ဆိုရေ အသိစိတ်ဝင်ထားဖို့ လိုရေ။

နိန်စွာပိုင် ဖြစ်တေ ဘဝမှာ...
ဖြစ်စွာပိုင် နိန်လို့မရဆိုရေ အသိစိတ်ချေ ဝင်ထားတတ်ဖို့ လိုရေ။

သာလီစွပါ🙏🙏🙏
စာရှီးသူ= SHWE HLA

#ဗဟုသုတ

ဒေ မ(၃)မျိုးကို မသိတတ်ကေ (အကောင်)ဗျာယ်=================================လောကမှာယေက်ျားတစ်ယောက်စွာ ဇာလောက်ပင် မိုးပျံအောင်...
23/06/2025

ဒေ မ(၃)မျိုးကို မသိတတ်ကေ (အကောင်)ဗျာယ်
=================================

လောကမှာ
ယေက်ျားတစ်ယောက်စွာ ဇာလောက်ပင် မိုးပျံအောင်တော်နိန်ပါစီ
ဒေ မ(၃) မျိုးကို မသိတတ်ကေ အလကားကောင်...ပင်ဖြစ်တေ။

ပထမ (၁)က/ မိဘ
လူတစ်ယောက်ဖြစ်လာကေ ကိုယ့်ကိုလူဖြစ်လာအောင် လူလားမြောက်လာအောင် လူပြည်ခေါ်ဆောင်ပီးရေ ကျွေးမွေးပြုစုပီးလာရေ တုနှိုင်းမဲ့ ကျေးဇူးရှင်/ မိဘ နှစ်ပါးကို မသိတတ်ကေ
အလကား ကောင်...ပင်ဖြစ်တေ။

ဒုတိယ (၂ )က မိန်းမ
ကိုယ့်ဘဝထဲ ခေါ်ယူထားရေ ကိုယ့်မိန်းမကို
ကိုယ့်တစ်သက်တာလက်တွဲဖော်မှန်းမသိ လေးစားမှုပီးရဖို့မှန်းမသိ တန်ဖိုးထားရကောင်းမှန်းမသိရေ ယောက်ျားက အလကားကောင်...ပင်ဖြစ်တေ။

တတိယ (၃)က မိသားစု
ကိုယ့်ထူထောင် တည်ဆောက်ထားရေ
ကိုယ့်ရဲ့ မိသားစုကို မသိတတ်ကေ
အလကားကောင်...ပင်ဖြစ်တေ။

ယောက်ျားတစ်ယောက်က
လောကအလယ်မှာ
ဇာလောက်ပင် မိုးပျံအောင် တော်နိန်ပါစီ
ဒေ မ(၃) မျိုးကို မသိတတ်ကေ
ယေးစွာ အကောင်..... ဖြစ်တေ။

ရေးသားသူ=SHWE HLA
#ဗဟုသုတ

လွယ်ရေထင်ကေ မှားလားမယ်======================အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ဆိုစွာပေါ့ပေါ့ဆဆ အတွေးနန့်လွယ်ရေထင်ကေ မှားလားမယ်။န...
20/06/2025

လွယ်ရေထင်ကေ မှားလားမယ်
======================

အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ဆိုစွာ
ပေါ့ပေါ့ဆဆ အတွေးနန့်
လွယ်ရေထင်ကေ မှားလားမယ်။

နှစ်လွာပေါင်းပြီး တစ်ဘဝ ရေရှည်တည်မြဲဖို့ဆိုစွာ

နှစ်ဦးနှစ်ဖက်ရဲ့ စိတ်သဘောထားဟာ
များသောအားဖြင့် တူညီဖို့လိုအပ်တေယ

စိတ်သဘောထား ကွာခြားလွန်းကေလည်း
ညှိနှိုင်းယူရစွာတိ ခက်ထန်တတ်ပါရေ။

အိမ်ထောင်တစ်ခု မတည်ဆောက်ခင်
ကိုယ့်ကိုကိုယ် သိထားရဖို့ အချက် ( ၃ ) ချက်ရှိရေ။

ပထမ (၁) ချက်ကတော့ခါ

ကိုယ်ယူဖို့ အိမ်ထောင်ဖက်က ကိုယ်နန့်အံဝင်ဂွင်ကျဖြစ်နိန်ဖို့ရယ်နှ / ရေရှည်သက်တမ်းရှည်အောင် ဇာပိုင် ချစ်ခြင်းမေတ္တာ ဇာပိုင်နားလည်မှုနန့်လားရဖို့ဆိုစွာ သိထားဖို့လိုအပ်တေ။

ဒုတိယ (၂ ) ချက်ကတော့ခါ

ကိုယ့်မှာ နောင်ဖွဲ့လာဖို့ သားသမီးတိကို
ဇာပိုင် ထိန်းကျောင်းပီးရဖို့လဲ ဇာပိုင်သင်ပြပီးပြီး
ဇာပိုင်လမ်းညွန်ထိန်းကျောင်းပီးခြင်းက သာသမီးတိအတွက် အကောင်းဆုံးဖြစ်သလဲဆိုစွာ ခဂနဏ သိထားဖို့လိုအပ်ပါရေ။

တတိယ (၃) ချက်ကတော့ခါ

အိမ်ထောင်သည်တစ်ယောက်ဖြစ်လာဖို့ကိုယ်က
အိမ်ထောင်သည်တစ်ယောက်အနေနန့်
ရှိထိုက်ရှိသင့်ရေ အရည်အသွေးရှိနိန်ဗျာယ်လာ? ဆိုစွာ
ကိုယ့်ကိုကိုယ် မေးခွန်းထုတ်မေးပြီး အဖြေကို သိထားဖို့လိုအပ်ပါရေ။

ဒေအချက်တိကို
ကိုယ့်ရဲ့ ဦးနှောက်ရဲ့ အမော်အမြင် အသိညဏ်ပညာထဲမှာ
ရှိမနေသိမ့်ကေ
အိမ်ထောင်ပြုဖို့ကို သေချာစဥ်းစားစွာက ပိုကောင်းမယ်ထင်ပါတရေ။

အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ဆိုစွာ
(၁) နှစ် (၂ )နှစ်လောက် တွေးပြီး တည်ဆောက်ရစွာမဟုတ်
တစ်သက်သာ ရေရှည်အတွက် တွေးပြီး တည်ဆောက်ရရေ
အရာတစ်ခုဖြစ်တေ။

ယင်းကြောင်း
ကိုယ်မြင်ရင်မြင်နိုင်သလောက်
အဆုံးထိကြည့်ဖို့ လိုအပ်တေ။

အိမ်ထောင်တစ်ခုဆိုစွာ
အချစ်တစ်ခုတည်းနဲ့ တည်ဆောက်လို့မရရေပိုင်
အချစ်မပါရေ အိမ်ထောင်တစ်ခုဆိုစွာလည်း ရေရှည်ကြာကြာ ခံမနိန်ပါ။

ရေးသားသူ=SHWE HLA

#ဗဟုသုတ

📘 မိန်းမချေတိုင်း ဖတ်ဖို့ 📘       ================အိမ်ထောင်တစ်ခုကိုအချစ်အတွက်ရွေးချယ်သင့်လား...ဘဝအတွက်ရွေးချယ်သင့်လား......
19/06/2025

📘 မိန်းမချေတိုင်း ဖတ်ဖို့ 📘
================

အိမ်ထောင်တစ်ခုကို
အချစ်အတွက်ရွေးချယ်သင့်လား...
ဘဝအတွက်ရွေးချယ်သင့်လား...
ကိုယ့်ကိုကိုယ် သေချာစဥ်းစားဖို့လိုရေ။

မိန်းမချေအများအပြားတိုင်းက နုညံ့ရေ အယုံလွယ်တက်ကတ်တေ သူရို့အမှန်တစ်ကယ်ချစ်လာရေအခါ
အားနည်းချက်တိ၊ လိုအပ်ချက်တိကို မစဉ်းစားတက်ကတ်စွာကို မြင်တွိရရေ။

သူကကိုယ့်ကို အမှန် ချစ်လို့
နောင်ပြင်လားဖို့စွာရာ ဆိုပြီး အချစ်တိမြင်နိန်ရေ အချိန်
အပြစ်တိကို မမြင်ဆိုလို့ရှိခကေ
ဘဝတစ်ခုလုံးကို ဒူးနန့်မျက်ရည်သုတ်နိန်ရပါလိမ့်မယ်။

ဥပမာ
အရက်သောက်တက်သူကို
ငါ့ကိုချစ်ကေ ပြင်လိုရပါရေ မထင်ကေ့
ဆေးလိပ်သောက်တက်​တေ သူကို
ငါ့ကိုချစ်ကေ ပြင်ပီးကေ ပြင်ဖို့စွာရာလို့မတွေးကေ့
သမီးရည်းစား ရန်ဖြစ်တိုင်းရိုင်းစိုင်းစွာဆဲဆို
တက်သူကို
နောင်ပြင်လာဖို့စွာရာလို့မထင်ကေ့
စကားများတိုင်း လက်ပါတက်သူကို
နောင်တချိန်မှာ ပြင်လာဖို့စွာရာ
ပြင်ပီးကေရပါရေလို့မတွေးမိလိုက်ကေ့။

လူဆိုစွာ အကျင့်တစ်ခုရှိကေ
ကိုယ်တိုင်ပြင်ကေပြင် မပြင်ကေ
ဇာသောအခါမှ ပြောင်းလဲလီဖို့မဟုတ်။
ဇာသူကမှ ပြင်ပီးလို့မရ။

သူဗီဇက ဒေပိုင်ပါလာကေ ဇာလောက်ထိချစ်ပါရေပြောပြော နဂိုဗီဇက ပြုပြင်လဲကေလေ့ တနားချေရာ။

မိန်းမချေ တစ်ယောက်ကို
ကျောရရုံကြံတက်ကတ်တေ သူတိနန့်တွိကေ
အချစ်စစ်ဆိုစွာ သူရို့အတွက်တော့ခါ
စာမဖွဲ့လောက်။

ယင်းကြောင့်
ချစ်ပါ မချစ်ကေ့ မဆိုလိုပါ
ကိုယ်ချစ်တေသူက ကိုယ့်အပေါ် မကောင်းကေ
ကိုယ့်အပေါ်နှမချင်းကိုယ်ချင်းစာနာစိတ်မရှိကေ
ကိုယ့်အပေါ် သစ္စာမရှိကေ
ကိုယ့်အရှက်သိက္ခာကို ထိပါးလာကေ
ဇာလောက်ထိချစ်နေပါစီ
ပြတ်ပြတ်သားသား လမ်းခွဲလိုက်စွာ
အကောင်းဆုံးပါ။

သူနန့်ကိုယ်ချစ်သူရည်းစား ဘဝမှာတောင်
ကိုယ့်အပေါ် နားလည်မှု မရှိရေ ယောက်ျားတစ်ယောက်ကို
တစ်ဘဝလုံးပုံအပ်ပြီးကေ လက်တွဲလားဖို့ဆိုစွာ
ဇာနည်းနန့်မှ မဖြစ်နိုင်။

မိန်းမချေတိုင်း ချစ်ပါ
မချစ်ကေ့ ပြောစွာမဟုတ်
ယင်းကေလေ့
ကိုယ်တစ်ဘဝလုံးလက်တွဲဖို့
ရည်ရွယ်ထားရေ သူကိုတော့ခါ
မျက်စိနန့်မြင်အောင်ကြည့်ပါ နှလုံးသားနန့်ခံစားပါ
ယကေလေ့
ဦးနှောက်နန့်ဆုံးဖြတ်ဖို့တော့ခါ မမိန့်ကေ့။

အမှန်တော့ခါ မိန်းမချေဆိုစွာ
အိမ်ထောင်ဖက် အရွေးမှား​ရေ အခါ
ဘဝတစ်ခုလုံးကို ငရဲတွင်းထဲရောက်လားစွာနန့် အတူတူပါ။

အိမ်ထောင်တစ်ခုကို အချစ်တစ်ခုတည်းနန့်တည်ဆောက်ရို့ မရနိုင်ရေပိုင်
အချစ်မပါရေ အိမ်ထောင်ရေးကလဲကြာရှည်မတည်မြဲနိုင်ပါ။

ယင်းကြောင့် အချစ်သူရဲကောင်းဆိုစွာ
ဝတ္တုဇာတ်လမ်း၊သီချင်းတိ၊videoဇာတ်လမ်းထဲတိကပိုင် လူတိအားကျအတုယူလောက်တေ အထိမလွယ်ကူမပီပြင်နိုင်ဆိုစွာ။

ကိုယ့် ဦးနှောက်ထဲမှာ စွဲစွဲမြဲမြဲ မှတ်သားထားဖို့
တန်ဖိုးသိတတ်တေ မိန်းမချေတိုင်း၏ ဘဝပီးတာဝန်ပင်ဖြစ်တေ။

#ဗဟုသုတ

14/06/2025

Knowledge.
ခံစားချက်အလိုထက်
ညာဏ်ပညာအလိုလိုက်ဖို့က ပိုအရေးကြီးရေ။

#ဗဟုသုတ #ညာဏ်ပညာ

ကိုယ့်အားကိုယ်ကိုး ကိုယ့်စိတ်နန့်ရှင်သန်ပါ။=================================လောကမှာ အရောင်များစွာ ဟိစွာဖြစ်တေအတွက်နန့်အပ...
12/06/2025

ကိုယ့်အားကိုယ်ကိုး ကိုယ့်စိတ်နန့်ရှင်သန်ပါ။
=================================

လောကမှာ အရောင်များစွာ ဟိစွာဖြစ်တေအတွက်နန့်
အပြင်သဏ္ဍန်က အဖြူရောင်လို့ လွင့်ထူပြပြီးကေ အတွင်းသဏ္ဍန်က အမဲရောင်ဖြစ်နိန်တတ်သူတိ ဟိရေ။

ချစ်တေ ချစ်တေ ပြောပြီးကေ
ပစ်ပယ်လားတတ်သူတိ ဟိဖို့။

မလိမ်/မညှာ လို့ပြောပြီးကေ
လိမ်ညှာလားတတ်သူတိ ဟိဖို့။

ချီးကျူးရေ ချီးကျူးရေလို့ ပြောပြီးကေ
အပုပ်ချလားတတ်သူတိ ဟိဖို့။

စာနာရေ/ သနားရေလို့ ပြောပြီးကေ
နှိမ့်ချလားတတ်သူတိ ဟိဖို့။

ကူညီရေ ကူညီရေလို့ ပြောပြီးကေ
အခွင့်အရေး ယူလားတတ်သူတိ ဟိဖို့။

လောကကြီးမှာ
ပါးစပ်ဖျား နှုတ်ဖျားတိက ပျားသကာပိုင်ချိုနိန်ကေ့လေ့
အတွင်းသဘော အတွင်းသဏ္ဍန်တိက
ပုတ်ပွနိန်တတ်စွာကို မိတ်ဆွေသိထားပါ။

ဘဝသခ်န်းစာ ဆိုစွာ
ကိုယ်တိုင်ကြုံတွိဖူး ဖြတ်သန်းဖူးမှ သိရစွာဆိုကေလေ့
ကြိုတင် သိရှိထားတော့ခါ စိတ်ဆင်းရဲရရေ ဒုက္ခခံစားရမှုတိကို ရှောင်ရှားနိုင်ပါလိမ်မယ်။

ယင်းကြောင့်
စကားတိမှာ သာယာပြီးကေ
လွယ်လွယ်နန့် မချစ်လိုက်ကေ့။

လူတိုင်းကိုလည်း အထင်းမကြီးလိုက်ကေ့။
လူတိုင်းကိုလည်း အယုံမလွယ်လိုက်ကေ့။
လူတိုင်းကိုလည်း အားမကိုးမိစီကေ့။

လောကမှာ
တစ်ချို့သောလူတိက အားနည်းချက်ကိုမှ
ချနင်းလားတတ်တေ။
မြေပျော့ကေ ခြီရာကျန်ရေပိုင်
စိတ်ပျော့ကေ တစ်သက်လုံး ဒဏ်ရာဒဏ်ချက်တိ ကျန်နိန်တတ်တေ။

မိမိအားနည်းချက်ကို
ဇာသောအခါမှ ထုတ်မပြပါကေ့
အမြဲတမ်း စိတ်ဓာတ်မာကျော ရဲရင့်သူဖြစ်နိန်ပါစီ။

မိမိဘဝကို
မိမိကိုယ်တိုင် လျှောက်လှမ်းကတ်ရဖို့ပင်ဖြစ်တေ။
မိမိကိုယ်ကို အားကိုးပါ မိမိကိုယ်ကို ယုံကြည်မှုရှိပါ။

ရဲရင့်ပါ/ ဇွဲ /လုံ့လ ဝိရီယထားပါ
စိတ်ဓာတ် မာကျောပါ ဇာအရာကိုမှ တွေးမကြောက်နန့်

ဖြစ်ပျက်ပြီးခသမျှ အရာတိကို
ပြန်လှည့်မကြည့်ပါကေ့။
မိမိ ရပ်နိန်ရေ ခြေအစုံ နိန်ရာတိုင်းမှာ မိမိသွီးသားစိတ်ဝိညဥ်ရို့ တည်ကြည်ခိုင်မြဲပါစီ။

ကိုယ့်အားကိုယ်ကိုးပါ
ကိုယ်ဘဝကို ကိုယ်စိတ်နန့်ရှင်သန်ပါ။
ဇာသောအခါမှ သူများကို အားကိုးဖို့ စိတ်မကူးပါကေ့။

#ရခိုင် #ဗဟုသုတ

ကိုယ့်ဘဝကို ချစ်ပါ==============ဘဝမှာဇာပင်ဖြစ်ဖြစ် ကိုယ့်ဘဝကို ကိုယ်ချစ်ပါ။အခိုက်တန့်တိုင်းကို အကောင်းဆုံးအသုံးချပြီးကေအ...
09/06/2025

ကိုယ့်ဘဝကို ချစ်ပါ
==============

ဘဝမှာ
ဇာပင်ဖြစ်ဖြစ် ကိုယ့်ဘဝကို ကိုယ်ချစ်ပါ။

အခိုက်တန့်တိုင်းကို အကောင်းဆုံးအသုံးချပြီးကေ
အကောင်းတိကို အမြဲရှာဖွေပါ။

ဘဝမှာ
ဇာအခြေနိန်ပင်ဖြစ်ဖြစ် ပျော်အောင်နိန်မယ်ဆိုရေစိတ်နန့် ပျော်အောင်နိန်ပါ
နာကျင်စရာတိ ဝမ်းနည်းစရာတိကို မေ့နိုင်အောင်ကြိုးစားပြီးကေ ပျော်စရာဖြစ်ဖို့အရာတိကို ရှာဖွေပါ။

မလိုလားအပ်တေ
ရပ်ဝန်းတိကို ရှောင်ပါ / တန်ပြန်သက်ရောက်မှုမဟိရေမေတ္တာတိကို ရှောင်ကြည်ပါ။

နွီးထွီးမှုမဟိရေ
ဆက်ဆံရေးမျိုးတိကို ဥပေက္ခာပြုနိုင်အောင် ကြိုးစားပါ။

လောကအလယ်ထဲ
ဘဝမှာ အပျော်ဆုံးလူဆိုစွာ အကောင်းဆုံးတိရာ ရနိန်ရေလူ ရှိနိန်ရေလူတိ မဟုတ်ပါ။

ကိုယ့်မှာရှိနိန်ရေ အရာတိကို
အကောင်းဆုံး လုပ်နိုင်ရေလူက လောကမှာ အပျော်ဆုံးလူရာဖြစ်တေ။

#ရခိုင်

ရင့်ကျပ်တေ မိန်းမ=============ရင့်ကျပ်တေ မိန်းမဆိုစွာနန့် မနာကျင်ရစွာတော့ မဟုတ် နာကျင်နိန်ယင်းနန့်တောင် မနာကျင်ရစွာပိုင်...
06/06/2025

ရင့်ကျပ်တေ မိန်းမ
=============

ရင့်ကျပ်တေ မိန်းမဆိုစွာနန့်
မနာကျင်ရစွာတော့ မဟုတ် နာကျင်နိန်ယင်းနန့်တောင် မနာကျင်ရစွာပိုင် ပြုံးတတ်လာစွာပင်ဖြစ်တေ။

အရင်ကပိုင်
ကိုယ်တစ်ခုခုဖြစ်တိုင်း ကိုယ့်အနားမှာ တစ်ယောက်ယောက်ရှိနိန်မှ မဟုတ်တော့ပဲ
ကိုယ်တစ်ယောက်တည်းလည်းဖြစ်တေဆိုရေစိတ်တိ ထားတတ်လာရေ။

အချစ်နန့်ပတ်သတ်ပြီး လုံလုံလောက်လောက် နာကျင်ခပြီးဗျယ်လို့ ပြောလို့ရရေပိုင်
ဘဝနန့်ပတ်သတ်ပြီးတော့လည်း လုံလုံလောက်လောက် နာကျင်ခံစားခရဗျယ်လို့ပြောလို့ရရေ။

ဇာကြောင်းဆို
ချစ်နိန်ယင့်နန့် လမ်းခွဲပီးရခြင်း ပြောင်းလဲလားခြင်းတိနန့် ကြုံတွိခပြီးဗျယ်လေ။

ကိုယ်အကောင်းဆုံး အတတ်နိုင်ဆုံး
ပီးဆပ်ပီးထားယင့်သားနန့်
နာကျင်မှုပဲ ပြန်ရခပြီးဗျယ်လေ။

ဟန်ဆောင်ထားနိန်ကေတောင် ဟန်ဆောင်ထားမှန်းမသိအောင်ကို ပိရိလာခဗျယ်။

စိတ်ထဲမှာပူပြီး လောင်နိန်ကေတောင် အကျွန်အဆင်ပြေပါရေဆိုရေစကားကို အကျွန်အလှဆုံးပြုံးပြီး တစ်ခုမဖြစ်ရေပိုင် ပြောပြနိုင်ခဗျယ်။

ရင့်ကျပ်တေ မိန်းမ
မနာကျင်တတ်စွာတော့မဟုတ် နာကျင်နိန်ယင့်နန့်တောင် မနာကျင်ရေပိုင် နိန်ထိုင် တတ်လာစွာဖြစ်တေ။

ဇာသူ့ကိုမှ မလိုအပ်စွာတော့မဟုတ်ပဲ
အယင်ပိုင်လူတကာကို မတွယ်ကပ်တော့စွာပါ။

တစ်ခုခုဆို တစ်ယောက်ယောက်ကို အားကိုးမနိန်တတ်ပဲ ကိုယ့်လမ်း ကိုယ်လျှောက်နိုင်လာစွာ။

အကုန်လုံး မပြည့်စုံကေတောင်
ကိုယ့်မျက်ရည်ကို လှောင်ရီဖို့အရပ်မှာ
မျက်ရည်မကျအောင် ထိန်းထားနိုင်ရုံနန်ပင် တော်တော်လည်း ရင့်ကျပ်နိန်ဗျယ်လို့ ပြောလို့ရမယ်။

#ရခိုင်ဗဟုသုတ

ที่อยู่

Phra Nakhon

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ SHWE HLAผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์