Kitty Phoe Thar ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Kitty Phoe Thar, ครีเอเตอร์วิดีโอ, Phra Nakhon.

10/07/2024

ဖိုးသားတယောက်အပျိုရှာဖို့အပြင်ထွက်မပတ်ရလို့
အိမ်ထဲမှာပတ်နေတာ

28/05/2024

သားအခုရောက်နေတဲ့ ဒက်ဒီတို့မာမီတို့အိမ်မှာ အပြင်ကိုမသွားပါဘူး၊အိမ်ထဲမှာပဲနေပါတယ်၊အရင်ဈေးထဲမှာနေတုန်းကလည်းဆိုင်ပေါ်မှာပဲနေလေ့ရှိပါတယ်၊ဈေးထဲမလည်တတ်ပါဘူး၊ခုအိမ်မှာလည်း အပြင်သွားရင် ရောဂါကူးမှာတခြားကြောင်တွေရန်ပြုမှာစိုးလို့ ဒက်ဒီတို့ကပေးသွားပါဘူး၊
နောက်တခုထူးခြားတာ သားကြွက်မခုတ်တတ်ပါဘူး၊ကြွက်မြင်ရင်ထိုင်ကြည့်နေလို့ နောက်ဆုံးမှာကြွက်တွေက သားထမင်းပန်းကန်ကိုတောင်ချီသွားတတ်ပါတယ်၊
နောက်တမျိုးကတော့ ဒက်ဒီတို့ကျွေးနဲ့အစာကိုပဲ သားစားပါတယ်၊ဟင်းတွေဘာတွေခိုးစားလေ့ရှိပါဘူး၊
ဒါကြောင့်လည်းဒက်ဒီက ဖိုးသားက သီလလုံတယ်ကွ၊
၁။သူ့အသက်မသတ်ဘူး၊ကြွက်မခုတ်လို့။
၂။သူများပစ္စည်းမခိုးဘူး၊ဟင်းခိုးမစားလို့။
၃။သူ့အိမ်ရာမပစ်မှားဘူး၊အိမ်ထဲကအိမ်ပြင်မထွက်လို့ဘာမှပစ်မှားစရာမရှိ။
၄။မုသာဝါဒါနဲ့
၅။သူရာမေရကတော့ အထူးပြောစရာမလို။
ဒီတော့ဒက်ဒီက "ဖိုးသားက ငါးပါးသီလလုံတဲ့ သူတော်စင်လေးပါ"လို့ ထောပနာပြုပါလေသည်။
#

သူတော်စင်ဖိုးသား သန့်ရှင်းရေးလုပ်နေပါသည်။

24/05/2024
လှေကားပေါ်က ဖိုးသားစတိုင်အမျိုးမျိုး
22/05/2024

လှေကားပေါ်က ဖိုးသားစတိုင်အမျိုးမျိုး

Kitty Phoe Tharမွေးဖွားခြင်း  သားကိုဒက်ဒီနဲ့မာမီတို့မွေးဖွားလာပုံကတော့ ထူးဆန်းတယ်လို့ပြောလို့ရပါတယ်၊သားမရှိခင်ဒက်ဒီတို့အ...
21/05/2024

Kitty Phoe Tharမွေးဖွားခြင်း

သားကိုဒက်ဒီနဲ့မာမီတို့မွေးဖွားလာပုံကတော့ ထူးဆန်းတယ်လို့ပြောလို့ရပါတယ်၊သားမရှိခင်ဒက်ဒီတို့အိမ်မှာရွှေတိုးဆိုတဲ့ မြောင်လေးတစ်ကောင်ရှိခဲ့ပါတယ်၊သူက ဘယ်ကမှန်းမသိရောက်လာလို့ ဒက်ဒီတို့ကအစာကျွေးထားရင်း အိမ်မှာနေသွားတာပါ၊၂လလောက်အကြာမှာနေမကောင်းဖြစ်ပြီးဆုံးသွားတော့စိတ်မကောင်းဖြစ်ပြီး ရွှေတိုးကိုလွမ်းနေကြတာ
ပေါ့၊ဘယ်လောက်ထိလွမ်းလဲဆို ဒက်ဒီက ရွှေတိုးကိုယ်စားမြောင်လေးတကောင်ထပ်မွေးခွင့်ရပါစေလို့ဆုတောင်းမိတယ်၊၂လလောက်ကြာတော့အိမ်မက်ထဲမှာ မာမီက မြောင်ဝါတကောင်ကိုပွေ့ချီလာတယ်လို့ ဒက်ဒီအိပ်မက်မက်ပါသတဲ့၊တကယ်ပါပဲနောက်တလလောက်မှာ ဖိုးသားကိုမာမီတကယ်ခေါ်လာပါတယ်။
ဘယ်ကခေါ်လာလဲဆိုရင် ဈေးထဲကအပျိုကြီးအထည်ဆိုင်ကပါ၊သားရဲ့ကျွေးမိခင်တစ်ဦးပါပဲ၊အပျိုကြီးကလည်းမြောင်ချစ်သူတစ်ဦးပါ၊သူ့အိမ်မှာ၁၀ကောင်ရှိပါတယ်၊ဈေးကဆိုင်မှာသားအပါအဝင်၂ကောင်ရှိပါတယ်၊သားတို့အများစုက ဈေးကြောင်တွေပါ၊ဈေးကြောင်ဆိုတာသခင်က‌ေဆးခန်း‌ေခါ်လာရင်းပျောက်ခြင်း၊သခင်ကစွန့်ပစ်ခြင်းတို့ကြောင့်ဈေးထဲရောက်လာကြတာဖြစ်ပါတယ်၊ထိုမြောင်လေးများကိုအပျိုကြီးကအစာကျွေးမွေးမြူထားခြင်းဖြစ်ပါတယ်၊အိမ်မှာမဆန့်တော့၍သားတို့၂ယောက်ကိုဈေးဆိုင်မှာထားတာဖြစ်ပါတယ်၊သားကအေးဆေးစွာနေတတ်သည်၊ဒါကြောင့်အပျိုကြီးသားကိုအချစ်ပိုသည်၊သားတို့ကို ညဘက်တွင်သူ့ဆိုင်ခန်းထဲအစာရေစာတို့နှင်အတူသော့ပိတ်ထားခဲ့သည်၊မနက်စောစောဆိုင်လာဖွင့်ပြီးထမင်းနှင်ကြက်သားနယ်ပြီးကျွေးသည်၊သူကသားကိုချစ်လည်းချစ်သနားလည်းသနားသဖြင့် သခင်ကောင်းကောင်းနှင့်တွေ့ပါစေဟုဆုတောင်းပေးတတ်သည်၊တစ်နေ့ဈေးလာသောမာမီကသားကိုတွေ့ပြီး"ချစ်စရာလေးနော်"ဟုပြောသည်၊ထိုအခါအပျိုကြီးက "အစ်မရယ်သူ့ကိုမွေးပေးပါလား၊သနားစရာကောင်းလို့ပါ"ဟုပြောရာမာမီလည်းအိမ်ပြန် ဒက်ဒီနဲ့တိုင်ပင်ပြီး သားကိုခေါ်မွေးစားလိုက်ခြင်းဖြစ်ပါသည်။
#

ที่อยู่

Phra Nakhon

เบอร์โทรศัพท์

+959977147659

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kitty Phoe Tharผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Kitty Phoe Thar:

แชร์